United Winners Electric

United Winners Electric အလှဆင်မီးဆိုင်းအမျိုးမျိုးနှင့် လျ

14/10/2021

အလွတ်တန်း sale promotor အလိုရှိသည်။
အရောင်းကော်မရှင်ထိုက်ထိုက်တန်တန်ပေးမည်။
ရုံးတက်ရန်မလိုပါ။
ဆက်သွယ်ရန်-095123637,09456342090

14/10/2021

အလွတ်တန်း sale promotor အလိုရှိသည်။
အရောင်းကော်မရှင်ထိုက်ထိုက်တန်တန်ပေးမည်။
ရုံးတက်ရန်မလိုပါ။

🎄🎄 Merry Christmas ပါ 💖💖ဒီနေ့မှာ အမှတ်ရဖွယ်ပုဂ္ဂိုလ်နှစ်ဦးနဲ့ပတ်သတ်ပြီး နည်းနည်းလေးမျှဝေပါရစေ ...သူတို့ဟာ ခရစ္စမစ်ရဲ့သင်...
25/12/2020

🎄🎄 Merry Christmas ပါ 💖💖

ဒီနေ့မှာ အမှတ်ရဖွယ်ပုဂ္ဂိုလ်နှစ်ဦးနဲ့ပတ်သတ်ပြီး နည်းနည်းလေးမျှဝေပါရစေ ...

သူတို့ဟာ ခရစ္စမစ်ရဲ့သင်္ကေတလို့ပြောရမယ့် ပုဂ္ဂိုလ်နှစ်ဦးပဲ ဖြစ်ပါတယ် ။ အားလုံးလည်းသိပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်တွေပါပဲ ။ ဘုရားသခင်ရဲ့သားတော်အရှင်ယေရှုနဲ့ ခရစ္စမစ်ဘိုးဘိုးကြီးဆန်တာကလော့တို့ပါ ။ တစ်ဦးက ဘုရားသခင်ရဲ့သားတော်ပါ ။ တစ်ဦးက ခလေးချစ်တတ်တဲ့အဘိုးအိုကြီးတစ်ဦးပါ ။

🙏 သခင်ယေရှု 🙏

ယေရှုခရစ်တော် သို့မဟုတ် ယေရှု (မြန်မာပြည်ကက်သလစ် အသင်းတော်၌ ယေဇူးခရစ်တော် ၊ယေဇူးဟုခေါ်တွင်သည်) ဟုလည်း လူသိများသူသည် ခရစ်ယာန်သာသနာ၏ ပင်မအသွင်သဏ္ဌာန် ဖြစ်ပြီး ဓမ္မဟောင်းကျမ်းတွင် ဟောပြောထားသော မေရှိယ(မက်ဆီးယား)ဟု ရှုမြင်ကြသည်။

ခရစ်ယာန်ဘာသာရေး ဂိုဏ်းဂဏ အများစုက သူ့ကို ထာဝရဘုရားသခင်၏သားတော် နှင့် သေခြင်းမှ ထမြောက်သော ဘုရားသခင် ဝင်စားသူဟု ယုံကြည်ကြသည်။ အခြားသော ဘာသာအယူဝါဒများက သူ့ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။

သူသည် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ယေရှု(ယေဇူး)၏ ဘဝ၊ဒေသနာ နှင့်ပတ်သက်၍ အခြေခံ အချက်အလက်များမှာ ခရစ်ယာန် အသင်းတော်များ စည်းမျဉ်းဆိုင်ရာ သွန်သင်ချက်များဖြစ်သော ခရစ်ဝင်ကျမ်း လေးကျမ်း ဖြစ်သည်။ အချို့ပညာရှင်များက (သောမကျမ်း ၊ သောမတ်ကျမ်း) နှင့် ဟေဗြဲကျမ်း(ဟေဗြေဦးကျမ်း သို့ ဟီဘရူးကျမ်း) တို့လည်း စပ်ဆိုင်သည်ဟု ကျိုးကြောင်းပြဆိုသော်လည်းအထူးသဖြင့် ရာဇဝင်အကျဉ်းချုပ်ကျမ်းများ တွင် ပါရှိသည်။

သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင် အများစုက ယေရှု(ယေဇူး)သည် ဂျူးဖြစ်ပြီး ဓမ္မဒေသနာဆရာနှင့် အနာရောဂါတို့ကို ကင်းငြိမ်းစေသူ၊ ဗတ္တိဇံဆရာယောဟန်(ယောဟန်ဗတ္တိဇံ)အားဖြင့် ခံယူခဲ့သူဖြစ်ကြောင်းနှင့်၊ ဓမ္မသစ်ကျမ်းစာ၏ အချို့အပိုင်းများသည် ယေရှု(ယေဇူး)၏ဘဝကို ပြန်လည် ဆက်စပ်ဖော်ထုတ်ရန် အသုံးဝင်သည်ဟု ယုံကြည်ကြရာတွင် ရောမအင်ပါယာကို ပုန်ကန်သည်ဟု စွဲဆိုချက်ကြောင့် ယုဒပြည်၊ ရောမဘုရင်ခံ ပုန္တိပိလတ်(ပုံစီဦးပိလတ်တူးမင်း)၏ အမိန့်ဖြင့် ဂျေရုဆလင်မြို့၌ လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရသည်ကို လက်ခံကြသည်။ ဤကောက်ချက်အချို့မှအပ၊ ယေရှု(ယေဇူး)၏ ဟောပြောချက်၊ သူ၏ လူနေမှု အဆင့်အတန်း၊ ယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် ဘာသာရေးဆိုင်ရာ မိတ်ဆက်ခြင်း တို့နှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးခြင်းသည် ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင်များက ယေရှု(ယေဇူး)ကို မိမိကိုယ်မိမိ မေရှိဟု ဖော်ပြပြောဆိုသူ၊ ကမ္ဘာပျက်စီးမည့်ဘေးကို ကြိုတင်ဟောကိန်းထုတ်ခြင်းနှင့်ဆိုင်သော လှုပ်ရှားမှု၏ ခေါင်းဆောင်၊ လှည့်လည်သွားလာနေသော ပညာရှိ၊ တန်ခိုးထက်သော အနာရောဂါငြိမ်းစေသူနှင့် လွတ်လပ်သော ဘာသာရေး လှုပ်ရှားမှုကို တည်ထောင်သူအဖြစ် ဖော်ပြကြသည်။

ခရစ်ယာန်တို့၏ ကယ်တင်ရှင် ရှေးနှစ်ပေါင်း ၂ဝဝဝ ခန့်က နွားတင်းကုပ်တွင် မထင်မရှား ဖွားမြင်သော ခရစ်တော်ယေရှု(ခရစ်တော်ယေဇူး)သည် မိမိ ဟောပြောသော အယူဝါဒကြောင့် လက်ဝါးကပ်တိုင်၌ အသတ်ခံရ၏။ သို့ရာတွင် ယခုအခါ ထိုအယူဝါဒကို ယုံကြည်သူ ခရစ်ယာန်များအား ကမ္ဘာအရပ်ရပ်၌ တွေ့နိုင်ပေသည်။

ခရစ်တော်၊ ယေရှု(ယေဇူး)။ ။ ခရစ်တော်ယေရှု (ယေဇူး) မပေါ်ထွန်းမီ နှစ်ပေါင်းများစွာကပင် ပညာရှိကြီးများသည် ထာဝရ ဘုရားသခင်က လူသတ္တဝါ တို့အား ကယ်တင်ရန် သာမန်လူတို့ထက် မြင့်မြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို လူ့လောကသို့ စေလွှတ်လိမ့်မည်ဟု ကောလာဟလစကား ပြောကြားခဲ့ကြသည်။ အထူးသဖြင့် ယဟူဒီ(ယုဒ) လူမျိုးတို့သည် ထိုပုဂ္ဂိုလ် ပေါ်လာမည့်အချိန်ကို စောင့်မြှော်လျက်ရှိခဲ့ကြသည်။

သာမန်လူတို့ထက် ထူးကဲ မြင့်မြတ်သူဟု ဆိုသောကြောင့် ထူးထူးခြားခြား ခမ်းနား တင့်တယ်စွာ ပေါ်ပေါက်လာမည်ဟု အထင်ရှိကြ၏။ သို့ဖြစ်၍ နွားတင်းကုတ်တွင် ယေရှု(ယေဇူး)ကို မွေးဖွားသောအခါ သူတို့မြှော်လင့် နေသော ပုဂ္ဂိုလ်မြတ်ဟူ၍ မထင်မှတ်ကြပေ။ ခရစ်တော်ကို မဖွားမြင်မီ ကောင်းကင်တမန် ဂေးဗရီယယ် (ဂါဗြေလ ၊ ဂါဘရီအဲလ်)သည် မေရီ (မာရိ ၊ မာရိယာ) ထံသို့ရောက်လာ၍ သားယောက်ျားကို ဖွားမြင်ပေလိမ့်မည်။ ထိုသားသည် လူတို့အား အပြစ်မှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် ယေရှု(ယေဇူး)ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ပြောခဲ့ဘူး၏။ ယေရှု(ယေဇူး)၏ မယ်တော်မေရီသည် ခင်ပွန်းသည် နက်ဇရက်(နာဇရက်)မြို့သား ဂျိုးဇက်(ယောသပ် ၊ ဇူဇယ် (သို့) ဂျိုးဇက်)နှင့်အတူ သန်းကောင်စာရင်းဝင်ခြင်းငှာ ဂျူဒါ ပြည် (ယုဒပြည် ၊ ဂျူဒေးယပြည်) ဗက်သလီဟမ် (ဗက်လင် ၊ ဘက်သလင်ဟိမ်)မြို့သို့ သွားလေ၏။

