စာလုပ်ပါ Training and Academic Solutions

စာလုပ်ပါ Training and Academic Solutions Our goal is to develop the next generation of tech innovators and entrepreneurs
(1)

4 လအတွင်း Python Programming ကို အခြေခံမှ Project တည်ဆောက်နိုင်တဲ့အထိ သင်ယူမယ်!ဒီနေ့ခေတ်မှာ👉 Programming Skill တစ်ခုရှိထ...
13/07/2026

4 လအတွင်း Python Programming ကို အခြေခံမှ Project တည်ဆောက်နိုင်တဲ့အထိ သင်ယူမယ်!

ဒီနေ့ခေတ်မှာ
👉 Programming Skill တစ်ခုရှိထားခြင်းက
👉 နည်းပညာနယ်ပယ်မှာ အရေးကြီးတဲ့ အားသာချက်တစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် Beginner တွေအတွက် အဆင်ပြေမယ့်
🎓 Python Programming 4 လတန်း ကို ဖွင့်လှစ်လိုက်ပါပြီ။

💡 ဘာတွေသင်ပေးမလဲ?
📌 Month 1 - 2
Python Basic မှ Intermediate အထိ
Programming Logic & Problem Solving
Variables, Conditions, Loops, Functions
Python ဖြင့် အခြေခံ Program များ ရေးသားခြင်း
📌 Month 3 - 4
Python ဖြင့် Desktop Application တည်ဆောက်ခြင်း
Mini Projects များ ပြုလုပ်ခြင်း
ကိုယ်ပိုင် Python Project တစ်ခု ဖန်တီးခြင်း

📅 Start Date – August 1 (Saturday)
⏰ Weekend Class (Saturday + Sunday)
🎥 Recorded Video Lessons (တစ်ပတ် ၂ ကြိမ်)
📝 Weekly Assignment + Project ပါဝင်
💰 သင်တန်းကြေး
50,000 MMK / လစဉ်
👉 (သို့)
150,000 MMK (4 လအပြတ် – Discount Price)

🔥 ဘာကြောင့် ဒီတန်းကိုရွေးချယ်သင့်လဲ?
✔️ Programming ကို အခုမှ စတင်မယ့် Beginner များအတွက် သင့်တော်
✔️ Computer Science အခြေခံအတွေးအခေါ်များ ရရှိမယ်
✔️ သင်ရုံသာမက ကိုယ်တိုင် Code ရေးပြီး လက်တွေ့လေ့ကျင့်နိုင်မယ်
✔️ Project Based Learning ဖြင့် Python ကို အသုံးချတတ်လာမယ်

✅ ဘယ်လိုသင်ကြားပေးမှာလဲ?
🎥 Video Lecture များကို တစ်ပတ် ၂ ကြိမ်
(စနေ၊ တနင်္ဂနွေ) ပုံမှန်တင်ပေးပါမည်။
🧑‍🏫 Zoom Live Class များကို တစ်လလျှင် ၁ ကြိမ်
(လိုအပ်ပါက ထပ်မံပြုလုပ်ပေးပါမည်)
📚 Record Lecture များကို Download ဆွဲထားနိုင်သောကြောင့်
မိမိအားလပ်ချိန်တွင် ပြန်လည်လေ့လာနိုင်ပါသည်။

📌 သင်တန်းတွင် ပါဝင်မည့်အရာများ
✅ Weekly Assignment
✅ Python Practice Tasks
✅ Final Project Guidance
✅ Teacher Support
✅ Programming Background ရှိရန် မလိုအပ်ပါ။

❗️Program ရေးသားရန်အတွက် Computer
တလုံး လိုအပ်ပါသည်။
အားလုံးပဲ #စာလုပ်ပါ
🔗
🔗
🔗
Student Feedback များကြည့်ရန်
https://www.facebook.com/101850601452476/posts/652933809677483/
ဆက်သွယ်မေးမြန်းရန်
📞 09768809755
📞 09975080835
📲 Facebook Messenger မှတဆင့် Register ပြုလုပ်နိုင်ပါသည်။

Matric Result ထွက်ပြီးနောက် ကျောင်းသားတွေ ဘာလုပ်သင့်လဲ?ကျွန်တော်တို ကျောင်းသားဘဝတုန်းက ၁၂ တန်း ပညာရေးစနစ် မဟုတ်သေးဘူး ။ ...
30/06/2026

Matric Result ထွက်ပြီးနောက် ကျောင်းသားတွေ ဘာလုပ်သင့်လဲ?

ကျွန်တော်တို ကျောင်းသားဘဝတုန်းက ၁၂ တန်း ပညာရေးစနစ် မဟုတ်သေးဘူး ။ အဲ့တုန်းက ၁၀ တန်း ပညာရေးပေါ့ ။
ဘဝရဲ့ အချိုးအကွေ့လို သတ်မှတ်တာကြောင့် ကလေးရော ၊ မိဘရော ၊ ဆရာရော အစွမ်းကုန် ရင်းနှီးမြှုပ်နှံရတဲ့ ကာလပါပဲ ။
အောင်စာရင်းထွက်ပြီဆိုလည်း ညသန်းခေါင်ကြီးတွေ ပြေးလွှားပြီး သံဇကာ ကာထားတဲ့ အောင်စာရင်း စာရွက်တွေကို ပြူးပြဲပြီး ကြည့်ခဲ့ရတာပေါ့ ။
မြန်မာ တနိုင်ငံတည်း မဟုတ်ပါဘူး ။
အာရှ နိုင်ငံတော်တော်များများ မှာ မြန်မာ့ matriculation exam လို အရေးပါတဲ့ exam ကြီးတွေ ရှိပါတယ် ။

ဥပမာ
China မှာ Gaokao G12 exam
တောင်ကိုရီးယားမှာ CSAT G12 exam
India မှာတော့ JEE တို NEET တို ရှိပါတယ် ။

