MyanGoal Telecom

MyanGoal Telecom Whether you are a student (D2, D4) any worker (E9, E7) or resident, we have got you covered with the best options tailored to your needs.

SIMply the Best Plans and Services in Korea! 🇰🇷🇲🇲
𝐔𝐒𝐈𝐌 𝐂𝐚𝐫𝐝, 𝐖𝐢𝐅𝐢, 𝐌𝐨𝐛𝐢𝐥𝐞 𝐏𝐡𝐨𝐧𝐞 .com/telecom

ဖော်ရွေ၊ မှန်ကန်၊ စိတ်ချရပြီး စိတ်အားထက်သန်တဲ့ ကျွန်တော်တို့အဖွဲ့သားတွေက အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေပါတယ်။ Your Gateway to Seamless Communication in Korea! 🇰🇷🇲🇲

At MyanGoal Telecom, we are dedicated to providing you with all the information and services you need to purchase mobi

le phones, SIM cards, and Wi-Fi in Korea. Stay connected effortlessly with MyanGoal Telecommunication! Visit us today to find the perfect plan and start experiencing the best of Korean mobile services................................................................
한국의 원활한 커뮤니케이션을 위한 당신의 관문! 🇰🇷🇲🇲

MyanGoal Telecom 은 한국에서 휴대폰, SIM 카드 및 Wi-Fi를 구입하는 데 필요한 모든 정보와 서비스를 제공하기 위해 최선을 다하고 있습니다. 학생 (D2, D4) 근로자 (E9, E7) 또는 거주자에 상관없이 필요에 맞는 최상의 옵션을 제공합니다. MyanGoal Telecommunication 으로 쉽게 연결 상태를 유지하세요! 완벽한 요금제를 찾고 최고의 한국 모바일 서비스를 경험하기 위해 오늘 우리를 방문하세요.

မြန်ဂိုးလ်မိုဘိုင်း (ဘူဖျောင်းစင်တာ) ရဲ့ ❝SIM card လျှောက်ရင်း ဗလာမပါ လက်ဆောင်ရမယ့် 2026 9(လပိုင်း (LGU+, KT, SK) ဖုန်းလ...
03/09/2026

မြန်ဂိုးလ်မိုဘိုင်း (ဘူဖျောင်းစင်တာ) ရဲ့ ❝SIM card လျှောက်ရင်း ဗလာမပါ လက်ဆောင်ရမယ့် 2026 9(လပိုင်း (LGU+, KT, SK) ဖုန်းလိုင်းသီးသန့် Plan❞ များ လျှောက်လို့ရနေပါပြီ။ 🎁

နံပါတ်တူ လိုင်းသီးသန့် SIM card များကို စျေးနှုန်းအမျိုးစားစုံလင်စွာ စိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်ပါပြီ။
✅ လစဉ် ဖုန်းဘေလ်ကို budget ချွေတာချင်သူတွေအတွက် ချွေတာရေး plan
✅ Hotspot လေးလွှင့်လို့ရမှ အဆင်ပြေမယ်ဆိုတဲ့သူတွေအတွက် Daily 2GB plan
✅ Game နှိပ်/ ရုပ်ရှင်ကြည့်/ Video Down ချင်သူတွေအတွက် 100GB/ 200GB plan
✅ ဖုန်းလိုင်းချည်းပဲ 5G အမြင့်ဆုံးကိုမှ သုံးချင်တဲ့ သူတွေအတွက် 5G နဲ့ တိုင်တက်မယ့် speed plan
📳 နံပါတ်တူကိုမှ ဆင်းကဒ်ပြောင်းသုံးလိုက်ရုံပါပဲ (ဘဏ်-မက်ဆေ့ချ်) လုံး၀ မပျက်ပါဘူးရှင့်။
📳 SIM card လျှောက်လိုပါက လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါပြီ။
(신분증 사진으로 텔레콤을 가입하는 것은 명백한 불법입니다. 신분증 사진으로 개통하신 이력이 있다면 명의도용의 위험이 많아 보이스피싱등 각종 사건, 사고, 문제가 생길 수 있습니다. 우리 MyanGoal Telecom 은 불법을 하지 않습니다.)
📌 လျှောက်ထားတဲ့ SIM card များကို (245 ရက်) အနည်းဆုံး အသုံးပြုပေးရပါမယ်ရှင့်။
📦 ကိုရီးယားပြည်တွင်း အိမ်အရောက်ပို့ခ အခမဲ့ဝန်ဆောင်မှုပေးနေပါပြီ။

ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု၊ စိတ်ချရတဲ့အာမခံနဲ့ မြန်ဂိုးလ်မိုဘိုင်းမှာ ဆင်းကတ်လျှောက်ရင်း လက်ဆောင်တွေပါရဦးမှာဖြစ်လို့ အမြန်ဆုံးလေး ပြေးလာခဲ့လိုက်တော့နော်!

➡️ အသေးစိတ် ဆက်သွယ်မေးမြန်းရန်
ဖုန်းနံပါတ် - 010-2497-1478, 010-7935-1478
➡️ အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11
⏰ ဆိုင်ဖွင့်ချိန် - 10:00AM to 10:00PM
🌐 MyanGoal Official website - www.myangoal.com/telecom

လာမယ့် အပတ်မှာ တရားဝင် ထွက်ရှိလာတော့မယ့် iOS 27ကိုယ့် iPhone ရော Update တင်လို့ ရနိုင်မလားဆိုတာ ပုံလေးထဲမှာ ကြည့်သွားလို...
02/09/2026

လာမယ့် အပတ်မှာ တရားဝင် ထွက်ရှိလာတော့မယ့် iOS 27

ကိုယ့် iPhone ရော Update တင်လို့ ရနိုင်မလားဆိုတာ ပုံလေးထဲမှာ ကြည့်သွားလိုက်ပါ

တခြား မသိသေးတဲ့ သူတွေအတွက် Save ထားတာဖြစ်ဖြစ်၊ Share ထားတာဖြစ်ဖြစ်လုပ်ထားနိုင်ပါတယ်။

Apple ရဲ့ နှစ်စဉ်အမျှော်လင့်ရဆုံး Major Update ကြီးဖြစ်တဲ့ iOS 27 ဟာ လာမယ့် အပတ်မှာပဲ Official ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်!

