03/18/2024
AI-driven projects များကို မလုပ်ခင် သိထားသင့်သော free resources (part 1)
အခုအောက်မှာ ဖော်ပြထားသော technologies & tools တွေကို ကျွန်တော်တို့ရဲ့ နောက် post တွေမှာ ဘယ်လိုသုံးသင့်တယ်ဆိုတာကို tutorial content လေးတွေ တင်သွားမှာ ဖြစ်လို့ ဒီ page လေးကို like & follow လုပ်ထားဖို့ တောင်းဆိုချင်ပါတယ်။
🐍Programming language – Python
Python သည် အခု AI နှင့် machine learning မှာ အသုံးပြုမှုပြန့်ပွားသည့် အလွန်လျင်မြန်သော ပရိုဂရမ်မင်းဘာသာစကားတစ်ခုဖြစ်ပြီး၊ အမျိုးမျိုးသော လိုင်းဘရာရီများနှင့် frameworks များရှိနေခြင်းကြောင့် အထူးသဖြင့် လူကြိုက်များနေပါတယ်။ သူ၏ ရိုးရှင်းသော syntax နဲ့ ကြောင့် programming ကို စတင်လေလာသူတွေအတွက် အလွယ်ကူဆုံး language တစ်ခုတောင် ပြောလို့ရပါတယ်။ အခုအောက်မှာ ရှိတဲ့ website များမှာလဲ အခမဲ့ self-study လုပ်နိုင်ပါတယ်။
🎯[freeCodeCamp](https://www.freecodecamp.org/learn/scientific-computing-with-python/): freeCodeCamp သည် programming, web development, data science နှင့် computer science များကို အခြေခံမှ အဆင့်မြင့်အထိ စတင်လေ့လာသူများအတွက် အထောက်အကူ ပြုစေမဲ့ အခမဲ့ platform လေး တစ်ခုဖြစ်ပါသည်။ သူတို့ရဲ့ website မှာ လက်တွေ့ကျကျ လေ့လာလို့ရအောင် online code editor ရှိပါတယ်။
🎯[Codecademy] (https://www.codecademy.com/learn/learn-python-3)
🎯[Khan Academy] (https://www.khanacademy.org/computing/intro-to-python-fundamentals)
🎯[Coursera] (https://www.coursera.org/courses?query=python)
[Harvard University Free Online Courses] (https://pll.harvard.edu/catalog?keywords=python): ဒီ website မှာ Harvard တက္ကသိုလ်က ဆရာတွေကိုယ်တိုင် သင်ကြားပေးနေသော programming နဲ့ သက်ဆိုင်တဲ့ အတန်းတွေပဲဖြစ်ဖြစ် တခြားကိုယ်စိတ်၀င်စားတဲ့ အတန်းတွေကို အခမဲ့ လေ့လာကြည့်ရှုနိုင်ပါတယ်။
🤖Machine Learning Frameworks
မှတ်ချက်။ အောက်ဖော်ပြပါများသည် computer vision (CV), natural language processing (NLP) ကဲ့သို့သော machine learning မော်ဒယ်များကိုတည်ဆောက်ရာတွင် အသုံးဝင်သော framework တွေဖြစ်ပါတယ်။ ဤမော်ဒယ်များကို တည်ဆောက်ရန်အတွက် Python programming, machine learning နဲ့ သက်ဆိုင်သော mathematical concepts (Statistics, Linear Algebra, Probability, and Calculus) များအပြင် neural networks နှင့် deep learning အကြောင်းအရာများကို နားလည်မှု ရှိရမည်။ ဒီ framework တခုချင်းစီနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်လေ့လာချင်တယ်ဆိုရင် comment မှာ ပြောပြပေးပါ။ အခမဲ့ လေ့လာလို့ ရတဲ့ တခြားကောင်းသော video tutorials များနဲ့ website တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
🎯[Tensorflow] (https://www.tensorflow.org/tutorials)