အဲ့ဒီ့ နိုင်ငံ ၃ ခုရဲ့ life changing exam ကတော့ ကမ္ဘာမှာ stress level အများဆုံး exam list မှာ ရှေ့ဆုံးက နေရာယူပါတယ် ။
အတော်လေး ဖိအားများတဲ့ exam တွေဖြစ်လို exam နေ့တွေဆို ယာဉ်ထိန်းရဲ ၊ မိဘ ၊ ဆရာမ နဲ့ ဘာသာရေး ဆိုင်ရာ ဘုန်းကြီးတွေ ယောက်ယက်ခတ် ရသည့်အပြင် stock market ကနေ လမ်းဘေးစျေးဆိုင်ထိပါ လှုပ်လှုပ်ရှားရှား ဖြစ်ရတဲ့ အထိ သက်ရောက်မှုကြီးပါတယ် ။

ဒါက အာရှရဲ့ ပညာရေး trend ပါပဲ ။
Single Exam တခုရဲ့ လွှမ်းမိုးမှုက ကြီးမားတာပါ ။
ရမှတ်ကောင်းမှသာလျှင် ကိုယ်လိုချင်တဲ့ တက္ကသိုလ်ကို ရွေးချယ်နိုင်မှာကို ။
ဒါပေမယ့် သတိထားမိသလောက် Singapore ၊ Japan နဲ့ South Korea က university တော်တော်များများက grades အပြင် ၊
Soft skills တွေဖြစ်တဲ့ ခေါင်းဆောင်မှု ၊ research projects ၊ English စကား ၊ ပြီးတော့ community service လိုမျိုး တွေအထိ ကို လူကိုယ်တိုင် interview ပြီးမှ လက်ခံတာမျိုး လုပ်ကြပါတယ် ။

ကျောင်းသားတွေ အနေနဲ့ ဒီရက်ပိုင်းလေး အနားယူ ၊ အပန်းဖြေပြီးရင် အချိန်ယူပြီး ပြည်တွင်း ၊ ပြည်ပ တက္ကသိုလ်တွေကို လေ့လာရွေးချယ်ပါ ။
“ ဒီ တက္ကသိုလ်က နာမည်ကြီးလို ၊ သူငယ်ချင်း ရှိလို ရွေးချယ်တာမျိုး မလုပ်ပါနဲ့ “

Scholarship နဲ့ studying abroad အတွက် ပြင်ဆင်နေသူများကတော့ portfolio သေချာပြင်ထားနိုင်ပါတယ် ။
Grade အပြင် english level , volunteering exp နဲ့ leadership , management skills set တွေကို ချပြဖို လိုပါတယ် ။
ကိုယ့်မှာ လိုအပ်နေသေးတယ် ဆိုရင် ရှာဖွေ ဖြည့်ဆည်းနိုင်ပါတယ် ။ ( ချက်ချင်းလုပ်ပါ )

Social media မှာ အကျိုးရှိအောင်
သူများတွေ ဘာလုပ်နေလဲ ၊
ဘယ် တက္ကသိုလ်က ဘယ်လိုရှိလဲ ၊
ဘယ် သင်တန်းက ငါ့ scholars နဲ့ university application အတွက် လိုအပ်တယ် စသဖြင့်ကို ရှာဖွေနိုင်ပါတယ် ။

တက္ကသိုလ် ရွေးချယ်မှုမှာ
ကိုယ့်ထက် senior ကျတဲ့ ကျောင်းသားတွေ ၊ ဆရာ တွေရဲ့ မျှဝေထားတဲ့ စာတွေ ၊ video တွေကို ရှာဖွေ လေ့လာပါ ။

ပညာရေးက lifelong learning ဖြစ်လို သေသည်အထိ သင်ယူနေရမှာပါ ။
ရပ်လိုက်တဲ့နေ့က ကိုယ် ကျန်ရစ်မယ့်နေ့ပါပဲ ။
ဘဝရဲ့ နောက်အချိုးအကွေ့မှာ စောင့်နေတဲ့ တက္ကသိုလ်ပညာရေးမှာ ဒီထက် ပိုကြိုးစားကြပါလိုလည်း တိုက်တွန်းပါတယ် ။

ဒီ content လေးကို သဘောကျနှစ်သက်ပါက လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျ။

Mr Wild ( Rangoon )

သင်တန်းသား လက်ခံပါပြီ ——————————Grade ကောင်းရုံနဲ့ University နဲ့ Scholarship မလုံလောက်တော့တဲ့ ဒီခေတ်မှာကျောင်းသားတစ်ယော...
26/06/2026

သင်တန်းသား လက်ခံပါပြီ
——————————

Grade ကောင်းရုံနဲ့ University နဲ့ Scholarship မလုံလောက်တော့တဲ့ ဒီခေတ်မှာ
ကျောင်းသားတစ်ယောက်ရဲ့ Project + Portfolio + Skills က အရေးကြီးလာပါပြီ။
ဒါကြောင့် SarLotePar Training မှာ
အသက်အရွယ်အလိုက် Technology Learning Pathway ၃ မျိုးကို ဖွင့်လှစ်ထားပါတယ်။
━━━━━━━━━━━━━━━
🌱 1. STEM Robotics Foundation (Online)
👦👧 Age: 7+
📅 Start Date: July 11, 2026 (Saturday)
🕔 Time: Every Saturday | 5:00 PM – 7:00 PM
⏳ Duration: 3 Months
💻 Mode: Online Live Zoom Class
🔹 STEM & Robotics Basics
🔹 Block Coding
🔹 Virtual Arduino Projects
🔹 AI Concepts for Kids
🔹 Sensors & Smart Devices
🔹 Creativity & Critical Thinking
🔹 Project Presentation Skills
🎯 Goal:
ကလေးတွေကို Technology User မဟုတ်ဘဲ
Technology ကို နားလည်ပြီး ဖန်တီးနိုင်သူအဖြစ် ပြုစုပျိုးထောင်ရန်