ဗက်သလီဟမ်မြို့သို့ ရောက်သောအခါ တည်းခိုစရာ နေရာမရှိသောကြောင့် နွားတင်းကုပ်တစ်ခု၌ ဝင်ရောက်တည်းခိုကြရသည်။ ထိုနေ့ည၌ ပင် ခရစ်တော်ကို ဖွားမြင်သဖြင့် သူငယ်တော်ကို နွားစားခွက်တွင် သိပ်ထားရလေသည်။ ခရစ်တော်ယေရှု(ခရစ်တော်ယေဇူး)ကို မည်သည့်နေ့ ရက်တွင် ဖွားမြင်သည်ဟု မပြောနိုင်သော်လည်း အေဒီ ၃ဝဝ ပြည့်နှစ်လောက်ကစ၍ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ်တော် ဖွားမြင်သည့်နေ့အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်လာခဲ့ကြ သည်။

ခရစ်တော်ဖွားမြင်သည့်ညတွင် သိုးထိန်း များထံသို့ ကောင်းကင်တမန်တစ်ပါး ရောက်လာ၍ ခရစ်တော် ဖွားမြင်သည့် သတင်းကို ပြောကြားသဖြင့် နွားစားခွက်၌ သိပ်ထားသော သူငယ်တော်ကို သွား၍ ဖူးမျှော်ကြသည်။ ကောင်းကင်၌လည်း ထူးဆန်းသော ကြယ်သစ်တစ်လုံး ထွက်ပေါ်လာသည်။ နက္ခတ်တာရာတို့ကို အမြဲစောင့်ကြည့်နေသော အရှေ့ဖက်ပြည်မှ နက္ခတ်ဆရာ ပညာရှိကြီးများသည် ထိုကြယ်ကို မြင်လေလျှင် ထာဝရဘုရားသခင် စေလွှတ်သော ရဟူဒီလူမျိုးတို့၏ ဘုရင်ပေါ်ထွန်းသည့်နိမိတ်ဟု ဆိုကာ ကြယ်ကြီးညွှန်ရာသို့ ပညာရှိကြီး ၃ ဦးတို့ လိုက်လာကြလေ သည်။

ထိုပညာရှိကြီးများကို မေဂျိုင်(မာဂုပညာရှိ)ဟု ခေါ် သည်။ မေဂျိုင်တို့သည် လက်ဆောင်ပဏ္ဏာများကို ယူဆောင်၍ ဂျေရုဆလင်မြို့သို့ ရောက်လာကြောင်းကြားသဖြင့် ဆင့်ခေါ်၍ စုံစမ်းမေးမြန်းလေသည်။ ပညာရှိတို့က ရဟူဒီတို့၏ ရှင်ဘုရင် ဖွားမြင်ခြင်းကြောင့် ဖူးတွေ့ရန်လာကြ ကြောင်း လျှောက်တင်ကြ၏။ ဟဲရဒ်မင်း(ဟေရုဒ်)လည်း ဖွားမြင်လတ် သော သူငယ်သည် ထီးနန်းကို လုပ်ကြံမည့်သူ ဖြစ်မည်ဟု ယူဆသဖြင့် စိုးရိမ်ပူပန်ခြင်း ဖြစ်လေသည်။

သို့ရာတွင် ပညာ ရှိတို့အား ဗက်သလီဟမ်မြို့၌ ပညာရှိတို့လည်း ဗက်သလီဟမ် မြို့သို့ရောက်လျှင် သူ့ထံပြန်လာ၍ လျှောက်တင်ရန် မှာကြား လိုက်၏။ ပညာရှိတို့လည်း ဗက်သလီဟမ်မြို့သို့ရောက်လျှင် ခရစ်တော်ကို မယ်တော်မေရီ ခမည်း တော် ဂျိုးဇက်တို့နှင့်အတူ နွားတင်းကုပ်၌ တွေ့ရှိသဖြင့် အပြန်တွင် ဟဲရဒ်မင်း(ဟေရုဒ်) မှာကြား သည်ကို ဆန့်ကျင်၍ ဂျေရုဆလင်မြို့သို့ မဝင်တော့ဘဲ အခြား လမ်းမှ တိတ်တဆိတ် ပြန်ကြလေသည်။

