Panasonic Home Appliances Myanmar

Panasonic Home Appliances Myanmar Panasonic Home Appliances Myanmar Official Account. "𝗖𝗿𝗲𝗮𝘁𝗲 𝗧𝗼𝗱𝗮𝘆. 𝗘𝗻𝗿𝗶𝗰𝗵 𝗧𝗼𝗺𝗼𝗿𝗿𝗼𝘄."

24/09/2026

Panasonic Thermopot?
Panasonic Kettle?
စိတ်ကြိုက်ရွေးချယ် ၀ယ်ယူလို့ရပြီနော် ..

🧹တံမြက်စည်း မလှဲချင်လို့ ဖုန်စုပ်စက်ကို သုံးတဲ့အခါကျမှ လေးလံပြီး သယ်ရခက်နေရင် အဆင်မပြေပါဘူး။ အဲ့လိုလူတွေအတွက် အလေးချိန် ...
20/09/2026

🧹တံမြက်စည်း မလှဲချင်လို့ ဖုန်စုပ်စက်ကို သုံးတဲ့အခါကျမှ လေးလံပြီး သယ်ရခက်နေရင် အဆင်မပြေပါဘူး။ အဲ့လိုလူတွေအတွက် အလေးချိန် ပေါ့ပါးသလောက် လက်ကိုင်ကြီးကြီးနဲ့ အားရပါးရ သုံးနိုင်မယ့် Vacuum Cleaner လေး ရှိပါတယ်။ အလေးချိန် (၃) ကီလိုသာရှိပေမယ့် စုပ်ယူနိုင်စွမ်း အားကောင်းလို့ ကိုယ့်အိမ်သန့်ရှင်းရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးမှာပါ။ Diamond Shape ဒီဇိုင်းကြောင့်ကျစ်လျစ်သပ်ရပ်ပြီး ကိုယ့်ဧည့်ခန်းမှာ စတိုင်ကျကျနဲ့ နေရာယူနေမှာပါ။ ကြီးမားပြီး သယ်ယူရလွယ်တဲ့အတွက် တစ်အိမ်လုံးကို သန့်ရှင်းသပ်ရပ်ဖို့အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။ အဲ့တော့ သဲတွေ ဖုန်တွေနဲ့ ညစ်ပတ်မနေအောင် Panasonic ဖုန်စုပ်စက်နဲ့တူတူ သန့်ရှင်းလိုက်ကြရအောင်...
💁‍♂️ ဝယ်ယူကြမယ့် 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 များအနေဖြင့် ကနေလည်း ဝယ်ယူနိုင်ပြီး 𝗛𝗼𝘁𝗹𝗶𝗻𝗲 𝗣𝗵𝗼𝗻𝗲 ဖြစ်တဲ့ 09409175577 သို့လည်း တိုက်ရိုက်ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ....
🚚 နယ်ဝေးက 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 ဖြစ်တဲ့သူတွေ သက်ဆိုင်ရာ ကားဂိတ်များမှ တဆင့် အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာ...

👔သန့်ရှင်းသပ်ရပ်နေမှုက လူအမြင်မှာ တင့်တယ်စေသလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု မြင့်တက်စေပါတယ်။ ကိုယ့်ရဲ့ ရုံးတက်တဲ့ Shir...
15/09/2026

👔သန့်ရှင်းသပ်ရပ်နေမှုက လူအမြင်မှာ တင့်တယ်စေသလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု မြင့်တက်စေပါတယ်။ ကိုယ့်ရဲ့ ရုံးတက်တဲ့ Shirt တွေ၊ ပွဲတက်ဖို့ သိမ်းထားတဲ့ Dress တွေကို မီးပူတိုက်လည်း တွန့်ကြေနေဆဲဆိုရင် ဝတ်ရတာ ဘယ် အဆင်ပြေပါ့မလဲ။ အထူးသဖြင့် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ တွန့်ကြေတဲ့ အဝတ်အစားတွေနဲ့ဆို ကိုယ့်ကိုယ်ကို အထင်ကြီးမှု ကျစေနိုင်တာပေါ့။
💁‍♂️ဒီအတွက်ဆိုရင် Panasonic ရဲ့ Steam နည်းပညာ ပါဝင်တဲ့ M250 နှင့် M300 မီးပူက အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ ရေနွေးငွေ့နည်းပညာက တိုက်ရခက်တဲ့ အဝတ်အစားခေါက်ကျိုးရာတွေကို ချောမွေ့စေပြီးအလွယ်တကူနဲ့ သပ်ရပ်ပြီး အသစ်အတိုင်း သန့်ပြန့်နေတဲ့ အဝတ်အစားဖြစ်အောင် ဆောင်ရွက်ပေးမှာပါ။ လွယ်လွယ်ကူကူ တိုက်ရလွယ်တဲ့အတွက် မီးပူတိုက်ရတာ ပင်ပန်းတဲ့ဒဏ်ကိုလည်း သက်သာစေမှာ အမှန်ပါပဲ။ ကိုယ့်ရဲ့ သပ်ရပ်တဲ့ ပုံစံကို ထိန်းသိမ်းဖို့ Panasonic ရဲ့ M250 နှင့် M300 မီးပူတွေကို အသုံးပြုကြစို့။
📞 အသေးစိတ်သိရှိလိုပါက Page Chat Box သို့မဟုတ် Hotline ဖုန်းနံပါတ် ဖြစ်တဲ့ 09409175577 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