ဒီတစ်ခေါက် iOS 27 မှာတော့ Siri AI စနစ်သစ်၊ Liquid Glass Design အသွင်ပြင်သစ်၊ Photos app ရဲ့ AI ပြုပြင်မှုစနစ်တွေနဲ့ အရှိန်အဟုန် ပိုမိုမြန်ဆန်လာတဲ့ Performance တွေ ပါဝင်လာမှာဖြစ်လို့ Apple Fan တွေ တကယ်ကို ရင်ခုန်နေကြတာပါ။

ဒါ့ကြောင့် Update မတင်ခင် မဖြစ်မနေ ပြုလုပ်ရမယ့်အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

1. Update က File Size အရမ်းကြီးမှာဖြစ်တဲ့အတွက် Update တင်နေတုန်း Wifi လိုင်းပြတ်သွားတာ၊ အကြောင်းတစ်ခုခုဖြစ်လာမှာစိုးရိမ်တယ်ဆိုရင် Data တွေကို Back Up မဖြစ်မနေ လုပ်ပါ။

2. iOS Major Update ဖြစ်တာကြောင့် System Installation အတွက် နေရာ 8 GB ကနေ 10 GB နီးပါးလောက်အထိ Free Space ရှင်းထားပေးပါ။

3. Wi-Fi နဲ့ အားသွင်းကြိုး အဆင်သင့်ပြင်ထားပါ: Update တင်နေစဥ်အတွင်း လိုင်းမကျသွားအောင် ငြိမ်တဲ့ Wi-Fi အင်တာနက် ချိတ်ဆက်ထားပါ၊ ဘက်ထရီ ရာခိုင်နှုန်းကိုလည်း 50% အထက် ရှိပါစေ (အားသွင်းကြိုး ထိုးထားလျှင် ပိုကောင်းပါတယ်)

4. Update ထွက်ပြီးတာနဲ့ မတင်ပါနဲ့။ တကယ်လို့ ကိုယ်က Normal User ပဲဆိုရင်တော့ တစ်ရက်နှစ်ရက်လောက် စောင့်ကြည့်ပြီး Update Stable ဖြစ်ပြီဆိုမှတင်တာ အကောင်းဆုံးပါ။

5. Mobile Data နဲ့ အတင်းမတင်ပါနဲ့။ Phone Bill / Mobile Data နဲ့ တင်လို့ လိုင်းကျသွားရင် Update အမှားအယွင်း ဖြစ်ပြီး Apple Logo မှာ ရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

6. Update တင်နေစဉ် ဖုန်းကို ပိတ်ခြင်း/Reboot လုပ်ခြင်း လုံးဝ မလုပ်ပါနဲ့: Update တင်နေစဉ် ဖုန်းအလုပ်လုပ်နေတာ ကြာနေရင်တောင် ပါဝါအတင်း ပိတ်တာမျိုး၊ Force Restart လုပ်တာမျိုး လုံးဝ မလုပ်ရပါ။ Software ပျက်စီးသွားနိုင်ပါတယ်။

ဒါလေးတွေကတော့ Update တင်တဲ့အခါ လူတော်တော်များများ မှားတတ်ကြတဲ့ အလွဲလေးတွေဖြစ်လို့ ဒီလို အလွဲလေးတွေ ရှောင်ပြီး Update တင်ဖို့ အကြံပေးလိုက်ပါတယ်။

ဒါမျိုး နည်းလမ်း အလွဲတွေကိုပဲ လုပ်နေတဲ့ သူငယ်ချင်းတွေအတွက်လည်း Share ပေးဖို့ မမေ့ပါနဲ့ဦး။

မြန်ဂိုးလ်မိုဘိုင်း (ဘူဖျောင်းစင်တာ) ရဲ့ ❝SIM card လျှောက်ရင်း ဗလာမပါ လက်ဆောင်ရမယ့် 2026 9လပိုင်း (LGU+, KT, SK) ဖုန်းလိ...
02/09/2026

မြန်ဂိုးလ်မိုဘိုင်း (ဘူဖျောင်းစင်တာ) ရဲ့ ❝SIM card လျှောက်ရင်း ဗလာမပါ လက်ဆောင်ရမယ့် 2026 9လပိုင်း (LGU+, KT, SK) ဖုန်းလိုင်းသီးသန့် Plan❞ များ လျှောက်လို့ရနေပါပြီ။ 🎁

နံပါတ်အသစ် လိုင်းသီးသန့် SIM card များကို စျေးနှုန်းအမျိုးစားစုံလင်စွာ စိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်ပါပြီ။
✅ လစဉ် ဖုန်းဘေလ်ကို budget ချွေတာချင်သူတွေအတွက် ချွေတာရေး plan
✅ Hotspot လေးလွှင့်လို့ရမှ အဆင်ပြေမယ်ဆိုတဲ့သူတွေအတွက် Daily 2GB plan
✅ Game နှိပ်/ ရုပ်ရှင်ကြည့်/ Video Down ချင်သူတွေအတွက် 100GB/ 200GB plan
✅ ဖုန်းလိုင်းချည်းပဲ 5G အမြင့်ဆုံးကိုမှ သုံးချင်တဲ့ သူတွေအတွက် 5G နဲ့ တိုင်တက်မယ့် speed plan
📳 SIM card လျှောက်လိုပါက လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါပြီ။
(신분증 사진으로 텔레콤을 가입하는 것은 명백한 불법입니다. 신분증 사진으로 개통하신 이력이 있다면 명의도용의 위험이 많아 보이스피싱등 각종 사건, 사고, 문제가 생길 수 있습니다. 우리 MyanGoal Telecom 은 불법을 하지 않습니다.)
📌 လျှောက်ထားတဲ့ SIM card များကို (245 ရက်) အနည်းဆုံး အသုံးပြုပေးရပါမယ်ရှင့်။
📦 ကိုရီးယားပြည်တွင်း အိမ်အရောက်ပို့ခ အခမဲ့ဝန်ဆောင်မှုပေးနေပါပြီ။

ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု၊ စိတ်ချရတဲ့အာမခံနဲ့ မြန်ဂိုးလ်မိုဘိုင်းမှာ ဆင်းကတ်လျှောက်ရင်း လက်ဆောင်တွေပါရဦးမှာဖြစ်လို့ အမြန်ဆုံးလေး ပြေးလာခဲ့လိုက်တော့နော်!

