Famous.F

Famous.F entertainment &socailing

အရောင်းလေးတင်ချင်ပါတယ် ခင်ဗျာ ဒီနေရာလေးက  မြို့လည်ခေါင်အကွက်အကွင်း ကျတဲ့ နေရာလေးမှာဖြစ်ပါတယ်။ဒီနေရာလေးမှာ က အကြီးစား နှင...
12/28/2023

အရောင်းလေးတင်ချင်ပါတယ် ခင်ဗျာ ဒီနေရာလေးက မြို့လည်ခေါင်အကွက်အကွင်း ကျတဲ့ နေရာလေးမှာဖြစ်ပါတယ်။

ဒီနေရာလေးမှာ က အကြီးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းအဖြစ်လည်း အသုံးပြုနိုင် သလို Service လုပ်ငန်းများအတွက်လည်း reception ကောင်တာ ဖွင့်ခြင်း သော်လည်းကောင်း တိုင်ပင်ဆွေးနွေးခန်းများ ဖွင့်လှစ်၍သော်လည်းကောင်း ကိုယ်ပိုင် ဖြစ်စေ ငှား ရမ်း ခြင်းဖြင့်ဖြစ်စေ အသုံးပြုနိုင်ပါမည်။

ဈေးလျှော့ ရောင်းပေးထားပါတယ်။
စိတ်ဝင်စားပါက ၀၉၉၆၆၆၂၀၃၇၆ သို့ ဆက်သွယ် မေးမြန်း နိုင်ပါတယ်ခင်ဗျာ။

ရုရှတို့ရဲ့ နိုင်ငံပိုင် လမ်းညွှန်နေရာပြစနစ် GLONASS ဟာ နိုင်ငံအပေါ် အမေရိကန်၏ GPS ချိတ်ဆက်မှုဖြတ်တောက်ပစ်မည့် ခြိမ်းခြေ...
06/09/2022

ရုရှတို့ရဲ့ နိုင်ငံပိုင် လမ်းညွှန်နေရာပြစနစ် GLONASS ဟာ နိုင်ငံအပေါ် အမေရိကန်၏ GPS ချိတ်ဆက်မှုဖြတ်တောက်ပစ်မည့် ခြိမ်းခြောက်မှုတွေကြောင့် အဆင့်မြှင့်တင်တိုးချဲ့သွားတော့မည်ဟုဆို

ရုရှ ဟာ ၎င်းတို့ရဲ့ အစိုးရပိုင် လမ်းညွှန်​နေရာပြ စနစ် GLONASS အတွက် မြေပြင်အခြေစိုက်စခန်းများကို ဗင်နီဇွဲလားနိုင်ငံတွင် နေရာချထားသွားတော့မည်ဟုသိရသည်။ ဒါဟာ မော်စကိုနှင့် ကာရာကတ်တို့ကြားက 2018 ခုနှစ် ဆွေးနွေးပွဲတွေထဲက အတည်ပြုခဲ့တဲ့ သဘောတူညီချက်များ အရ လုပ်ဆောင်သွားရမှာလည်းဖြစ်ပါတယ်။

GLONASS ဆိုတာက ဆိုဗီယက်ရုရှရဲ့ ဂြိုလ်တုအခြေပြု လမ်းညွှန်နေရာပြစနစ်ဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်မှုက အပိုင်းနှစ်ပိုင်းပါဝင်ပြီး (၁)လမ်းကြောင်းရှာ ဂြိုလ်တုများ(အာကာသ) ပိုင်းနဲ့ (၂) မြေပြင် အခြေစိုက်စခန်းများ ထိန်းချုပ်/တိုင်းတာ/ဆက်သွယ်/စောင့်ကြည့်ရေး (Ground based Communication, Control,Monitoring & SLR) ပိုင်း ဆိုပြီးတော့ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ မြေအခြေစိုက်စခန်းတွေကတော့ User interface ဘက်ကို ပိုအသားပေးထားတာလည်းဖြစ်ပါတယ်။ သူ့မှာ လမ်းညွှန်ဂြိုလ်တု စုစုပေါင်း ၂၄ လုံး လွှတ်တင်ထားပြီး Km 19000 ကျော်အမြင့်မှာရှိတဲ့ ကမ္ဘာ့ပတ်လမ်းထဲကနေ ပြင်ညီတစ်ခုကို ဂြိုလ်တု ၈ လုံးနှုန်းနဲ့ အလွှာသုံးလွှာ ခွဲခြား လှည့်ပတ်လျက်ရှိပါတယ်။ ဗဟိုထိန်းချုပ်ရေး စခန်းများအပါအဝင် စောင့်ကြည့်ရေးစခန်းနဲ့ ထပ်ဆင်လွှင့်ရုံ သဘောမျိုး မြေပြင်အခြေစိုက်စခန်း များ စုစုပေါင်း ၁၄ ခုခန့် (ပြည်ပ စခန်းများမပါ) ပါဝင်တာဖြစ်ပြီး နိုင်ငံ တွင်းမှာပင် ထပ်မံ၍ မြေပြင်အခြေစိုက်စခန်း ၆ ခု တိုးချဲ့ဖွင့်လှစ်သွားဖို့လျာထားတယ်လို့လည်းသိရပါတယ်။

Roscosmos ရဲ့အဆိုအရတော့ အကယ်၍ ရုရှနိုင်ငံအပေါ် အမေရိကန်က GPS (GNSS) သာ ဖြတ်တောက်ပစ်ခဲ့မယ်ဆိုပါက ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို ရေရှည် ရင်ဆိုင်ဖြေရှင်းနိုင်ရန်မှာ သူတို့စနစ်ထပ်ပိုမိုသာလွန်ကောင်းမွန်စေမယ့် ဆက်သွယ်ရေး စနစ်တွေတည်ဆောက်သွားဖို့ပဲရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကမြေပြင် အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု ဆက်လက် တည်ဆောက်သွားဖို့ဖြစ်ပြီး မတိုင်မီကပင် မဟာမိတ်နိုင်ငံတွေနဲ့ သဘောတူညီချက်ရယူထားနိုင်ခဲ့တာက တော်တော်လေး အရာရောက်တဲ့ ခြေလှမ်းတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