11/09/2026

🧉ဖျော်ရည် သောက်မယ်ဆိုရင်တော့ ခလုတ်တချက်နှိပ်ရုံနဲ့ လွယ်ကူစွာ ဖျော်နိုင်မယ့် Blender ကောင်းကောင်းလေး ရှိဖို့တော့ လိုမယ်နော်။
💁🏼‍♂️ Panasonic ရဲ့ Blender က ဖျော်ရည်တင် ဖျော်နိုင်တာ မဟုတ်ပဲ အိမ်မှာလိုအပ်တဲ့ အခြောက်မှုန့်တွေ ဖြစ်တဲ့ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်တွေအပြင် ကော်ဖီစေ့ကိုပါ ကြိတ်ချေနိုင်တဲ့အတွက် စက်တစ်ခုတည်းနဲ့ အကုန် အသုံးပြုလို့ ရပါတယ်။
ဒါဆိုရင်တော့ ဘယ်လိုမျိုး အသုံးပြုဖို့သင့်တော်လည်းဆိုတာကတော့ ဒီ Video လေးကိုအဆုံးထိ ကြည့်သွားပေးနော်....🤗

“အိပ်ရာထနောက်ကျလို့ ထမင်းချိုင့်မပါလာဘူး”ဆိုတဲ့ ရုံးသမားတစ်ယောက်ရဲ့အတွေးကိုPanasonic Grilled Microwave Oven NN-GT35NBYTE...
08/09/2026

“အိပ်ရာထနောက်ကျလို့ ထမင်းချိုင့်မပါလာဘူး”ဆိုတဲ့ ရုံးသမားတစ်ယောက်ရဲ့အတွေးကို
Panasonic Grilled Microwave Oven NN-GT35NBYTE နဲ့ ပြောင်းလဲနိုင်ပါပြီ 🤩

🔸 ရုံးထမင်းချိုင့်မီစေဖို့ အချိန်ထက်ဝက်ခန့် မြန်ဆန်သက်သာစေသလို အရသာရှိတဲ့ဟင်းပွဲတိုင်းအတွက် Dual Cook Functions

🔸 အချိန်တိုအတွင်း မတူညီတဲ့ဟင်းလျာတွေဖန်တီးနိုင်ဖို့ 14 Auto Menus

🔸 ဒီဇိုင်းပိုင်းမှာလည်း ပေါ့ပါးကျစ်လစ်သလောက် White LED နဲ့အပူချိန်ကိုပြသပေးတာကြောင့် ခေတ်မီတဲ့အသွင်ကိုခံစားရစေမှာပါ။

🔸 အပူချိန်ကို လိုသလိုချိန်ညှိနိုင်တဲ့ 5 Level Power ပါဝင်တဲ့အတွက် ကင်မလား/နွှေးမလား စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုတာတွေအတွက် Panasonic Home Appliances Myanmar Chatbox 📪ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို 📞 09 409175577 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။





🥩အသားငါးတွေ သိမ်းဆည်းဖို့အတွက် အသင့်တော်ဆုံးရေခဲသေတ္တာ တစ်လုံးကို ဘယ်လိုရွေးချယ်မလဲ?👌🏼ပထမဆုံး အနေနဲ့ Prime Fresh Functio...
05/09/2026

🥩အသားငါးတွေ သိမ်းဆည်းဖို့အတွက် အသင့်တော်ဆုံးရေခဲသေတ္တာ တစ်လုံးကို ဘယ်လိုရွေးချယ်မလဲ?