ဟဲရဒ်မင်း(ဟေရုဒ်)သည် မေဂျိုင်တို့၏ လှည့်ဖြားခြင်းကို ခံရ သောကြောင့် အလွန်အမျက်ထွက်၍ ဗက်သလီဟမ် မြို့ရှိ အသက် ၂ နှစ်အောက် ကလေးများကို သုတ်သင်ပစ်ရမည်ဟု အမိန့်ထုတ်ပြန်လေသည်။ ထိုကဲ့သို့ လူမမယ်ကလေးများအား သတ်ပစ်ခြင်းကို 'အပြစ်ကင်းသူများကို သတ်ပွဲ'ဟု ခေါ်စမှတ် ပြုကြလေသည်။ ခမည်းတော် ဂျိုးဇက်သည် အသက်ဘေးမှ လွတ်မြောက်ခဲ့လေသည်။ ဘေးရန်ကင်းချိန်ရောက်မှ နက်ဇရက် မြို့သို့ ပြန်လာကြသည်။

ခရစ်တော် အသက် ၃ဝ မတိုင်ရောက်မီက အဖြစ်အပျက် အကြောင်းကို အနည်းငယ်မျှသာ သိရှိရသည်။ အသက် ၁၂ နှစ် အရွယ်တွင် မိဖနှစ်ပါးနှင့်အတူ ဂျရူးဆလမ်းမြို့သို့ ဘုရား ဖူးသွားကြ၏။ အပြန်တွင် ယေရှုကို မတွေ့သဖြင့် မိဖများ လိုက်လံရှာဖွေကြရာ ဘုရားကျောင်းအတွင်း၌ ကျမ်းတတ် ပုဂ္ဂိုလ်များ၏အလယ်တွင် ခက်ခဲနက်နဲသော တရားစကား များကို ဆွေးနွေးလျက်ရှိကြောင်း အံ့ဩစွာ တွေ့ကြလေသည်။ ယေရှု(ယေဇူး)သည် အသက် ၃ဝ အရွယ်မှစ၍ တရားဒေသနာများကို စတင်ဟောပြောသည်။ ဝမ်းကွဲနောင်တော် ဂျွန် (ယောဟန်)က ယေရှု(ယေဇူး)ကို ဂျော်ဒန်(ယော်ဒန် ၊ ဂျော်ဒန်)မြစ်၌ ဗျတ္တိဇံမင်္ဂလာပေးသည်။ ဤသို့ပေးရာ၌ ယေရှု(ယေဇူး)သည် လူအများ မြှော်လင့်နေသော ကယ်တင်ရှင် မဆိုင်ယာ(မေရှိယ ၊ မက်ဆီယာ)ပင် ဖြစ်သည်ဟု ဂျွန်က ကြေညာလေသည်။ ထို့နောက် ယေရှု(ယေဇူး)သည် တောသို့ဝင်၍ တရားကျင့် လေ၏။

ထိုအခါ မာရ်နတ်သည် ယေရှု(ယေဇူး)အား ဤ လောက၌ရှိသမျှသော တိုင်းနိုင်ငံများကိုလည်းကောင်း၊ ထိုတိုင်း နိုင်ငံများ၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြ၍ စုံစမ်း သွေး ဆောင်လေ၏။ သို့ရာတွင် ယေရှု(ယေဇူး)သည် မာရ်နတ်၏ အလိုသို့ မလိုက်ဘဲ အရပ်ရပ်သို့ လှည့်လည်ကာ မေတ္တာတရားကို ဟောပြောသည်။ မကျန်းမာသူများ၏ အနာရောဂါများကို လည်း ပျောက်ကင်းစေသည်။ ထို့ပြင် နတ်ဆိုးတို့ကိုလည်း နှင်ထုတ်သည်။ ယေရှု(ယေဇူး)သည် မိမိအား ကူညီရန် တမန်တော် ၁၂ ပါးကို ရွေးကောက်ထားသည်။ ဓမ္မဟောင်းကျမ်းလာ အယူဝါဒအတိုင်းမဟုတ်ဘဲ တရား မှန်ကို ဟောနေသော ယေရှု(ယေဇူး)အား ယဟူဒီ သာသနာ့ခေါင်း ဆောင် ဖဲရဆီး (ဖါရိရဲှ ၊ ဖာရီဇေဦး)နှင့် ဟဲရုဒ် (ဟေရုဒ်)မင်း၏ နောက်လိုက်များက ရန်ငြိုးဖွဲ့လေသည်။ ယေရှု(ယေဇူး)သည် ရန်များလာသောကြောင့် တိုင်ယာ (တူရူမြို့)နှင့် ဆိုင်ဒွန်(ဇိဟုန် ၊ ဇီအုန်)မြို့များသို့ ရှောင်တိမ်း ကာ နောက်လိုက်များ မေတ္တာတရား ဖြစ်၏။