GLONASS အတွက် မြေပြင်အခြေစိုက်စခန်းတွေဟာ ဗင်နီဇွဲလားမှာတင်မဟုတ်ဘဲ အခြားသောမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် ပါရာဂွေးတို့ မှာ တည်ဆောက်သွားနိုင်ဖို့ ဗင်နီဇွဲလားမှာကဲ့သို့ အလားတူသဘောတူညီချက်များရရှိ ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ တချို့နေရာတွေမှာဆို လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေတောင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီလည်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ လမ်းညွှန်နေရာပြစနစ် အနေနဲ့ GPS (USA)၊ GLONASS (Russia)၊ Galileo (EU) နှင့် Beidou (China) ဆိုပြီး အသုံးပြုနိုင်တဲ့ စနစ်ကြီး (၄) ခုရှိပါတယ်။ (အန္ဒိယ က တည်ဆောက်ဆဲမို့ - Function မဖြစ်သေးပါ။) တစ်ချိန်တည်းမှာပင် Galileo နှင့် Beidou တို့ကတော့ အရပ်သားတွေအတွက် အသုံးပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး GPS နှင့် GLONASS တို့ကတော့ စစ်တပ် ကော အရပ်ဘက် ရည်ရွယ်ချက်တွေမှာပါ အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စနစ်လေးခုစလုံးမှာ Perfect ဖြစ်တဲ့ စနစ်တော့မရှိဘဲ အားနည်းချက်ကိုယ်စီနဲ့ Run နေရာခြင်းသာ ဖြစ်ကြပါတယ်။ ပတ်လမ်းကြောင်း အကြီးဆုံး ဂြိုလ်တု အစုအဝေး ကိုပိုင်ဆိုင်ထားတဲ့ တရုတ် စနစ် Beidou ရဲ့အားနည်းချက်က ၎င်းတို့ရဲ့ နိုင်ငံ ပိုင်နက် အတွင်းလောက်ကိုပဲ အဓိက ခြုံငုံမိတာဖြစ်ပါတယ်။ ယန်းကီးတို့ရဲ့ GPS ကတော့ မြောက်ဘက်/တောင်ဘက်ဝန်ရိုးစွန်ဒေသတွေမှာ Blind zone ဖြစ်နေပြီး ဒီနေရာတွေအတွက်ဆို သိပ်အလုပ်မဖြစ်လှဘူးလို့ဆိုနိုင်ပါလိမ့်မယ်။ ရုရှလုပ် GLONASS ကတော့ အမေရိကန် စနစ်ထပ်စာရင် တိကျမှု ပိုင်းအားနည်းချက် ရှိနေပြီး မြေပြင်နဲ့ ၆ မီတာ ကနေ ၁၀ မီတာလောက် လွဲချော်မှုရှိနိုင်ပါတယ်။ (အမေရိကန်က ၃ မီတာကနေ ၄ မီတာလောက်သာ လွဲ) သို့ပေမယ့် သူက အာတိတ် လို ဝင်ရိုးစွန်းဒေသတွေကျပြန်တော့ သူက ဆရာကျတဲ့ အခြေအနေမျိုးမှာရှိနေပြန် ပါတယ်။ ဒီထဲမှာ အားအနည်းဆုံးကတော့ ဥရောပစနစ် Galileo ပဲဖြစ်ပြီး အသုံးပြုသူတွေအဖို့ နှစ်စဉ် အချိန်နဲ့အမျှ Service ပြတ်တောက်မှုတွေ ရင်ဆိုင် ကြုံတွေ့ရတာလည်း ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံတည်းကိုကွက်ပြီး GPS Access မရအောင်လုပ်မယ်ဆိုတော့ နည်းနည်းတော့လုပ်ရခက်နိုင်မယ်ထင်ပါတယ်။ ယနေ့ ခေတ်ရဲ့ ခေတ်ပေါ် Smart phone တွေနဲ့ ခေတ်မီအိမ်သုံးပစ္စည်းအတော်များများမှာ လမ်းညွှန်နေရာပြစနစ်အတွက် အကောင်းဆုံးရလဒ်တွေကိုပေးစွမ်းနိုင်ဖို့ ရာ စနစ်လေးခုလုံးကို ပေါင်းစပ်အသုံးပြုထားလေ့ရှိကြပါတယ်။ ဒါကတစ်ချက်ပါ။ ပြီးတော့ အမေရိကန်အနေနဲ့ ရုရှတစ်ခုတည်းကို ကွက်ပြီး GPS မှချိတ်ဆက်မှု ဖြတ်တောက်ဖို့ဆိုရင် ရုရှကိုသွားတဲ့ အင်တာနက်လိုင်းကို ပိတ်ချင်ပိတ်ဖို့တော့ ရှိချင်ရှိပါလိမ့်မယ်။ အကယ်၍ ထိုသို့ပြုလုပ်ပါမူလည်း US အနေဖြင့် ရုရှအပေါ် ပျံသန်းနေတဲ့ ဂြိုလ်တုတွေကို ပိတ်ထားခဲ့မည်ဆိုပါက ပိုလန်မှ စပြီး ဂျပန်အထိ ရှိတဲ့ ပြတ်တောက်မှု ဧရိယာ ထဲမှာ အမေရိကန်ရော သူ့မဟာမိတ်တွေပါ ရုရှ တို့နှင့် အလားတူ Navigation- Access Denied ဖြစ်ပေါ်နေတော့မှာ လည်းဖြစ်ပါတယ်။

ဒါပေမယ့် မည်သို့ပင်ဆိုစေကာမူ အမေရိကန်တို့ရဲ့ ဆင်ခြင်မျှော်တွေးမှုအပိုင်း ကို မတွက်ဆနိုင်သေးတဲ့ ရုရှတွေအဖို့ အမေရိကန်ဆောင်ရွက်လာနိုင်မယ့်နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားနေဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် ၎င်းတို့အနေနဲ့ နိုင်ငံပိုင် GLONASS ကိုပဲ စတင်ချဲ့ထွင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီကိစ္စမှာတော့ ယခင်ကပင် ကမ္ဘာ့ပတ်လမ်းအတွင်း ဂြိုလ်တုစုဖွဲ့မှု ခိုင်မာစွာ ရှိနှင့်နေပြီးသား GLONASS အဖို့ မြေပြင်အခြေစိုက် စခန်း Transceiver များထပ်မံတည်ဆောက်နိုင်ခဲ့ပါမူ လမ်းညွှန်စနစ်ရဲ့ တည်ငြိမ်မှုနဲ့ တိကျမှုတွေကို များစွာ ပိုမို အာမခံနိုင်သွားမှာလည်းဖြစ်တယ်လို့ဆိုပါတယ်။ အတိအကျပြောရရင် ကမ္ဘာတဝှမ်းမှာ ပြန့်ကျဲနေတဲ့ မြေပြင်စခန်းတွေ များလေလေ၊ ပိုတိကျ မြန်ဆန်ပြီး ခိုင်မာတည်ငြိမ်လေလေ ဖြစ်မှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

Source-Russiannewsagency
.F

မြေပြင်အခြေစိုက် Tor SAM စနစ်အား ရုရှားပင်လယ်နက်စစ်သင်္ဘောတွင် ချည်နှောင်တပ်ဆင်ထားခဲ့မီဒီယာများတွင်ထွက်ပေါ်လာသော ဓာတ်ပုံ...
06/09/2022

မြေပြင်အခြေစိုက် Tor SAM စနစ်အား ရုရှားပင်လယ်နက်စစ်သင်္ဘောတွင် ချည်နှောင်တပ်ဆင်ထားခဲ့

