CNMax Laptop Hub

CNMax Laptop Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CNMax Laptop Hub, Yangon.

🙏ဝါဆိုလပြည့်(ဓမ္မစင်္ကြာ အခါတော်နေ့)🙏"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဟူသော စကားတော်အတိုင်း…ဝါဆိုလပြည့်န...
28/07/2026

🙏ဝါဆိုလပြည့်(ဓမ္မစင်္ကြာ အခါတော်နေ့)🙏

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဟူသော စကားတော်အတိုင်း…

ဝါဆိုလပြည့်နေ့သည်​ မြတ်စွာဘုရားရှင်၏
✨ ပဋိသန္ဓေယူတော်မူခြင်း၊
✨ တောထွက်တော်မူခြင်း၊
✨ ဓမ္မစကြာဒေသနာတော်ကို ပထမဆုံး ဟောကြားတော်မူခြင်း
စသည့် ဗုဒ္ဓဝင်အရေးပါသော မင်္ဂလာဖြစ်ရပ်များနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ဤနေ့တွင် မြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည်၊ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူခဲ့ပြီး၊ သစ္စာလေးပါးတရားတော်ကို ဖွင့်ဟပြသတော်မူကာ သတ္တဝါအပေါင်း ဒုက္ခမှလွတ်မြောက်ရာ လမ်းစဉ်ကို ညွှန်ပြပေးတော်မူခဲ့သည့် အလွန်မြင့်မြတ်သောနေ့လည်း ဖြစ်ပါသည်။

ထို့အပြင် ဝါတွင်းသုံးလပတ်အတွင်း ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ တရားအားထုတ်နိုင်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ယနေ့အခါသမယတွင် ကြည်ညိုသဒ္ဓါစိတ်ဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။

🌿 ဤမင်္ဂလာရှိသော ဝါဆိုလပြည့်နေ့တွင်…

မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များကို အာရုံပြု၍ ကုသိုလ်ကောင်းမှုများ တိုးပွားကြပါစေ။
မေတ္တာ၊ ကရုဏာနှင့် ဉာဏ်ပညာများ ပြည့်ဝကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စီးပွားဥစ္စာများ တိုးတက်အောင်မြင်ခြင်းများနှင့် ပြည့်စုံကာ မိသားစုတိုင်း သာယာဝပြောကြပါစေကြောင်း…
CNMax Laptop Hub မှ ဆုတောင်း​မေတ္တာ ပို့သ​အပ်ပါသည်ရှင့်🙏

"ကုသိုလ်တရားများ ပွားများပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ။" 🙏

#ဝါဆိုလပြည့်နေ့​ #ဓမ္မစကြာအခါတော်နေ့

17/06/2026

Body လေးလည်းသန့်ပြီးလှ 💟
စျေးလည်းတန်☑

Dell ကတော့ ပစ္စည်းရောက်ပြီဆိုတာနဲ့ sold out မကြာခင်ဖြစ်သွားတာမျိုးလေး😍Dell ဆိုမှ Dell ဆိုပြီး သီးသန့်ရွေးသူများကတစ်ဖွဲ့ပ...
17/06/2026

Dell ကတော့ ပစ္စည်းရောက်ပြီဆိုတာနဲ့ sold out မကြာခင်ဖြစ်သွားတာမျိုးလေး😍
Dell ဆိုမှ Dell ဆိုပြီး သီးသန့်ရွေးသူများကတစ်ဖွဲ့ပါ
ပေးရတဲ့ ဈေးနဲ့ဆို Price to performance လည်းဖြစ်ပြီး
Body အပိုင်းမှာဆိုလည်း သေးသေးကျစ်ကျစ်နဲ့ သယ်ရလွယ်ကူစေမှာပါ✅

Office Work✅
Business Work✅
Online Learning တို့အတွက် အဆင်ပြေစွာ အသုံးပြုနိုင်မှာပါ ✅

💻Dell Latitude 5320💻

◾CPU - Core [email protected] GHz
◾Mermory - 16GB
◾SSD - 256 GB
◾Display - 13.3 inch ( Full HD )ကြည်တောက်ရှင်း
◾SSD, Camera, Bluetooh,USB , Wifi, HDMI, Type C
◾Battery - Good

◾Price - 1380000 MMMk
📞Phone - 09 951 706 976

Warranty- 6 Months

✔ ကိုယ်တိုင်လာရောက်ကြည့်ရှုစမ်းသပ်ပြီး စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်
✔နယ်ဝယ်များလည်း ပို့ဆောင်ပေးပါတယ်
📞လာရောက်မည်ဆ်ိုပါက ဖုန်းကြိုတင်ဆက်သွယ်ပေးပါရန်

