Teletalki Free USIM and Phone Services

Teletalki Free USIM and Phone Services ကိုရီးယား နိုင်ငံရဲ့ ဖုန်း နှင့် ဆင်

15/09/2022
13/09/2022

ဘဏ်ကတ်များ စတင်အသုံးပြုကြောင်း မှတ်ပုံတင်ခြင်း
-------------------
ခုကာလများမှာ ဘဏ်တွေမှာ ဘဏ်ကတ် (Debit/Credit) များလုပ်တဲ့အခါ ၊ ဘဏ်က တိုက်ရိုက်ထုတ်ပေးခြင်းမပြုဘဲ ၊ ဆိုင်ရာ ကတ် ကုမ္ပဏီများမှ လျှောက်ထားသူထံ တိုက်ရိုက် ပို့ဆောင်ပေးတဲ့ စနစ်ကို ကျင့်သုံးနေကြပါတယ် ။
ကာစတမ်မာများရဲ့ ဘဏ်ကတ်များကို အလွဲသုံးစား ပြုလုပ်ခြင်းမှ ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပြီး မိမိ/လျှောက်ထားသူထံ ဘဏ်ကတ် ရောက်လာသော်လည်း ဘဏ်ကဒ်ကို လျှောက်ထားသူက အသုံးပြုကြောင်း မှတ်ပုံတင် (사용등록) (လိုအပ်ပါက လျှို့ဝှက်နံပတ် မှတ်ပုံတင်/비밀번호등록) ပြုလုပ်ရပါတယ် ။
သို့မှသာ မိမိ ထံ ရောက်ရှိလာသော ကတ်ကို စတင်သုံးစွဲလို့ရမှာ ဖြစ်ပါတယ် ။ လူကြီးမင်းရဲ့ ကတ်ကို အလွဲသုံးစား ပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်ပါတယ် ။ ရရှိသော ကတ်များ ခက်ချင်းသုံးမရသဖြင့် ဟိုလူ့ဆဲ ဒီလူ့ဆဲ ဆဲကြဖို့ မဟုတ်ပါ ။
များသော အားဖြင့် ရောက်ရှိလာသော ကတ်တွင် သတိပြုရန်နှင့် မှတ်ပုံတင်ရန်အတွက် ဆက်သွယ်ရန် ဖုန်းနံပါများ ပါရှိသော စတစ်ကာများ ကပ်ထားတတ်ကြပါတယ် ။
ကတ်ကုမ္ပဏီများအလိုက် ဆက်သွယ်ရန် ဖုန်းနံပတ်များ မတူညီကြပါ ။
ဘဏ်ကတ် မှတ်ပုံတင်ရာတွင် အကောင့်နံပတ်/ဘဏ်ကတ်နံပတ်/သက်တမ်းကုန်မည့်ရက်စွဲ/ကတ်အတည်ပြုနံပတ်/အိုင်ဒီကတ်နံပတ်/မွေးသက္ကရာဇ်/ပါ့စဝါ့/အစရှိသည်တို့ ဖြေကြား/နှိပ် ရမည်ဖြစ်ပါသဖြင့် အဆင်သင့် ဆောင်ထားပြီးမှ ဖုန်းဆက်လို့ အဆင်ပြေမည်ဖြစ်ကြောင်း မေတ္တာစကား ပါးအပ်ပါသည် ။
--------------
မှတ်ချက်
ဘဏ်ကတ်များ မှတ်ပုံတင်ရန် ကိစ္စ သည် ဖုန်း ဆင်းကတ်များ ကိစ္စ နှင့် သက်ဆိုင်ခြင်း မရှိပါ ။ ဦးဦးဝိုင်း နှင့်လည်း သက်ဆိုင်ခြင်း မရှိပါ ခင်ဗျာ ။
ကျန်းမာ ချမ်းသာကြပါစေ ။
ဦးဦးဝိုင်း 010-2331-2457