မီဒီယာများတွင်ထွက်ပေါ်လာသော ဓာတ်ပုံများနှင့်ရုပ်သံဖိုင်များအရ ရုရှ ရေတပ်၏ project 22160 Vasily Bykov အတန်းအစား corvette များတွင် Heli pad ခေါ် ပျံသန်းရေးကုန်းပတ်ပေါ်၌ မြေပြင်အခြေစိုက် Tor မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို တပ်ဆင်ထားကြောင်း သိရှိရပါသည်။ ရုရှရေတပ်အနေဖြင့် ယခုကဲ့သို့ မြေပြင်အခြေစိုက် SAM စနစ်များကို ၎င်း၏သင်္ဘောများပေါ်တွင် ချိတ်ဆွဲတပ်ဆင်ခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း၊ အဆိုပါ လုပ်ဆောင်ချက်မှာ မကြာသေးမီက သင်္ဘောဖျက်ဒုံးထိမှန် နှစ်မြုပ်ခဲ့ရသော Project 1164 Slava အတန်းအစား ခရူဇာ Moskva ၏ဖြစ်စဉ်အတွက် တန်ပြန်ဆောင်ရွက်ချက် ဖြစ်နိုင်တယ်လို့ ယူကရိန်းရေတပ်ကျွမ်းကျင်သူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Vasily Bykov အတန်းအစား corvettes များသည် ပုံမှန်အားဖြင့် ပုခုံးထမ်းလေရန်ကာ စနစ်များလောက်သာ တပ်ဆင်ထားလေ့ရှိသော်လည်း Tor-SC15 စနစ်ကတော့ သင်္ဘောရဲ့လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို များစွာတိုးတက်ကောင်းမွန်စေတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အမြင့်ဆုံး အကွာအဝေး 15 ကီလိုမီတာ လောက်ထိရောက်ရှိနိုင်တဲ့ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် ၈စင်းကနေ ၁၆ စင်းအထိသယ်ဆောင်ထားနိုင်ပြီး ဒုံးကျည်စနစ်တွေရဲ့ တည်ဆောက်ထုတ်လုပ်ပုံက ဆန်းကျယ်မှုရှိပါတယ်။ ဒီစနစ်က UAV တွေ၊ သင်္ဘောဖျက်ဒုံးကျည်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေကို တိုက်ခိုက်ဖို့ အတော်လေးကောင်းမွန်တဲ့ မှတ်တမ်းကောင်းရှိတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။

အခုဆိုရင်မေလအစောပိုင်းလောက်က နောက်ဆုံးတပ်တော်ဝင်လာခဲ့တဲ့ Sergey Kotov အပါအဝင်ဆိုရင် ပရောဂျက် 22160 corvettes စုစုပေါင်း ၄စီးအထိ ပင်လယ်နက်ထဲမှာတာဝန်ထမ်းဆောင်နေပြီဖြစ်ပြီး နောက်ထပ်လည်း ထပ်မံတပ်တော်ဝင်လာမယ့် ၎င်းအတန်းအစား သင်္ဘောတွေ ၂ စီးခန့်ရှိနေခဲ့ပါတယ်။ ပြီးခဲ့လတွေတုန်းက ယူကရိန်း စစ်တပ်အနေနဲ့ ဒီသင်္ဘောတွေကို ခြုံခိုတိုက်ခိုက်ပြီး နှစ်မြုပ်နိုင်ခဲ့တယ်လို့ ကောလဟာလတွေ ထုတ်ပြန်ခဲ့ပေမယ့် လက်တွေမှာတော့ အခြေအမြစ်မရှိလှတဲ့သတင်းများသာဖြစ်တယ်လို့ ဆိုပါတယ်။ Moskva မနစ်မြုပ်မီက ကောလာဟလများ ပျံ့နှံ့ခဲ့ပြီး နောက် ရုရှားစစ်သင်္ဘော တွေအပေါ် ယူကရိန်းသင်္ဘောဖျက်ဒုံးတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ဆိုတဲ့ ကြီးမားလာတယ်ဆိုတဲ့ကိစ္စဟာ ပုံပြင်မဟုတ်ပဲ တကယ် ကိုပဲ ရေတပ်ကို Awareness ရစေခဲ့ပါတယ်။

သို့သော်လည်း Tor ကဲ့သို့ မြေပြင်စနစ်အား သင်္ဘောပေါ်တွင် တင်ရာတွင် အားနည်းချက်အချို့ရှိနေခဲ့ပါတယ်။ ဥပမာအားဖြင့် ရေဒါစနစ်ဟာ သင်္ဘောရဲ့ အစိတ်အပိုင်း တွေကြားထဲမှာနေရာချရတဲ့အခါ ရေယာဉ်တည်ဆောက်မှုရဲ့ superstructure တွေကြောင့် ရေဒါရဲ့ မြင်ကွင်းကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့သွားနိုင်မယ့် အခြေအနေမျိုး ရှိနေပါလိမ့်တယ်။ ။ ဒါ့အပြင် Tor ဟာ ယာဉ်တင်စနဟ်တွေမှာဆိုရင် ပစ်ခတ်ရာမှာ တည်ငြိမ်တဲ့ အထိုင်ချ Paltform တစ်ခုလိုအပ်တာမို့ ရာသီဥတုခက်ထန်လို့ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မျိုးတွေမှာဆိုရင် တော့ ဒုံးကျည်စနစ်ရဲ့ ထိရောက်မှုကျဆင်းတာမျိုးတွေဖြစ်နိုင်ပါသေးတယ်။ ပြီး ပင်လယ်ပြင်မှာ အသုံးပြုဖို့ Modular ထုတ်လုပ်ထားတာမျိုး မဟုတ်ရင် ဆားငွေ့ရိုက်တဲ့ပြဿနာနဲ့ အခြား compatible မဖြစ်တဲ့ မပြဿနာမျိုးတွေတော့ ရှိနေနိုင်ပါတယ်။ သို့ပေမယ့် Tor တည်ဆောက်စဉ်က အခြေအနေတော်တော်များများမှာ လည်ပတ်စေနိုင်ဖို့အတွက် ဆိုဗီယက် တွေအသေးစိတ်ဂရုစိုက်ခဲ့ပုံတော့ရပြီး ခုချိန်ထိ အသုံးပြုခဲ့သမျှသော စစ်ဆင်ရေးတွေမှာ missile system နဲ့ပတ်သက်တဲ့ error တွေသိပ်ကြီးကြီးမားမား မရှိခဲ့သေးတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။