အောက်ပါ link လေးမှာ အသေးစိတ်လေ့လာနိုင်ပါတယ်

https://www.facebook.com/100080421975641/posts/pfbid02s1D8rsX9q3YZ3gCvHJjz7Nv9yHBm8cbgAjXKsnR4mZupU89cgxtuugRpiuYeXce3l

━━━━━━━━━━━━━━━
⚙️ 2. Arduino STEM Engineering Program (Online)
👦👧 Age: 13+
📅 Start Date: July 5, 2026
🕑 Time: Every Sunday | 2:00 PM – 5:00 PM
⏳ Duration: 4 Months
💻 Mode: Online Live Zoom Class
🔹 Arduino Programming
🔹 Sensors & Electronics
🔹 Smart Systems (Alarm, Lighting, Monitoring)
🔹 Robotics Components
🔹 Engineering Design Thinking
🔹 Project Documentation & Reporting
🎯 Goal:
Engineering Thinking + STEM Projects + Portfolio Building
📌 University & Scholarship အတွက်
real project evidence များ စုဆောင်းနိုင်ရန်

အောက်ပါ link လေးမှာ အသေးစိတ်လေ့လာနိုင်ပါတယ်

https://www.facebook.com/100080421975641/posts/pfbid02eUd9BKLsfBX3GEt1yuwjkdDEJpRNaTqkfVwLB6RjMcZLES5e5FrxLKxukmYv5n4l

━━━━━━━━━━━━━━━
💻 3. Python Software Development & University Portfolio Program
👦👧 Age: 13+
📅 Start Date: July 22, 2026
🕕 Time: Every Wednesday | 6:00 PM – 8:00 PM
⏳ Duration: 4 Months
💻 Mode: Online Live Zoom Class
🔹 Python Programming Basics to Projects
🔹 GUI Software Development
🔹 Problem Solving Skills
🔹 Software Project Building
🔹 Documentation Writing
🔹 Portfolio Development
🎯 Goal:
University Application & Scholarship အတွက်
Software Projects + Portfolio တည်ဆောက်ရန်

အောက်ပါ link လေးမှာ အသေးစိတ်လေ့လာနိုင်ပါတယ်

https://www.facebook.com/100080421975641/posts/pfbid0376eVic58qY77ipegCPmJtbhexecskVoFe5jPL6ovfJUssgvViUy3dYpnEHQMdj5Gl
━━━━━━━━━━━━━━━
🎯 SarLotePar ရဲ့ Main Goal
ကျွန်တော်တိုက Programming / Robotics သင်ပေးရုံမဟုတ်ပါဘူး။
✔️ Problem Solver
✔️ Project Builder
✔️ Portfolio Development
✔️ University Ready Student
ဖြစ်လာအောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━
📩 အသေးစိတ် Curriculum & Enrollment
Page Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🎓 Grade ကောင်းရုံနဲ့ University နဲ့ Scholarship ရနိုင်သေးရဲ့လား?ကျွန်တော် Technology Education နဲ့ Programming Education...
25/06/2026

🎓 Grade ကောင်းရုံနဲ့ University နဲ့ Scholarship ရနိုင်သေးရဲ့လား?

ကျွန်တော် Technology Education နဲ့ Programming Education ပိုင်းမှာ သင်ကြားပေးလာတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ဒီနှစ်တွေထဲမှာ ကျောင်းသားတွေ၊ မိဘတွေ၊ University Application အကြောင်း စိတ်ဝင်စားသူတွေနဲ့ ပြောဖြစ်တဲ့အခါ သတိထားမိတာတစ်ခုရှိပါတယ်။

ယနေ့ခေတ် နိုင်ငံတကာတက္ကသိုလ်များ၊ Scholarship Program များ၊ Computer Science နှင့် Software Engineering ဆိုင်ရာ ဘာသာရပ်များကို လေ့လာလိုသူများအတွက် Grade များအပြင် ကျောင်းသားတစ်ယောက် ဘာတွေ တကယ်လုပ်ဖူးသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

📌 ဒီကျောင်းသားဟာ ဘာ Software Project တွေ လုပ်ဖူးသလဲ?

📌 Programming Skills တွေ ဘယ်လောက်ရှိသလဲ?

📌 Problem Solving Skills တွေ ရှိသလား?

📌 Software Application တစ်ခုကို ကိုယ်တိုင် တည်ဆောက်ဖူးသလား?

📌 Documentation ရေးနိုင်သလား?

📌 Project Presentation လုပ်နိုင်သလား?

📌 Portfolio ထဲမှာ ပြသစရာ Project တွေ ရှိသလား?

ဒီလိုအချက်တွေဟာ အခုအချိန်မှာ တဖြည်းဖြည်း အရေးပါလာနေပါတယ်။

ကျွန်တော်တို SarLotePar Training မှာ Programming နဲ့ Technology Education ကို သင်ကြားပေးနေပြီး ကျောင်းသားတွေကို ကိုယ်တိုင် Software Project များ တည်ဆောက်နိုင်အောင်၊ Documentation ရေးနိုင်အောင်၊ Presentation ပြုလုပ်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။

ဒါပေမယ့် နယ်မြိုတွေမှာရှိတဲ့ ကျောင်းသားများ၊ အဝေးက ကျောင်းသားများ၊ Campus မတက်နိုင်တဲ့ ကျောင်းသားများက မကြာခဏ မေးကြပါတယ်။

"Online ကနေ တက်လို မရဘူးလား?"

