21/06/2022
IT လုပ်ငန်းခွင်ဝင်ရောက်မည့် လူငယ်များအတွက် Job Experience မရှိဘူးဆိုပြီး အလုပ်လျှောက်ရခက်ဖြစ်နေပါသလား။ IT နဲ့ နိုင်ငံခြားထွက်ဖို့ စီစဥ်နေပါသလား။
IT လုပ်ငန်းနဲ့ ပတ်သက်ပြီး အခြေခံပိုင်နိုင်အောင် သင်ကြားပေးမှာဖြစ်ပြီး သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့ လူငယ်များကို အလုပ်သင် Paid Internship အနေနဲ့ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ယနေ့ခေတ် IT လုပ်ငန်းများရဲ့ အခြေခံလစာက ၃သိန်းနဲ့ အထက် ရရှိနေတာဖြစ်ပါတယ်။
သင်ရမှာတွေက -
IT Professional, Work Natures, Coding, Flowcharts, Problem Solving Skills, Model Based Learning, Project Management, Product Development Life Cycle တွေကိုအသုံးပြုပြီး Group အလိုက် IT Product တစ်ခုကို ထုတ်ရမှာဖြစ်ပါတယ်။ ဒီ Skill တွေကို လုပ်ငန်းခွင် အလုပ် Interview မှာ ပြန်အသုံးချနိုင်မှာဖြစ်ပြီး ထူးချွန်ကျောင်းသားများကိုတော့ လစာနဲ့ Internship Program ကို ဆက်လက်လွှဲပြောင်းသွားမှာဖြစ်ပါတယ်။
သင်တန်းကာလ ၁လခွဲကြာမြင့်မှာဖြစ်ပြီး အပတ်စဥ် စနေ၊ တနင်္ဂနွေ မနက် ၉ ကနေ ၁၂နာရီအထိ Zoom ကနေ သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကြေး ၂၀၀,၀၀၀ ကျပ်သတ်မှတ်ထားပေမယ့် ၅၀,၀၀၀ကျပ် ပြန်အမ်းပေးမှာဖြစ်လို့ ၁၅၀,၀၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး Internship Program ပါဝင်သွားပါက လစာလည်း ပြန်ရမှာဖြစ်ပါတယ်။
Computer နဲ့ Internet အသုံးပြုနိုင်သူတိုင်း တက်ရောက်နိုင်တာဖြစ်လို့ လုပ်ငန်းခွင် အသစ်ကို ပြောင်းလဲချင်သူလူငယ်များ၊ အလုပ်အရေးတကြီး ရှာဖွေနေတဲ့ လူငယ်များအတွက် ဒီ https://forms.gle/TxYBD2AwNcLoZDsDA ကနေတဆင့် အခုပဲ စာရင်းပေးသွင်းထားလိုက်ပါ။ သင်တန်းသားဦးရေ များပြားတဲ့အတွက် ရွေးချယ်ခံရသူများကို ကျွန်တော်တို့ဘက်ကနေ ပြန်လည် ဆက်သွယ်ပေးသွားပါမယ်။
Image : freepik.com