လိုင်းဖုန်း နှင့် ကတ်ဖုန်း တိုင်ပတ်နေကြတဲ့ ဖရက်ရှာလေးများသို့ မေတ္တာစာ-----------------တခြားနိုင်ငံမှာ ဘယ်လို ဝေါဟာရသုံးသ...
11/09/2022

လိုင်းဖုန်း နှင့် ကတ်ဖုန်း တိုင်ပတ်နေကြတဲ့ ဖရက်ရှာလေးများသို့ မေတ္တာစာ
-----------------
တခြားနိုင်ငံမှာ ဘယ်လို ဝေါဟာရသုံးသုံး ၊ ကိုရီးယားမှာတော့ လိုင်းဖုန်း ကို ဟုဘူးဖုန်း (후불폰) မွေးစားစကားလို (라인폰) ၊ ကတ်ဖုန်းကို ဆောန်ဘူးလ်ဖုန်း (선불폰) မွေးစားစကား (카드폰) ဒီလိုပဲ သုံးကြ ပြောကြ ခေါ်ကြပါတယ် ။
နိုင်ငံခြားသားတွေ အထိအတွေ့ရှိတဲ့ ဆိုင် အနည်းငယ်မှ အပ ၊ ဖုန်း ဆိုင်အများစုကတော့ ကတ်ဖုန်းကို စိတ်မဝင်စားကြပါဘူး ။ (အချို့ဆို ဖုန်းဆိုင်မှာ အရောင်းဝန်ထမ်း လုပ်နေပြီး ကတ်ဖုန်းဆိုတာ နားမလည်ကြဘူး ။)
ကျနော်တို့က လိုင်းဖုန်းလို့ ပြောလိုက်လျင် သူတို့က ပိုက်ဆန် နောက်မှ ရှင်းရတဲ့ အကြွေးစနစ်ဖုန်း ။ ကတ်ဖုန်းဆိုလျင် ပိုက်ဆန် အလျင် သွင်းရတဲ့ ဖုန်း လို့ နားလည်ထားကြတာပါ ။
လိုင်းဖုန်း ကတ်ဖုန်း ဆိုတာထက် ဖုန်း အသစ် ရောင်းဖို့ပဲ စိတ်ဝင်စားကြတာပါ ။ လာထား ၂ နှစ် စာချုပ် လိုင်းဖုန်း ၊ ဒီလိုပါ ။
-------------
လူသစ်လေးများကို အဓိက ပြောချင်တာက ၊ လိုင်းဖုန်း ကတ်ဖုန်းဆိုတာကို အာရုံမစားကြပါ နှင့် ကိုယ်ဘယ်လောက်သုံးမလဲဆိုတာ ဈေးနှုန်း/ပက်ကေ့ဂ်ျ/(요금제) ကိုပဲ အဓိကထားကြပါ ။
နောင်များ လစာတွေ ဖောဖောသီသီရ အကြွေးတွေ ကြေ ၊ အိမ်တွေယာတွေဝယ် ၊ ကားတွေဝယ် ပြီး ပိုလျှံလာကြတော့မှ ဖုန်းအသစ်ကြီးတွေ နောက်ဆုံးပေါ်ကြီးတွေ ၊ အကြွေးစနစ်ဖုန်းတွေ သုံးတော်မူကြပါ ။
လောလောဆယ်တော့ ဖရီး အလကား ရထားတဲ့ ၁ သောင်းတန်ကတ်လေးကို ခြွေတာသုံး ၊ဒေတာ များများ သုံးချင်လျင် ပက်ကေ့ပြောင်း ၊ အားပေးလိုက်ကြပါဦးလို့ နော် ။
ကျန်းမာ ချမ်းသာကြပါစေ ။
ဦးဦးဝိုင်း 010-2331-2457

