Myanmar Cyber Youths

Myanmar Cyber Youths 🔥 MCY for Gen-Z and Gen-Alpha

📱 ဖုန်းဖြင့် Code စရေးပြီး သင့်အနာဂတ်ကို တည်ဆောက်ပါ။

👑 Myanmar First World Class Mobile First AI Digital Campus

I am living in your dream
17/08/2026

I am living in your dream

15/08/2026

🆓🆓


DeepSeek V4 flash လည်း အာဆင်နယ် Test Pass ပါတယ်။ ဒါ့အပြင် တခြားတရုတ် AI Model တွေနဲ့ကွာတာက မြန်မာစာကိုမှန်မှန်ကန်ကန်နားလ...
15/08/2026

DeepSeek V4 flash လည်း အာဆင်နယ် Test Pass ပါတယ်။ ဒါ့အပြင် တခြားတရုတ် AI Model တွေနဲ့ကွာတာက မြန်မာစာကိုမှန်မှန်ကန်ကန်နားလည်တာပါ ဒါကတော်တော်ကိုကောင်းတဲ့အချက်လို့ပြောရပါမယ်

DeepSeek v4 Flash ကို Fusion Code မှာ 10M Token အခမဲ့အခုပဲသုံးလို့ရပါပြီနော်

အခြား AI Models တွေဖြစ်တဲ့ Kimi K2.6 နဲ့ MinMax M2.7 ကိုလည်းအသုံးပြုနိုင်မှာပါဗျ။

အကောင်းဆုံးကတော့ Fusion Harness နဲ့သုံးရင်တော့ပိုကောင်းပါတယ်ဗျ။ သို့ပေမဲ့လည်းကိုယ်ကြိုက်တဲ့ Tool တွေနဲ့လည်းသုံးလို့ရပါတယ်။

OpenCode, Claude, Codex စသည့် Tool တွေ Harness တွေနဲ့လည်းသုံးနိုင်ပါတယ်။

https://fusioncode.app/

FusionCode is so good with deepseek v4 flash
15/08/2026

FusionCode is so good with deepseek v4 flash

စျေးပေါပေါပဲဲပဲနဲ့ရတဲ့ India IT Business Model ကပြိုကျနေပါပြီ လူထက် AI ကပိုစျေးပေါတယ်ေလေ သာမန်စီးပွါးရေးလုပ်တဲ့သူတွေက De...
08/08/2026

စျေးပေါပေါပဲဲပဲနဲ့ရတဲ့ India IT Business Model ကပြိုကျနေပါပြီ

လူထက် AI ကပိုစျေးပေါတယ်ေလေ

သာမန်စီးပွါးရေးလုပ်တဲ့သူတွေက Developer တွေကညှပ်ချခံရမှာကြောက်ကြတယ်လေ

အဲ့တော့ပေါပေါပဲပဲနဲ့ India Scam တွေတိုး ဒီသံသရာကလည်လာရော

အဲ့တော့ AI နဲ့ပဲ Client တွေကချကုန်ရော

ခုလို AI ခေတ်မှာ Software Engineer တစ်ယောက်ဟာအလုပ် ၁၀ဆကနေအဆ၂၀ဆယ်ပြီးရမယ် ဆိုတာက လိုအပ်ချက်ဖြစ်နေပါပြီ

06/08/2026

တကယ်တတ်တဲ့ Real Software Engineer တွေဆီကနေသင်ယူပါ

06/08/2026

AGI ခေတ်ရောက်လာတော့မယ်... ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီလား ⁉️

၂၀၁၇၊ ၂၀၁၈ လောက်တုန်းက AI ရဲ့ တိုးတက်မှုက ဒီလောက်မြန်ဆန်လာလိမ့်မယ်လို့ ကျွန်တော်တို့ သိပ်မထင်ခဲ့ကြပါဘူး။

ဒါပေမယ့် ဒီကနေ့မှာတော့ AI ဟာ ကျွန်တော်တို့ မျှော်မှန်းထားတာထက် အများကြီး ပိုပြီး ထက်မြက်လာနေပါပြီ။