"Yangon မလာနိုင်ဘူး"

"Programming ကို အခြေခံကနေ သင်ချင်တယ်"

"Software Development ကို စိတ်ဝင်စားတယ်"

"University Portfolio Building လုပ်ချင်တယ်"

ဒါကြောင့် SarLotePar ရဲ့ Python Software Development & University Portfolio Program ကို ဖွင့်လှစ်လိုက်ပါတယ်။

Program အတွင်းမှာ ကျောင်းသားများဟာ Python Programming ကို အခြေခံမှ စတင်လေ့လာပြီး Real Software Applications များကို ကိုယ်တိုင် တည်ဆောက်ရပါမယ်။

ကျောင်းသားများဟာ

✔️ Project Objective

✔️ Problem Statement

✔️ Software Design

✔️ Testing Results

✔️ Reflection

✔️ Project Report

များကို ကိုယ်တိုင် ရေးသားတတ်လာမယ်။

ဒါတွေဟာ University Application နဲ့ Scholarship Application များမှာ အသုံးဝင်တဲ့ Evidence များ ဖြစ်လာနိုင်ပါတယ်။

📚 Program Information

Duration – 4 Months

Class Schedule – Every Wednesday

Time – 6:00 PM to 8:00 PM

Teaching Time – 2 Hours Per Week

Mode – Online Zoom Live Class

Start Date – July 22, 2026

🎯 Suitable For

• Age 13+

• Programming ကို စိတ်ဝင်စားသူများ

• Computer Science ကို စိတ်ဝင်စားသူများ

• Software Development ကို စိတ်ဝင်စားသူများ

• AI နှင့် Technology ပိုင်းကို ဆက်လက်လေ့လာလိုသူများ

• Campus မတက်နိုင်သူများ

• University Application အတွက် Portfolio တည်ဆောက်လိုသူများ

• Scholarship Application အတွက် Project Evidence စုဆောင်းလိုသူများ

• အနာဂတ်မှာ Software Developer, Engineer, AI Developer ဖြစ်ချင်သူများ

ဒီ Program ရဲ့ ရည်ရွယ်ချက်က Python သင်ပေးဖို တစ်ခုတည်း မဟုတ်ပါဘူး။

ကျောင်းသားတစ်ယောက်ကို Software Project များ တည်ဆောက်နိုင်အောင်၊ Problem Solving Skills ရှိလာအောင်၊ Portfolio တစ်ခု တည်ဆောက်နိုင်အောင်၊ အနာဂတ် University Application နဲ့ Scholarship Application များအတွက် ပြသစရာ Project Evidence များ စုဆောင်းနိုင်အောင် ကူညီပေးဖို ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

💰 Fees (Option 1)

Monthly Payment

Tuition Fee – 100,000 MMK / Month

━━━━━━━━━━━━━━━

🎁 Full Payment Promotion (Option 2)
Discounted Tuition Fee – 350,000 MMK

👨‍🏫 Programming သင်ပေးရုံမဟုတ်ဘဲ University Application များတွင် အသုံးပြုနိုင်သော Software Portfolio တစ်ခု တည်ဆောက်ပေးလိုပါက ယခုပဲ စာရင်းပေးသွင်းနိုင်ပါသည်။

📩 Page Messenger မှတဆင့် အသေးစိတ် စုံစမ်းနိုင်ပါသည်။

တနေ့ ကျွန်တော် သင်ကြားတဲ့ STEM Teacher Training မှာ သင်တန်းပေးတုန်းကပေါ့ ၊“ STEM Class တခုမှာ ဆရာတယောက်က ကျောင်းသားအများ...
12/06/2026

တနေ့ ကျွန်တော် သင်ကြားတဲ့ STEM Teacher Training မှာ သင်တန်းပေးတုန်းကပေါ့ ၊

“ STEM Class တခုမှာ ဆရာတယောက်က ကျောင်းသားအများကြီးကို သင်ဖို့က မလွယ်ကူဘူး ၊
ဒါကြောင့် STEM Approach နဲ့ သင်ကြားတဲ့ class တခုမှာ ကျောင်းသား များများ လက်မခံသင့်ကြောင်း “
ပြောခဲ့ဖူးတယ် ။
အဲ့တုန်းက ကျွန်တော် အသက်ငယ်သေးတဲ့ အပြင်
ကျွန်တော် သင်ကြားခဲ့ဖူးတဲ့ အတွေ့အကြုံကိုပဲ အခြေခံပြီး ပြောပြလိုက်တာပါ ။
သင်တန်းသားတွေထဲမှာ အာဖရိက ဂါနာနိုင်ငံက ဆရာတယောက်က
“ ဒါကတော့ သူသဘော မတူကြောင်း ၊ ဘယ်လောက်များများ သူသင်နိုင်ကြောင်း “
ချေပ ပြောဆိုတော့ ၊ ကျွန်တော် ခဏတာ တွေဝေသွားဖူးခဲ့တယ် ။

သူနဲ့ မုန့်အတူစားတော့ မင်း ကလေး အယောက် ၁၀၀ ရှိရင် STEM Approach နဲ့ ဘယ်လို သင်မလဲ လို့မေးတော့ သူက စနစ်တကျ ရှင်းပြခဲ့ဖူးတယ် ။
အဲ့တုန်းက AI တွေ မရှိသေးတဲ့ ခေတ်ဆိုတော့ သူပြောတာတွေကို သေချာ ချမှတ်ခဲ့ရသေးတယ် ။
အချို့နိုင်ငံတွေမှာ ဆရာ ၊ ကျောင်းသား အချိုးက ကွာဟ လွန်းလှတယ် ။
အဲ့လိုအချိန်တွေမှာ ဆရာတယောက်တဲ့ သင်ကြားရေး
စတိုင် နဲ့ တီထွင်နိုင်စွမ်း က ဘယ်လောက်အရေးပါလဲဆိုတာ နားလည်ခဲ့ရတယ် ။
အဲ့တာ လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ခဲ့တဲ့ အမှတ်တရလေးပါ။
STEM နဲ့ ပတ်သက်တိုင်း အာဖရိက က
ဆရာတယောက်ကို အမှတ်ရ နေစေတာပေါ့ ။

အချိန် နောက်ထပ် ၃ မိနစ်လောက်ပေးပါ ။
ကျွန်တော် နည်းနည်း ရှင်းပြချင်ပါတယ် ။

STEM ပညာရေးက ဘာကြောင့် ကလေးတွေအတွက် အရေးကြီးလာတာလဲ?