08/09/2022

အီးပီလုပ်သားသစ်များ အတွက် မေတ္တာစကား
-----------------
ခုတလော ရောက်လာကြတဲ့ လူသစ်အချို့ ၊ ကိုယ့်ဘဏ် ပါ့စဝါ့ မသိလို့ ဘဏ်ကဒ်လည်း သုံးမရ ။
သူဌေးထည့်ပေးတဲ့ ဘဏ်ထဲက ပိုက်ပိုက်လည်း ထုတ်မရ ၊ ဘဏ်သွားတော့လည်း ဟိုက ဘာပြောလို့ ပြောမှန်းမသိလို့ ဒုက္ခ ရောက်နေကြသူတွေ အများကြီး တွေ့နေ/ကြားနေ/သိနေရပါတယ် ။
-------------
ဒီတော့ ရောက်လာလာချင်း သင်တန်းကျောင်းမှာ ဘဏ်စာအုပ် လုပ်ပေးကြပါတယ် ။ သင်တန်းကျောင်းအလိုက် ၊ ရက်အလိုက် တွေ့ကြရတဲ့ ဘဏ်တွေ က မတူကြပါဘူး ။
နောက် ပြီး တွေ့ကြရတဲ့ စကားပြန် ဆရာ/ဆရာမတွေကလည်း (အခြေအနေအရ) မတူကြပါဘူး ။
ဒီတော့ မိမိတို့ ရဲ့ ဘဏ်စာအုပ် ပါ့စဝါ့များကို သိခွင့် မရကြတဲ့ သူတွေ ရှိကြပါတယ် ။ လုပ်ပေးကြတာကတော့ ပုံသေနည်း နှင့် လုပ်ပေးကြတာများပါတယ် ။ ဥပမာ မွေးသက္ကရာစ် နောက် ၄ လုံး ။ ပါ့စပို့ နံပတ် နောက် ၄ လုံး ။ ပါ့စပို့ နောက်၂ လုံး နှင့် မွေးရက် ၂ လုံး စသည် ။
-------------
မည်သို့ပင် ဆိုစေကာမူ ၊ ဘယ်ဘဏ်က လာလုပ်ပေးသည် ဖြစ်စေ ၊ မည်သည့် စကားပြန် ဆရာ/ဆရာမ နှင့်ကြုံကြရသည် ဖြစ်စေ ၊ ကိုယ့်ကိစ္စ ကိုယ်သိအောင် လုပ်ကြပါလို့ မေတ္တာစကားပါးအပ်ပါတယ် ။
ကိုယ့် ဘဏ်စာအုပ်/ဘဏ်အကောင့်/ဘဏ်ကတ် လျှို့ဝှက် နံပတ် ကို ကိုယ်ကိုယ်တိုင် သိအောင် လုပ်ကြပါ လို့ ။ မပြောလျင်လည်း မေးပါ ။ ဒီအတိုင်း ငြိမ်မနေကြပါ နှင့် ။
ဦးဝိုင်းကို လာမေးလို့ ပြောမည် မဟုတ်ပါ ။ လုံးဝ ပြောမည် မဟုတ်ပါ ။
မှတ်ချက် (မသိလို့ပါ။)
--------------
ပါ့စဝါ့ မသိသော ဘဏ်စာအုပ်ကြီး ယူပြီး ဘဏ်သွားကြတယ် ။ တကယ်ကတော့ ပိုက်ပိုက် ထုတ်ချင်လို့ ။ ကိုယ်က ဘာ လုပ်ရမှန်းမသိ ။ ဘဏ်က လည်း ဘာလုပ်ပေးရမှန်းမသိ ။ ဒီအတိုင်း ပြန်လာကြရသူတွေရှိတယ် ။ အချို့ကလည်း အသစ်လာလုပ်တယ်ထင်ပြီး ၊ အလုပ်ထောက်ခံစာတွေ ၊ ပါ့စပို့ ၊ အိုင်ဒိကတ်တွေ တောင်းတယ် ။ မရှိတော့ ဒီအတိုင်း ပြန်လာကြရတယ် ။
-------------
ပါ့စဝါ့ မသိလျင် ပိုက်ပိုက်ထုတ်မရပါ ။
ပါ့စဝါ့ အသစ် ပြန်လုပ်ကြရမှာပါ လို့ ။
ကျန်းမာ ချမ်းသာကြပါစေ ။
ဦးဦးဝိုင်း
010-2331-2457