👌🏼ပထမဆုံး အနေနဲ့ Prime Fresh Function ပါတဲ့ ရေခဲသေတ္တာကို ရွေးချယ်သင့်ပါတယ်..

ရေခဲသေတ္တာထဲအသားငါးတွေ သိမ်းဆည်းထားတဲ့အခါ အအေးလွန်ပြီးတော့ ချက်တဲ့အခါအဆင်မပြေတာ၊ အရသာမကောင်းတာ၊ လုံလုံလောက်လောက်မအေးလို့ အသားငါးတွေ မလတ်တော့တာမျိုးကို ဟင်းချက်တဲ့သူတိုင်းကြုံရတတ်မှာပါ။ ဒီလိုမျိုးဖြစ်ရခြင်းကတော့ မိမိရေခဲသေတ္တာက ထုတ်ပေးတဲ့ အအေးဓာတ်ဟာ အသားငါးတွေအတွက် သင့်လျော်တဲ့ အအေးဓာတ်ထက် ပိုနေတာ ဒါမှမဟုတ် လျော့နည်းနေတာကြောင့်ပဲဖြစ်ပါတယ်။

Prime Fresh နည်းပညာက အသားငါးတွေကို -3°C မှာ ထိန်းသိမ်းထားပြီးတော့ အအေးလွန်ခြင်း / လုံလောက်တဲ့မအေးခြင်းမျိုးမဖြစ်ပွားစေပဲ ၁ ပတ်တိတိ သဘာဝအတိုင်း လတ်ဆတ်နေစေမှာပါ။

ဒါ့အပြင်အလွန်အမင်းအေးခဲထားခြင်းဟာ ရေခဲတွေအရေပျော်သွားချိန်မှာ အသား၊ ငါးရဲ့အရသာကို လျော့ကျစေတဲ့အပြင် လှီးဖြတ်ရလည်း ခက်ခဲစေပါတယ်။

👌🏼နောက်ပြီးတော့ အတွင်းပိုင်း အနံ့သက်တွေကို ဖယ်ရှာပေးနိုင်တဲ့ Ag Clean (or) Blue Ag ပါတဲ့ အချက်ကိုလည်း ရွေးချယ်သင့်ပါတယ်..

💨ရေခဲသေတ္တာအတွင်းမှာ သန့်စင်တဲ့လေထုကို ထိန်းသိမ်းထားပေးပြီး အစားအသောက်တွေကို
အဟာရလျော့ပါးစေမယ့် ဘတ်တီးရီးယားတွေ မှိုတွေ ဖြစ်ပွားမှုကို ၉၉% ထိကို ကာကွယ်ပေးပါတယ်။ အနံ့သက်ပြင်းတဲ့ အသားငါးတွေကို အနံ့ပြန့်ခြင်းမှ ကာကွယ်ပေးလို့ သန့်ရှင်းတဲ့ သိုလှောင်မှုကို ဖြစ်စေမှာပါ၊ ဟင်းသီးဟင်းရွက် အသီးတွေကိုလည်း အကောင်းဆုံး၊ အလတ်ဆတ်ဆုံးအနေအထားနဲ့ ထိန်းသိမ်းထားပေးလို့ပြည့်ဝတဲ့ အဟာရကို ရရှိမှာပါ

🛒ဒီတော့ အခုလိုကာလမှာ ဈေးခဏခဏမသွားပဲ အသားငါးတွေကြိုတင်ဝယ်ယူထားပြီး သိမ်းဆည်းထားချင်သူများအတွက် Panasonic ရဲ့ Prime Fresh နှင့် Ag Clean နည်းပညာတွေပါဝင်တဲ့ ရေခဲသေတ္တာတွေနဲ့ဆိုရင်တော့ အေးဆေးပဲနော်..

ဖြူဖွေးဝင်းပပြီး သင်းပျံ့တဲ့အင်္ကျီလေးတွေကို မနှစ်ခြိုက်တဲ့သူမရှိပါဘူး ✨ဒီလိုအင်္ကျီ‌လေးတွေဝတ်ဖို့အတွက် Panasonic Washin...
03/09/2026

ဖြူဖွေးဝင်းပပြီး သင်းပျံ့တဲ့အင်္ကျီလေးတွေကို မနှစ်ခြိုက်တဲ့သူမရှိပါဘူး ✨

ဒီလိုအင်္ကျီ‌လေးတွေဝတ်ဖို့အတွက် Panasonic Washing Machine တွေက အတောက်ပြောင်ဆုံး လျှော်ဖွတ်ပေးနိုင်ပါတယ်။

Panasonic ချစ်သူတို့အိမ်မှာ Panasonic အဝတ်လျှော်စက် အသုံးပြုနေတယ်ဆိုရင် နည်းစနစ်မှန်ကန်စွာနဲ့ အသုံးပြုနည်းကိုရော သိထားပြီးပြီလား?