➡️ အသေးစိတ် ဆက်သွယ်မေးမြန်းရန်
ဖုန်းနံပါတ် - 010-2497-1478, 010-7935-1478
➡️ အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11
⏰ ဆိုင်ဖွင့်ချိန် - 10:00AM to 10:00PM
🌐 MyanGoal Official website - www.myangoal.com/telecom

❝ကြိုတင်ငွေဖြည့်သုံး 𝐏𝐫𝐞𝐩𝐚𝐢𝐝 𝐒𝐈𝐌 𝐜𝐚𝐫𝐝❞ 𝐏𝐥𝐚𝐧 များကို MyanGoal Telecom မှာ စျေးနှုန်း Package အမျိုးစားစုံလင်စွာ စိတ်ကြိုက...
02/09/2026

❝ကြိုတင်ငွေဖြည့်သုံး 𝐏𝐫𝐞𝐩𝐚𝐢𝐝 𝐒𝐈𝐌 𝐜𝐚𝐫𝐝❞ 𝐏𝐥𝐚𝐧 များကို MyanGoal Telecom မှာ စျေးနှုန်း Package အမျိုးစားစုံလင်စွာ စိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်ပါပြီ။

📳 Passport SIM card လျှောက်လိုပါက လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါတယ်ဗျ။
📦 ကိုရီးယားပြည်တွင်း အိမ်အရောက်ပို့ခ အခမဲ့ဝန်ဆောင်မှုတွေ ပေးပါတယ်ခင်ဗျ။

ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု၊ စိတ်ချရတဲ့အာမခံနဲ့ မြန်ဂိုးလ်မိုဘိုင်းမှာ ဆင်းကတ်လျှောက်ရင်း လက်ဆောင်တွေပါရဦးမှာဖြစ်လို့ အမြန်ဆုံးလေး ပြေးလာခဲ့လိုက်တော့နော်!

➡️ အသေးစိတ် ဆက်သွယ်မေးမြန်းရန်
ဖုန်းနံပါတ် - 010-2497-1478, 010-7935-1478
➡️ အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11
⏰ ဆိုင်ဖွင့်ချိန် - 10:00AM to 10:00PM
🌐 MyanGoal Telecom Official website - www.myangoal.com/telecom


MyanGoal Telecom

iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်းလွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone အသစ်တစ်လုံး စတင်အသုံးပ...
01/09/2026

iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone အသစ်တစ်လုံး စတင်အသုံးပြုဖို့ Data တွေ ကူးတော့မယ်ဆိုရင် အမှတ်မထင် Data တွေ ဆုံးရှုံးရလေ့ရှိပါတယ်။

အပြည့်အစုံဖတ်ရန် - https://myangoal.com/general/iphone-အဟောင်းထဲက-data-တွေကို-iphone-အသစ/

01/09/2026

🧡 iPhone17 ProMax (256gb) 🧡 Unboxing

ခေတ်စားတဲ့ Cosmic Orange ပဲကြိုက်တယ်ဆိုတဲ့ customer အကိုရဲ့ Hands on (1st impression) စင်တာ Official Warranty ပါတဲ့ ပါကင်ပိတ်အလုံးသစ် 📲

မြန်ဂိုးလ်မိုဘိုင်း (ဘူဖြောင်းစင်တာ)မှာ ဝယ်ယူအားပေးသူ customers များအတွက် 25W (TypeC) Charger, Screen Protector, Camera Protector, Earphone, Jelly Cover လက်ဆောင်များပေးပါတယ်ဗျ 🎁

✅ အာမခံ (Official Warranty 1 Year) ပါဝင်ပြီး
✅ Apple ID ဖွင့်ပေးခြင်း, Gmail account ဖွင့်ပေးခြင်းနဲ့ Activate လုပ်ပေးခြင်း
📦 ကိုရီးယား (ပြည်တွင်း ပို့ဆောင်မှုအခမဲ့) နှင့် မြန်မာပြည်ကိုလဲ ပို့ဆောင်ပေးနေတဲ့ Delivery Service ရနိုင်ခြင်း
♦️ အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ပါပြီ။

ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု စိတ်ချရတဲ့အာမခံနဲ့ မြန်ဂိုးလ်မိုဘိုင်းမှာ ဖုန်းဝယ်ရင်း လက်ဆောင်တွေပါရဦးမှာဖြစ်လို့ အမြန်ဆုံးလေး ပြေးလာခဲ့လိုက်တော့နော်! (အချိန်နဲ့အမျှ ဝမ်စျေးနှုန်း အတက်/ကျ ရှိနိုင်ပါတယ်ဗျ)

➡️အသေးစိတ် ဆက်သွယ်မေးမြန်းရန်
ဖုန်းနံပါတ် - 010-2497-1478, 010-7935-1478, 010-9135-1478, 010-9992-1478
➡️ အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11

❝ 01.Sep.2026 ❞MyanGoal Telecom 𝐒𝐭𝐨𝐫𝐞 𝐔𝐩𝐝𝐚𝐭𝐞 𝐏𝐫𝐢𝐜𝐞 𝐋𝐢𝐬𝐭𝐀𝐏𝐏𝐋𝐄iPhone17 ProMax (2TB) - 2,688,000 ဝမ်iPhone17 ProMax (1TB) -...
01/09/2026

❝ 01.Sep.2026 ❞
MyanGoal Telecom 𝐒𝐭𝐨𝐫𝐞 𝐔𝐩𝐝𝐚𝐭𝐞 𝐏𝐫𝐢𝐜𝐞 𝐋𝐢𝐬𝐭

𝐀𝐏𝐏𝐋𝐄
iPhone17 ProMax (2TB) - 2,688,000 ဝမ်
iPhone17 ProMax (1TB) - 2,378,000 ဝမ်
iPhone17 ProMax (512GB) - 2,168,000 ဝမ်
iPhone17 ProMax (256GB) - 1,858,000 ဝမ်
iPhone17 Pro (1TB) - 2,198,000 ဝမ်
iPhone17 Pro (512GB) - 1,938,000 ဝမ်
iPhone17 Pro (256GB) - 1,668,000 ဝမ်
iPhone17 (512GB) - 1,488,000 ဝမ်
iPhone17 (256GB) - 1,258,000 ဝမ်
iPhone17E (512GB) - 1,088,000 ဝမ်
iPhone17E (256GB) - 838,000 ဝမ်
iPhone16 (128GB) - 998,000 ဝမ်