Tor မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များကို ခုလို သင်္ဘောတွေပေါ်တွင် တပ်ဆင်တာက ၎င်းသင်္ဘောကိုယ်တိုင်အပြင် အခြားဘေးဘီဝဲယာမှ သင်္ဘောများအတွက်သော်လည်းကောင်း၊ကျွန်းငယ်လေးများ အထူးသဖြင့် Snake Island လို သေးငယ်တဲ့ကုန်းမြေလေးတွေကိုလည်း အမျိုးမျိုးသော ဝေဟင် ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ထိုသို့သောစနစ်များကို သင်္ဘောများပေါ်တွင် ထားရှိခြင်းသည် နောက်ဆုံးပေါ်အယူအဆတစ်ခုတော့လည်းမဟုတ်ပါဘူး။ ဥပမာအားဖြင့်၊ 2016 ခုနှစ်တုန်းက project 11356 Admiral Grigorovich frigate ကနေလည်း Tor-M2KM SAM ကို ပင်လယ်ပြင်မှာ တပ်ဆင် စမ်းသပ်တာမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။ အဲ့တုန်းကလည်း ခု Bykov အတန်းအစား corvette လိုပဲ ထိုစနစ်ကို လေယာဉ်ဆင်း ကုန်းပတ်ပေါ်မှ ဆိုင်းကြိုးနဲ့တပ်ဆင်စမ်းသပ်ခဲ့တာ ပဲဖြစ်ပါတယ်။

Project 22160 ဟာ စတင်တည်ဆောက်စဉ်မှာပင် Kalibr ခရုဇ်ဒုံးပျံများနှင့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ကွန်တိန်နာများတပ်ဆင် တင်ဆောင်နိုင်ရန်အတွက် လေယာဉ်ကုန်းပတ်အောက်တွင် နေရာလွတ်တစ်ခုဖြင့် ဒီဇိုင်းထုတ်တည်ဆောက်ထားတာဖြစ်ပါတယ်။ မော်ဂျူလာဖြစ်တဲ့ သင်္ဘောတင်ကွန်တိန်နာတပ် လေကာစနစ်တွေကို သယ်ဆောင်နိုင်မယ့် အဆင့်မြှင်တင့်မှုတွေကိုတော့ လက်ရှိမှာ မတွေ့ရှိရသေးတာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် Tor battery တစ်ခုကို သင်္ဘောကုန်းပတ်ပေါ်တွင် တုပ်နှောင်တင်ဆောင်ထားရုံမျှဖြင့် သင်္ဘောများအတွက် ကြံ့ခိုင်သော လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်အချို့ကို လျင်မြန်စွာ ပေးဆောင်စေခြင်းကသာလျင် လက်ရှိအချိန်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်လိမ့်မယ်လို့ ယူဆရတော့မှာလည်းဖြစ်ပါတယ်။

တီထွင်ဆန်းသစ်ထားသော အလားတူအယူအဆမျိုးကို အစ္စရေးရေတပ်၏ Sa'ar 5 အတန်းအစား corvettes များတွင်လည်း ယခင်ကတွေ့မြင့်ခဲ့ရဖူးပြီး Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ် လောင်ချာများကို လေယာဉ်ကုန်းပတ်များပေါ်တွင် ချည်နှောင်၍ အသုံးပြုတာဝန်ထမ်းဆောင်စေခဲ့တာလည်းဖြစ်ပါတယ်။ ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များ နိုင်ငံအတွင်း ပစ်မှတ်များကို တိုက်ခိုက်လာနိုင်မည့် “အသေခံဒရုန်းများ” လက်ဝယ်ထားရှိမှုနှင့် ပတ်သက်ပြီး အစ္စရေးရဲ့ စိုးရိမ်မှုတွေက မကြာသေးမီကမှ Grigovich မှာစမ်းသပ်ခဲ့တဲ့ပုံမျိုးကို လောင်ချာနှစ်စင်း ဖွဲ့စည်းမှုပုံစံနဲ့ စတင်ဖြန့်ကျက်ချထားခဲ့ခြင်းလည်းဖြစ်ပါတယ်။

2017 ခုနှစ်တွင်လည်း အီဂျစ်ရေတပ်ဟာ Avenger AN/TWQ-1 လေကြောင်းရန်ကာကွယ်ရေးယာဉ်များကို Mistral-class သင်္ဘောများပေါ်တွင် တပ်ဆင်ပြီး ကုန်း/ရေနှစ်သွယ်သွား သင်္ဘောကြီးများအတွက် ပွိုင့် Defense ကာကွယ်ရေးအတွက် စတင်တပ်ဆင်ခဲ့ဖူးပါတယ်။ Avenger ဆိုတာကတော့ တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး (SHORAD) စနစ်တစ်ခုဖြစ်ပြီး တစ်ခုစီတွင် FIM-92 Stinger အပူ-ရှာ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်လေးခုကို တပ်ဆင်ထားပြီ .50 calibre M3P စက်သေနတ်တစ်လက်လည်း တပါတည်း ပါရှိတာဖြစ်ပါတယ်။ ၎င်းကို Humvee mobility ယာဉ်များရဲ့နောက်ဘက်တွင် တပ်ဆင်လေ့ရှိပေမယ့် မြေပြင်နှင့် ကုန်းပတ်ပေါ်ရှိ ပုံသေအနေအထားများတွင်လည်း တပ်ဆင်နိုင်တာဖြစ်ပါတယ်။

အမေရိကန်မှာ ဒီလို ပြီးစလွယ် ကတိုက်ကရိုက် တတ်ဆင်ဖူးတဲ့ မှတ်တမ်းနမူနာမျိုး မတွေ့ရှိခဲ့ရဖူးသော်လည်း ရုရှတို့ ယခုတပ်ဆင်မှုကိုတော့ ဆန်းသစ်တီထွင်မှု သို့မဟုတ် ဖြတ်လမ်းနည်းအသုံးပြုနိုင်မှုလို့ ပြောဆို ချီးကျူး ချင် ချီးကျူးနိုင်ပါလိမ့်မယ်။ Tor SAM စနစ်ကို Vasily Bykov အတန်းအစား corvettes များတွင် ယခုကဲ့သို့တုပ်နှောင်မှုဟာ ပြေပြစ်တဲ့ ဒါမှမဟုတ် အဆင့်မြင့်တဲ့ ပေါင်းစပ်ဖြေရှင်းချက်တစ်ခုတော့ မဟုတ်ပါဘူး။သို့ပေမယ့် Tor စနစ်တပ်ဆင်ပေးမယ့် ခေတ်မီစစ် သင်္ဘောတစ်စင်းဟာ ဝေဟင်မှတိုက်ခိုက်မှုတွေကို အတိုင်းအတာတစ်ခု အတော်အတန် ခံနိုင်ရည်ရှိလာမှာဖြစ်သလို အထူးသဖြင့် အမေရိကန်ရဲ့ RGM-84 Harpoons များမကြာမီ ယူကရိန်းသို့ ရောက်ရှိလာဖွယ်ရှိတယ်ဆိုတဲ့ အချက်က ယခုကဲသို့ အားချင်းလုပ်ဆောင်ခဲ့ရမှု ရဲ့ နောက်ကွယ်ကအကြောင်းအရာ များထဲကတစ်ခုဖြစ်နိုင်တယ်လို့ ပဲ ဆိုရတော့မှာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းတွေအရ ပြင်သစ်ကလည်း သူတို့ရဲ့ နာမည်ကျော် Exocet သင်္ဘောဖျက်ဒုံးကျည်တွေကို ယူကရိန်းသို့ ပို့ဆောင်သွားပေးဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