ယနေ့ကမ္ဘာကြီးမှာ ကလေးတွေကို စာမေးပွဲအတွက်ပဲ သင်ပေးရုံနဲ့ မလုံလောက်တော့ပါဘူး။
ဒါဟာ တကယ်ပါ ။

ပြဿနာဖြေရှင်းနိုင်စွမ်း ၊ ဖန်တီးနိုင်စွမ်း ၊ နည်းပညာအသုံးချနိုင်စွမ်း နဲ့ အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်း တွေကိုပါ သင်ကြားပေးဖို့ လိုအပ်လာပါတယ်။
ဒါတွေက မိဘတွေလည်း မကြာ မကြာ ဖတ်ဖူး ၊ ကြားဖူးနေမှာပါ။
အဲ့ဒီ့ skill set တွေကို STEM က ပေးပါတယ် ခင်ဗျာ။
ဒါပါပဲ ။

ဒါကြောင့် ကမ္ဘာ့နိုင်ငံအများစုဟာ STEM Education ကို အထူးအာရုံစိုက်လာကြပါတယ်။
ဘာလို့လဲ ဆိုတော့ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်က STEM Skills ကို သည်းသည်းလှုပ် လိုအပ်လာလို့ပါ ။

World Economic Forum ရဲ့ Future of Jobs Report 2025 အရ 2030 ခုနှစ်မတိုင်မီ ကမ္ဘာတစ်ဝှမ်းမှာ အလုပ်အကိုင်အသစ် 170 သန်းခန့် ပေါ်ပေါက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီထဲက အများစုက နည်းပညာ ဆိုင်ရာ အလုပ်အကိုင်တွေ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ ကျောင်းသားတွေ ခဏ ၊ ခဏ ဝင်ရောက်ယှဉ်ပြိုင်ကတဲ့ Robotics Competition
တွေ ၊
ကျောင်းတွေက Coding Club တွေ ၊
သူတို့ Project show တွေမှာ ပြသတဲ့ Engineering Project တွေ ရယ် မှာ STEM ရဲ့ ခြေရာ လက်ရာ တွေ ကို တွေ့မြင်နိုင်ပါတယ် ။

မိဘတွေ အမှတ်မှားနေကြတာ တခုရှိပါတယ် ။
STEM ဆိုတာ Coding သင်တာပဲ မဟုတ်ဘူး ။
မိဘတချို့က STEM ဆိုရင် Programming ပဲ ထင်တတ်ကြပါတယ်။

တကယ်တော့ STEM က Science (သိပ္ပံ)
Technology (နည်းပညာ) ၊ Engineering (တီထွင်ဖန်တီးမှု) ၊ Mathematics (သင်္ချာ)
ကို ပေါင်းစပ်ထားတဲ့ သင်ယူမှုနည်းလမ်း ဖြစ်ပါတယ်။
ပြောရရင် teaching approaches ပါ ။
ဥပမာ
ကျွန်တော့် သင်တန်းက ကလေးတယောက်ရဲ့
project လေးနဲ့ နမူနာ ရှင်းပြချင်ပါတယ် ။
ကလေးရဲ့ project showcase video ကိုလည်း page မှာ တင်ပေးထားပါတယ် ။

ကလေးတစ်ယောက်က Smart Parking System တခု တည်ဆောက်တယ်ဆိုပါစို့။
အဲဒီ Project ထဲမှာ Sensor အသုံးပြုခြင်းသည် Scienceပါ ။
C++ Programming က Technology ပါ ။System Design ကတော့ Engineering ပါ ။Distance Calculation ကတော့ Mathematics ပါ ။ ဒီ project မှာ အားလုံး ရောထွေး ပါဝင်နေပါတယ် ခင်ဗျ ။
ဒါကြောင့်
STEM ဟာ ဘာသာရပ်တစ်ခု မဟုတ်ပါဘူး။
STEM ဆိုတာ ကလေးတွေကို အနာဂတ်အတွက် ပြင်ဆင်ပေးတဲ့ စဉ်းစားနည်းတခု ဖြစ်ပါတယ်။

မကြာခင် ကျွန်တော် personal page လေးတခု ဖွင့်ပြီး ကျွန်တော့် ဘဝ ရဲ့ နည်းပညာနဲ့ သင်ကြားရေး ဗဟုသုတ တွေ ၊ ဒွိဟတွေ နဲ့ အတွေ့အကြုံတွေကို ဆက်လက် ဝေမျှပေးသွားပါမယ် ။

ဆြာရန်ရှင်း
( ကုတ်အမဲကြီးဝတ်ပြီး လက်ပိုက်နေသော
ပုံနဲ့ မြင်ယောင်ပေးပါ ခင်ဗျ )

📚 References
• World Economic Forum – Future of Jobs Report 2025 (170 million new jobs, AI & STEM skills demand)
• World Economic Forum – Future of Jobs Initiative (Future workforce and digital skills development)
• Research Review on AI in STEM Education (2025) – AI, Robotics and STEM learning trends in schools worldwid

🚀 STEM Robotics Foundation (Online) -------------------------------------------အသက် ၇ နှစ်နှင့်အထက် ကလေးများအတွက်ကလေးတွေ...
11/06/2026

🚀 STEM Robotics Foundation (Online)
-------------------------------------------

အသက် ၇ နှစ်နှင့်အထက် ကလေးများအတွက်
ကလေးတွေကို ဖုန်းသုံးတတ်၊ ကွန်ပျူတာသုံးတတ်ရုံမက နည်းပညာတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်စေချင်ပါသလား?