𝐒𝐀𝐌𝐒𝐔𝐍𝐆
Galaxy S26 Ultra (1TB) No Logo - 1,968,000 ဝမ်
Galaxy S26 Ultra (512GB) No Logo - 1,748,000 ဝမ်
Galaxy S26 Ultra (256GB) No Logo- 1,558,000 ဝမ်
Galaxy S26 Plus (512GB) No Logo- 1,288,000 ဝမ်
Galaxy S26 Plus (256GB) No Logo - 1,188,000 ဝမ်
Galaxy S26 (512GB) No Logo – 1,188,000 ဝမ်
Galaxy S26 (256GB) No Logo – 1,088,000 ဝမ်
Galaxy S25FE (256GB) No Logo – 828,000 ဝမ်
Galaxy Z Fold 8 Ultra (1TB) No Logo - 2,548,000 ဝမ်
Galaxy Z Fold 8 Ultra (512GB) No Logo - 2,338,000 ဝမ်
Galaxy Z Fold 8 (512GB) No Logo - 2,258,000 ဝမ်
Galaxy Z Flip 8 (512GB) No Logo - 1,688,000 ဝမ်
Galaxy Z Flip 8 (256GB) No Logo - 1,488,000 ဝမ်
Galaxy Z Fold 7 (1TB) No Logo - 2,248,000 ဝမ်
Galaxy Z Fold 7 (512GB) No Logo - 2,088,000 ဝမ်
Galaxy Z Fold 7 (256GB) No Logo - 1,888,000 ဝမ်
Galaxy Z Flip 7 (256GB) - 1,198,000 ဝမ်
Galaxy Quantum6 (128GB) - 498,000 ဝမ်
Galaxy A36(128GB) - 388,000 ဝမ်
Galaxy A17(128GB) - 298,000 ဝမ်
Galaxy Jump4 (128GB) - 298,000 ဝမ်

𝐗𝐈𝐀𝐎𝐌𝐈
Redmi 14C (256GB) - 198,000 ဝမ်
Redmi 14C (128GB) - 158,000 ဝမ်

𝐓𝐀𝐁𝐋𝐄𝐓
iPad Pro M5 13' (512GB) Wifi - 2,198,000 ဝမ်
iPad Pro M5 13' (256GB) Cell - 2,088,000 ဝမ်
iPad Pro M5 13' (256GB) Wifi - 1,898,000 ဝမ်
iPad Pro M5 11' (256GB) Cell - 1,758,000 ဝမ်
iPad Pro M5 11' (256GB) Wifi - 1,598,000 ဝမ်
iPad Air M4 11' (256GB) Wifi - 1,168,000 ဝမ်
iPad Air M4 11' (128GB) Wifi - 1,058,000 ဝမ်
iPad 11(128GB) Wifi – 629,000 ဝမ်
Galaxy Tab S11 Ultra Wifi (256GB) - 1,428,000 ဝမ်
Galaxy Tab S11 Wifi (256GB) - 1,098,000 ဝမ်
Galaxy Tab S11 Wifi (128GB) - 998,000 ဝမ်
Galaxy Tab S9 FE Plus Wifi (256GB) - 698,000 ဝမ်
Galaxy Tab S9 FE Plus Wifi (128GB) - 598,000 ဝမ်
Galaxy Tab A11 Plus LTE (128GB) - 339,000 ဝမ်
Galaxy Tab A9 LTE (64GB) - 249,000 ဝမ်

𝐖𝐀𝐓𝐂𝐇
Apple Watch 11 (46mm) - 578,000 ဝမ်
Apple Watch 11 (42mm) - 538,000 ဝမ်
Apple Watch SE3 (44mm) - 358,000 ဝမ်
Apple Watch SE3 (40mm) - 328,000 ဝမ်
Galaxy Watch8 Classic (46mm) - 459,000 ဝမ်
Galaxy Watch8 (44mm) - 298,000 ဝမ်
Galaxy Watch8 (40mm) - 248,000 ဝမ်
Galaxy Fit3 88,000 ဝမ်

𝐄𝐚𝐫𝐩𝐡𝐨𝐧𝐞
AirPods Max - 598,000 ဝမ်
AirPods pro 3 - 328,000 ဝမ်
AirPods 4 (ANC) - 248,000 ဝမ်
AirPods 4 - 198,000 ဝမ်
Galaxy Buds4 Pro - 338,000 ဝမ်
Galaxy Buds4 - 248,000 ဝမ်
Galaxy Buds3 Pro - 218,000 ဝမ်
Galaxy Buds3 FE - 129,000 ဝမ်

𝐋𝐚𝐩𝐭𝐨𝐩
Macbook Air M4 15' 16GB (512GB) - 1,938,000 ဝမ်
Macbook Air M4 13' 24GB (512GB) - 1,898,000 ဝမ်
Macbook Neo 13’ (256GB) - 1,078,000 ဝမ်
GIGABYTE G6 (intel-i7, RTX4060, RAM16, 1TB) - 1,198,000 ဝမ်
ASUS ExpertBook (Core5-H210, RAM8, 512GB) - 778,000 ဝမ်
HP 15-Fc1058AU (Ryzen5 7535HS, RAM8, 256GB) - 728,000 ဝမ်
Lenovo 15 V15 (Ryzen5 7520U, RAM16, 256GB) - 718,000 ဝမ်
Dell Pro15 Essential 8GB (512GB) - 643,000 ဝမ်
================================

မြန်ဂိုးလ်မိုဘိုင်း (ဘူဖျောင်းစင်တာ)မှာ ဝယ်ယူအားပေးသူ customers များအတွက် 𝗦𝗰𝗿𝗲𝗲𝗻 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗼𝗿, 𝗖𝗮𝗺𝗲𝗿𝗮 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗼𝗿, 𝗝𝗲𝗹𝗹𝘆 𝗖𝗼𝘃𝗲𝗿, 𝗘𝗮𝗿𝗽𝗵𝗼𝗻𝗲 (𝗧𝘆𝗽𝗲-𝗖), 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝗖𝗵𝗮𝗿𝗴𝗲𝗿 လက်ဆောင်များပေးပါတယ် 🎁

✅ အာမခံ (Official Warranty - 1 Year) ပါဝင်ပြီး
✅ iCloud, Samsung account & Gmail account ဖွင့်ပေးခြင်း, မြန်မာစာဖောင့်ထည့်ပေးခြင်းနဲ့ Activate လုပ်ပေးခြင်း
📦 ကိုရီးယား (ပြည်တွင်း ပို့ဆောင်မှုအခမဲ့)
✈️ မြန်မာနိုင်ငံကို (အပတ်စဉ်) တာဝန်ယူပို့ဆောင်မှု Service ရနိုင်ခြင်း
🔁 Trade-in အနေနဲ့ အဟောင်းပေးပြီး အသစ်ရယူနိုင်ခြင်း
♦️ အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ပါပြီ။

ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု၊ စိတ်ချရတဲ့အာမခံနဲ့ မြန်ဂိုးလ်မိုဘိုင်းမှာ ဖုန်းဝယ်ရင်း လက်ဆောင်တွေပါရဦးမှာဖြစ်လို့ အမြန်ဆုံးလေး ပြေးလာခဲ့လိုက်တော့နော်! (အချိန်နဲ့အမျှ ဝမ်စျေးနှုန်း အတက်/ကျ ရှိနိုင်ပါတယ်ဗျ)

➡️ အသေးစိတ် ဆက်သွယ်မေးမြန်းရန်
ဖုန်းနံပါတ် - 010-2497-1478
➡️ အင်ချွန်း၊ ဘူဖြောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ်၊ ဆိုင်နံပါတ် 11
⏰ ဆိုင်ဖွင့်ချိန် - 10:00AM to 10:00PM
🌐 MyanGoal Official website - www.myangoal.com/telecom

Apple CEO အဖြစ် Tim Cook ရဲ့ နောက်ဆုံး နှုတ်ဆက်စာSteve Jobs ရဲ့ ဆက်ခံသူအဖြစ် ရောက်လာခဲ့တဲ့ Tim Cook ဟာ iPhone ရဲ့ အောင်မ...
01/09/2026

Apple CEO အဖြစ် Tim Cook ရဲ့ နောက်ဆုံး နှုတ်ဆက်စာ

Steve Jobs ရဲ့ ဆက်ခံသူအဖြစ် ရောက်လာခဲ့တဲ့ Tim Cook ဟာ iPhone ရဲ့ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သလို Apple ကိုလည်း တခြားသူတွေ ယှဉ်ရခက်တဲ့ ကမ္ဘာ့အင်အားကြီး ကုမ္ပဏီတစ်ခု ဖြစ်အောင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ CEO စတင်ဖြစ်လာခဲ့ချိန်ကစလို့ Cook ဟာ လူပေါင်း သန်းထောင်ချီရဲ့ နေ့စဉ်ဘဝမှာ အလွန်လွှမ်းမိုးမှုရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်အောင် ဦးဆောင်လမ်းပြခဲ့တာပါ။ August 31 ရက်နေ့ဟာ သူ့အတွက် CEO အနေနဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။

"CEO အနေနဲ့ နောက်ဆုံးနေ့မှာ Apple မိသားစုဝင်တွေအားလုံးကို အချစ်တွေ အများကြီး ပို့သလိုက်ပါတယ်။ မနက်ဖြန်မှာ ကျွန်တော့်ရဲ့ ရာထူးနေရာ ပြောင်းလဲသွားမှာ ဖြစ်ပေမဲ့ Apple မိသားစုအပေါ် ထားတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အမြဲတမ်း ခွန်အားနဲ့ စိတ်ကူးသစ်တွေ ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးသာ တင်ရှိနေမိပြီး နောက်ထပ် လျှောက်လှမ်းရမယ့် အခန်းကဏ္ဍသစ်အတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။"

CEO သစ်ဖြစ်လာမယ့် John Ternus အကြောင်းကိုတော့ အပြောင်းအလဲတွေ စတင်ချိန်မှာ ပိုပြီး အသေးစိတ် ပြောပြသွားပါဦးမယ်။ လောလောဆယ်မှာတော့ Tim Cook ရဲ့ Apple ဝန်ထမ်းတွေထံ ပေးပို့ခဲ့တဲ့ နောက်ဆုံး နှုတ်ဆက်စာကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

အဖွဲ့သားတို့ရေ...

ဒီနေ့ဟာ Apple ရဲ့ CEO အဖြစ် ကျွန်တော့်ရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုး တစ်နေ့နေ့တော့ ရောက်လာမယ်ဆိုတာ အမြဲ သိထားခဲ့ပေမဲ့ တကယ်တမ်း ရောက်ရှိလာပြီး ဒီစာကို ရေးနေရတဲ့အချိန်မှာတော့ မယုံနိုင်အောင် ဖြစ်ရဆဲပါပဲ။ ကျွန်တော် ဒီကုမ္ပဏီကိုရော၊ ဒီကုမ္ပဏီရဲ့ နောက်ကွယ်က အဖွဲ့သားတွေကိုပါ ချစ်ပါတယ်။ သင်တို့ဆီကနေ ရရှိခဲ့တဲ့ မေတ္တာတရားတွေ၊ နေ့စဉ်နေ့တိုင်း အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပုံတွေနဲ့ အဓိကကတော့ သင်တို့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့တဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ကြောင်း စာမရေးဘဲ ဒီနေ့ကို မကျော်လွန်လိုက်ချင်ပါဘူး။

အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ဘာတွေပဲ ပြောကြပါစေ၊ ဒါတွေ အားလုံးဟာ မင်းတို့ကြောင့်ပဲဆိုတာ ကျွန်တော် သိပါတယ်။

သင်တို့က ကျွန်တော့်ဆီက အကောင်းဆုံး အရည်အသွေးတွေကို ဆွဲထုတ်ပေးခဲ့တာပါ။ ကျွန်တော့်ရဲ့ တစ်သက်တာမှာ ဒီလောက် ထူးချွန်ထက်မြက်တဲ့ လူငယ်အဖွဲ့အစည်းမျိုးကို တစ်ခါမှ မမြင်ဖူး၊ မကြုံဖူးခဲ့ပါဘူး။ နေ့စဉ်နေ့တိုင်းမှာလည်း အဲဒါကို သက်သေပြနေတဲ့ ဥပမာတွေကို ပိုပြီး တွေ့မြင်နေရပါတယ်။