.F
Source internet

ယူကရိန်းနိုင်ငံ၏ ရုရှ သိမ်းပိုက်ထားသော Snake ကျွန်းပေါ် တွင် တပ်ဆင်ထားသည့် ရုရှ လေ/ကာ ယူနစ်များက Romania နယ်စပ်သို့ဖြတ်က...
06/06/2022

ယူကရိန်းနိုင်ငံ၏ ရုရှ သိမ်းပိုက်ထားသော Snake ကျွန်းပေါ် တွင် တပ်ဆင်ထားသည့် ရုရှ လေ/ကာ ယူနစ်များက Romania နယ်စပ်သို့ဖြတ်ကျော်ပြီးကျူးကျော်ချဉ်းကပ်လာသော နေတိုး၏ F-35 A တိုက်လေယာဉ်များ ကို ထောက်လှမ်းဖမ်းမိခဲ့ဟု ဆို

မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့၏ လေယာဉ်များဟာ လက်ရှိရုရှားထိန်းချုပ်မှုအောက်တွင်ရှိနေပြီး မေလအစောပိုင်းခန့်က တိုက်ပွဲများဖြစ်ပွားနေခဲ့သော ယူကရိန်းနိုင်ငံပိုင် Snake Island (Zmeiny Ostrov) အနီးသို့ ချဉ်းကပ် ပျံသန်း လာခဲ့ဟု ရုရှ လေ/ကာ တပ်ဖွဲ့များက ပြောကြားခဲ့ပါသည်။ မေလအတွင်း ယူကရိန်း ပင်လယ်နက်ထွက်ပေါက်၏ အချက်အချာကျသော အဆိုမြွေကျွန်းသို့ ယူကရိန်းတပ်ဖွဲ့များက ကမ်းတက်သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ရုရှားစစ်တပ်က ခုခံချေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

NATO တိုက်လေယာဉ်များဟာ ရေနံတင်သင်္ဘောများကို စောင့်ကြပ်ပေးခဲ့ခြင်းဖြစ်ပြီး ရိုမေးနီးယားမှ စတင်ထွက်ခွာခဲ့ကြရာ အဆိုပါ မစ်ရှင်တွင် ဗြိတိန် လေတပ်၏ ယူရိုဖိုက်တာတိုင်ဖွန်း ဂျက်တိုက် လေယာဉ်နှစ်စင်း ပင် ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ လေယာဉ်အုပ်စုတွင် အမေရိကန်၏ F-35 ဂျက်တိုက်လေယာဉ်များ ပါဝင်ခဲ့တယ်လို့ ရုရှလေ/ကာအဖွဲ့တွေက စွပ်စွဲပြောဆိုခဲ့သော်လည်း အမေရိကန်အနေနဲ့ တစ်စုံတရာ တုံ့ပြန် ပြောကြားတာမျိုးတော့မရှိခဲ့ပါဘူး။ ထို့ပြင် တိုက်လေယာဉ်များဟာ ပျံသန်းစဉ် transponder များ ပိတ်ထားခြင်းကြောင့် အချက်အလက်များကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

မေလ ၁၆ ရက်နေ့က ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များက မြွေကျွန်းပေါ်သို့ အငိုက်ဖမ်းတိုက်ခိုက်ရန် ကြိုးစားလာသော ယူကရိန်း Su-24 ဗုံးကြဲလေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ မေလ 27 ရက်နေ့တွင် Sevastopol အုပ်ချုပ်ရေးမှူး Mikhail Razvozhaev က ယူကရိန်းစစ်တပ်သည် မြွေ ကျွန်းအား ကာကွယ်ရင်း လေတပ်အမှုထမ်းတစ်ဦး ကျဆုံးခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့တာလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ရုရှသတင်းတွေရဲ့ ဖော်ပြချက်အရဆို အမေရိကန် F-35A ဂျက်တိုက်လေယာဉ် လေးစင်းခန့်ဟာ Snake အနောက်ဖက် ကမ်းလွန်မှာ လျှို့ဝှက်မစ်ရှင်တစ်ခု ဆောင်ရွက်နေတာကို ရုရှ Anti- Steath ရေဒါများက ဖမ်းယူရရှိခဲ့တယ်လို့ ဖော်ပြတာမျိုးတွေလည်းရှိနေခဲ့ပါတယ်။ F-35A တိုက်လေယာဉ်များအပြင် လူသိများသော ဗြိတိသျှ ယူရိုဖိုက်တာ တိုင်ဖုန်း တိုက်လေယာဉ်နှစ်စင်းလည်း ပါရှိသေးတာဖြစ်ပြီး ထောက်လှမ်းရေး သတင်းတွေရဲ့အဆိုအရ တိုက်လေယာဉ်တွေဟာ ရိုမေးနီးယား Graf Ignatievo လေတပ်စခန်းကနေ ထွက်ခွာလာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ၎င်းလေယာဉ်များဟာ မြွေကျွန်အနီး ကီလိုမီတာ ၅၀ အကွာခန့်ထိရောက်ရှိအောင် ထိုးဖောက်ဝင်ရောက်ကျူးကျော်ခဲ့တာမျိုး ဖြစ်တယ်လို့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတွေက ပြောဆိုခဲ့ပါတယ်။ ဆီဖြည့်လေယာဉ်တစ်စင်းပါဝင်တာကြောင့် ၎င်းတို့ရဲ့ယခုစစ်ဆင်ရေးခရီးစဉ်ဟာ ရှည်လျားတယ်လို့ သတ်မှတ်နိုင်တယ်လို့ ရုရှသတင်းတွေက ကောက်ချက်ချနေကြတာလည်းဖြစ်ပါတယ်။

Transponder များပိတ်ထားလို့ ရန်သူ/မိတ်ဆွေခွဲခြား သတ်မှတ်ရန် မဖြစ်နိုင်ခဲ့ပေမယ့် ၎င်းတို့၏ ပျံသန်းမှုလမ်းကြောင်းအတိအကျကိုမူ ရုရှ လေ/ကာအဖွဲ့တွေက သိရှိခဲ့တယ်လို့ဆိုပြီး ဒီအပြုအမူဟာ ရုရှ တို့အပေါ် NATO ရဲ့ ရန်စ စော်ကားတဲ့ အပြုအမူ မျိုးဖြစ်တယ်လို့ယူဆနိုင်သလို ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ ဒေသတွင်းစစ်ပွဲအတွင်းသို့ အနောက်အုပ်စုမှ ဝင်ရောက်စွက်ဖက် တိုက်ခိုက်လိုတဲ့ သဘောမျိုးလည်း သက်ရောက်နေတယ်လို့ သယေတင်းများက ဖော်ပြနေတာလည်းဖြစ်ပါတယ်။

