Netware Company Limited

Netware Company Limited Established in 2015, Netware Co.,Ltd is a technology company that providing IT solutions in Myanmar.

Established in 2015, Netware Company Limited is a leading technology company that specializes in providing innovative and comprehensive IT solutions to businesses of all sizes. Netware has built a strong reputation for delivering quality services and products that meet the evolving needs of modern businesses.

😅😅😅
22/09/2023

😅😅😅

ရုံးတွင်း တပ်ဆင်ထားတဲ့ PABX telephone system တွေမှာ လိုင်းများပျောက်ခြင်း၊ ပျက်ခြင်း၊ အဝင်မရ အထွက်မရဖြစ်ခြင်း ၊ function...
19/08/2023

ရုံးတွင်း တပ်ဆင်ထားတဲ့ PABX telephone system တွေမှာ လိုင်းများပျောက်ခြင်း၊ ပျက်ခြင်း၊ အဝင်မရ အထွက်မရဖြစ်ခြင်း ၊ function တွေမရတော့ခြင်း စတဲ့ပြဿနာများကို ရုံးအရောက်အချိန်တိုအတွင်း အလျှင်မြန်ဆုံးပြုပြင်ဆောင်ရွက်ပေးနေပါပြီ

Room-307, Buliding C, Hi-Way Complex , Kamaryut Township,Yangon,Myanmar.
Phone - 09263727219

🔥🔥 Firewalls အကြောင်း သိ‌ကောင်းစရာ 🔥🔥Firewall သည် ယုံကြည်စိတ်ချရသောအတွင်းကွန်ရက် (local Network) နှင့် အင်တာနက် (Interne...
11/08/2023

🔥🔥 Firewalls အကြောင်း သိ‌ကောင်းစရာ 🔥🔥

Firewall သည် ယုံကြည်စိတ်ချရသောအတွင်းကွန်ရက် (local Network) နှင့် အင်တာနက် (Internet) ကဲ့သို့သော မယုံကြည်ရသောပြင်ပကွန်ရက်များကြားတွင် အတားအဆီးအဖြစ် လုပ်ဆောင်ပေးသည့် ကွန်ရက်လုံခြုံရေး၏ အခြေခံကျတဲ့စိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

၎င်းသည် ခွင့်ပြုချက်မရှိဘဲဝင်ရောက်ခြင်းကို တားဆီးရန်၊ ကွန်ရက်အသွားအလာကိုစောင့်ကြည့်ရန်နှင့် သင့်စက်ပစ္စည်းများနှင့်ဒေတာများကို ခြိမ်းခြောက်မှုများမှကာကွယ်ရန်ဖြစ်သည်။ Firewall အမျိုးအစားများမှာ Hardware Firewall နှင့် Software Firewall ဟူ၍ အဓိကအမျိုးအစားနှစ်မျိုးရှိပါသည်။

Hardware Firewalls တို့သည် သင့်ဒေသခံ(Local Network) ကွန်ရက်နှင့် (Internet) အင်တာနက်ကြားတွင် ပုံမှန်အားဖြင့်နေရာချထားသည့် ရုပ်ပိုင်းဆိုင်ရာ (Device) စက်ပစ္စည်းများဖြစ်ပါသည်။ ၎င်းတို့သည် Router များနှင့်မကြာခဏပေါင်းစပ်လာပြီး ကွန်ရက်ပေါ်ရှိစက်ပစ္စည်း(Device’s) အားလုံးကိုကာကွယ်ရန် လုပ်‌ဆောင်ပေးပါသည်။

Software Firewalls တို့သည် ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းများကဲ့သို့စက်ပစ္စည်းတစ်ခုချင်းစီတွင်ထည့်သွင်းထားသောဆော့ဖ်ဝဲလ်အက်ပ်များ(Software Applications) ဖြစ်ကြပါသည်(ဥပမာ Windows တွင်ပါဝင်သည့် built-in Windows Defender Firewall ) ၎င်းတို့ကို ထည့်သွင်းတပ်ဆင်ထားသည့် သီးခြားစက်ပစ္စည်းအတွက် ကွန်ရက်အသွားအလာအပေါ်အသေးစိပ် ထိန်းချုပ်မှုကို လုပ်ဆောင်ပေးပါသည်။