🎯[PyTorch] (https://pytorch.org/tutorials/)
🎯[Keras Documentation] (https://keras.io/getting_started/intro_to_keras_for_engineers/)
⛏️Tools for LLM Application Development
မှတ်ချက်။ Do not reinvent the wheel! အောက်ဖော်ပြပါ link တွေထဲက open-source နှင့် pretrained AI မော်ဒယ်များကို ကိုယ့်ရဲ့ ပရောဂျက်မှာ ထည့်သုံးကြည့်ပါ။ နောက်လာမဲ့ post တွေမှာ အောက်မှာ ဖော်ပြထားသော framework တွေကို အသုံးပြုပြီးတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် တည်ဆောက်ထားတဲ့ step-by-step tutorial ပရောဂျက်များကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
🎯[OpenAI Tutorials] (https://platform.openai.com/docs/tutorials)
[OpenAI Cookbook] (https://cookbook.openai.com/): ဒီမှာ project idea တွေ inspiration ရအောင်လို့ implementation examples တွေကို နားလယ်သည်ဖြစ်စေ မလယ်သည်ဖြစ်စေ အရင်ဖတ်ကြည့်ပါ။ အဲ့တော့မှ programming မှာ အရေးပါသော reading code skill တွေ ကြွယ်ဝလာမှာ ဖြစ်ပါတယ်။
🎯[HuggingFace] (https://huggingface.co/): HuggingFace ဆိုတာကတော့ Machine Learning (ML) နဲ့ Deep Learning မော်ဒယ်များစွာကို Open Source လုပ်ပေးထားသော အလွန်ကြီးမှားကျယ်ပြန့်သော ပလက်ဖောင်းတစ်ခုပါ။ ဒီပလက်ဖောင်းမှာ Natural Language Processing (NLP) အပေါ်အခြေခံထားသော Text Classification, Question Answering, နှင့် Translation tasks တို့မှအစ၊ Computer Vision (CV) နှင့် သက်ဆိုင်သော Image-to-Text, Object Detection, နှင့် Image Feature Extraction tasks တို့ကဲ့သို့ မျိုးစုံသော အဆင့်မြင့်မားသော AI မော်ဒယ်များကို ရှာဖွေနိုင်မည့် ခေတ်မီပလက်ဖောင်းဖြစ်ပါသည်။ HuggingFace ML community ကနေလဲ ဒီ models များကို အသုံးပြုပြီး AI apps တွေကို code တွေနဲ့ အတူတကွကို သူတို့ရဲ့ Spaces ထဲမှာ တင်ထားလို့ ဝင်ရောက်လေ့လာနိူင်ပါတယ်။
Spaces (https://huggingface.co/spaces)
🎯[LangChain] (https://www.langchain.com/): LangChain ကတော့ LLMs များနဲ့ ကိုယ့်ရဲ့ application ကို တည်ဆောက်တဲ့ နေရာမှာ အထောက်အကူ ဖြစ်စေတဲ့ orchestration framework တစ်ခုဖြစ်ပါတယ်။ Python နှင့် Javascript အတွက် packages များရှိပြီး သူ့ရဲ့ tools နှင့် APIs တွေက ChatGPT လိုမျိုး chatbots တွေ ဒါမှမဟုတ် task တခုခြင်းစီကို specialized လုပ်လိုရတဲ့ AI agents လဲ တည်ဆောက်လို့ ရပါတယ်။
[Llama-Index] (https://www.llamaindex.ai/): Llama-index ကလဲ LangChain နဲ့ ဆင်တူတဲ့ framework တစ်ခုဖြစ်ပြီးတော့ LLM အတွက် data indexing နှင့် context retrieval ကို efficient ဖြစ်အောင်လုပ်ပေးသောအတွက်ကြောင့် ပိုပြီး မှန်ကန်တဲ့ အချက်အလက်တွေကို LLM apps တွေက ပေးဆောင်နိုင်ပါတယ်။ ဒါကို Retrieval-Augmented Generation (RAG) approach လို့လဲ ခေါ်ပါတယ်။