AI နည်းပညာတွေ နေ့စဉ်နဲ့အမျှ တွင်ကျယ်လာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းမှာ (စင်ကာပူလို နိုင်ငံတွေကနေ မြန်မာနိုင်ငံအထိ) Layoff တွေ ဆက်တိုက်ဆိုသလို ကြုံတွေ့လာနေရပါတယ်။

အရင်တုန်းကဆိုရင် AI ရေးပေးတဲ့ စာတွေ၊ Code တွေကို လူက ဝင်ပြီး Review ပြန်လုပ်ပေးရပါတယ်။

အခုချိန်မှာတော့ AI မော်ဒယ်တွေဟာ SWE (Software Engineering) Benchmark တွေလို စမ်းသပ်ချက်တွေမှာ 100% နီးပါး စွမ်းဆောင်နိုင်တဲ့အထိ တိုးတက်လာခဲ့ပါပြီ။

မကြာခင်ထွက်လာမယ့် Model အသစ်တွေဆိုရင် ပိုပြီးတောင် ကြမ်းလာမှာပါ။ ကျွန်တော်တို့ဟာ AGI (Artificial General Intelligence - လူသားတွေလို စဉ်းစားတွေးခေါ်နိုင်တဲ့ AI) အဆင့်ကို ရောက်ဖို့ ၃၀% ၊ ၄၀% လောက်ပဲ လိုပါတော့တယ်။

AGI အဆင့်ကို ရောက်သွားပြီဆိုရင် AI က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ (Autonomous) Code တွေ ရေးနိုင်လာပါလိမ့်မယ်။

Google နဲ့ AWS လို Tech Giant ကြီးတွေမှာတောင် Computing နဲ့ ပတ်သက်တဲ့ နေရာတွေမှာ Layoff တွေ ရှိလာတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ Infrastructure တွေကအစ AI ကို အခြေခံပြီး တည်ဆောက်လာကြလို့ပါပဲ။

ဒီ အပြောင်းအလဲကြီးကို ကျွန်တော်တို့ ငြင်းဆန်နေလို့ မရပါဘူး။

အလိုက်သင့် ပြောင်းလဲ Adapt လုပ်ပြီး ကြိုတင်ပြင်ဆင်ရပါမယ်။

အရင်လို ရိုးရိုး အလုပ်သမား အဆင့်နဲ့ ဒီခေတ်ကြီးမှာ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

AI လုပ်နိုင်တဲ့ အလုပ်တွေကို လူက လိုက်လုပ်နေမယ့်အစား၊ AI ကို ကျွမ်းကျင်စွာ ထိန်းချုပ်ခိုင်းစေနိုင်တဲ့ High-Skilled Worker  တွေ ဖြစ်လာအောင် ကျွန်တော်တို့ ကိုယ်တိုင်ရော၊

နောက်လာမယ့် မျိုးဆက်သစ်တွေကိုပါ ပြောင်းလဲလေ့ကျင့်ပေးဖို့ အထူး လိုအပ်နေပါပြီ။

ဒါဟာ ပညာရေးစနစ်နဲ့ သင်ကြားရေးပုံစံတွေကို အမြန်ဆုံး အဆင့်မြှင့်တင်ရမယ့် အချိန်ပါပဲ။

ခင်ဗျားရော... ပြောင်းလဲနေတဲ့ AI ခေတ်ကြီးအတွက် ကိုယ့်ကိုယ်ကို Skill တွေ Upgrade လုပ်ပြီးပြီလား

🚀 MCY ရဲ့ အကြီးမားဆုံး လက်တွေ့ ReactJS and TypeScript Full-Stack Course ဘယ်လောက်တောင် Update ဖြစ်နေပြီလဲReact သင်တန်းတစ်...
05/08/2026

🚀 MCY ရဲ့ အကြီးမားဆုံး လက်တွေ့ ReactJS and TypeScript Full-Stack Course ဘယ်လောက်တောင် Update ဖြစ်နေပြီလဲ

React သင်တန်းတစ်ခု တက်မယ်ဆိုရင် အဟောင်းတွေပဲ ထပ်ခါထပ်ခါ သင်နေမလား

ဒါမှမဟုတ် နိုင်ငံတကာက Tech Company တွေ အခုလက်ရှိ သုံးနေတဲ့ နောက်ဆုံးပေါ် Stack ကို သင်မလား?