လိပ်စာ - သံလမ်းမှတ်တိုင် ၊ လှိုင်မြို့နယ်

i5 8th Gen ထက် Performance ပိုကောင်းပြီး Multi-tasking အတွက် နာမည်ကြီးတဲ့.......👉 Ryzen Processor ပါဝင်တဲ့ ThinkPad X Se...
14/06/2026

i5 8th Gen ထက် Performance ပိုကောင်းပြီး Multi-tasking အတွက် နာမည်ကြီးတဲ့.......
👉 Ryzen Processor ပါဝင်တဲ့ ThinkPad X Series ကို ၉ သိန်းကျော်နဲ့ ရမယ်ဗျို့📢

💻Thinkpad X395💻

◾CPU - AMD Ryzen 5 PRO 3500U (i5 8th ထက်ပိုကောင်းပါတယ်)
◾RAM- 8GB
◾SSD - 256GB
◾Display- 13.3 inch (1366 × 768)
◾SSD Camera,Bluetooth,USB, Wifi,HDMI,Type C
◾Battery - Good
◾Price - 920000 MMK
📞📞09 09 951 706976

✔ ကိုယ်တိုင်လာရောက်ကြည့်ရှုစမ်းသပ်ပြီး စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်
✔နယ်ဝယ်များလည်း ပို့ဆောင်ပေးပါတယ်
📞လာရောက်မည်ဆ်ိုပါက ဖုန်းကြိုတင်ဆက်သွယ်ပေးပါရန်

လိပ်စာ - သံလမ်းမှတ်တိုင် ၊ လှိုင်မြို့နယ်

Admin တို့ဆီမှာ Dell နဲ့ HP ဆိုရင် မျက်နှာပန်းလှတဲ့ ဆရာကြီးနှစ်ပါးပဲ🤗ThinkPad series ဆိုလည်း price to performance ကောင်း...
28/05/2026

Admin တို့ဆီမှာ Dell နဲ့ HP ဆိုရင် မျက်နှာပန်းလှတဲ့ ဆရာကြီးနှစ်ပါးပဲ🤗

ThinkPad series ဆိုလည်း price to performance ကောင်းတဲ့အထဲမှာပါတော့ customer အကြိုက်မလို့ ပစ္စည်းမပြတ်အောင်ကြိုးစားထားပါတယ်

အခုပုံတင်ထားတဲ့ Dell နဲ့ HP လေးတွေဆို Post မတင်လိုက်ရသေးပဲ ကုန်သွားတာ
ယုံယုံကြည်ကြည်နဲ့ အမြဲအားပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်🙏

Business သုံးမလား✔
ကျောင်းသုံးမလား✔
ရုံးသုံး / Programming / Editing အတွက်ပဲသုံးမလား✔

CNMax Laptop Hub ကိုသာ လှမ်းလာခဲ့ပါ


🌙  Eid Mubarak အစ္စလာမ် ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ အစ်ဒ်နေ့လေးမှာ အားလုံးပဲ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီ...
28/05/2026

🌙 Eid Mubarak

အစ္စလာမ် ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ အစ်ဒ်နေ့လေးမှာ အားလုံးပဲ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာ အစ်ဒ်နေ့လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်

Happy Mother's Day 💐အမေများနေ့ ဆုတောင်းလွှာ💐မေလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ "အမေများနေ့" မှာ ကမ္ဘာပေါ်မှာရှိတဲ့မိခင်များအာ...
10/05/2026

Happy Mother's Day 💐

အမေများနေ့ ဆုတောင်းလွှာ💐
မေလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ "အမေများနေ့" မှာ ကမ္ဘာပေါ်မှာရှိတဲ့မိခင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်🙏


CNMax Laptop Hub ရဲ့ Kpay-5000(၄ယောက်) နဲ့ Premium 1month(၅ယောက်) ကံထူးသူများပါ🤗ကံထူးသူများကို  Admin ဆက်သွယ်ထားလို့ cb ...
07/05/2026

CNMax Laptop Hub ရဲ့ Kpay-5000(၄ယောက်) နဲ့ Premium 1month(၅ယောက်) ကံထူးသူများပါ🤗

ကံထူးသူများကို Admin ဆက်သွယ်ထားလို့ cb မှာ လာရောက်ထုတ်ယူပေးပါနော်

ပါဝင်မန့်ပေးကြလို့လည်း ကျေးဇူးပါရှင်

Thank You All.💜


ဒီညတော့ Gift ပေးချင်တာအစပြုရင်း Admin တို့ Story လေးပြောပြချင်ပါတယ်🤗"အစတွေကို ဘယ်တော့မှမမေ့ပါဘူး"ဆိုတဲ့အတိုင်း  service ...
02/05/2026

ဒီညတော့ Gift ပေးချင်တာအစပြုရင်း Admin တို့ Story လေးပြောပြချင်ပါတယ်🤗

"အစတွေကို ဘယ်တော့မှမမေ့ပါဘူး"ဆိုတဲ့အတိုင်း service တစ်ခုစရောင်းရောင်းချင်း ဝယ်ခဲ့တဲ့ customerလေးကအစပြုပြီး CNMax Digital ဆိုတဲ့ ဒီနာမည်လေးဖြစ်တည်လာတာပါ🤗
(အဲဒီ customer လေးကို အခုထက်ထိမှတ်မိတယ်)