မသိထားသေးတဲ့ Panasonic ချစ်သူတို့အတွက် အဝတ်လျှော်တဲ့အခါ မှန်ကန်စနစ်ကျဖို့ အရေးကြီးတဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်🤗

🔹 အဝတ်လျှော်စက် ပလပ်ထိုးတဲ့အခါ ကြားခံ Connector တွေအသုံးပြုတာမျိုးမလုပ်သင့်ပါဘူး။Main ပလပ်မှာထိုးတာမျိုးပဲလုပ်ပေးပါ။ အဝတ်လျှော်စက်ဖွင့်အခါ အဖုံးတွေ၊ Lid တွေမှန်သမျှအကုန်ပိတ်ထားပြီးမှ ပါဝါခလုတ်ဖွင့်ပါ။

🔹 အိတ်ကပ်အတွင်းမည်သည့်အရာဝတ္တုပစ္စည်းများမကျန်ခဲ့စေရန်သေချာစစ်ဆေးပါ။

🔹 လျှော်တဲ့အခါ အရောင်ရင့်တဲ့အဝတ်အထည်တွေနဲ့ အရောင်ဖျော့တဲ့အဝတ်အထည်တွေကို ခွဲပြီးလျှော်ပေးပါ။ အရောင်ရင့်အဝတ်အထည်တွေကိုလျှော်တဲ့အခါ အရောင်လွင့်စင်နိုင်ပြီး အခြားအင်္ကျီတွေပါ ပေကျန်နိုင်တာကြောင့်ဖြစ်ပါတယ်။ အဖြူထည်တွေဆိုရင်တော့ သပ်သပ်လျှော်တာ အကောင်းဆုံးပါ။

🔹 Overloading မဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ Level (သို့မဟုတ်) Instruction အတိုင်းပဲထည့်လျှော်ပါ။ နူးညံ့သောအဝတ်အထည်များကို အဝတ်အထည်ပိုက်ကွန်ထဲထည့်ပြီးလျှော်ပါ။

🔹 ဆပ်ပြာကိုလိုတာထက် အများကြီးသုံးတဲ့အခါ အင်္ကျီဆွေးမြေ့တာမျိုးဖြစ်တဲ့အပြင် အဝတ်လျှော်စက်ကိုပါထိခိုက်စေပါတယ်။ ဒါကြောင့် ဆပ်ပြာကို‌ လျှော်မယ့်အဝတ်အချိုးအစားပေါ်မူတည်ပြီး လိုသလောက်သာထည့်ပါ။ ဆပ်ပြာပျော်ဝင်မှုခက်ခဲတယ်ဆိုရင် ရေနွေးနဲ့ဖျော်ပြီးမှ ချွတ်ဆေးပေါက်ထဲကို လောင်းထည့်ပါ။

🔹 တစ်ခေါက်လည်ပတ်ပြီးတိုင်း လျှော်စက်အတွင်းပိုင်းကို ကြာရှည်အသုံးပြုနိုင်အောင်အတွက် ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။

ဒါတွေကတော့ Panasonic အဝတ်လျှော်စက်ကို နည်းစနစ်မှန်ကန်စွာနဲ့တာရှည် အသုံးပြုနိုင်မယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။

အသုံးပြုပုံမှန်ကန်တယ်ဆိုရင် သင်းပျံ့မွှေးကြိုင်ပြီး တောက်ပတဲ့အဝတ်အထည်တွေ ဝတ်နိုင်မှာ အသေအချာပဲပေါ့💙

💁‍♂️အချိန်ကုန်လည်းသက်သာ လူမပင်ပန်းဖို့ အိမ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ဖုန်စုပ်စက် ကောင်းကောင်းလေး တစ်လုံးတော့ ရှိဖို့ လိ...
28/08/2026

💁‍♂️အချိန်ကုန်လည်းသက်သာ လူမပင်ပန်းဖို့ အိမ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ဖုန်စုပ်စက် ကောင်းကောင်းလေး တစ်လုံးတော့ ရှိဖို့ လိုနေပြီနော်..