Firewalls များသည်ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းများအပေါ် အခြေခံ၍ မတူညီသော ကွန်ယက်များပေါင်းစပ်ခြင်း အဝင်နှင့်အထွက် ကွန်ရက်အသွားအလာများကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့်လုပ်ဆောင်ပေးပါသည်။

ဤစည်းမျဥ်းများသည် မည်သည့်အသွားအလာကိုမဆိုခွင့်ပြုခြင်း ၊ ပိတ်ဆို့ခြင်းတို့ကိုပြုလုပ်နိုင်သည် (ဥပမာ - youtube website, facebook website ကို သွားရောက်ခြင်းတို့ကိုပိတ်ထားနိုင်ခြင်း) Firewall များသည် မရှိမဖြစ်လိုအပ်သောလုံခြုံရေးကိရိယာတစ်ခုဖြစ်သော်လည်း သင့်စက်ပစ္စည်းများနှင့်ဒေတာများအတွက် အလုံးစုံကာကွယ်မှု ပေးရန်အတွက် ၎င်းတို့ကိုအခြားလုံခြုံရေးအလေ့အကျင့်များဖြစ်သည့် Virus ကာကွယ်‌ရေးအစီအမံများ ဆောင်ရန်‌ရှောင်ရန် အလေ့ကျင့်ကောင်းများတခြားသော Security Software များဖြင့် တွဲဖက်အသုံးခြင်းဖြင့် သင်တို့၏ Network ကွန်ယက်လုံခြုံရေးချိုးဖောက်ခံရမှုကို များစွာအကာအကွယ် ဖြစ်စေနိုင်မှာဖြစ်ပါသည်။

Firewall များသည် အွန်လိုင်းခြိမ်းခြောက်မှုများအားခုခံကာကွယ်ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျောက် Firewalls ၏ အခြေခံများအချက်များကို နားလည်ပြီးသင်တို့၏ Network ကွန်ရက်အတွင်းတပ်ဆင်အသုံးပြုခြင်း (သို့) Applications များအားအသုံးပြုခြင်းဖြင့် သင်၏ဆိုက်ဘာလုံခြုံရေးကို များစွာမြှင့်တင်နိုင်ပြီး သင့်ဒေတာများကို လုံခြုံစွာသိမ်းဆည်းထားနိုင်မည် ဖြစ်ပါကြောင်းအကြံပြုလိုက်ရပါတော့သည်။

ရဲနိုင်ကျော်

Room -307, Building C, Hi-way Complex, Kamaryut Township, Yangon, Myanmar.
Phone - 09263727219
Email - [email protected]

Active Directory (Windows Server) ကို ရုံးလုပ်ငန်းများအတွက် ဘာ‌ကြောင့်အသုံးပြုသင့်သလဲ? အသေးစား အလတ်စား အကြီးစား ရုံးလုပ်...
08/08/2023

Active Directory (Windows Server) ကို ရုံးလုပ်ငန်းများအတွက် ဘာ‌ကြောင့်အသုံးပြုသင့်သလဲ?

အသေးစား အလတ်စား အကြီးစား ရုံးလုပ်ငန်းများအတွက် Active Directory ကို မဖြစ်မနေအသုံးပြုရန်လိုအပ်ပါသည်။ စက်တစ်လုံးချင်း Data သိမ်းဆည်းမှုတို့ကြောင့် Data များပြန့်ကျဲမှုကိုဖြစ်စေပြီး User တစ်ဦးခြင်းစီ၏ Data များသည် ၎င်းတို့အသုံးပြုနေသည့် စက်များအတွင်းသာ ရှိနေမည်ဖြစ်ပါသည်။

ထို့ပြင် Data ပျောက်ဆုံး ပျက်စီးမှုများဖြစ်လာစေနိုင်ပြီး အချင်းချင်း Data များ ဖလှယ်ရာတွင်လည်းအခက်အခဲဖြစ်စေပြီး အချိန်ကုန် အလုပ်ပိုသွားစေနိုင်ပါသည်။ User တစ်ဦးချင်းစီရဲ့ Computer များကို ထိန်းချုပ်ရန်အတွက် အခက်ခဲများရှိလာနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

