Genius Computer Services

Genius Computer Services Laptop and Desktop Services

13/06/2024
☎️ hello
10/06/2024

☎️ hello

28/12/2023
21/12/2023

ကွန်ပြူတာ အသုံးပြုသူတိုင်း သိထားသင့်တဲ့ 32-bit and 64-bit အကြောင်း
===================================

ကွန်ပျူတာမှာ 32-bit Windows OS တင်မလား / 64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။

32bit နဲ့ 64bit Processor

Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။

Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။

32bit register သုံးထားတဲ့ processor ကို 32-bit Processor ဟု ခေါ်ပြီး 64bit register သုံး ထားတဲ့ processor ကို 64-bit Processor ဟု ခေါ်ပါတယ်။

Intel မှ ထုတ်သော 80386 မှစပြီး Pentium 4 processor များထိ 32-bit register များကိုအသုံးပြု ထားပါတယ်။ ဒါကြောင့် 32-bit processor နဲ့ တပ်ဆင်ထားတဲ့ Computer များမှာ 32-bit Windows OS နဲ့ Application များကိုသာ Install လုပ်နိုင်ပါတယ်။ 64-bit Windows OS နဲ့ Application များကို Install လုပ်လို့ မရနိုင်ပါဘူး။

Intel ရဲ့ Pentium Dual Core လောက်ကစပြီး ယနေ့အထိ Processor များတွင်တော့ 32bit နဲ့ 64bit register နှစ်မျိုးလုံး ပါရှိတဲ့အတွက် 32-bit OS ပဲဖြစ်ဖြစ်၊ 64-bit OS ပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။

32-bit Windows နှင့် 64-bit Windows

64-bit CPU နဲ့ computer ကို စွမ်းဆောင်ရည် ပိုမို အသုံးချနိုင်ဖို့ 64-bit Windows ကို အသုံးပြုသင့်ပြီး ၎င်း Windows အတွက် 64-bit Driver များ တင်ဖို့ လိုအပ်ပါတယ်။

32-bit Windows ကို သုံးမည်ဆိုပါက CPU တစ်လုံး ကို စွမ်းရည်ပြည့် အသုံးမချသလို ဖြစ်နေပါမယ်။
ယခုနောက်ပိုင်း model မြင့် Laptop တွေအချို့မှာ ဆိုရင် 64-bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32bit အတွက် driver support မလုပ်တော့တာ တွေ့ရပါတယ်။ ၎င်း Laptop များကို 32-bit Windows တင်သုံးလို့ရသော်လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရှိမည် မဟုတ်ပေ။

နောက်ထပ် အရေးကြီးတဲ့အချက်က RAM (memory capacity) နဲ့ ဆက်စပ်မှုပါပဲ။
32-bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင် တဲ့ RAM ပမာဏဟာ 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32-bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြု၍ မရပါ။ (ဥပမာ. 6GB တပ်ထားပါက ပိုတဲ့ 2GB သည် အပို waste ဖြစ်နေပါလိမ့်မည်။)

RAM ကို 4GB ထက်ပိုသုံးထားပါက 64-bit Windows ကိုသာ အသုံးပြုသင့်ပြီး 64-bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။

Computer တစ်လုံးမှာ RAM အများဆုံး တပ်ဆင်နိုင် မှုသည် Motherboard ရဲ့ Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Motherboard chipset ရဲ့ RAM support လုပ်နိုင်မှုသည် 16 GB ဆိုပါက RAM ကို 16GB ထက် ပိုတပ်၍ မရပေ။

Windows 64-bit သုံးမည်ဆိုလျှင် ဆက်စပ် device များအတွက် 64-bit driver များ install လုပ်ရမည် ဖြစ်ပြီး Application များကတော့ 32-bit ရော 64-bit ပါ install လုပ်နိုင်ပါတယ်။ အချို့ Apps များကတော့ 64-bit apps များသာ တင်လို့ ရပါတယ်။
(ဥပမာ. Adobe Premier CS 5 software ဆိုရင် 64-bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။)