SarLotePar မှ ဖွင့်လှစ်မည့် STEM Robotics Foundation သင်တန်းသည် ကလေးများအတွက် STEM, Robotics, Coding, AI နှင့် Engineering Thinking ကို ပျော်စရာ Project များဖြင့် သင်ကြားပေးမည့် ၃ လကြာ Online Program ဖြစ်ပါသည်။

📅 သင်တန်းစမည့်ရက် – July 11 (Saturday)
🕔 သင်တန်းအချိန် – စနေနေ့တိုင်း ညနေ 5:00 PM မှ 7:00 PM အထိ

💻 Online Live Zoom Class
👦👧 အသက် ၇ နှစ်နှင့်အထက်
👥 Limited Seats – ၅ ယောက်သာ
Teaching Language - English

ကလေးများ ဘာတွေသင်ယူရမလဲ?
✅ STEM နှင့် Robotics အခြေခံ
✅ Block Coding
✅ Virtual Arduino Projects
✅ Smart Devices နှင့် Sensors များ ဘယ်လိုအလုပ်လုပ်သလဲ
✅ AI နှင့် နေ့စဉ်ဘဝ
✅ Problem Solving Skills
✅ Creativity နှင့် Critical Thinking
✅ Project Presentation Skills

သင်ကြားပုံ
❌ စာကျက်မှတ်ခြင်း မဟုတ်ပါ
✅ Project တည်ဆောက်ခြင်း
✅ စမ်းသပ်ခြင်း
✅ ရှင်းပြတင်ပြခြင်း

စသည့် Project-Based Learning ပုံစံဖြင့် သင်ကြားသွားမည်ဖြစ်ပါသည်။

မိဘများအတွက်
📈 Monthly Progress Report
📝 Weekly Activities & Assignments
🎤 Final Project Showcase
🏆 Certificate Upon Completion

Learning Pathway
🔹 Level 1 – STEM Robotics Foundation (Online)
🔹 Level 2 – Arduino & Robotics Lab (Campus)
🔹 Level 3 – Innovation & Tech Portfolio Builder
🔹 Level 4 – University-Ready Engineering Projects

ကျွန်ုပ်တို၏ ရည်ရွယ်ချက်မှာ ကလေးများကို Coding သင်ပေးရုံမကဘဲ အနာဂတ် Technology, Engineering နှင့် AI ခေတ် အတွက် အဆင်သင့်ဖြစ်စေရန် ဖြစ်ပါသည်။

💰 သင်တန်းကြေး
တစ်လ – 150,000 MMK
၃ လ တစ်ခါတည်းပေးချေပါက – 400,000 MMK

အသေးစိတ် Curriculum နှင့် Enrollment Information များကို Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

SarLotePar Training
"Building Future Innovators Through Technology" 🚀

09/06/2026

"ကားရပ်ဖို နေရာလွတ်ရှိမရှိကို စနစ်တကျ သိနိုင်မယ်ဆိုရင် ဘယ်လောက်အဆင်ပြေမလဲ?"

ဒီ Project ကို ကျွန်တော်တိုရဲ့ ကျောင်းသားတစ်ဦးက Arduino ကို အသုံးပြုပြီး ကိုယ်တိုင် ဒီဇိုင်းရေးဆွဲကာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Project အတွင်းမှာ Sensor များကို အသုံးပြုပြီး ကားရှိ/မရှိကို စစ်ဆေးကာ Parking Space လွတ်နေမှုကို ဖော်ပြပေးနိုင်ပါတယ်။ Project တစ်ခုတည်ဆောက်ရုံသာမက Programming, Circuit Design, Problem Solving နှင့် Presentation Skills များကိုပါ လက်တွေ့လေ့ကျင့်ခဲ့ရပါတယ်။
ကျွန်တော်တိုရဲ့ သင်ကြားမှုမှာ ကလေးများကို Code ရေးတတ်ရုံတင်မဟုတ်ဘဲ—
✅ စဉ်းစားတတ်စေခြင်း
✅ ပြဿနာဖြေရှင်းတတ်စေခြင်း
✅ ကိုယ်ပိုင် Project များ ဖန်တီးတတ်စေခြင်း
✅ Technology Portfolio တည်ဆောက်တတ်စေခြင်း
တိုကို အဓိကထား သင်ကြားပေးလျက်ရှိပါတယ်။

🎓 Upcoming Programs
🤖 Arduino & Robotics Class (Age 11+)
Arduino Programming
Sensors & Electronics
Real-world Projects
Portfolio Building

🚀 STEM Robotics for Kids (Age 7+)
Block Coding
Arduino Basics
Science & Engineering Activities
Fun Hands-on Learning

💻 University Ready Tech Portfolio Program (Online)
Python Programming
Arduino & Electronics
AI Fundamentals
Project Documentation
Portfolio Preparation for University Applications

ယနေ့ သင်ယူနေတဲ့ Project တွေဟာ မနက်ဖြန် University Application, Scholarship Application နဲ့ Career Opportunities တွေအတွက် အရေးပါတဲ့ Portfolio တွေ ဖြစ်လာနိုင်ပါတယ်။
📩 Class အသေးစိတ် သိရှိလိုပါက Page Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🎓 Grade ကောင်းရုံနဲ့ University နဲ့ Scholarship ရနိုင်သေးရဲ့လား?ကျွန်တော် STEM Education နဲ့ Technology Education ပိုင်း...
03/06/2026

🎓 Grade ကောင်းရုံနဲ့ University နဲ့ Scholarship ရနိုင်သေးရဲ့လား?