Apple မှာ တကယ်ကို အထူးခြားဆုံး အရာတစ်ခု ရှိပါတယ်။ ဘဏ္ဍာရေး အစီရင်ခံစာတွေထဲမှာ ဘယ်တော့မှ ဖော်ပြလို့ မရနိုင်တဲ့ အရာအတွက် ကျွန်တော် အဂုဏ်ယူရဆုံးပါပဲ။ ဒီနေရာဟာ ကော်ပိုရိတ် ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ဟာ အရာရာကို အနိုင်ယူနိုင်တယ်ဆိုတာ အကောင်းဆုံး သက်သေပြနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ အရာတွေဟာ အရေးပါလှတယ်ဆိုတဲ့ ယုံကြည်ချက်ကို ပူးတွဲ စွဲကိုင်ထားကြသလို၊ ကျွန်တော်တို့ ရောက်မလာခင်ကထက် ဒီကမ္ဘာကြီးကို ပိုမို ကောင်းမွန်အောင် ချန်ထားရစ်ခဲ့ဖို့ အခွင့်အရေးရော၊ တာဝန်ပါ ရှိတယ်ဆိုတာကိုပါ ယုံကြည်ကြပါတယ်။ ဒီလို ရည်ရွယ်ချက်မျိုး ရှိနေတာဟာ ဒီနေရာကို ပိုမို ထူးခြားစေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ Apple က ဒီစိတ်ဓာတ်ကို ပျိုးထောင်ပေးဖို့ ကူညီပေးပေမဲ့ သင်တို့ ဒီကို ရောက်မလာခင် ကတည်းက သင်တို့ရဲ့ ရင်ထဲမှာ ဒီစိတ်ဓာတ်တွေ ကိန်းဝပ်နေပြီးသားလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဟာ မင်းတို့ကို ဒီကုမ္ပဏီဆီ ခေါ်ဆောင်လာခဲ့တာ ဖြစ်သလို၊ နေ့စဉ် အလုပ်တွေကို ဆက်လက် လုပ်ဆောင်နိုင်အောင် တွန်းအားပေးနေတဲ့ အရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ပေါင်းစည်းလိုက်တဲ့အခါ တစ်ယောက်ချင်းစီ စိတ်ကူးအိပ်မက် ပုံဖော်နိုင်တာထက်၊ သီးသန့် လုပ်ဆောင်နိုင်တာထက် အများကြီး ပိုမို ကြီးမားတဲ့ အရာတစ်ခုကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။

ကျွန်တော်တို့ဟာ တစ်ယောက်ရဲ့ အကောင်းဆုံးတွေကို တစ်ယောက်က ဆွဲထုတ်ပေးကြတယ်၊ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီပေးကြပါတယ်။ Steve Jobs တစ်ချိန်က တင်စားခဲ့သလိုပါပဲ၊ ကျွန်တော်တို့ဟာ ဘယ်သူတွေလဲ၊ ဘာကို ယုံကြည်ကြသလဲ၊ ဘာကို တန်ဖိုးထားပြီး ကမ္ဘာကြီးကို ဘယ်လို ရှုမြင်ကြသလဲဆိုတဲ့ အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ "စကြာဝဠာထဲက အမှတ်အသားတစ်ခု" ကို ချန်ထားရစ်ခဲ့နိုင်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။

အားလုံး သိကြတဲ့အတိုင်း ကျွန်တော် Apple ကနေ လုံးဝ ထွက်ခွာသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွန်မြတ်နိုးခဲ့ရတဲ့ ရာထူးတစ်ခုကနေတော့ နှုတ်ထွက်လိုက်ပါပြီ။ ဒီ ဆုံးဖြတ်ချက်အပေါ် ကျွန်တော် လုံးဝ စိတ်အေးချမ်းသာစွာနဲ့ လက်ခံထားပေမဲ့လည်း အခုတောင် စိတ်ကူး ကြိုတင်ကြည့်လို့ မရနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ဒီအလုပ်ကို လွမ်းဆွတ်နေမိတော့မှာပါ။ ကျွန်တော့် Team ကို ဦးဆောင်ရတာတွေ၊ ခြေလှမ်းတိုင်းမှာ သင်တို့နဲ့အတူ ရှိနေခဲ့ရတာတွေကို လွမ်းနေတော့မှာ ဖြစ်ပေမဲ့လည်း John လိုမျိုး ထက်မြက်ပြီး ထူးချွန်တဲ့၊ အရည်အချင်းပြည့်ဝတဲ့သူဆီ တာဝန်လွှဲပြောင်းပေးလိုက်ရတာမို့ အလွန်ပဲ စိတ်အေးချမ်းရပါတယ်။ John လိုမျိုး ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် ထုတ်ကုန်တွေကို ဖန်တီးဖို့ ဘာတွေ လိုအပ်သလဲဆိုတာကို နားလည်တဲ့သူမျိုး အလွန် ရှားပါတယ်။ သူ ဦးဆောင်သွားမယ့် အနာဂတ်အတွက်လည်း ကျွန်တော် အတိုင်းအတာမရှိ စိတ်လှုပ်ရှားမိပါတယ်။

ကျွန်တော် သင်တို့ကို ဘယ်လောက်တောင် တန်ဖိုးထားသလဲဆိုတာနဲ့ သင်တို့ရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့တာဟာ ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းသလဲဆိုတာကို သင်တို့ သိရှိခံစားမိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ Apple လို့ ခေါ်တဲ့ ဒီလို ထူးခြားဆန်းသစ်တဲ့ နေရာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကို ဆက်လက် ဂုဏ်ယူနေကြပြီး အမြဲတမ်း အကောင်းဆုံး ကြိုးစားသွားကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ အချင်းချင်းရော၊ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ Customer တွေကိုပါ အလေးထား စောင့်ရှောက်ရင်း ဒီအလုပ်မှာ စိတ်ရော ကိုယ်ပါ အပြည့်အဝ မြှုပ်နှံလိုက်တဲ့အခါ ကျွန်တော်တို့ ဖန်တီးနိုင်မယ့် ကြီးမားတဲ့ ပြောင်းလဲမှုတွေအတွက် ဘာအတားအဆီးမှ ရှိတော့မှာ မဟုတ်ပါဘူး။

Apple Park မှာရော၊ ကမ္ဘာတစ်ဝှမ်းလုံးမှာပါ ကျွန်တော့်ရဲ့ ရာထူးနေရာသစ်နဲ့ သင်တို့ကို ပြန်လည် ဆုံတွေ့ဖို့ မျှော်လင့်နေပါတယ်။

ကျွန်တော့်မှာ ရှိသမျှ အရာအားလုံး၊ ကျွန်တော် ဆိုတဲ့ ဖြစ်တည်မှု အားလုံးနဲ့အတူ အမြဲတမ်း...