64-bit Windows OS အသုံးပြုပါက 3D Game များ၊ 3D Animation, Graphic app များကို သုံးသည့်အခါ စွမ်းဆောင်ရည် ပိုမိုအသုံးချနိုင်သည့်အတွက် 64-bit Windows OS အသုံးပြုမှုမှာ ပိုမိုတွင်ကျယ်လာပြီ ဖြစ်ပါတယ်။

Credit to original


Myanmar Pyi | for Myanmar people.

Mingalar Pr 🙏🙏🙏ချစ်သောမိတ်ဆွေတို့☺လူကြီးမင်းတို့ အတွက် ကျွန်တော်တို့ Genius Computer Services မှ Desktop အမျိုးမျိုး ပြု...
18/10/2022

Mingalar Pr 🙏🙏🙏

ချစ်သောမိတ်ဆွေတို့☺

လူကြီးမင်းတို့ အတွက် ကျွန်တော်တို့ Genius Computer Services မှ
Desktop အမျိုးမျိုး ပြုပြင်ပေးခြင်း💻
Window တင်ပေးခြင်း💻
Software, Game install လုပ်ပေးခြင်း💻
Virus သတ်ပေးခြင်း💻
Window Error⚠ Software Error ဖြေရှင်းပေးခြင်း💻
Data Backup လုပ်ပေးခြင်း💻
Recover Restore Point လုပ်ပေးခြင်း💻
Window Image Backup လုပ်ပေးခြင်း💻
Printer Sharing, File Sharing ပြုလုပ်ပေးခြင်း💻
Network Cable ကြိုးဆွဲပေးခြင်း💻
UPS Batter လဲလှယ်ပေးခြင်း💻
Laptop Service ပြုလုပ်ပေးခြင်း💻
Desktop/Laptop များအား Hardware Updateပြုလုပ်ပေးခြင်း💻
Printer များအားပြုပြင်ပေးခြင်း💻
CCTV တပ်ဆင်ပေးခြင်း💻

စသည်တို့ကို လူကြီးမင်းတို့စိတ်တိုင်းကျ ပြုပြင်ပေးလျှက်ရှိပါသည်။

အသေးစိတ်သိရှိလိုပါက Page Messanger or Ph number 09799791252 သို့ဆတ်သွယ်နိုင်ပါသည်။

ကွန်ပျူတာနှင့်ပတ်သတ်သော Knowledge များအားလည်း Genius Computer Services မှ အပတ်စဥ်တင်ပေးသွားမှာဖြစ်ပါတယ်။

အားလုံးဘည်းစိတ်ကျန်းမာကိုယ်ကျန်းမာကာ အန္တရာယ်ကင်းဘေးရန်ရှင်းကြပါစေ။

Computer Services

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်------ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံး...
21/05/2022

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်
------
ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား (၁၀) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ (မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။)

(၁) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း။

မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။

(၂) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း။

ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။

(၃) Save မလုပ်ခြင်း။

စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။

(၄) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း။

ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။

(၅) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း။

အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။

(၆) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း။

တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေ၀င်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။

(၇) Email အတွင်းမှ Spam များကိုစိတ်၀င်စားခြင်း။

ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။

(၈) Email များကို forward လုပ်ခြင်း။

ကိုယ်မသိတဲ့ email ကနေ စိတ်၀င်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

(၉) မကောင်းသော software များကို install လုပ်မိခြင်း။

တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။

(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း။

PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။

Crd. To Owner

ယန့မှာဖြင့် ကွန်ပ​ျူတာ သမားများသိသင့် သိထိုက်သော Shortcut keys များကိုတစုတစည်းထည်းဖော်ပြပေးလိုက်ပါတယ်နော်။ လူကြီးမင်းတို...
20/03/2022