Active Directory ကို အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ -

Active Directory အားအသုံးပြုခြင်းဖြင့် အားလုံးသော စက်များသည် လုပ်ငန်းအတွင်းရှိကိုယ်ပိုင် Domain Server တစ်ခုထဲတွင် ချိတ်ဆက်နေမည်ဖြစ်ပြီး တစ်နေရာထဲတွင် ထိန်းချုပ်နိုင်တော့မည်ဖြစ်ပါသည် ။

Data အချက်အလက်များကိုလည်း ၎င်းထဲတွင် တစ်စုတစည်းထဲသိမ်းဆည်းနိုင်ခြင်းတို့ကြောင့် User တစ်ဦးတစ်ယောက်ချင်းစီ၏ Data များသည် ၎င်းတို့စက်ထဲတွင် သိမ်းဆည်းခြင်းကိုလျော့ချနိုင်မည်ဖြစ်ပြီး Data ပျက်စီးခြင်းများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

Department တူ စက်များ Data ဖလှယ်ရလွယ်ကူလာခြင်း ၊ File Folder များကို သက်ဆိုင်ရာ Department အလိုက် Permission များ သတ်မှတ်ကာအသုံးပြုနိုင်ခြင်း၊ User အကောင့်များအား အသစ်ဖွင့်ခြင်း၊ ဖျက်ခြင်း၊ လော့ခ်ချခြင်း ထိန်းချုပ်ခြင်း၊ User အလိုက် Department Group များသတ်မှတ်ပေးခြင်း Password ရေးရာ မူဝါဒများသတ်မှတ်ခြင်းတို့နှင့် ပြင်ပသို့ Data ကူယူးခံရနိုင်ခြင်းကိုလည်း ထိန်းချုပ်ကာကွယ်လာနိုင်မည်ဖြစ်ပါသည်။

ခွင့်ပြုချက်မရှိ Software များ ထည့်သွင်းခြင်းကိုလည်း ကန့်သတ်ထားနိုင်ပြီး user နှင့် computer တစ်လုံးချင်းစီတိုင်းကို တစ်နေရာထဲတွင် ထိန်းချုပ်စောင့်ကြည့်လာနိုင်တော့မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

ရဲနိုင်ကျော်

Room -307, Building C, Hi-way Complex, Kamaryut Township, Yangon, Myanmar.
Phone - 09263727219
Email - [email protected]

ကွန်ပျူတာများအား လစဉ်ထိန်းသိမ်းစောင့်ရှောက်မှုအပြင် Service Record နှင့် Report ကို မိမိတို့ Netware မှသေချာစွာ ပြုလုပ်ထ...
08/08/2023

ကွန်ပျူတာများအား လစဉ်ထိန်းသိမ်းစောင့်ရှောက်မှုအပြင် Service Record နှင့် Report ကို မိမိတို့ Netware မှသေချာစွာ ပြုလုပ်ထားပေးခြင်းဖြင့် လူကြီးမင်းတို့၏ ရုံးတွင်အဖြစ်များသော ကွန်ပျူတာ ပြသနာများကို ရှာဖွေခြင်း ၊ ဟန့်တားခြင်းများ ပြုလုပ်ပေးခြင်းအားဖြင့် လုပ်ငန်းများကို ယခင်ကထက်ပိုမို ချောမွေ့မြန်ဆန်စေမှာ ဖြစ်ပါသည်။

Inventory Management အပိုင်းကို မိမိတို့ Netware မှ ပါဝင်ကူညီဆောင်ရွက်ပေးမည် ဖြစ်သဖြင့် Warranty ကာလအတွင်းဖြစ်ပါလျက်နှင့် Warranty မပြန်မိပဲ ပစ္စည်းအသစ် ထပ်ဝယ်မိခြင်းမျိုးကဲ့ သို့သော ပြဿနာများကိုလည်း ကာကွယ်ဟန့်တား ပေးနိုင်မှာ ဖြစ်ပါသည်။

ကွန်ပျူတာဆားဗစ် (Computer Service) ကို ရုံးအရောက် လစဉ်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုအနေဖြင့် Netware မှ ဆောင်ရွက်ပေးနေပါသည်။

Room - 307, Building C, Hi-Way Complex, Kamaryut Township, Yangon, Myanmar.
Phone - 09 263727219
Email - [email protected]