Admin နှစ်ယောက်လုံးက ရုံးဝန်ထမ်းဖြစ်ပြီး ကိုယ့်သက်ဆိုင်ရာနယ်ပယ်မှာပဲ ကိုယ်ကျင်လည်နေခဲ့တာ

သူများတွေ online ‌‌‌ရောင်းနေကြတတွေ့နေမြင်နေကြပြီး ကိုယ်တွေက ဘာရောင်းရင်ကောင်းမလဲတွေးးနေခဲ့ပေမယ့် အကောင်ထည်မဖော်ဖြစ်သေးဘူး😊

ဒီလိုနဲ့ မမျှော်လင့်ပဲ Vps & Boost Service တွေစတင်ရောင်းဖြစ်သွားတယ်

ပထမဆုံးတစ်ယောက်ကိုရောင်းရပြီး errorပေါင်းသောင်းခြောက်ထောင်ကြားမှာ Admin တို့ဆီကဆိုရင် မှန်ကန်မှုရှိတယ်၊စိတ်ချရတယ်ဆိုတဲ့ Customer Trustကို လက်ရှိအချိန်ထိရခဲ့ပါတယ်
Admin တွေက Page အသုံးနည်းပြီး Community Group မှာပဲ ချစ်ခင်ရတဲ့ customer တွေနဲ့အဆက်မပြတ် ရှိနေခဲ့တာပါ💜

ဒီနေ့မှာတော့ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ CNMax Laptop Hub ဆိုတဲ့ အမည်ကိုပြောင်းလဲပြီး Good Second 99 % သန့် Showroom Display Laptop တွေဒီ pageမှာပါ ရောင်းမယ့်အကြောင်းလေး ကြော်ငြာပါရစေ

Localအလုံးများ ပြန်ရောင်း / ပြန်ဝယ် မလုပ်ပါရှင့်❌

Business အတွက်လား✅
Office သုံးလား✅
ကျောင်းအတွက်ပဲသုံးမလား✅
ပစ္စည်းမှန် ဈေးတန်တဲ့ Laptop တွေရှာနေရင် CNMax Laptop Hub မှာ အကုန်ရနေပါပြီ

ဝန်ဆောင်မှုကောင်းမွန်တယ်ဆိုတဲ့ အမည်နာမကို ဆက်ထိန်းသိမ်းထားဖို့က Admin တို့တာဝန်
အားပေးရမှာက ကာကာတို့တာဝန်ပါ🤭

Page လေးသေချာပြန်သုံးတော့မှာမလို့ လက်ဆောင်လေးပေးချင်ပါတယ်
ကြိုက်နှစ်သက်ရာ Comment မန့်ခဲ့လို့ရပါတယ်

Pockect Money -5000 ၄ယောက်နဲ့
Premium 1month- ၅ယောက်လက်ဆောင်ပေးပါမယ်နော်😊


''ကဆုန်လပြည့်  နေ့ထူးနေ့မြတ်အခါတော်နေ့''၁။ နိယတဗျာဒိတ်ယူသည့်နေ့။       လေးသင်ချေကမ္ဘာတစ်သိန်းအစ       ကဆုန်လပြည့်နေ့။၂။ ...
30/04/2026

''ကဆုန်လပြည့် နေ့ထူးနေ့မြတ်အခါတော်နေ့''

၁။ နိယတဗျာဒိတ်ယူသည့်နေ့။
လေးသင်ချေကမ္ဘာတစ်သိန်းအစ
ကဆုန်လပြည့်နေ့။
၂။ ဘုရားမွေးဖွားသည့်နေ့။
မဟာသက္ကရာဇ်၆၈ခု ကဆုန်လပြည့်
(သောကြာနေ့)
၃။ ဘုရားဖြစ်သည့်နေ့။
မဟာသက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်
ဗုဒ္ဓဟူးနေ့။
၄။ ဗုဒ္ဓဝင်အကျဥ်းဟောသည့်နေ့။
မဟာသက္ကရာဇ် ၁၀၄ခု၊ကဆုန်လပြည့်နေ့။
၅။ ပရိနိဗ္ဗာန်စံသည့်နေ့။
မဟာသက္ကရာဇ် ၁၄၈ခု၊ကဆုန်လပြည့်
အင်္ဂါနေ့။
ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လပြည့်
နေ့။

Crd

ဒီလို ရက်မြတ်အခါသမယလေးမှာ ဗုဒ္ဓဘာသာဝင်များအားလုံး ကုသိုလ်ဘာဝနာများပွားများနိုင်ပြီး ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း CNMax Laptop Hub မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏

Address

Yangon
11041

Alerts

Be the first to know and let us send you an email when CNMax Laptop Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share