17/08/2026
🌱 လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ပျိုးထောင်မဲ့နေရာ P.Y.O (ပျိုး)- Platform for Youth Opportunities
နည်းပညာကျွမ်းကျင်မှုရှိတဲ့ လူငယ်တွေ၊ အိုင်ဒီယာကောင်းတွေကို လက်တွေ့အကောင်အထည်ဖော်နေတဲ့ လူငယ်စွန့်ဦးတီထွင်သူတွေ၊ ကိုယ်ပိုင် Product တစ်ခုကို တည်ဆောက်နေတဲ့ Startup Team တွေအတွက် အခွင့်အလမ်းအသစ်တစ်ခု ရောက်လာပါပြီ။
P.Y.O (ပျိုး) ဟာ လူငယ်တွေရဲ့ နည်းပညာကျွမ်းကျင်မှု၊ အိုင်ဒီယာနဲ့ Product တွေကို လက်တွေ့ Career နဲ့ Business အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ထားတဲ့ Youth-focused Platform တစ်ခု ဖြစ်ပါတယ်။
P.Y.O. မှာ လူငယ်တွေဟာ
💼 Career နဲ့ Remote Work အခွင့်အလမ်းတွေကို ရှာဖွေနိုင်မယ်။
🚀 ကိုယ့်ရဲ့ Tech Product / Startup ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မယ်။
🤝 Employers, Mentors, Investors နဲ့ Industry Partners တွေနဲ့ ချိတ်ဆက်နိုင်မယ်။
🎯 ကိုယ့်ရဲ့ Idea နဲ့ Product ကို လူတွေ့မြင်သိရှိလာအောင် Showcase လုပ်နိုင်မယ်။
📈 Market, Partnership နဲ့ Growth အခွင့်အလမ်းအသစ်တွေကို ရှာဖွေနိုင်မယ်။
ဒါ့အပြင် စက်တင်ဘာလ မှာလည်း P.Y.O. ရဲ့ ပထမဆုံး Pitch & Showcase Event ကိုလည်း ကျင်းပသွားဖို့ ရှိပါတယ်။
ဒီ Event မှာ Tech Product တွေကို ကိုယ်တိုင်လာရောက်ကြည့်ရှုနိုင်မယ့်အပြင်၊ ကိုယ့်မှာ Concept, Prototype, MVP ဒါမှမဟုတ် Launch လုပ်ပြီးသား Product ရှိတယ်ဆိုရင်လည်း Pitch / Showcase လုပ်ဖို့ လျှောက်ထားနိုင်မယ့် အခွင့်အရေးတွေ ရှိလာမှာပါ။
Event ကိုလာရောက်လေ့လာပြီး တက်ရောက်နိုင်ဖို့ Registration နဲ့ Product Showcase တွေပြသဖို့ Application လျှောက်လွှာ အကြောင်းကို မကြာခင် သီးသန့် ထပ်မံ ကြေညာပေးသွားပါမယ်။
👉အိုင်ဒီယာကနေ အခွင့်အလမ်းဆီ၊
👉Skill ကနေ Career ဆီ၊
👉Product ကနေ Market ဆီ
Impact Hub Yangon x BIM Group of Companies တို့နဲ့အတူ P.Y.O (ပျိုး) မှာ အခွင့်အလမ်းတွေကို အတူတကွ “ပျိုး” ထောင်ကြမယ်။ 🌱
Follow လုပ်ထားပြီး နောက်ထပ်ကြေညာချက်တွေကို စောင့်ကြည့်လိုက်ပါ။
[ENGLISH]
🌱 A place where opportunities for young people can grow - P.Y.O. (ပျိုး), Platform for Youth Opportunities
A new opportunity is here for young people with technology skills, young entrepreneurs turning great ideas into reality, and startup teams building their own products.
P.Y.O. (ပျိုး) is a youth-focused platform designed to help young people transform their technology skills, ideas, and products into practical career and business opportunities.
Through P.Y.O., young people will have opportunities to:
💼 Explore career and remote work opportunities.
🚀 Develop and strengthen their tech products and startups.
🤝 Connect with employers, mentors, investors, and industry partners.
🎯 Showcase their ideas and products to a wider audience.
📈 Explore new opportunities for market access, partnerships, and growth.
In addition, the first P.Y.O. Pitch & Showcase Event is planned to take place in the first week of September.
At the event, participants will have the opportunity to discover emerging tech products and meet the people behind them. If you are developing a product at the Concept, Prototype, MVP, or Launched stage, you will also have the opportunity to apply to pitch or showcase your product at the event.
More information about event registration for those who would like to attend and the application process for teams interested in showcasing their products will be announced separately very soon.
👉 From ideas to opportunities
👉 From skills to careers
👉 From products to markets
Together with Impact Hub Yangon x BIM GROUP
, let’s grow new opportunities through P.Y.O. (ပျိုး). 🌱
Follow the page and stay tuned for upcoming announcements.
#ပျိုး