~~ IT ပိုင်း ELV ပိုင်းနဲ့ ပတ်သက်တာ မေးချင်ရာမေး~~~လူကြီးမင်းတို့ နေနဲ့ IT ပိုင်း သို့မဟုတ် ELV  ပိုင်းတွေနဲ့ ပတ်သက်ပြီး...
25/06/2023

~~ IT ပိုင်း ELV ပိုင်းနဲ့ ပတ်သက်တာ မေးချင်ရာမေး~~~

လူကြီးမင်းတို့ နေနဲ့ IT ပိုင်း သို့မဟုတ် ELV ပိုင်းတွေနဲ့ ပတ်သက်ပြီး သိချင်တာ လိုအပ်တာ ရှိရင် မည့်သည့် ကိစ္စ မဆို မေးမြန်းနိုင်ပါတယ်။ Netware Company Limited မှ ပေးနိုင်တဲ့ service တွေအပြင် မဆောင်ရွက်ပေး နိုင်တဲ့ service ပိုင်းတွေ ပစ္စည်းပိုင်း တွေကိုလည်း မိမ်တို့ ယုံကြည်ရတဲ့ Company တွေ ဆိုင်တွေကို ဆက်လက် လမ်းညွှန်မှုတွေ ပြုလုပ်ပေး သွားပါ့မယ်။

ဈေးမှန် ပစ္စည်းမှန်တဲ့ နေရာတွေကို အချိန်မကုန် လူမပန်းပဲ မြန်မြန်ရောက်သွားရအောင် အခမဲ့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ဤ ပိုစ့်ရဲ့ Comment box မှာ မေးမြန်းခြင်းဖြင့် အခြား လိုအပ်နေသူများကိုလည်း ပြသသွားစေချင်ပါတယ်။

သီးခြားမေးမြန်းချင်တဲ့ အကြောင်းရာတွေကို Messenger မှာမေးမြန်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။





မင်္ဂလာပါခင်ဗျာလုပ်ငန်းနယ်ပယ်အသီးသီးတွင် အတွေ့အကြုံ ၈ နှစ်ကျော်ရှိ၍ ကျွမ်းကျင် IT ပညာရှင်များနှင့်ဖွဲ့စည်းထားသည့် Netwar...
04/04/2023

မင်္ဂလာပါခင်ဗျာ
လုပ်ငန်းနယ်ပယ်အသီးသီးတွင် အတွေ့အကြုံ ၈ နှစ်ကျော်ရှိ၍ ကျွမ်းကျင် IT ပညာရှင်များနှင့်ဖွဲ့စည်းထားသည့် Netware Company Limited နှင့်မိတ်ဆက်ပေးပါရစေ။

ကျွန်ုပ်တို့၏ ကုမ္ပဏီသည် computer maintenance, server and networking, web development, and ELV systems စနစ်များအပါအဝင် ITနှင့်ပတ်သတ်သည့် ဝန်ဆောင်မှုများစွာကို လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ကုမ္ပဏီသည် CCNA၊ CCNP၊ MCSEနှင့် အခြားအရာများကဲ့သို့သော နယ်ပယ်အသီးသီးတွင် အသိအမှတ်ပြုခံထားရသော ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။


2015 ခုနှစ်တွင် ကျွန်ုပ်တို့သည် သတင်းအချက်အလက်နည်းပညာ၊ အီလက်ထရွန်းနစ်လုံခြုံရေးနှင့် ဆက်သွယ်ရေးဖြေရှင်းချက်များကို ကူညီဖြေရှင်းရန်နှင့်ဝန်ဆောင်မှူများစွာပေးရန် Netware Company Limited ကို တည်ထောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍၊ ကျွန်ုပ်တို့သည် ပြည်တွင်းရှိ အဓိကကျသောProject များအားလုံးအတွက် ပြီးပြည့်စုံပြီး Customer များ ကျေနပ်လောက်သော လိုအပ်ချက်များကို ကူညီပံ့ပိုးဝန်ဆောင်မှူပေးခဲ့နိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်သော လုပ်ငန်းတိုင်းအတွက် နည်းပညာလိုအပ်ချက်များကို ကျွန်ုပ်တို့အနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိနေပါသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူတစ်ဦးစီ၏ ပရောဂျက်များကို ခွဲခြမ်းစိတ်ဖြာကာ ၎င်းတို့၏ လိုအပ်ချက်များကို လေ့လာပြီး လိုအပ်ချက်များနှင့် ကိုက်ညီသည့် လုံခြုံရေးနှင့် အိုင်တီဖြေရှင်းနည်းများကို ပံ့ပိုးပေးခြင်းဖြင့် စတင်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏ဖောက်သည်များ၏ မျှော်မှန်းချက်ထက် ကျော်လွန်သော ကြည်နူးဖွယ်ဝန်ဆောင်မှူများကို ပေးအပ်ရန် နှင့် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

