09/05/2023
🌟GED-General Educational Development စာမေးပွဲ ပြင်ဆင်မှု့ အတွက် သင်တန်းလေး တခု စိတ်ဝင်စားရင်ပြောပြချင်ပါတယ်။
🌟Tutorial Class ဆိုတဲ့ အတိုင်း လေ့ကျင့်ခြင်း ဆွေးနွေးတိုင်ပင်ခြင်း နဲ့ ပညာ၊ ဗဟုသုတ ၊ သိလို သည်များကို လူ၊ ငွေကြေး သက်တောင့်သက်သာနဲ့ သင်ယူလေ့လာရအောင်။
👍အစီအစဉ်ကတော့
ပထမဆုံး Kaplan GED preparation စာအုပ်ကို ဆရာနဲ့ အတူ လေ့လာ သင်ယူကြပါမယ်။ ပြီးလျင် အခြားလေ့ကျင့်စရာ စာအုပ်များနှင့် ဆက်လက်လေ့ကျင့်ပါမယ်။
တောင်းဆိုချင်တာကတော့ တတ်နိုင်သမျှ Class မှန်ရပါမယ်။ မိမိ လိုအပ်ချက်ကို မိမိ သိနားလည်အောင် ကြိုးစားရပါမယ်။
နိုင်ငံတကာ ပညာရေး ဖြစ်သည့်အတွက် ဒါသင် ဒါကျက် ဒါမေး ဒါဖြေ စနစ်မဟုတ်ကြောင်း ထပ်တလဲလဲ ဆင်ခြင် သုံးသပ်နိုင်ရပါမယ်။
Class ချိန်ပြင်ပ self study ချိန်များမှာတော့ ဆရာဆွဲပေးထားတဲ့ အချိန်ဇယားအတိုင်း စာဖတ်ရပါမယ်။ Practice လုပ်ရပါမယ်။
တပါတ်လျင် အနည်းဆုံး တရက် Library မှာ ရွေးချယ်ထားသော စာအုပ်များ စာဖတ်ချိန် လေ့လာ သင်ယူချိန်ရှိရပါမယ်။
ပြတ်သားသေချာသော ရည်မှန်းချက်ဖြင့် မိမိတို့ လိုအပ်ချက်များဖြည့်ဆည်းနိုင်ပြီး သင်ယူလေ့လာအားကောင်းသော စိတ်ဓါတ်မျိုးမွေးမြူနိုင်ရပါမယ်။
စဉ်းစား ဆင်ခြင်ဉာဏ် သုံးရသော ပညာရေး ဖြစ်သည့်အတွက် အချိန်ယူလေ့လာ ကြိုးစားအားထုတ် သင်ယူဖို့ လိုအပ်ပါမယ်။
စာမေးပွဲ ဖြေဆိုရန် အဆင်သင့်ဖြစ်အောင် လေ့လာ သင်ယူရမည် ဖြစ်၍ လပြတ် သင်ယူရန် မဖြစ်နိုင်ပါ။ ခန့်မှန်းကြာချိန် ၈လ ခန့် ကြာမည် ၍ သင်တန်ကြေးမှာ လစဉ် အနည်းငယ်သာ ကျသင့်ပါမည်။
ဒီလမ်းကို လျှောက်ဖို့ ဆုံးဖြတ်ပြီးရင်တော့ အမြန်ဆုံး လာရောက်ဆက်သွယ် ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။
Mini Class size ဖြစ်လို့ လူဦးရေ ၇ ဦးသာကန့်သတ် လက်ခံပါမယ်။
အတန်းတက်ချိန်ကလွဲ လို့ စာစိတ်မဝင်စားသူများ မလိုအပ်ပါ။ သင်ခန်းစာ များကို အမှန်တကယ်တကယ် လေ့လာ သင်ယူဖို့ ဆုံးဖြတ်ပြီးမှသာ ဆက်သွယ်ပေးပါ။
👍ဘယ်သူတွေ သင့်လျော်လဲ ဆိုတော့
Grade 10 သင်ယူပြီး GED ဖြေဆိုလိုသူများ။
(GRADE 10 မရောက်သေးလျင် Pre GED သင်ယူဖို့ လိုအပ်ပါမယ်။)
IGCSE ကဲ့ သို့ ငွေကုန်ကြေးကျ များပြီး အချိန်ယူ ပြင်ဆင်မှု့များ မလုပ်ချင်သူများ နှင့် လုပ်ဖို့ မလိုအပ်သူများ။
GED လက်ခံ သော နိုင်ငံတကာ တက္ကသိုလ် ကောလိပ်များ ကို တက်ရောက်လိုသူများ။
High School Passed Education ရှိရန်လိုအပ်ပြီး မိမိကိုယ် မိမိ မြှင်တင် လုပ်ငန်းခွင် ဝင်လိုသူများ။
👍သင်ယူ လေ့ကျင့်ရမယ့် ဘာသာရပ်တွေကတော့
1. RLA - Reasoning Through Language Arts
2. ML - Mathematical Reasoning
3. Science- Life Science, Physical Science and Earth and Space Science
4. Social Studies- History, Economics and Geography
👍သင်ကြားပေးမည့် ဆရာ။
အီလက်ထရောနစ်အင်ဂျင်နီယာ၊ IT and Network Engineer, Wireless Professional အနေဖြင့် အတွေ့အကြုံများစွာဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး IT, ELV, STEM & Robotics , and International Education သင်ကြားရေး အတွေ့အကြုံ အနှစ် ၂၀ အထက် ရှိပြီး လက်ရှိ Academic and Curriculum Development, Education Consultant , GED and IGCSE trainer အနေဖြင့် ဆောင်ရွက်လျက်ရှိသော ဆရာ တယောက်ဖြစ်ပါသည်။
👍အချိန်ကတော့
Thu 4:00 PM-7:00 PM RLA, ML
FRI 4:00 PM -7:00 PM Science, Social Studies
👍ခန့်မှန်းကြာချိန် ၈ လ။ မိမိ အရည်အချင်း အရ ပိုကြာနိုင်သလို ကြာချိန် အများကြီး မလိုအပ်တာလဲ ရှိနိုင်ပါတယ်။
👍လေ့လာ သင်ယူရမည့် ပုံစံ။
✨Tutorial Class ပုံစံ။
ဆရာ နှင့် လေ့လာ သင်ယူ 20% Practice
မိမိ ကိုယ်တိုင် လေ့လာသင်ယူ 80 %
🌟နေရာ။
မင်းဒင် ၂ လမ်း
သုဝဏ္ဏ
ရန်ကုန်မြို့။
✨09400472580