ချစ်ရတဲ့
Tim

၂၀၂၆ မှာ  ထည့်ထားသင့်တဲ့ အကောင်းဆုံး iPhone App များအခုပဲ iPhone အသစ်တစ်လုံး ဝယ်ထားတာဆိုရင် ChatGPT၊ Bitwarden နဲ့ Googl...
31/08/2026

၂၀၂၆ မှာ ထည့်ထားသင့်တဲ့ အကောင်းဆုံး iPhone App များ

အခုပဲ iPhone အသစ်တစ်လုံး ဝယ်ထားတာဆိုရင် ChatGPT၊ Bitwarden နဲ့ Google Maps တို့ဟာ အရင်ဆုံး ထည့်သွင်းသင့်တဲ့ App သုံးခုပါ။ အဲဒါပြီးရင်တော့ သင့်ဖုန်းကို ဘာအတွက် အဓိက သုံးသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်သွားပါပြီ။

အောက်မှာ ဖော်ပြပေးထားတဲ့ App တွေ တစ်ခုချင်းစီမှာ သူ့နေရာနဲ့သူ အသုံးဝင်လွန်းလို့ ဖုန်းမှာ မရှိမဖြစ် ထည့်ထားသင့်လို့ ရွေးချယ်ပေးထားတာပါ။

တချို့က Apple ရဲ့ မူလ App တွေကို ပိုကောင်းအောင် လုပ်ပေးတာမျိုးဖြစ်ပြီး တချို့ကတော့ iPhone မှာ ပုံမှန် မလုပ်နိုင်တာတွေကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။

ဇာတ်လမ်းတိုလောကမှာ AI အခန်းကဏ္ဍ ပိုမိုကြီးမားလာပြီး သရုပ်ဆောင်တွေမှာတော့ ထိခိုက်မှုတွေ ကြုံတွေ့နေရဖျော်ဖြေရေးလုပ်ငန်းဟာ ...
30/08/2026

ဇာတ်လမ်းတိုလောကမှာ AI အခန်းကဏ္ဍ ပိုမိုကြီးမားလာပြီး သရုပ်ဆောင်တွေမှာတော့ ထိခိုက်မှုတွေ ကြုံတွေ့နေရ

ဖျော်ဖြေရေးလုပ်ငန်းဟာ ဆန်းသစ်ပြီး ထူးဆန်းတဲ့ လက်တွေ့အခြေအနေတစ်ခုဆီ ရောက်ရှိလို့ လာနေပါပြီ။ ဒါကတော့ သင်ကြည့်ရှုနေရတဲ့ သရုပ်ဆောင်ဟာ လူအစစ် တစ်ယောက်မဟုတ်တော့တာမျိုးပါ။ AI နဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတိုတွေနဲ့ ဒီဂျစ်တယ် သရုပ်ဆောင်တွေဟာ စမ်းသပ်နည်းပညာအဖြစ်ကနေ နေ့စဉ် ဖျော်ဖြေရေးကဏ္ဍထဲကို ကူးပြောင်းဝင်ရောက်လာနေကြပါပြီ။

ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ဇာတ်ကောင်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ဇာတ်လမ်းတို ထုတ်လုပ်မှု တစ်ခုလုံးကို ဖန်တီးဖို့ AI နည်းပညာကို ပိုမို အသုံးပြုလာကြပါတယ်။ ဒီလို ပြောင်းလဲမှုဟာ မြန်ဆန်လွန်းတာကြောင့် အချို့သော သရုပ်ဆောင်တွေမှာ အလုပ်အကိုင်တွေ စတင် ဆုံးရှုံးနေကြရသလို၊ အချို့ဆိုရင် သူတို့နေရာမှာ အစားထိုးမယ့် AI ဗားရှင်းတွေ ဖန်တီးရာမှာ ကူညီပေးဖို့ပါ တောင်းဆိုခံနေကြရပါတယ်။

Financial Times ရဲ့ ဖော်ပြချက်အရ ByteDance ရဲ့ Seedance 2.0 အပါအဝင် စွမ်းဆောင်ရည်မြင့် ဗီဒီယိုဖန်တီးရေး နည်းပညာအသစ်တွေဟာ ဇာတ်လမ်းတိုတွေမှာ AI အသုံးပြုမှုကို ပိုမို မြန်ဆန်လာစေတာပါ။ ဒီနည်းပညာက ထုတ်လုပ်မှုစရိတ်ကို အံ့ဩစရာကောင်းလောက်အောင် လျှော့ချပေးနိုင်ရုံတင်မကဘဲ အဆင့်မြင့် ဗီဒီယိုတွေကို ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်စေပါတယ်။

AI ဟာ သရုပ်ဆောင်တွေကို ကူညီရုံတင်မကဘဲ နေရာပါ ဝင်ယူလာနေ
ဒီပြောင်းလဲမှုရဲ့ ပမာဏကို လျစ်လျူရှုထားဖို့ ခက်ခဲပါတယ်။ DataEye ရဲ့ ဖော်ပြချက်အရ မေလအတွင်း ByteDance ရဲ့ တရုတ် ဇာတ်လမ်းတိုပလက်ဖောင်း Douyin ပေါ်မှာ ရေပန်းအစားဆုံး အန်နီမေးရှင်း ဇာတ်လမ်းတို ၁၀၀ မှာ ၈၉ ခုဟာ AI ထုတ်လုပ်မှုတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် China Netcasting Services Association ရဲ့ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် ပထမ ၃ လအတွင်း ဇာတ်လမ်းတိုပေါင်း ၁၂၈,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ တစ်နှစ်လုံး ထွက်ရှိခဲ့တဲ့ ပမာဏထက် ၃ ဆကျော် ပိုများနေတာဖြစ်ကာ ၉၅ ရာခိုင်နှုန်းနီးပါးဟာ AI နဲ့ ဖန်တီးထားတာဖြစ်ကြောင်း Financial Times က ဖော်ပြထားပါတယ်။

စီးပွားရေးအရ တွက်ခြေကိုက်မှုတွေက ထုတ်လုပ်သူတွေ ဒီနည်းပညာကို ဘာကြောင့် လက်ခံသုံးစွဲနေကြလဲဆိုတာကို ရှင်းပြနေပါတယ်။ Tsinghua တက္ကသိုလ်မှ ပါမောက္ခ Shen Yang က ၂၀၂၄ ခုနှစ်တုန်းက လူ ၅ ယောက်နဲ့ ၃ လနီးပါး ကြာမြင့်ခဲ့တဲ့ ၃ မိနစ်မှ ၅ မိနစ်စာ ဇာတ်လမ်းတိုတစ်ခုဟာ အခုအခါမှာတော့ ဝန်ထမ်းတစ်ယောက်တည်းနဲ့ ၁ ရက် သို့မဟုတ် ၂ ရက်အတွင်း ပြီးစီးနိုင်ပြီဖြစ်ကြောင်း FT သို့ ပြောကြားခဲ့ပါတယ်။