F-35A ဆိုတာက အမေရိကန်လေတပ်နဲ့ သူ့မဟာမိတ်တွေရဲ့ ကိုယ်ပျောက်တိုက်လေယာဉ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ မရိန်း F-35B နှင့် Navy F-35C တို့ကတော့ F-35 Family ထဲက အသေးငယ်ဆုံးနှင့် အပေါ့ပါးဆုံး မျိုးကွဲများဖြစ်ကြပါတယ်။ သွက်လက် ပြီး ၎င်း၏ 25mm calibre စက်အမြောက် GAU-22/A သေနတ်ပါရှိတဲ့ မျိုးကွဲကတော့ F-35 ရဲ့ တစ်ခုတည်းသောဗားရှင်းလည်းဖြစ်ပါတယ်။ F-35 ကို ၂၀၀၆ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုတွင် Lockheed Martin မှ စမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိတွင် အစီးရေ ၁၀၀၀ ကျော် ထုတ်လုပ်တင်ပို့ခဲ့ပြီးလည်းဖြစ်ပါတယ်။ ယနေ့အချိန်အထိ တင်ပို့ခဲ့ပြီးသမျှ တိုက်လေယာဉ်တွေအားလုံးထဲမှာ လူကြိုက်အများဆုံး မျိုးကွဲတစ်ခုလည်းဖြစ်ပြီး စောင့်ကြည့်လေ့လာသူတွေရဲ့ ဝေဖန်ချက်အရ တော့ F-35 ဟာ နှစ်ဆယ့်တစ်ရာစုရဲ့ အကောင်းဆုံး တိုက်လေယာဉ်သာမက တည်ဆောက်ဖူးသမျှ သော တိုက်လေယာဉ် များထဲမှ စွမ်းဆောင်ရည်အမြင့်ဆုံးတိုက်လေယာဉ်တစ်စီးဖြစ်တယ်လို့ ဖော်ပြပါရှိတာလည်းဖြစ်ပါတယ်။

F-35 တွင် ရေဒါဖမ်းယူရရှိနိုင်သော အစိတ်အပိုင်းများကို ကိုယ်ထည်အတွင်းပိုင်းမှာ ဝှက်ထားပြီး လက်နက် အတော်များများကို တင်ဆောင်နိုင်တာကို တွေ့ရှိရပါတယ်။ ပထမတစ်မျိုးမှာ ၂၅ မီလီမီတာ လေကြောင်းပစ်အမြောက်ဖြစ်ပြီး ၁၈၀Km ထိ ပစ်ခတ်နိုင်သော AIM-120 AMRAAM ၊ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များAIM-9X Sidewinder၊ AIM-132 ASRAAM၊ MBDA Meteor ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များလည်း ပါရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဝေဟင်ပစ် ခရုဇ် မစ်ဇိုင်းတွေဖြစ်တဲ့ AGM-88G AARGM-ER, AGM-158 JASSM တို့လို ရေဒါဖျက်ဒုံးကျည်များနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ဖြစ်တဲ့ AGM 158C LRASM နှင့် လေဆာလမ်းညွှန်ဒုံး AGM-154 JSOW အပါအဝင် အခြားလက်နက်များစွာလည်း ပါရှိသေးတာဖြစ်ပါတယ်။

မယအဆိုပါလက်နက်များကို ကိုယ်ပျောက် mode ပျံသန်းရာတွင် လက်နက် အလေးချိန် 2.8 တန်သာ သယ်ဆောင်နိုင်သော်လည်း ကိုယ်ပျောက်အသားပေးမဟုတ်သော သားရဲ (တိုက်ခိုက်ရေး) Mode တွင်ဆိုပါက လက်နက်အလေးချိန် 10 တန်အထိ သယ်ဆောင်နိုင်တယ်လို့လည်းသိရှိရပါတယ်။
F-35 လေယာဉ်မှူးများ၏ ဦးထုပ်တွင် တပ်ဆင်ထားသော(HMDS) စနစ် ကကမ္ဘာ့အကောင်းဆုံးသော ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်အပေါ် သိရှိနားလည်ရေး စနစ်များက ယာဉ်မောင်းအား နောက်ဆုံးပေါ် စနစ်များကိုအသုံးပြုပြီး အချက်အလက်နှင့်နည်းပညာရရှိရေးကဏ္ဍ တွေမှာ ပြည့်ဝစွာပံပိုးပေးသွားနိုင်မှာလည်းဖြစ်တယ်လို့ဆိုပါတယ်။F-35 ၏ AN/ASQ-239 အီလက်ထရွန်နစ် Warfare စနစ်ကဖော်ထုတ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ မြေပြင်နှင့် ရေပြင်များမှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် တိုက်ပွဲဇုန်၏ 360 ဒီဂရီ မြင်ကွင်းကို ထောက်ပံပေးထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်AESA ရေဒါတစ်ခုက ကီလိုမီတာ 500 အကွာအဝေးမှ ခြိမ်းခြောက်မှုများကို ထောက်လှမ်းနိုင်မှာဖြစ်ကာ လေယာဉ်ရဲ့ဒီလို Characteristic တွေက ၎င်းလေယာဉ်အမျိုးအစားကို မောင်းနှင်ရမယ့် Pilot များကို ကောင်းမွန်စွာ အကျွမ်းတဝင်လုပ်ဆောင်နိုင်စေမှာဖြစ်တယ်လို့ဆိုပါတယ်။ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားစစ်မြေပြင်တွေမှာဆိုရင် F-35 ဟာ ကြောက်မက်ဖွယ်စွမ်းဆောင်ရည်များကို ပြသခဲ့ပြီးလည်းဖြစ်ပါတယ်။ F-35 တိုက်လေယာဉ်တစ်စင်းရဲ့ဈေးနှုန်းဟာ အမျိုးအစားပေါ် မူတည်၍ ဒေါ်လာ သန်း 80 မှ 110 အထိ ရှိပြီး ထုတ်လုပ်မှုပမာဏ တိုးလာခြင်းကြောင့် လာမည့်နှစ်များတွင် ဒေါ်လာ ၇၈ သန်းအထိ ဈေးနှုန်းကျဆင်းသွားဖွယ်ရှိတယ်လို့လည်းသိရပါတယ်။

.F
ref

ရုရှ အာကာသ ကုမ္ပဏီ Roskosmos က USA ရဲ့ SAR satellite များ/ Elon Musk ရဲ့ Star Link ကွန်ယက်စနစ်တို့နဲ့ အလားသဏ္ဌာန် တူနိုင...
06/05/2022