ကျွန်တော် STEM Education နဲ့ Technology Education ပိုင်းမှာ သင်ကြားပေးလာတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ဒီနှစ်တွေထဲမှာ ကျောင်းသားတွေ၊ မိဘတွေ၊ University Application အကြောင်း စိတ်ဝင်စားသူတွေနဲ့ ပြောဖြစ်တဲ့အခါ သတိထားမိတာတစ်ခုရှိပါတယ်။

ယနေ့ခေတ် နိုင်ငံတကာတက္ကသိုလ်များ၊ Scholarship Program များ၊ Engineering နှင့် Technology ဆိုင်ရာ ဘာသာရပ်များကို လေ့လာလိုသူများအတွက် Grade များအပြင် ကျောင်းသားတစ်ယောက် ဘာတွေ တကယ်လုပ်ဖူးသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

📌 ဒီကျောင်းသားဟာ ဘာ Project တွေ လုပ်ဖူးသလဲ?

📌 STEM Activity တွေမှာ ပါဝင်ဖူးသလား?

📌 Engineering Problem တွေကို ကိုယ်တိုင် ဖြေရှင်းဖူးသလား?

📌 Documentation ရေးနိုင်သလား?

📌 Project Presentation လုပ်နိုင်သလား?

📌 Portfolio ထဲမှာ ပြသစရာ Project တွေ ရှိသလား?

ဒီလိုအချက်တွေဟာ အခုအချိန်မှာ တဖြည်းဖြည်း အရေးပါလာနေပါတယ်။

ကျွန်တော်တို့ SarLotePar Training မှာ Campus Class တက်နေတဲ့ ကျောင်းသားတွေကို Arduino, Robotics, STEM Project Development တွေ သင်ပေးနေပြီး ကျောင်းသားတွေကို ကိုယ်တိုင် Project တည်ဆောက်နိုင်အောင်၊ Documentation ရေးနိုင်အောင်၊ Presentation ပြုလုပ်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။

ဒါပေမယ့် နယ်မြို့တွေမှာရှိတဲ့ ကျောင်းသားများ၊ အဝေးက ကျောင်းသားများ၊ Campus မတက်နိုင်တဲ့ ကျောင်းသားများက မကြာခဏ မေးကြပါတယ်။

"Online ကနေ တက်လို့ မရဘူးလား?"

"Yangon မလာနိုင်ဘူး"

"Engineering Project တွေ သင်ချင်တယ်"

"Robotics ကို စိတ်ဝင်စားတယ်"

"Portfolio Building လုပ်ချင်တယ်"

ဒါကြောင့် SarLotePar Training ရဲ့ Online Arduino STEM Engineering Program ကို ဖွင့်လှစ်လိုက်ပါတယ်။

🚀 ဒီ Program က Programming Class တစ်ခုတည်း မဟုတ်ပါဘူး။

🚀 Robotics Class တစ်ခုတည်း မဟုတ်ပါဘူး။

🚀 STEM Education, Engineering Thinking, Project Development နဲ့ Portfolio Building ကို ပေါင်းစပ်ထားတဲ့ Program တစ်ခု ဖြစ်ပါတယ်။

Program အတွင်းမှာ ကျောင်းသားများဟာ Arduino Microcontroller ကို အသုံးပြုပြီး လက်တွေ့ Project များ တည်ဆောက်ရပါမယ်။

ဥပမာ -

🔹 Smart Lighting Systems

🔹 Water Monitoring Systems

🔹 Motion Detection Systems

🔹 Security Alarm Systems

🔹 Automated Devices

🔹 Robotics Components

🔹 Sensor Based Projects

🔹 Engineering Design Challenges

စတဲ့ Project များကို ကိုယ်တိုင် တည်ဆောက်ရပါမယ်။

Project တစ်ခုကို တည်ဆောက်ရုံနဲ့ မပြီးသေးပါဘူး။

Project Documentation ရေးနည်းကိုလည်း သင်ပေးသွားပါမယ်။

ကျောင်းသားများဟာ

✔️ Project Objective

✔️ Problem Statement

✔️ Design Process

✔️ Testing Results

✔️ Reflection

✔️ Project Report

များကို ကိုယ်တိုင် ရေးသားတတ်လာမယ်။

ဒါတွေဟာ University Application နဲ့ Scholarship Application များမှာ အသုံးဝင်တဲ့ Evidence များ ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် Engineering, Computer Science, Robotics, Artificial Intelligence, Mechatronics, Electrical Engineering စတဲ့ ဘာသာရပ်များကို အနာဂတ်မှာ ဆက်လက် လေ့လာလိုတဲ့ ကျောင်းသားများအတွက် အလွန်အသုံးဝင်နိုင်ပါတယ်။

📚 Program Information

Duration - 4 Months

Class Schedule - Every Sunday 2:00 pm
to 5:00 pm

Teaching Time - 3 Hours Per Week

Mode - Online Zoom Live Class

Start Date - July 5

Class မစခင် ကျောင်းသားတိုင်းမှာ ကိုယ်ပိုင် Arduino Starter Kit ရှိနေဖို့ လိုအပ်ပါမယ်။

ဒါကြောင့် ကျွန်တော်တို့ဘက်က Arduino Board, Sensors, Components များပါဝင်တဲ့ Starter Kit ကို စီစဉ်ပေးထားပါတယ်။