Bag Type ပဲ သုံးမလား?
Bagless Type ပဲသုံးလား?
Tank Type ပဲ သုံးမလား?
ပေါ့ပေါ့ပါးပါး Cordless Stick Type ပဲသုံးမလား?

🧹သန့်ရှင်းရေးလုပ်ဖို့အကောင်းဆုံး အထောက်ကူဖြစ်စေမယ့် Panasonic ဖုန်စုပ်စက် အမျိုးအစားအစုံကို Panasonic Home Appliances Myanmar page မှာ Official Warranty အပြည့်နဲ့ ဝယ်ယူလို့ရပြီနော်...

23/08/2026

♻️ပေါ့ပေါ့ပါးပါး အသုံးပြုလို့ရနိုင်ပြီး 6-Layer Filtration System ပါဝင်တဲ့ Panasonic ရဲ့ Cordless Stick Vacuum Cleaner ဝယ်ယူလို့ရနိုင်ပြီနော်..
💁🏻‍♂️ လက်ကောက်ဝတ်ပေါ်မှာ ဖိအားသက်ရောက်မူမရှိအောင် Ergonomic Grip Design နဲ့ ထုတ်လုပ်ပေးထားပါတယ်...
🔋 Rechargeable lithium-ion battery အမျိုးအစားဖြစ်တာကြောင့် အားသွင်းချိန်ကို အချိန်အများကြီးပေးစရာမလိုတဲ့အပြင် တစ်ကြိမ် အားသွင်းပြီးတာနဲ့ 🕐 အချိန်အတော်ကြာ အသုံးပြုလို့ ရနိုင်ပါတယ်ခင်ဗျာ...
🛒New Model, New Product ဖြစ်တာကြောင့် မြန်မြန်လေး ဝယ်ယူထားမှတော့ ရမယ်နော်...

🔸 ရုံးထမင်းချိုင့်မီစေဖို့ အချိန်ထက်ဝက်ခန့် မြန်ဆန်သက်သာစေသလို အရသာရှိတဲ့ဟင်းပွဲတိုင်းအတွက် Compact Solo Microwave က ဖန်...
19/08/2026

🔸 ရုံးထမင်းချိုင့်မီစေဖို့ အချိန်ထက်ဝက်ခန့် မြန်ဆန်သက်သာစေသလို အရသာရှိတဲ့ဟင်းပွဲတိုင်းအတွက် Compact Solo Microwave က ဖန်တီးပေးမှာပါနော်..

🔸 အချိန်တိုအတွင်း မတူညီတဲ့ဟင်းလျာတွေဖန်တီးနိုင်ဖို့ 10 Menu Auto Programmes System

🔸 ဒီဇိုင်းပိုင်းမှာလည်း ပေါ့ပါးကျစ်လစ်သလောက် White LED နဲ့အပူချိန်ကိုပြသပေးတာကြောင့် ခေတ်မီတဲ့အသွင်ကိုခံစားရစေမှာပါ။

🔸 အပူချိန်ကို လိုသလိုချိန်ညှိနိုင်တဲ့ 5 Level Power ပါဝင်တဲ့အတွက် ကင်မလား/နွှေးမလား စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

ဒီလို Quality နဲ့ Design ကြောင့် ရုံးသမားတွေ စိတ်တိုင်းကျစေမယ့် အချိန်ကုန်မြန်ဆန် Solo Microwave နဲ့ အရသာရှိတဲ့ ဟင်းပွဲတိုင်းကို ဖန်တီးလိုက်ရအောင်နော်....

ကနေဖြင့်လည်း ဝယ်ယူလို့ရနိုင်သလို လူကိုယ်တိုင် လာရောက်ပြီးတော့လည်း 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺 မှာ ဝယ်ယူလို့ရနိုင်ပါတယ် ခင်ဗျာ...

🚚 နယ်ဝေးက ဝယ်ယူမယ့် 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 များအတွက် ကားဂိတ်ကနေဖြင့်လည်း တင်ပို့ပေးပြီး ဝယ်ယူထားသည့် ပစ္စည်းတိုင်းကိုလည်း 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗪𝗮𝗿𝗿𝗮𝗻𝘁𝘆 𝟭 𝗬𝗲𝗮𝗿 ပေးထားပါတယ် ခင်ဗျာ...

Address

No. 56, Kabar Aye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Alerts

Be the first to know and let us send you an email when Panasonic Home Appliances Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share