ရုရှ အာကာသ ကုမ္ပဏီ Roskosmos က USA ရဲ့ SAR satellite များ/ Elon Musk ရဲ့ Star Link ကွန်ယက်စနစ်တို့နဲ့ အလားသဏ္ဌာန် တူနိုင်မယ့် Sphere ကြယ်စင်စု Satellite ကွန်ယက်စနစ် လွှတ်တင်တည်ဆောက်သွားမယ့် ၎င်းတို့ရဲ့အစီအစဉ် ကို ထုတ်ဖော်ပြောကြားသွားခဲ့

Roscosmos State Corporation နဲ့ Advanced Programs တို့ရဲ့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး Sergey Prokhorov က ၎င်းတို့၏ Sphere Project အတွက် က Sphere ဂြိုလ်တု ကြယ်စင်စု အသစ်အား မည်ကဲ့သို့ အလုပ်လုပ်သွားမည်ကို အင်တာဗျူး တစ်ခုတွင် ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

"Sphere" ၏ရည်မှန်းချက်မှာ ဖြစ်နိုင်ခြေအားလုံးကို ဂေဟစနစ်တစ်ခုတည်းအတွင်း ပေါင်းစပ်တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ ဂြိုလ်တုများသည် ကုန်စည်များနှင့် ခရီးသည်များ၏ ရထား၊ အဝေးပြေးလမ်း သို့မဟုတ် ပင်လယ်ရေကြောင်းဖြင့် ခရီးသွားလာမှုသို့မဟုတ် တင်ပို့မှုတို့အား ခြေရာခံနိုင်သောကြောင့် ၎င်းတို့သည် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများအပေါ် များစွာ အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် ဂြိုလ်တုများသည် ကမ္ဘာ့ တစ်နှံံ့တစ်လျား ရောက်ရှိသွားလာနေသော ခရီးသည်များအတွက် ယုံကြည်စိတ်ချရသော ဆက်သွယ်မှုများကိုလည်း စီမံပေးစွမ်းနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် "Sphere" ဟာ သင့်အား အဝေးထိန်းစနစ်ဖြင့် စက်ပစ္စည်းကိရိယာများကို ထိန်းချုပ်ခြင်း ဝေးလံခေါင်သီသောဒေသများရှိ လုပ်ငန်းရှင်ပုဂ္ဂိုလ်များ၏ အလုပ်ကိစ္စများကို စစ်ဆေးခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များကို ရှာဖွေခြင်းတို့ကဲ့သို့ အနုစိတ်သော ကိစ္စများကိုပြုလုပ်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။ "ကျွန်ုပ်တို့၏နိုင်ငံဟာ Sphere ကိုတည်ဆောက်ရာမှာ အဓိက ရည်မှန်းချက်အနေဖြင့် နည်းပညာဆိုင်ရာခေတ်ရေစီးကြောင်းများကို အလျင်မီ လိုက်လျောညီထွေရှိစေလိုသောဆန္ဒသာမက ပဲ လူသားချင်းစာနာမှုနှင့် လူမှုရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပြင် ဒစ်ဂျစ်တယ်မညီမျှမှုကို ပါ ဖယ်ရှားလိုသော ဆန္ဒများကြောင့် စတင် တည်ဆောက်ခဲ့ရခြင်းဖြစ်တယ်" လို့ Sergey Prokhorov က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လက်ရှိတွင် Marathon Internet ရဲ့ Satellite ကြယ်စင်စုအတွက် ဂြိုဟ်တု ၁၃၇ လုံးကိုရာထားပြီး၊ broadband အင်တာနက်အသုံးပြုမှုစနစ်အတွက် Skif ဂြိုလ်တု ၆ လုံးနှင့် Sphere အတွက် Express-RV ဆက်သွယ်ရေးဂြိုဟ်တု ၄ လုံးတို့ကို လွှတ်တင်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။ ထို့အပြင် ကမ္ဘာမြေကို ပုံရိပ်ဖော်ရန်အတွက် ဂြိုလ်တုများစွာကိုလည်း လွှတ်တင်ရန် စီစဉ်ထားတာကြောင့် စုစုပေါင်း လွှတ်တင်မယ့် ဂြိုလ်တုအရေအတွက်ဟာ ၃၈၀ လောက်ထိရှိနိုင်လိမ့်မယ်လို့ အကြမ်းဖျင်းဖော်ပြသွားခဲ့ပါတယ်။

Skif မြန်နှုန်းမြင့်အင်တာနက်စနစ် မှာပါဝင်မယ့် bandwidth ရဲ့ စက်တစ်ခုချင်းစီ အလိုက် အမြန်နှုန်းဟာ 150 Gbit/s ထက် ပိုနေမည်ဖြစ်ပြီး၊ အုပ်စုဖွဲ့ကွန်ယက်ချိတ်ဆက်နိုင်ရန်အတွက်မူ terabit-class စနစ်ဖြင့် ချိတ်ဆက်နိုင်ရန် ထည့်သွင်းတွက်ချက်သွားဖို့လိုအပ်မယ်လို့ သိရှိရပါတယ်။ ၂၀၂၄ ခုနှစ်မှာ အပြည့်အဝအကောင်အထည်ပေါ်လာမယ့် အဆိုပါပရိုဂရမ်ကိုခန့်မှန်းခြေ ရူဘယ် 180 ဘီလီယံ ခန့်ဖြင့် စတင် မတည် အကောင်အထည်ဖော် တည်ဆောက်သွားမယ်ဟု သိရပြီး ချိတ်ဆက်အသုံးပြုမှုအတွက် ကိုမူ terminal တစ်ခု၏ တန်ဖိုး အား ရူဘယ် ၁၅ဝဝ ခန့်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ကြိုးစားသွားမှာလည်းဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ရုရှဟာ သမ္မတ ပူတင်လက်ထပ်မှာ USA ရဲ့ GPS စနစ် ကို တန်ပြန်တဲ့ State owned နေရာပြစနစ် GLONASS စနစ်ကို အပြီးသတ် လွှတ်တင် အကောင်အထည်ဖော် တည်ဆောက်နိုင်ခဲ့ပါတယ်။ နေရာပြတိကျမှုအရ ဂြိုလ်တု လွှတ်တင်မှုပတ်လမ်းကွာခြားမှုတွေအရ အီကွေတာနဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ GNSS(GPS) Satellite တွေက ပိုမို တိကျစွာ နေရာပြသပေးနိုင်ပြီး ဝန်ရိုးစွန်းနိုင်ငံဖြစ်တဲ့အားလျော်စွာ ဝန်ရိုးစွန်းနဲ့နီးတဲ့ဒေသတွေမှာတော့ GLONASS က ပိုမို တိကျမှုရှိတယ်လို့ လေ့လာသိရှိရပါတယ်။ ဒါကြောင့် တည်နေရာပြသမှု အတိအကျလိုအပ်သော CAS နဲ့ ဗုံးကျဲလေယာဉ်တွေမှာ ဆိုရင် GPS နဲ့ GLONASS ကို Alternative သို့မဟုတ် Back up အနေနဲ့ ယှဉ်တွဲအသုံးပြုကြတာကို တစ်ချို့သော Internet Photos တွေမှာလေ့လာတွေ့ရှိကြရပါတယ်။