07/09/2022

ကတ်ဖုန်း နှင့် လိုင်းဖုန်း ဘာတွေ ကွာသလဲ (၄)
--------------
ကွာခြားချက် (လေး)
ခု ခေတ် ကတ်ဖုန်းတွေရဲ့ အားသာချက် တစ်ခုကတော့ ဈေးနှုန်း (Usage Fee Plan) တစ်လ တစ်ခါ ပြောင်းသုံးလို့ရပါတယ် ။ ဒီလ ဒီလို သုံးတာ အဆင်မပြေဘူး ဆို နောက်လ တစ်မျိုးပြောင်းသုံးကြည့်လို့ရပါတယ် ။ ဒီလ ၁ သောင်းတန် သုံးတာ အကုန်မြန်လို့ ၊ နောက် လ ဒေတာ ဘယ်လောက်ပါတာ သုံးကြည့်မယ် ၊ အဆင်မပြေဘူးဆိုလျင် နောက်တလ ၅-ဂျီ ပလင် သုံးကြည့်မယ် စသည်များ ပြောင်းလဲ သုံးကြည့်လို့ရပါတယ် ။
နောက် တစ်ခုကတော့ လစဉ် ငွေဖြည့် (Top-up) ရတဲ့ ကိစ္စကို တခုတ်တရ လုပ်နေရတာ အလုပ်ရှုပ်တယ်လို့ ခံစားရလျင် ၊ အော်တိုငွေဖြည့် (Auto re-charge) တဲ့ စနစ်ကို လုပ်ထားလို့ရပါတယ် ။
- လစဉ် ဘယ်နေ့ (time) မှာ ဖြတ်မယ်ဆိုပြီး လုပ်ထားလို့ရသလို ၊
- သုံးစွဲမှု ပမာဏ (Balance amount) ကုန်တဲ့ အချိန် ဖြည့်မယ်ဆိုပြီးလည်း လုပ်ထားလို့ရပါတယ် ။
မိမိ ရဲ့ ဘဏ်အကောင့်/ဘဏ်ကတ် နှင့် ချိတ်ဆက်ပြီး လုပ်ရတာပါ ။ လိုင်းဖုန်း နှင့် ကွာခြားချက်ကတော့ လိုင်းဖုန်းက အလျင် သုံးပြီး နောက် ၁ လကျော်ကြာမှ ဖြတ်တာဖြစ်ပြီး ၊ ကတ်ဖုန်း စနစ်ကတော့ အလျင်ပိုက်ဆန်ဖြတ်ပြီး (ဖြည့်ပြီး) လက်ကျန်ငွေရှိ မှ သုံးရတာ ဖြစ်ပါတယ် ။