အကျဉ်းအားဖြင့် ယေရှု(ယေဇူး)ဟောသောတရားမှာ ထာဝရဘုရားကို အကြွင်းမဲ့လက်ခံကြ သော်လည်း ယဟူဒီလူမျိုး သာသနာ့ခေါင်းဆောင်များကမူ ယေရှုကို သတ်ပစ်ရန် အချက်ကောင်းရှာကြံလျက် ရှိကြသည်။ ထို့နောက် ယေရှု(ယေဇူး)သည် ရန်သူများလက်သို့ အပ်လိုက်လေ၏။ သာသနာရေးရုံးတွင် ယေရှု (ယေဇူး)ကို ဦးစွာ စစ်ဆေးပြီးနောက် ရောမ ဘုရင်ခံ ပွမ်းရှပ်ပိုင်းလတ် (ပုန္တိပိလတ် ၊ ပိလတ်တူး)မင်းထံသို့ ပို့လေသည်။ ပိုင်းလတ်မင်း သည် ယေရှု(ယေဇူး)အား လွှတ်ပေးချင်သော်လည်း ယဟူဒီလူမျိုး အကြီးအကဲများနှင့် နောက်လိုက်များက ယေရှုကို ကားစင်တင်၍ သတ်ရန် တောင်းဆိုကြလေသည်။ ဤသို့ဖြင့် ယေရှု(ယေဇူး)ကို ကားစင်သို့ ယူဆောင်သွားရန် အမိန့်ပေးလိုက်လေ သည်။ ထို့နောက် ယေရှု(ယေဇူး)အား လူဆိုးသူဆိုးများကဲ့သို့ပင် လက်ဝါးကပ်တိုင်၌ ရိုက်၍ သတ်ပစ်ကြသည်။ လက်ဝါးကပ် တိုင်၌ ဝေဒနာခံစားနေစဉ် 'အိုအဘ၊ သူတို့၏အပြစ်ကို လွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြပါ'ဟု ရန်သူတို့အတွက် ဆုတောင်း၍ အသက်ကို ချုပ်လေ၏။

အသေ ခံပြီးနောက် ၃ ရက်မြောက်သောနေ့တွင် သေခြင်းမှ ပြန်၍ အသက်ရှင်သည်ဟူ၍လည်းကောင်း၊ ကောင်းကင်ဘုံသို့ မတက်မီ သူ၏တပည့်များထံ လာရောက်သေးသည်ကိုလည်းကောင်း တပည့်တော်များက မယုံကြည်နိုင်ကြသောကြောင့် အသတ်ခံရစဉ် ရသောဒဏ်ရာများကို ပြသခဲ့သည်ကိုလည်းကောင်း သမ္မာကျမ်းစာထဲရှိ ခရစ်ဝင်ကျမ်းများ၌ ရေးသားပါရှိသည်။ ထို့ပြင် ထာဝရဘုရား၏ အကြောင်းကို ထင်ရှားစွာဖွင့်ပြသော ပုဂ္ဂိုလ် လည်း ဖြစ်သည်ဟူ၍လည်း ကောင်း၊ လူသတ္တဝါများကို မကောင်းမှုမှလည်းကောင်း၊ ထာဝရပျက်စီး ဆုံးရှုံးခြင်းမှ လည်းကောင်း၊ ကယ်တင် ၍ ထာဝရအသက်ကို ရစေတော် မူသောအရှင်ဟူ၍လည်းကောင်း ခရစ်ယာန်များက ယုံကြည် ကြလေသည်။

{ ကွင်းစကွင်းပိတ်ထဲရှိ နာမည်များမှာ မြန်မာပြည်ကက်သလစ် အသင်းတော်၏ အခေါ်အဝေါ်များဖြစ်ပါသည်။ အချို့သောနာမည်များကို ကွင်းထဲတွင် နှစ်မျိုးဖော်ပြထားပြီး အရှေ့စာလုံးမှာ မြန်မာပြည်နှစ်ခြင်းအသင်းတော် အခေါ်အဝေါ်ဖြစ်ပြီး ပုဒ်ဖြတ်(၊)၏ အနောက်စာလုံးမှာ ကက်သလစ်အခေါ်အဝေါ်ဖြစ်သည် }

💝 ခရစ္စမစ် ဘိုးဘိုးကြီးဆန်တာကလော့ 💝

ဒီအကြောင်းလေးကိုတော့ Animation တစ်ခုကိုအခြေခံပြီး ပြောချင်ပါတယ် ။ သခင်ယေရှုအကြောင်းက လေးပင်နေတော့ အခုစာလေးဖတ်ပြီး ပျော်ပေးကြပါဦးနော် ။

