20/11/2019
#ဘယ်ဖုန်းရွေးမလဲ???
အားလုံးပဲမင်္ဂလာပါခင်ဗျ ဒီနေ့မှာ compare လုပ်ပေးမှာကတော့ Xiaomi Redmi Note 8 Pro နဲ့ Realme 5 Pro တို့ဘဲဖြစ်ပါတယ်။
===============
Design ပိုင်းမှာတော့ Xiaomiရဲ့ Note 8 Pro design လေးကယဉ်ယဉ်လေးနဲ့ ကြည့်လို့အဆင်ပြေတယ်လို့ပြောရမယ်။
Realme 5 Pro မှာကျတော့ design ပိုင်းမှာက ပိုဆန်းတယ် ကြည့်ရတာ လူငယ်တွေအတွက်တော်တော်အဆင်ပြေတယ်။
Built quality အနေကတော့နှစ်ခုစလုံးမှာ အပြစ်ပြောစရာသိပ်မရှိပါဘူး။
===============
Realme အနေနဲ့တော့ာ main camera 48 MP, f/1.8 သုံးထားတယ် သူအနေနဲ့ Reami note 8 pro ကိုယှဉ်ရတာနည်းနည်းတော့ခက်တယ်
ဘာလို့ဆို 64 MP, f/1.9 main camera ကို Reami note 8 pro ကသုံးထားတော့ နှစ်ခုစလုံးအနေနဲ့ကတော့ကောင်းတာကကောင်းတယ်
Redmi note 8 proကတော့ detailပိုင်းနည်းနည်းပိုကောင်းပါတယ်။
Selfile အနေနဲ့ redmi note 8 pro က 20 MP, f/2.0သုံးထားတယ်
realme အနေနဲ့လည်း 16 MP, f/2.0 selfile camera ကိုသုံးထားပါတယ် ဆိုတော့ ကွာခြားမှုတော့ သိပ်မရှိပေမဲ့ Realmeကတော့ beauty effectနည်းနည်းပိုပါတယ်။
===============
Display အနေနဲ့ကတော့နှစ်မျိုးလုံးမှာ IPS LCD ကိုဘဲသုံးထားတယ် ဘယ်သူပိုကောင်းလဲမပြောခင် စာရွက်ပေါ်ကဟာလေးတွေအရင်ပြောကြည့်ကြတာပေါ့
realme 5 pro အနေနဲ့ 6.3 inches, 83.6% screen-to-body ratio, 1080 x 2340 pixels, Corning Gorilla Glass 3+ ကိုသုံးပေးထားပါတယ် သူအနေနဲ့အလွန်ကောင်းကြီးတော့မဟုတ်
ပေမဲ့ကောင်းတဲ့ display ထဲမှာတော့ပါပါတယ် Redmi note 8 pro မှာကျတော့လည်း redmi သည် price to peformance ဆိုတဲ့ ဂုဏ်ကိုဆက်ပြီးထိန်းထားပါတယ်
6.53 inches, 84.9% screen-to-body ratio, 1080 x 2340 pixel ကိုသုံးပေးထားတယ်ဆိုတော့ realme နဲ့ ပုခုံးချင်းညီလွန်းပါတယ် သြော် ကျန်သေးတယ် note 8 pro က
Corning Gorilla Glass 5 ကိုသုံးထားသေးတယ် ဆိုတော့ ဒီနေ့ရာမှာ redmi note 8 pro ပိုပြီးတော့လည်းအကြမ်းခံတယ်လို့ အကြမ်းဖျင်းအားဖြင့်ယူဆလို့ရပါတယ်။
===============
ဒီနေရာမှာပြောရတာနည်းနည်းလေးခက်ပါတယ် ဘာလို့ဆို note 8 Pro က Mediatek Helio G90T (12nm) ကိုသုံးထားတယ်ဆိုတော့ နည်းနည်းတော့ ပြောရခက်တယ်
တကယ်တန်းလက်တွေမှာ Realme 5 pro သုံးထားတဲ့ Qualcomm SDM712 Snapdragon 712 (10 nm) နဲ့ စွမ်းဆောင်ရည်ပိုင်းကွာခြားမှုသိပ်မရှိပေမဲ့ G90Tက Gamingပိုင်းပိုကောင်းတယ် အနည်းငယ် heat issu
လေးတော့တွေ့ရတယ်။
===============
Battery မှာဆိုရင်တော့ Redmi Note 8 Pro မှာ Li-Po 4500 mAh ပါဝင်တယ်ပြီးတော့ 18 W fastcharging support ပေးပါတယ် Realme မှာဆိုရင်တော့ Li-Po 4035 mAh ဘဲပါတယ် redmi ထက်နည်းတယ်
ဒါပေမဲ့ 10nm ပေါ်မှာအခြေခံထားတော့ ထင်ထားသလောက်တော့အားကုန်မြန်မှာတော့မဟုတ်ဘူး ပြီးတော့ fastcharging အနေနဲ့ 20W: 50% in 30 min (VOOC 3.0) ပါတယ်ဆိုတော့ ဘာလိုသေးလဲပေါ့။
===============
ဒီနေရာမှာတော့ကိုယ့်အကြိုက်ကကိုယ့်ကိုယ်ကို ဆွဲဆောင်စေမှာပါ redmi အနေနဲ့ကတော့ miui ကိုသုံးပေးထားတယ် Android 9.0 (Pie); MIUI 10 နဲ့ပွဲထွက်လာတယ် MIUI 11 လည်း updateရဦးမှာပါ။
Realme အနေနဲ့ကလည်း Android 9.0 (Pie), ColorOS 6 နဲ့ ပွဲထွက်လာပါတယ် ဆိုတော့ နှစ်ခုစလုံးကနောက်မကျသေးဘူး software update ကလည်းရဦးမယ်။
အနှစ်ချုပ်အနေနဲ့ကတော့...
Redmi Note 8 Proကတော့ မျက်နှာပြင်ကြီးကြီးကြိုက်ပြီး Gameအဆော့များတဲ့သူတွေအတွက် ပိုမိုအဆင်ပြေပီး
Realme 5 Proကတော့ MIUIရဲ့ china/globalစိတ်မညစ်လိုသူတွေ Selfieကင်မရာအရိုက်များသူတွေ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တာကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။
ဒါကြောင့် ရွေးချယ်ရခက်နေတဲ့ စိတ်ဖိစီးမှုတွေကို မစဉ်းစားတော့ဘဲ ကိုယ်နဲ့သင့်တော်မယ်ထင်တဲ့ model တခုကိုရွေးချယ်လိုက်တာဟာ အသုံးပြုသူအတွက် နောင်တရနေစေမှာ မဟုတ်ပါဘူးဆိုတာ အကြံပေးပြောပြလိုက်ရပါတယ်။
နှစ်ခုစလုံးကလည်းဈေးကလည်းအဲ့လောက်မကွာဘူးဆိုတော့ ဘယ်ဟာရွေးရွေးမမှားဘူး Admin ကဘာကြိုက်လဲမေးရင်တော့ page message box မှာတိုးတိုးလေးလာမေးပြောပေးမယ်😜