ကွန်ပျူတာပြုပြင်ထိန်းသိမ်းမှု၊ ဆာဗာနှင့် ကွန်ရက်ဖြေရှင်းခြင်းများ၊ website ရေးဆွဲခြင်းနှင့် ELV စနစ်များ အတွက် လိုအပ်ပါက Netware Company Limited တွင် သင့်လုပ်ငန်းအားကူညီရန် ကျွမ်းကျင်ပညာရှင်များ အဆင်သင့်ရှိနေပါသည်။ သင့်Project ကို ဆွေးနွေးပြီး သင့်ရည်မှန်းချက်များ အောင်မြင်အောင် ဝန်ဆောင်မှူကောင်းများရယူရန် ကျွန်ုပ်တို့အနေနှင့်မည်သို့ကူညီပေးနိုင်သည်ကို လေ့လာရန် ယနေ့ပဲ Netware ကိုဆက်သွယ်လိုက်ပါ။

လူကြီးမင်းတို့ လုပ်ငန်းအတွက် လစဥ် ကွန်ပြူတာ ထိန်းသိမ်း ပြုပြင်ခြင်း Monthly Computer Maintenance ပြုလုပ်ခြင်းကို စျေးနှု...
03/03/2023

လူကြီးမင်းတို့ လုပ်ငန်းအတွက် လစဥ် ကွန်ပြူတာ ထိန်းသိမ်း ပြုပြင်ခြင်း Monthly Computer Maintenance ပြုလုပ်ခြင်းကို စျေးနှုန်း သက်သာစွာဖြင့် Netware မှ ဝန်ဆောင်မှုများပေးနေပါသည်။
လူကြီးမင်းတို့လုပ်ငန်းနှင့် ကိုက်ညီသော Maintenance Plans များကို ရယူပြီး လုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စွာ လုပ်ဆောင်၍ ၂၀၂၃ မှာ အောင်မြင်သော စီးပွားရေးလုပ်ငန်းများကို ဦးဆောင် လိုက်ပါ။

စျေးနှုန်းများကို ပုံနှင့် တကွဖော်ပြပေးလိုက်ရပါသည်။

ဆက်သွယ်ရန်။
Phone: 09 263727219
Adress: Building C, Room 307, Hi-Way Complex, Narnattaw Road, Kamaryut Township, Yangon.

NETWARE Company Limited ရုံးခန်းကို အခန်းအမှတ် ၃၀၇၊ တိုက် စီ၊ လေခါး ၄၊ Hi-Way Complex နာနတ်တောလမ်း၊ ကမာရွတ် သို့ ပြောင်း...
28/02/2020

NETWARE Company Limited ရုံးခန်းကို အခန်းအမှတ် ၃၀၇၊ တိုက် စီ၊ လေခါး ၄၊ Hi-Way Complex နာနတ်တောလမ်း၊ ကမာရွတ် သို့ ပြောင်းရွေ့ ဖွင့်လှစ်ထားပါသည်၊၊ Hi-Way Complex ၀င်းအတွင်းရှိ Company များမှ NETWARE ၏ အောက်ပါ မည်သည့် ၀န်ဆောင်မှုကို မဆို အသုံးပြုမည်ဆိုပါက ၂၀ % လျှော့ပေးသွားမည့် သတင်းကောင်းကို အ‌ကြောင်းကြားလိုက်ရပါသည်၊၊

- Computer Service (Maintenance Contract)
- CCTV / PABX / Network
- Website Developing
- Server (Installation, Reconfiguration)

ကျေးဇူးတင်ပါသည်။
NETWARE Company Limited

Address

Room 307, Building C, Hi-Way Complex, NarNatTaw Road, Kamaryut Township
Yangon
11041

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 13:00

Telephone

+95 9263727219

Alerts

Be the first to know and let us send you an email when Netware Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Netware Company Limited:

Share