🎯 Suitable For

• Age 13+

• STEM ကို စိတ်ဝင်စားသူများ

• Robotics ကို စိတ်ဝင်စားသူများ

• Engineering ကို စိတ်ဝင်စားသူများ

• Technology Projects တည်ဆောက်ချင်သူများ

• Campus မတက်နိုင်သူများ

• University Application အတွက် Portfolio တည်ဆောက်လိုသူများ

• Scholarship Application အတွက် STEM Evidence စုဆောင်းလိုသူများ

• အနာဂတ်မှာ Engineering သို့မဟုတ် Technology Career ကို ရွေးချယ်လိုသူများ

ဒီ Program ရဲ့ ရည်ရွယ်ချက်က Arduino သင်ပေးဖို့ တစ်ခုတည်း မဟုတ်ပါဘူး။
ကျောင်းသားတစ်ယောက်ကို STEM Project များ တည်ဆောက်နိုင်အောင်၊ Engineering Thinking ရှိလာအောင်၊ Portfolio တစ်ခု တည်ဆောက်နိုင်အောင်၊ အနာဂတ် University Application နဲ့ Scholarship Application များအတွက် ပြသစရာ Project Evidence များ စုဆောင်းနိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━
💰 Fees ( option 1 )
Monthly Payment
Tuition Fee – 100,000 MMK / Month
━━━━━━━━━━━━━━━
🎁 Full Payment Promotion ( option 2 )
Tuition Fee (4 Months) – 400,000 MMK
20% Discount – 80,000 MMK
Discounted Tuition Fee – 320,000 MMK
━━━━━━━━━━━━━━━
🏆 Program Completion
Program အောင်မြင်စွာ ပြီးဆုံးပါက
✔️ Final Project Showcase
✔️ Project Portfolio
✔️ Certificate of Completion
များ ရရှိမည် ဖြစ်ပါသည်။

❗Programရေးသားဖို့
Computer တစ်လုံးလိုအပ်ပါတယ်

Student Feedback များကြည့်ရန်
https://www.facebook.com/101850601452476/posts/652933809677483/

ဆက်သွယ်‌မေးမြန်းရန်
09768809755
09975080835

အသေးစိတ် Curriculum နှင့် Enrollment Information များကို Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

02/06/2026

" ရုပ်ရှင်တွေထဲကလို robot လေးတွေ ငါနောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ “

ဒီစကားလေးကို ကျောင်းသားတစ်ယောက်ဆီက
ကြားရတဲ့အချိန်မှာ ဆရာတစ်ယောက်အနေနဲ့ အရမ်းဝမ်းသာရပါတယ်။ ❤️

ဒီ Video လေးကတော့ ကျွန်တော်တို Arduino Project Show မှာ ကျောင်းသားတစ်ယောက်နဲ့ ပြုလုပ်ထားတဲ့ Interview ဖြစ်ပါတယ်။

Project တစ်ခုကို ပြီးမြောက်အောင် တည်ဆောက်နိုင်ဖိုဆိုတာ Coding သင်ယူရုံနဲ့ မရပါဘူး။

✅ ပြဿနာတွေကို စဉ်းစားဖြေရှင်းတတ်ရမယ်။
✅ စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်ရမယ်။
✅ အမှားတွေကနေ သင်ယူရမယ်။
✅ ကိုယ်လုပ်ထားတဲ့အရာကို လူရှေ့မှာ ယုံကြည်မှုရှိရှိ ရှင်းပြနိုင်ရမယ်။

ဒါတွေက အနာဂတ်မှာ Engineer, Developer, Researcher ဒါမှမဟုတ် Entrepreneur ဖြစ်လာမယ့် ကလေးတွေအတွက် အရေးကြီးတဲ့ Skill set တွေပါ။

SarLotePar မှာ ကျွန်တော်တိုရဲ့ ရည်ရွယ်ချက်က ကလေးတွေကို Technology သုံးတတ်ရုံမက Technology ကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေ ဖြစ်လာစေဖိုပါ။

━━━━━━━━━━━━━━━
📢 Upcoming Programs
━━━━━━━━━━━━━━━

🚀 STEM Robotics for Kids (Age 7 - 10)

• Block Coding with PictoBlox
• Arduino Basics
• Science Experiments
• Light, Energy, Electricity
• Robotics Concepts
• Creative Hands-on Activities

Technology ကို ကစားရင်း သင်ယူချင်တဲ့ ကလေးများအတွက် အထူးသင့်တော်ပါတယ်။

━━━━━━━━━━━━━━━

🤖 Arduino & Robotics Program (Age 11+)
( Online and Campus )

• Arduino Programming
• Electronics Fundamentals
• Sensors & Motors
• Robotics Projects
• Smart Device Projects
• Project Documentation

Technology ကို အခြေခံကနေ စပြီး Real Projects တွေ တည်ဆောက်သင်ယူမယ့် Program ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

💻 University Ready Tech Portfolio Program ( Age 14+ ) ( Online )

University Scholarship လျှောက်တဲ့အခါ၊ Internship လျှောက်တဲ့အခါ၊ နိုင်ငံခြားတက္ကသိုလ်တက်ဖို ပြင်ဆင်တဲ့အခါ Academic Results တစ်ခုတည်း မလုံလောက်တော့ပါဘူး။

ဒီ Program မှာတော့
✅ Python Programming
✅ AI Fundamentals
✅ Portfolio Building
✅ GitHub Profile Setup
✅ Project Documentation
✅ Presentation Skills

တိုကို သင်ကြားပေးပြီး University Application အတွက် အသုံးဝင်တဲ့ Tech Portfolio တစ်ခု တည်ဆောက်နိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

ယနေ့ Project တင်ပြနေတဲ့ ကျောင်းသားလေးတွေလိုပဲ နောက်ထပ် Generation တစ်ခုကို Technology Creator တွေ ဖြစ်လာစေဖို ကျွန်တော်တို ဆက်လက် ကြိုးစားနေပါတယ် ခင်ဗျ။ ❤️

📩 Class Information များ စုံစမ်းလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။









Address

Hleden
Yangon
11041

Telephone

+959768809755

Website

Alerts

Be the first to know and let us send you an email when စာလုပ်ပါ Training and Academic Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စာလုပ်ပါ Training and Academic Solutions:

Shortcuts

Share