ချစ်စရာ့ဦးဦး
010-2331-2457

06/09/2022

ကတ်ဖုန်း နှင့် လိုင်းဖုန်း ဘာတွေ ကွာသလဲ (၃)
--------------
ကွာခြားချက် (သုံး)
ဟိုးအရင် အစ ကတော့ ကတ်ဖုန်းဆိုတာ တစ်လ ၁ သောင်းတန်ပဲ ရှိတာပါ ။ တစ်သောင်းကိုလည်း ကတ် နှင့်ပဲ ဖြည့်ရတာမို့ ကတ်ဖုန်းဆိုပြီး ခေါ်ကြရာက သူ့နာမည် ကတ်ဖုန်း ဖြစ်သါားတာပါ ။
ဖုန်းခေါ်လည်း ဒိအထဲကဖြတ် ၊ အင်တာနက် ချိတ်သုံးလည်း ဒီအထဲက ဖြတ် မက်ဆေ့ပို့လည်း ဒီအထဲက ဖြတ် ဆိုတော့ အသုံးများလျင် များသလို အကုန်မြန်မာပါတယ် ။ အချို့ဆို အိုဗာဆီးခေါ်တာတောင် ဒီအထဲကပဲ ခေါ် ဆိုတော့ ၁ သောင်းကို ဘယ်လောက်မှ မသုံးလိုက်ရပါဘူး ။
ခု နောက်ပိုင်းမှာတော့ ကတ်ဖုန်းမှာလည်း လိုင်းဖုန်း နှင့်မခြား သုံးနိုင်တဲ့ ဒေတာ ပက်ကေ့ဂ်ျ () တွေ ရှိလာပါပြီ ။ ဒေတာ/အင်တာနက် များများသုံးချင်တဲ့သူက ဒေတာများများပါ/အင်တာနက် အများကြီးသုံးလို့ရတဲ့ ပက်ကေ့ဂ်ျ ယူသုံးရုံပါပဲ ။
ပိုက်ဆန်ဖြည့် () လုပ်ရာမှာလည်း ဟိုးအရင် ကတ်ဖုန်း သမိုင်း မတင်မှီ ခေတ်ကလို တစ်သောင်းတန်ကတ်သုံးပြီး ဖြည့်စရာမလိုတော့ပါဘူး ။ ပက်ကေ့အလိုက် ဖြည့်လို့ရနေပါပြီ ။ ဖြည့်တယ် ဆိုရာမှာလည်း ယာယီ (ငွေရှင်း) ဘဏ်အကောင့်ကို သွင်းပြီး ဖြည့်နိုင်သလို ၊ အပလီကေးရှင်းများ နှင့်လည်း ဖြည့်လို့ရ ၊ ၂၄ နာရီဆိုင်များမှာလည်း ဖြည့်လို့ရနေတာမို့ ၊ အတော်လေး အဆင်ပြေနေကြပါပြီ ။
လိုင်းဖုန်း နှင့် ကတ်ဖုန်း အဓိက ခြားနားချက် ကတော့ ငွေအရင်ဖြည့်ရတာ နှင့် နောက်မှ ငွေချေ/အကြွေးဆပ်ရတာ ပဲ ကွာခြားပါတော့တယ် ။

ကတ်ဖုန်းရဲ့ အားသာချက်က ၊ မသုံးချင်တဲ့ အချိန် ငွေမဖြည့်ဘဲ နေလိုက်ရုံပါပဲ ၊ အချိန်တန် နံပတ်က သူ့ဟာသူ ဖျက်သိမ်းသွားပါလိမ့်မယ် ။ လိုင်းဖုန်းကတော့ အဲ့လို မရပါဘူး ။ ကာယကံရှင်ကိုယ်တိုင် လိုင်းဖြတ်ရပါတယ် ။ အကြွေးကျန်များကို အကြေဆပ်ရပါတယ် ။ ဒါတောင် အိုဗာဆီးကောလ် နှင့် ဖုန်းဘေလ်ဖြင့် ဈေးဝယ် ထားတာတွေ ရှိ/မရှိ စောင့်နေရသေးတာမို့ နံပတ်ကို ချက်ချင်းကြီး မဖျက်သိမ်း (သူများကို မပေးရ) ပါဘူး ။