တစ်ခါက စာတိုက်မှူးကြီးတစ်ယောက်မှာ ဂျက်စပါလို့ခေါ်တဲ့ အလွန်အပျင်းထူလွန်းလှတဲ့ သားတစ်ယောက်ရှိပါသတဲ့ ။ ပျင်းလွန်းတော့ စာပို့သမားကောင်းဖြစ်ဖို့ training လည်း ကောင်းကောင်းမဆင်းဘူးလေ ။ အဖေရဲ့ အရှိန်အဝါနဲ့ လုပ်ချင်ရာလုပ်နေတာ‌ပေါ့ ။ ဒါကို အဖေဖြစ်သူက သိတော့ သားကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ် ။

ဘာလဲဆိုတော့ Training တောင်ဆင်းမပြီးသေးမှန်းသိရက်နဲ့ စာပို့သမားအဖြစ် အလုပ်တန်းခန့်လိုက်ပြီး လက်ဝဲသုန္ဒရအမတ်ကို မဲဇာတောင်ခြေအပို့ခံရသလို သင်ခန်းစာပေးတဲ့အနေဖြင့် သားဂျက်စပါကိုလည်း အလွန်ဝေးလံခေါင်ဖျားတဲ့ အေးခဲဒေသကျွန်းမြို့ကလေး Smeerensburg ကို ပို့ပစ်လိုက်တယ် ။ တစ်နှစ်အတွင်း စာစောင်ရေ ၆၀၀၀ ပို့ရန်ဆိုတဲ့ တာဝန်တစ်ခုကိုပါအဆစ်ပေးလိုက်ပြီးပေါ့ ။

ဘာမှအတွန့်မတက်နိုင်တော့တဲ့အဆုံး ဂျက်စပါမှာ အဖေ့အမိန့်အတိုင်း Smeerensburg ကို ကသောကမြော ရောက်သွားတော့တာ‌ပေါ့ ။

ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလို ရန်သတ်ခေါင်းလောင်း အတီးမှားမိလို့ သေမတတ် ထွက်ပြေးရသေးတယ် ။ ကံကောင်းထောက်မစွာနဲ့ ကျောင်းတစ်ကျောင်းကို ရောက်သွားတယ် ။ ကျောင်းလို့သာပြောရတာ ကျောင်းသားတစ်ယောက်မှ မရှိဘူးတဲ့ ။ ကျောင်းခန်းထဲ ငါးရောင်းပြီး ငါးစိမ်းသည် ဖြစ်နေတဲ့ ခပ်စွာစွာ ဆရာမတစ်ယောက်ကို တွေ့တော့မှ ဒီမြို့လေး၏ အခြေအနေအမှန်ကို ရိပ်စားမိတော့တယ်လေ ။ အဲဒီတော့ စာပို့ဖို့ ဝေးစွ ကလေး‌တွေကို ကျောင်းမပို့‌တော့ စာမတတ်ကြဘူးဖြစ်နေတာပေါ့ ။

ဒီမြို့ထဲမှာ နေထိုင်ကြသူတွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ဆက်သွယ်စကားပြောချင်း အလျဉ်းမရှိ ၊ သူ့အုပ်စု ကိုယ့်အုပ်စုဖွဲ့ပြီး တကယ့်လူ့အရိုင်းအစိုင်းတွေလို အချင်းချင်း အမြဲ ရန်စောင်ကာ ကမ္ဘာရန်တွေလို နေကြတယ် ။ အိမ်ခေါင်မိုး၊ နံရံတွေမှာ ဓါး၊ လှံတွေ အလျိုလျိုနှင့် တိတ်ဆိတ် ခြောက်ကပ်ပြီးပေါ့ ။

အဲ့ဒီလိုနဲ့ ဂျက်စပါတစ်ယောက် စိတ်ဓါတ်ကျလုလုနီးဖြစ်ခါနီးအချိန်မှာ မြို့အစွန်တောတစ်နေရာက အိမ်တစ်အိမ်ကို ရှာတွေ့သွားပါတယ် ။ Klaus ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့ ဆုံပြီးနောက်မှာတော့ ဂျက်စပါအတွက် စာပို့နိုင်ရေး လမ်းစမြင်လာခဲ့ပါတယ် ။

ဒါကတော့ ခရစ္စမစ်ဘိုးဘိုးကြီးနဲ့သူ့သူငယ်ချင်းဂျက်စပါတို့ စတင်ဆုံတွေ့တဲ့အခန်းပါ ။

ကလော့ဟာ ရွာပြင်မှာအထီးကျန်စွာနဲ့တစ်ယောက်တည်းနေခဲ့သူပါ ။ သူ့မိသားစုမရှိတော့တဲ့နောက်ပိုင်းမှာ သေဖို့နေ့ကိုထိုင်စောင့်နေရတဲ့အဖိုးကြီးတစ်ဦးပေါ့ ။