MCY ကနေ မကြာခင်သင်ကြားပေးမယ့် လက်တွေ့ React and TypeScript Full-Stack အတွက် ဒီနေ့ပဲ အရေးကြီးတဲ့ အပိုင်းတွေကို Record ပြန်လုပ်ပြီး Update တင်လိုက်ပါပြီ။

🔥 React သင်တန်းမှာဒါတွေသင်ပေးသွားပါမယ်

✅ React 19 ကို နောက်ဆုံးပေါ် Actions နဲ့ use() Hook တွေနဲ့သင်ပေးသွားမယ်
✅ Tailwind CSS v4
✅ Modern Web App တွေအတွက် မရှိမဖြစ် ShadCn UI
✅ JavaScript ကနေ TypeScript ကို အလွယ်ကူဆုံးဖြစ်အောင်သင်ပေးထားတယ်

ရှေ့ဆက်ပြီးတော့လည်း

👉 Backend အတွက် Hono (Edge-Native Framework)
👉 Database အတွက် Drizzle ORM + Supabase တွေနဲ့
တကယ့် Real-world "Job Board App" အကြီးကြီးတစ်ခုကို ဆက်လက် တည်ဆောက်ပြသွားမှာပါ။

👨‍💻 သီအိုရီတွေချည်း နားထောင်နေရမယ့် သင်တန်းမဟုတ်ပါဘူး။
ကိုယ်တိုင် AI Agents တွေနဲ့အတူ Code ရေးပြီး တကယ့် Production-ready Product တွေ ထွက်လာမယ့် AI Bootcamp မျိုးပါ။

🎁 Course 100% ပြီးတာနဲ့ Waitlist ဝင်ထားသူတွေအတွက် အထူး Discount နဲ့ အရင်ဆုံး ဖွင့်ပေးသွားပါမယ်။

ဒီ "React 19 Full-Stack" သင်တန်းကို စိတ်ဝင်စားတယ်ဆိုရင် Comment မှာ "React" လို့ ရေးခဲ့ပေးပါ

၂၀၂၆ မှာ AI တွေ ဒီလောက်တော်နေပြီ၊ Programming Language တွေ ထပ်လေ့လာဖို့ လိုသေးလား ⁉️မနေ့က Post ရဲ့ Comment မှာမေးသွားတဲ့...
03/08/2026

၂၀၂၆ မှာ AI တွေ ဒီလောက်တော်နေပြီ၊ Programming Language တွေ ထပ်လေ့လာဖို့ လိုသေးလား ⁉️

မနေ့က Post ရဲ့ Comment မှာမေးသွားတဲ့ မေးခွန်းပါ။

တော်တော်များများလည်း ဒီလို စိုးရိမ်နေကြမယ် ထင်ပါတယ်။

ကျွန်တော့်အဖြေက ရှင်းပါတယ်။

👉 Code ရေးတာသက်သက်ဆိုရင်တော့ မလိုတော့ပါဘူး။
👉 ဒါပေမဲ့ Software Engineer တစ်ယောက် ဖြစ်ချင်ရင်တော့ အရင်ကထက် ပိုတောင် လိုအပ်လာပါပြီ။

ဘာလို့လဲဆိုတော့ AI က အိမ်ဆောက်ပေးတဲ့ ပန်းရန်ဆရာ နဲ့ တူပါတယ်။

သူက အုတ်စီမြန်တယ်၊ သံကွေးမြန်တယ်။

ဒါပေမဲ့ ဘယ်နေရာမှာ ပြတင်းပေါက်ထားမလဲ၊ ဘယ်လို အုတ်မြစ်ချရင် ငလျင်ဒဏ်ခံနိုင်မလဲ ဆိုတဲ့၊ System Design ကိုတော့ သင်ကိုယ်တိုင် (Software Engineer/Architect အနေနဲ့) ဆုံးဖြတ်ရမှာပါ။