ချစ်စရာ့ဦးဦး
010-2331-2457

06/09/2022

ကတ်ဖုန်း နှင့် လိုင်းဖုန်း ဘာတွေ ကွာသလဲ (၂)
--------------
ကွာခြားချက် (နှစ်)
ကတ်ဖုန်းကတော့ စာချုပ်မလိုဘူး ။ သုံးချင်လျင်ဆက်သုံး မသုံးချင်ရင် ဒီအတိုင်းထားလိုက်ရုံပဲ ။ ပိုက်ဆန် ဆက်မဖြည့်ဘဲ ထားလိုက်လျင် ကိစ္စပြတ်တယ် ။ လိုင်းဖြတ်တာကို သတ်သတ်မှတ်မှတ် လုပ်ဖို့မလိုဘူး ။
လိုင်းဖုန်းက စာချုပ်ကာလ ၁ နှစ် သို့မဟုတ် ၂ နှစ် ချုပ်ကြရပါတယ် ။ ပုံမှန်ကတော့ ၂ နှစ်ပါ ။
၂ နှစ်ပြည့်အောင် သုံးရမယ့် သဘောပါပဲ ။ ၂ နှစ် ချုပ်လိုက်တော့ ၂ နှစ် အတွင်း အခြားလိုင်းကို ပြောင်းတာ ၊ မသုံးတော့ဘဲ လိုင်းဖြတ်တာတွေ လုပ်မရတော့ဘူး ။ အဲ့သလို ရေရှည် သုံးစွဲရတဲ့ အတွက် ၊ သူ့ကို လျှော့ဈေးပေးကြပါတယ် ။
အများဆုံး ၂၅ ရာခိုင်နှုန်းထိ ။ စာချုပ်ပြည့် ပြန်အမ်းငွေ (약정할인반환금) လို့ ခေါ်ကြတာပေါ့ခင်ဗျာ ။
တွက်ပုံချက်ပုံကတော့ တယ်လီကောမ် တစ်ခု နှင့် တစ်ခု မတူ ကြပါဘူး ။ ခြားနားမှုတွေ ရှိကြပါတယ် ။
ဒီတော့ ဖုန်း နှင့် တွဲရောင်းကြတာတွေကို ယူတဲ့အခါကျတော့ အလျှော့ငွေကို ဖုန်းဖိုးထဲက နှုတ်ပေးကြတာမို့ ပျော်မဆုံး မော်မဆုံး ဖြစ်တတ်ကြပါတယ် ။ အချိ့ဆို ပိုက်ပိုက်ပြန်ပေးကြတယ် ။
(တကယ်တော့ ကိုယ်ပေးရမယ့် ပိုက်ပိုက်ထဲက ရာခိုင်နှုန်း တစ်ခုကို ပြန်ပေးတာပါ။ ကိုယ့်တုတ် နှင့် ကိုယ့်ကို ပြန်ရိုက်တာပါ။)
စာချုပ်သက်တမ်းပြည့်အောင် သုံးလျင် ပြဿနာ မရှိပေမယ့် ၊ စာချုပ် တစ်ဝက်တစ်ပျက် နှင့် လိုင်းဖြတ်/လိုင်းပြောင်းကြတဲ့ အခါမှာတော့ ပေးထားတဲ့ အလျှော့တွက်ပြန်အမ်းငွေတွေ ပြန်ပေးကြရတော့တာပါပဲ ။
အဲ့ဒီအချိန်မှာတော့ ဘယ် ဖုန်းဆိုင်က ဂျင်းထဲ့တယ်ဆိုပြီး အသံထွက်လာကြတော့ တာပါပဲ ။
ကိုရီးယားလိုတော့ စာချုပ်ဖောက်ဖျက်ကြေး (위약금) ဆိုပြီး ခေါ်ကြပါတယ် ။
ချစ်စရာ့ဦးဦး
010-2331-2457