သူဟာအလွန်သန်မာတဲ့သူပါ ။ သူ့ရဲ့အချိန်တော်တော်များများကို သူကျွမ်းကျင်တဲ့အရုပ်‌လေးတွေလုပ်ရင်းကုန်ဆုံးနေသူပါ ။

တစ်ရက်မှာ သူ့ဆီကို မြို့ထဲကခလေးမလေးတစ်ယောက်ရဲ့ ဆန္ဒစာရွက်လေးဟာ လေနှင်ရာရောက်ချလာပါတယ် ။
ဆန္ဒစာရွက်ဆိုတာက စာမတတ်တဲ့ခလေးလေးရဲ့ အရုပ်လိုချင်ကြောင်း ပုံလေးပါ ။ ဒီလိုနဲ့ သူရယ်ဂျက်စပါရယ်ဟာ
နှင်းတောထဲမှာ ဆွပ်ဖားကြီးတစ်ခုနဲ့ ခလေးတွေအတွက်လက်ဆောင်ပစ္စည်းလေးတွေစဝေကြတော့တာပါပဲ ။

ဒါကတော့ ဆန်တာကလော့ဆိုတဲ့ ခရစ္စမစ်ဘိုးဘိုးကြီးအကြောင်းပါ ။ ဒဏ္ဍာရီလိုလို တကယ်လိုလိုဆိုပေမယ့် အားလုံးရဲ့ရင်ထဲမှာတော့သူဟာ ခလေးချစ်တတ်တဲ့ ချစ်စရာဘိုးဘိုးကြီးအနေနဲ့ရှိနေပါတယ် ။

အဆုံးထိဖတ်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် 🥰
အခြားသူတွေလည်းသိရအောင် Share ပေးကြပါဦး နော် 🤳

အခုစာဖြစ်မြောက်ရေးအတွက်ကူညီပေးခဲ့တဲ့ Wikipedia နဲ့ Klaus Animation ကိုအထူးကျေးဇူးတင်ရှိပါတယ် ။

လူကြီးမင်းတို့၏ နေအိမ်ခြံဝန်း၊ဟိုတယ်၊စားသောက်ဆိုင်များတွင်အလှဆင်နိုင်သည့် လှပပြီးဆန်းသစ်သော Garden Lamp များကို လည်း စျေ...
14/12/2020

လူကြီးမင်းတို့၏ နေအိမ်ခြံဝန်း၊ဟိုတယ်၊စားသောက်ဆိုင်များတွင်အလှဆင်နိုင်သည့် လှပပြီးဆန်းသစ်သော Garden Lamp များကို လည်း စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါပြီ🤗🤗🤗
- Winter Sales Discount 25% off
- Made in China(Europe export quality)
- 30000/-ဖိုးနှင့်အထက် အိမ်အရောက်ပို့ဝန်ဆောင်မှု
- ဝယ်ယူသည့် အရေအတွက်ပေါ်မူတည်၍စျေးနှုန်းညှိနှိုင်းပေးပါသည်
- အသေးစိတ်သိရှိလိုပါက Chat box တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

IEM Switch &Socket , MCB Box , Pipe & Accessories - Made in Malaysia(Europe export quality)- 30000/-ဖိုးနှင့်အထက် အိမ်အရ...
11/12/2020

IEM Switch &Socket , MCB Box , Pipe & Accessories
- Made in Malaysia(Europe export quality)
- 30000/-ဖိုးနှင့်အထက် အိမ်အရောက်ပို့ဝန်ဆောင်မှု
- ဝယ်ယူသည့် အရေအတွက်ပေါ်မူတည်၍စျေးနှုန်းညှိနှိုင်းပေးပါသည်
- အသေးစိတ်သိရှိလိုပါက Chat box တွင် စုံစမ်းမေးမြန်းနိုင်ပါသည်

စက်ရုံ၊အလုပ်ရုံ သုံး မီးစလောင်းများ၊ Water proof ၊ Reflector 2' 4' Frame များကို လည်း စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေ...
11/12/2020

စက်ရုံ၊အလုပ်ရုံ သုံး မီးစလောင်းများ၊ Water proof ၊ Reflector 2' 4' Frame များကို လည်း စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါပြီ🤗🤗🤗
- Winter Sales Discount 25% off
- Made in China(Europe export quality)
- 30000/-ဖိုးနှင့်အထက် အိမ်အရောက်ပို့ဝန်ဆောင်မှု
- ဝယ်ယူသည့် အရေအတွက်ပေါ်မူတည်၍စျေးနှုန်းညှိနှိုင်းပေးပါသည်
- အသေးစိတ်သိရှိလိုပါက Chat box တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