အချိန်တိုတောင်းသွားတာနဲ့အမျှ ထုတ်လုပ်မှုစရိတ်တွေလည်း ကျဆင်းသွားပါတယ်။ AI အန်နီမေးရှင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zeelin ဟာ မေလအတွင်း ၁ မိနစ်စာ ဇာတ်လမ်းတို အပိုင်းပေါင်း ၈,၀၀၀ ခန့် ထုတ်ဝေခဲ့ပြီး ၁ မိနစ်စာ ပျမ်းမျှကုန်ကျစရိတ်မှာ ဒေါ်လာ ၉၀ မှ ၁၂၀ ခန့်သာ ရှိတာကြောင့် လူအစစ်တွေနဲ့ ရိုက်ကူးချိန် ကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။

ပွဲကြည့်ပရိသတ်တွေအတွက်ကတော့ သက်သာပြီး မြန်မြန်ဆန်ဆန် ထုတ်လုပ်ထားတဲ့ ဖျော်ဖြေရေးတွေ ပေါပေါများများ ရရှိလာနိုင်ပေမဲ့ သရုပ်ဆောင်တွေအတွက်ကတော့ စိတ်လှုပ်ရှားစရာ လုံးဝ မရှိတော့ပါဘူး။

Austin မြို့မှာ ပြုလုပ်ခဲ့တဲ့ SXSW ပွဲမှာ ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာကြီး Steven Spielberg က ဖန်တီးမှုကဏ္ဍတွေမှာ AI ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Spielberg က ၂၀၂၆ ပွဲအင်တာဗျူးတစ်ခုမှာ နည်းပညာကို ကဏ္ဍအတော်များများမှာ ထောက်ခံသော်လည်း ရုပ်ရှင်ရိုက်ကူးရေးမှာ လူသားတွေရဲ့ ဖန်တီးနိုင်စွမ်းနေရာမှာ AI အစားထိုးဝင်ရောက်လာမှုကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇာတ်လမ်းတို သရုပ်ဆောင်နှင့် ထုတ်လုပ်သူ Greg Wollner က Seedance 2.0 မထွက်ရှိမီက သူဟာ တစ်ပတ်ကို ထုတ်လုပ်မှု ၃ ခုအထိ ရိုက်ကူးခဲ့ရကြောင်း FT သို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ "အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီး" သူ့ရဲ့ မိတ်ဆွေ အတော်များများလည်း ဒီအလုပ်ကနေ ထွက်သွားခဲ့ကြရပါတယ်။

အချို့သော သရုပ်ဆောင်တွေဆိုရင် အလုပ်မဆုံးရှုံးမီ သူတို့ရဲ့ ပုံရိပ်တွေ၊ အသံတွေနဲ့ သရုပ်ဆောင်ဟန်တွေကို AI စနစ်တွေထဲ ပြောင်းလဲထည့်သွင်းပေးဖို့ တောင်းဆိုခြင်းခံနေကြရပါတယ်။ ကလေးပညာပေးအစီအစဉ် တင်ဆက်သူ အမျိုးသမီးတစ်ဦးက သူမရဲ့ AI စောင်ပစ္စည်း (replica) ဖန်တီးဖို့ သဘောတူညီခိုင်းတာ သို့မဟုတ် အခြားသရုပ်ဆောင်တွေနဲ့ အစားထိုးခံရမယ့် ဘေးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း FT သို့ ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ ၁ နှစ်စာ လစာနဲ့ ဗီတိုအာဏာ ကျင့်သုံးခွင့်တို့ ပါဝင်တဲ့ ၅ နှစ်စာ ကန်ထရိုက်စာချုပ်ကို ညှိနှိုင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။

Amazon ရဲ့ MGM Studio ဌာနကလည်း ရုပ်ရှင်နဲ့ တီဗီထုတ်လုပ်ရေးမှာ ကုန်ကျစရိတ် သက်သာစေဖို့နဲ့ ပိုမိုမြန်ဆန်စေဖို့ AI ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်အနေနဲ့ အလုပ်အကိုင်တွေနဲ့ စက်မှုလုပ်ငန်း အဆင့်ဆင့်ပေါ် AI ရဲ့ သက်ရောက်မှုကို သတိထား စောင့်ကြည့်နေပေမဲ့ ကုမ္ပဏီကတော့ ဖန်တီးမှု လုပ်ငန်းစဉ်တစ်ခုလုံးမှာ AI ကို ပေါင်းစပ်ထည့်သွင်းဖို့ ရည်ရွယ်ထားပါတယ်။

Amazon ရဲ့ "AI Studio" မှာ Albert Cheng ဦးဆောင်တဲ့ အဖွဲ့ငယ်လေးဟာ စတင်ထုတ်လုပ်ခြင်း မပြုမီ ပြင်ဆင်မှု အစီအစဉ်တွေနဲ့ ထုတ်လုပ်ပြီးနောက်ပိုင်း တည်းဖြတ်မှုတွေကို လျှင်မြန်စေမယ့် သီးသန့် နည်းပညာကိရိယာတွေကို စတီထွင်နေကြောင်း Reuters က ဖော်ပြထားပါတယ်။ Cheng ရဲ့ ပြောကြားချက်အရ AI Studio ဟာ စာရေးဆရာများ၊ ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် အခြား ဖန်တီးရှင်များကို အဆင့်တိုင်းမှာ ပါဝင်စေလျက် ကုန်ကျစရိတ်များကို လျှော့ချပြီး ဖန်တီးမှု လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်တာဖြစ်ပါတယ်။

ဒါကြောင့်လည်း AI ဇာတ်လမ်းတိုတွေကို သင် တစ်ခါမှ မကြည့်ဖူးရင်ပင် ဒါဟာ ဘာကြောင့် အရေးပါနေရသလဲဆိုတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ စရိတ်ကြီးမားတဲ့ လူသားတွေရဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ဆော့ဖ်ဝဲလ်အတွင်း ပိုမိုကျုံ့ယူနိုင်တဲ့ ဖျော်ဖြေရေး စံနမူနာသစ်တစ်ခုကို ပြသနေတာပါ။ AI နဲ့ ဖန်တီးထားတဲ့ သရုပ်ဆောင်တွေဟာ အနာဂတ် ရောက်ရှိလာမှာကို စောင့်ဆိုင်းမနေတော့ပါဘူး။

သူတို့ဟာ ရုပ်သံဖန်ပြင်ပေါ်မှာ နေရာယူဖို့ စတင် ယှဉ်ပြိုင်နေကြပြီဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ခြားနားချက်ကို အမြဲတမ်း ခွဲခြားသိရှိနိုင်တော့မှာ မဟုတ်ပါ။

Address

인천광역시 부평구 광장로 16, 1층 11호
Incheon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+821076758498

Alerts

Be the first to know and let us send you an email when MyanGoal Telecom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyanGoal Telecom:

Shortcuts

Share