06/09/2022

ကတ်ဖုန်း နှင့် လိုင်းဖုန်း ဘာတွေ ကွာသလဲ (၁)
----------------
ခု လူသစ်လေးတွေ ရောက်လာကြတော့ လိုင်းဖုန်း ကတ်ဖုန်း ရှုပ်နေကြတာတွေ တွေ့နေရလို့ ဒီပို့စ်ကို ရေးတင်လိုက်ရပါတယ် ။
ကွာခြားချက် (တစ်)
ကတ်ဖုန်းက ကြိုတင်ငွေ (ဘေလ်/ဘီလ်) ဖြည့်ရတယ် ။ ငွေ/ဘီလ်/ဘေလ် ရှိသလောက်ပဲ သုံးလို့ရတယ် ။ ငွေကုန်လျင် ဆက်သုံးလို့ မရတော့ဘူး ။
မြန်မာအပါအဝင် နိုင်ငံတကာမှာ အများဆုံး သုံးနေကြတဲ့ စနစ်ပါ ။
လိုင်းဖုန်းကတော့ -
ကြိုက်သဘောက်သုံး ၊ ပြီးမှ ကိုယ့်ဘဏ်အကောင့် သို့မဟုတ် ဘဏ်ကတ်ထဲက ဖြတ်ယူတာ ။
အနှစ်ချုပ်ရလျင် ကတ်ဖုန်းက ကြိုတင်ငွေဖြည့်သုံးစနစ်ဖြစ်ပြီး ၊ လိုင်းဖုန်းကတော့ နောက်မှပေးရတဲ့ အကြွေးသုံးစနစ် ဖုန်း ဖြစ်ပါတယ် ။
-------------------
ဒီတော့ ကတ်ဖုန်းမှာ ရေရှည်နေသူဖြစ်ကြောင်း သက်သေခံ လက်မှတ်တွေ ၊ ဘဏ်ကတ်တွေ ဘဏ်စာအုပ်တွေ မလိုဘူး ။
လိုင်းဖုန်းကတော့ အဲ့ဒါတွေ လိုတယ် ။ အကြွေးစနစ်ဆိုတော့ သုံးပြီး ပိုက်ပိုက်မပေးလျင် တယ်လီကောမ်မှာ နစ်နာ စရာရှိတယ် ။
အတိုချုပ်ကတော့
ကတ်ဖုန်းက လက်ငင်းငွေချေစနစ်ဖုန်း ။
လိုင်းဖုန်းက အကြွေးစနစ်ဖုန်း ။
ချစ်စရာ့ဦးဦး
010-2331-2457