🛑 လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး အဆောက်အဦးတွေမှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတဲ့ လျှပ်စစ်ပစ္စည်းတွေ...
06/12/2020

🛑 လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး အဆောက်အဦးတွေမှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတဲ့

လျှပ်စစ်ပစ္စည်းတွေ တပ်ဆင်ချင်တယ် ဆိုရင်တော့ United Winner Electric ကို လှမ်းခဲ့လိုက်ပါနော်

🏢 17/A, Kabar Aye Pagoda Rd, Golden Valley Yard (2), Bahan Township, Yangon, Myanmar

☎️ 01-543651

💬 m.me/unitedwinnerselectronic ( link လေးကိုနှိပ်ပြီး Messenger လာခဲ့လည်းရပါတယ် )



#မီးဆိုင်းများ

ခေတ်မီလှပပြီးဈေးနှုန်းသင့်တင့်တဲ့မီးဆိုင်းကြီးများ 🌠🌠🌠👉မီးဆိုင်းလန်းလန်းလှလှလေးတွေတပ်ဆင်မယ်ဆိုရင်တော့ United Winner Elec...
06/12/2020

ခေတ်မီလှပပြီးဈေးနှုန်းသင့်တင့်တဲ့မီးဆိုင်းကြီးများ 🌠🌠🌠

👉မီးဆိုင်းလန်းလန်းလှလှလေးတွေတပ်ဆင်မယ်ဆိုရင်တော့ United Winner Electric ကိုလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်💁‍♀️

🏢 17/A, Kabar Aye Pagoda Rd, Golden Valley Yard (2), Bahan Township, Yangon, Myanmar

☎️ 01-543651

💬 m.me/unitedwinnerselectronic ( link လေးကိုနှိပ်ပြီး Messenger လာခဲ့လည်းရပါတယ် )



#မီးဆိုင်းများ

⚜️ လူကြီးမင်းတို့ရဲ့ အဖိုးတန်တဲ့ အဆောက်အဦး၊ နေအိမ် ဟိုတယ် အခန်းတွေမှာ  Wall Lamp လန်းလန်းလေးတွေ တပ်မယ်ဆိုရင် 🏢 17/A, Ka...
06/12/2020

⚜️ လူကြီးမင်းတို့ရဲ့ အဖိုးတန်တဲ့ အဆောက်အဦး၊ နေအိမ် ဟိုတယ် အခန်းတွေမှာ Wall Lamp လန်းလန်းလေးတွေ တပ်မယ်ဆိုရင်

🏢 17/A, Kabar Aye Pagoda Rd, Golden Valley Yard (2), Bahan Township, Yangon, Myanmar

☎️ 01-543651

💬 m.me/unitedwinnerselectronic ( link လေးကိုနှိပ်ပြီး Messenger လာခဲ့လည်းရပါတယ် )



မိမိနေအိမ်လေး မှေးမှိန်မနေစေဖို့ ခေတ်မှီ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အဆင့်တန်းမြင့်မြင့် အလှဆင်ကြပါနော်🏢 17/A, Kabar Aye Pago...
05/12/2020

မိမိနေအိမ်လေး မှေးမှိန်မနေစေဖို့ ခေတ်မှီ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အဆင့်တန်းမြင့်မြင့် အလှဆင်ကြပါနော်

🏢 17/A, Kabar Aye Pagoda Rd, Golden Valley Yard (2), Bahan Township, Yangon, Myanmar

☎️ 01-543651

💬 m.me/unitedwinnerselectronic ( link လေးကိုနှိပ်ပြီး Messenger လာခဲ့လည်းရပါတယ် )



မီးဆိုင်းအကြီးစားများ🏢 17/A, Kabar Aye Pagoda Rd, Golden Valley Yard (2), Bahan Township, Yangon, Myanmar☎️ 01-543651💬 m...
05/12/2020

မီးဆိုင်းအကြီးစားများ

🏢 17/A, Kabar Aye Pagoda Rd, Golden Valley Yard (2), Bahan Township, Yangon, Myanmar

☎️ 01-543651

💬 m.me/unitedwinnerselectronic
( link လေးကိုနှိပ်ပြီး Messenger လာခဲ့လည်းရပါတယ် )

Address

17/A , Jabar Aye Pagoda Road , Golden Valley Yard (2) , Bagan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 14:00
Sunday 09:00 - 17:00

Telephone

+951543651

Website

Alerts

Be the first to know and let us send you an email when United Winners Electric posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to United Winners Electric:

Share