AI က Code ကို မြန်မြန်ဆန််ဆန်ထုတ်ပေးနိုင်ပေမဲ့ -

✅ အဲ့ဒီ Code မှန်/မမှန် စစ်ဆေးဖို့ (Code Review)
✅ Error တက်ရင် ဘယ်လိုပြင်မလဲဆိုတာ သိဖို့ (Debugging)
✅ လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Product အဖြစ် ပေါင်းစပ်ဖို့ (System Design) နဲ့
✅ အခြေခံ Programming Concept တွေ မသိဘဲ ဘယ်လိုမှ လုပ်လို့မရပါဘူး

MCY (Myanmar Cyber Youths) မှာ ကျွန်တော်တို့က

❌ Code တွေ Framework တွေအလွတ်ကျက်တဲ့သူတွေ၊ ၁၀တန်းလို ဒါကျက်ဒါဖြေအကျင့်ရှိတဲ့သူတွေကိုမွေးထုတ်မပေးဘူး

AI ကို လက်ထောက် အဖြစ်သုံးပြီး တကယ့် Real-world Software တွေကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်တဲ့ AI-Augmented Software Engineers တွေကိုပဲ မွေးထုတ်ပေးနေတာပါ။

AI ကို ကြောက်နေမယ့်အစား၊ AI ကို ခိုင်းစေနိုင်တဲ့ Master တစ်ယောက် ဖြစ်အောင် လေ့လာပါ။

သင်ရော... AI ခေတ်မှာ နောက်ကောက်ကျမနေအောင် ဘယ်လို ပြင်ဆင်နေပြီလဲ?

Comment မှာဆွေးနွေးပေးသွားလို့ရပါတယ်👇

😪 Syntax တွေ အလွတ်ကျက်ပြီး လက်နဲ့ တစ်ကြောင်းချင်း Code ထိုင်ရေးနေတဲ့ခေတ်က ကုန်သွားပါပြီပွင့်ပွင့်လင်းလင်း ပြောရရင်... AI...
03/08/2026

😪 Syntax တွေ အလွတ်ကျက်ပြီး လက်နဲ့ တစ်ကြောင်းချင်း Code ထိုင်ရေးနေတဲ့ခေတ်က ကုန်သွားပါပြီ

ပွင့်ပွင့်လင်းလင်း ပြောရရင်...

AI Agents တွေကို အသုံးမချဘဲ

🤡 ငါကမှ တကယ့် Programmer အစစ်

ဆိုပြီး Ego ကြီးနေတဲ့ သူတွေဟာ နောက် ၂ နှစ်နေရင် အလုပ်လက်မဲ့ ဖြစ်သွားမယ့်သူတွေပါ။

အခုခေတ်မှာ အရေးကြီးတာက Programming Language ဘယ်နှခု ရသလဲ ဆိုတာမဟုတ်တော့ဘူး။

ပြဿနာတစ်ခုကို မြင်ရင် AI ကိုသုံးပြီး အဖြေတစ်ခု Product တစ်ခု ဖြစ်လာအောင် ဘယ်လို မြန်မြန်ဆန်ဆန် Architect လုပ်နိုင်လဲ

(Agentic Coding) ဆိုတာကမှ တကယ့် High-Income Skill ပါ

✅ Technology ဆိုတာ အလုပ်လုပ်ဖို့ လွယ်အောင် လုပ်ပေးတာပါ။
✅ အပင်ပန်းခံပြနေဖို့ မဟုတ်ဘူး။

ဒီစကားကို လက်မခံဘူးဆိုရင်လည်း Comment မှာ လာငြင်းလို့ရပါတယ်။ 👇

Address

Yangon

Alerts

Be the first to know and let us send you an email when Myanmar Cyber Youths posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Cyber Youths:

Shortcuts

Share