ယန့မှာဖြင့် ကွန်ပ​ျူတာ သမားများသိသင့် သိထိုက်သော Shortcut keys များကိုတစုတစည်းထည်းဖော်ပြပေးလိုက်ပါတယ်နော်။
လူကြီးမင်းတို့ရဲ့ကွန်ပျူတာများ ပြင်ဆင်ခြင်ပါကလည်း 09799791252 သို့ဆတ်သွယ်နိုင်ပါတယ်။
စျေးနှုန်းချိုသာစွာနဲ့ ပြုပြင်ပေးလျှက်ရှိပါသည်။😍
Computer Services

ဒီတပတ်sunday မှာတော့ Desktop computer တစ်လုံးမှာ ဘာတွေ လိုအပ်လည်းဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။1.Case (Pc Casing)2. Power ...
27/02/2022

ဒီတပတ်sunday မှာတော့
Desktop computer တစ်လုံးမှာ ဘာတွေ လိုအပ်လည်းဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။
1.Case (Pc Casing)
2. Power Supply (PSU)
3.Motherboard
4.CPU Processer
5.Ram Memory
6.Graphic (video) card
7.Drive
8.Hard Disk Drive (HDD)
9.Monitor
10.Keyboard & mouse
11.UPS စသည်တို့ကိုပုံနှင့်တကွ ဖော်ပြပေးထားပါသည်။
# Genius Computer Services တွင် စျေးနှုန်းသတ်သာစွာဖြင့် လူကြီးမင်းတို့ Desktop, Laptop များကို စိတ်တိုင်းကျပြုပြင်ပေးနေပါသည်။

Genius Computer Services မှ sunday အပတ်တိုင်း  Computer နှင့်ပတ်သတ်သော ဗဟုသုတ များအား ရှာဖွေ တင်ပေးသွားမှာဖြစ်ပါတယ်။ ဒိအ...
20/02/2022

Genius Computer Services မှ sunday အပတ်တိုင်း Computer နှင့်ပတ်သတ်သော ဗဟုသုတ များအား ရှာဖွေ တင်ပေးသွားမှာဖြစ်ပါတယ်။
ဒိအပတ် မှာတော့ Window Update ပိတ်နည်းကို ပုံအောက်မှာ စာနှင့်တကွ တင်ပေးထားပါတယ်။
မသိတာရှိရင်လည်း Page messanger တွင်လာရောက်မေးနိုင်ပါသည်။
လူကြီးမင်းတို့၏ Computer & Laptop များပြုပြင်ခြင်ပါကလည်း Genius Computer Services မှ စျေးနှုန်းချိုသာစွာဖြင့် ပြုပြင်ပေးလျှက်ရှိပါသည်။
📱 09799791252
Computer Services

ယနေ့ windows တင်ပေးခဲ့သော Lenovo Laptopလေးဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ genius computer services အား ယုံကြည်စွာအပ်နှံသော အမ ...
01/02/2022

ယနေ့ windows တင်ပေးခဲ့သော Lenovo Laptopလေးဖြစ်ပါတယ်ဗျ။
ကျွန်တော်တို့ genius computer services အား ယုံကြည်စွာအပ်နှံသော အမ အား ကျေးဇူးအထူးပင်တင်ရှိပါသည်။
ကျွန်တော်တို့ Genius Computer Services မှ computer နှင့်ပတ်သတ်သော Error များကို စျေးနှုန်းသတ်သာ စွာနှင့်ပြုလုပ်ပေးလျှက်ရှိပါသည်။
☎ 09799791252
Computer Services

Computer တွင်ပါဝင်သော port ပုံစံများဖြစ်သည်။  crd  Computer service
21/01/2022

Computer တွင်ပါဝင်သော port ပုံစံများဖြစ်သည်။
crd

Computer service

Address

U Tun Lin Chan Street
Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959799791252

Website

Alerts

Be the first to know and let us send you an email when Genius Computer Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share