05/09/2022

မိမိ ဖုန်းနံပတ်ကို အဘယ်ကြောင့် မိမိ အိုင်ဒီကတ်ဖြင့် မှတ်ပုံတင်သင့်ပါသလဲ
-----------------------
ကိုရီးယားနိုင်ငံမှာ ၊ ဘဏ် နှင့် ပတ်သက်ပြီး အင်တာနက် ဘင့်ကင် (Internet Banking) လုပ်မယ်ဆိုလျင် ဖြစ်စေ ၊ ငွေရေးကြေးရေး နှင့် သက်ဆိုင်သော ဝက်ပေ့ဂ်ျ (webpage) သို့မဟုတ် အင်တာနက်ရှော့ပင် အစရှိသော လုံခြုံရေး အဆင့်မြင့်သော အင်တာနက် ကွန်ယက်များသို့ ဝင်ရောက်မည်ဆိုပါက မည်သူမည်ဝါဖြစ်ကြောင်း ထပ်ဆင့် အတည်ပြုချက် (Verification) ပေးရပါသည် ။
ထိုအခါ မိမိအမည်ဖြင့် ပြုလုပ်ထားသော ဖုန်း မဟုတ်ပါက ၊ မိမိအနည်ဖြင့် ပြုလုပ်ထားသော်လည်း မိမိအိုင်ဒီကတ် နံပတ်ဖြင့် တူညီခြင်း မရှိပါက အတည်ပြုချက် မရရှိနိုင်ဘဲ ၊ မိမိဆောင်ရွက်လိုသည့် ဆားဗစ် (ငွေလွဲ/ဈေးဝယ်/မင်းဘားဝင် စသည်) ကို ဆက်လက်ဆောင်ရွက်ခွင့် မရရှိနိုင်ပါ ။
ထို့ကြောင့် ၊ အင်တာနက် ဘင့်ကင် ၊ မိုဘိုင်ဘင့်ကင် ပြုလုပ်ရန်လိုအပ်သော မိတ်ဆွေများအနေဖြင့် မိမိ ဖုန်းနံပတ်ကို မိမိအိုင်ဒီကတ်ဖြင့် ၊ မဖြစ်မနေ မှတ်ပုံတင်ရန် မိမိအိုင်ဒိကတ်ဖြင့် ဖုန်းနံပတ်ဖွင့်ထားရန် မဖြစ်မနေ လိုအပ်ပါသည် ။
ထို့ပြင် မိမိ အိုင်ဒီကတ်ဖြင့် ပြုလုပ်ထားသော ဖုန်းနံပတ်ကို ကိုင်ဆောင်ထားခြင်းအားဖြင့် ၊ မိမိ အနည်း/ မိမိ အိုင်ဒီကတ်ဖြင့် တယ်လီကောန် နှင့် ဆိုင်သော ကွန်ယက်များသို့ မင်ဘာ ဝင်ရောက် (တစ်နည်းအားဖြင့် ဖုန်းနံပတ် အသစ်ဖွင့်ခြင်း ၊ အင်တာနက် ဖွင့်ခြင်း စသည်) ခြင်း ပြုလုပ်ပါက မိမိအမည်ဖြင့် ပြုလုပ်ထားသော ဖုန်းနံပတ်သို့ အကြောင်းကြားလေ့ရှိပါသည် ။ ထိုအခါ မိမိကိုယ်တိုင် ပြုလုပ်ခြင်း မဟုတ်ပါက မိမိ အိုင်ဒီကတ် ကို အခြားသူ တစ်ယောက်ယောက်က အလွဲ သုံးစားပြုလုပ်နေပြီ ဖြစ်ကြောင်း ချက်ချင်းသိရှိနိုင်ပြီး ၊ လိုအပ်သလို ကန့်ကွက်ခြင်း အရေးယူခြင်းစသည်တို့ကို ချက်ချင်း ပြုလုပ်နိုင်မည် ဖြစ်ပါသည် ။
ထို့ပြင် ၊ ဘဏ်များ စသည်တို့ အသုံးပြုတိုင်း မိမိဖုန်းနံပတ်သို့ မက်ဆေ့ ပို့ အကြောင်း ကြားခြင်း ပြုလုပ်ရသည့် စည်းမျဉ်းရှိသဖြင့် မိမိအမည်ဖြင့် ငွေထုတ်ခြင်း ၊ ငွေချေးခြင်း စသည် ပြုလုပ်ပါက ချက်ချင်း သိရှိနိုင်မည်ဖြစ်ပါသည် ။
ထို့ပြင် အာမခံကြေး နှင့် ပတ်သက်၍ အာမခံဌာန ၊ ဗီဇာ နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဌာန ၊ အလုပ်စာချုပ်ကုန်ဆုံးခြင်း နှင့် ပတ်သက်၍ ဂိုယုံဆင်တာ စသည်တို့မှ အခါအားလျော်စွာ ပေးပို့သော မက်ဆေ့များ ကိုလည်း လက်ခံ ရရှိနိုင်မည် ဖြစ်ပါသည် ။
မိမိ အိုင်ဒီကတ်ဖြင့် ပြုလုပ်သော မိမိဖုန်းကတ်များကို အသုံးပြုနိုင်ကြခြင်းဖြင့် မလိုလားအပ်သော အန္တရာယ်များမှ လွတ်မြောက်နိုင်ကြပါစေ ။
လေးစားမှုဖြင့်-
ဦးဦးဝိုင်း (WooW Korea)

Address

인천 부평구 경원대로 1377번길 8
Incheon
21389

Telephone

+821023312457

Website

Alerts

Be the first to know and let us send you an email when Teletalki Free USIM and Phone Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Teletalki Free USIM and Phone Services:

Share