Smart phone တွေမှာ ပါတဲ့ google map စနစ်ဟာ ဆိုရင်တော့ ကမ္ဘာ Positioning စနစ်အားလုံးဆီကနေ ချိတ်ဆက်ရယူထားတာဖြစ်လို့ မှန်ကန်တိကျမှု မြင့်မားတာဖြစ်ပြီး တချို့စစ်သုံးလေယာဉ်များမှာလည်း Google map ကို reference လုပ်ထားတဲ့ Electronic စနစ် တွေပါဝင်လာဖွယ်ရှိတယ်လို့ ယူဆရတာလည်းဖြစ်ပါတယ်။ ခုတော့ ရုစကီး တို့ဟာ ၂၀၁၉ ခုနှစ်ထဲကစတင်ခဲ့တဲ့ Sphere ပတ်လမ်းနိမ့် ဂြိုလ်တုကွန်ယက်စနစ်ကို Sanctions တွေပတ်လည်ဝိုင်းခံထားရတဲ့ အနေအထားတစ်ခုနဲ့ အကောင်အထည်ဖော် လွှတ်တင်သွားဖို့ ဖြစ်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။

.F

ရုရှားရေတပ်ဟာ ၎င်း တို့ရဲ့စစ်သင်္ဘောများ ကို သင်္ဘောဖျက်ဒုံးကျည်များ၏ ရန်မှ ကာကွယ် ရန် အတွက် နည်းဗျူဟာ အသစ်တစ်မျိုးကို အ...
06/05/2022

ရုရှားရေတပ်ဟာ ၎င်း တို့ရဲ့စစ်သင်္ဘောများ ကို သင်္ဘောဖျက်ဒုံးကျည်များ၏ ရန်မှ ကာကွယ် ရန် အတွက် နည်းဗျူဟာ အသစ်တစ်မျိုးကို အသုံးပြုခဲ့

ယူကရိန်းရေတပ်၏ အဆိုအရ ရုရှားဖက်ဒရေးရှင်းရေတပ်သည် အရပ်ဘက်သင်္ဘောများအတွက် ခွဲခြားသတ်မှတ်ခြင်းစနစ်ကို ပိတ်ထားသဖြင့် ၎င်းတို့အား ယူကရိန်း ကမ်းခြေစောင့်တပ်မှာ စစ်သင်္ဘောများနှင့် ခွဲခြားရန် မဖြစ်နိုင်စေရန်အတွက်ဆောင်ရွက် ခဲ့တယ်လို့သိရပါတယ်။ ရုရှားရေတပ်ဟာ အရပ်သားများရဲ့နောက်ကွယ်မှာ ၎င်းတို့ရဲ့တပ်များကို ဖုံးကွယ်ရန် နည်းဗျူဟာကို ယခုတစ်ကြိမ်မှာတော့ ပင်လယ်ပြင်မှာ စတင်အသုံးပြုရန် ကြိုးစားခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ယူကရိန်းရေတပ်ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ စတင်ဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားစစ်တပ်သည် AIS ခြေရာခံစနစ်များပိတ်ထားခြင်းအားဖြင့် ကုန်သည်ရေယာဉ်များနှင့် အရပ်ဘက်သင်္ဘောများကို အကာအကွယ် ယူနေတဲ့ အခြေအနေမျိုးလည်းရှိနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီသင်္ဘော တွေပေါ်ကနေ ရုရှရေတပ်ဟာ ယူကရိန်းတို့ ကုန်းတွင်းပိုင်း စစ်ရေးပစ်မှတ်တွေကို ၎င်းတို့ရဲ့ Kalibr ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေလျက်ရှိတာကိုတွေ့ရှိရတာလည်းဖြစ်ပါတယ်။ ကုန်သင်္ဘောများ ဝင်ရောက်မှုနဲ့ ထပ်တူ ပါရှိလာတတ်တဲ့ ရုရှားစစ်သင်္ဘောများစွာကြောင့် ယူကရိန်းကမ်းခြေစောင့်တပ်တွေအနေနဲ့ ၎င်းတို့အား အရပ်သားသင်္ဘောများအဖြစ် အသိအမှတ်ပြုရန်အတွက် မဖြစ်နိုင်တော့ဘူးလို့သိရပါတယ်။

"ဒီနည်းဗျူဟာအရ ရုရှရေတပ်ဟာ ကုန်သည်သင်္ဘောများနောက်တွင် ငြိမ်းချမ်းသော ယူကရိန်းမြို့များနှင့် နိုင်ငံတွင်းနေထိုင်သူများထံ Kalibr ခရုဇ်ဒုံးကျည်များ ဖြင့် ပစ်လွှတ်နေသည့် ၎င်းတို့၏ စစ်သင်္ဘောများကို ဖုံးကွယ်ထားတယ်လို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ချို့ကထုတ် ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကိစ္စအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရရင် ရုရှ တို့ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီးလူးမျက်နှာအမှန်ကို တစ်ဖန်လှစ်ဟာ ပြသနေသဟန် ရှိတယ်" လို့ ယူကရိန်းရေတပ်က နိဂုံးချုပ် ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

စစ်ပွဲ စတင်စဉ်ကပင် ယူကရိန်း နဲ့ ရုရှတို့ဟာ လူသားဒိုင်းအဖြစ်အသုံးပြုစစ်တိုက်ခြင်းနည်းဗျူဟာ အား အသုံးပြုတိုက်ခိုက်သည်ဟု သူတစ်ပြန် ကိုယ်တစ်ပြန် ပြစ်တင်ဝေဖန်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ ခုတစ်ကြိမ်ကတော့ ရုရှတွေ အစွပ်စွဲခံရတဲ့အလှည့်လည်း ဖြစ်နိုင်ပါတယ်။ ဆွီဒင်သည် ကမ်းရိုးတန်းကို ကာကွယ်ရန် တိုတောင်းသော အကွာအဝေးတွင် ပစ်ခတ်နိုင်သည့် Robot-17 သင်္ဘောဖျက်ဒုံးကျည်စနစ်များကို ယူကရိန်းထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရှိခဲ့ရပြီး၊ ဒီရက်ပိုင်းတွင် ရုရှားဟာ ၎င်းတို့ရဲ့ ဒုံးကျည်လက်နက်များပါရှိသည့် သင်္ဘောများအားလုံးနီးပါးကို ပင်လယ်နက်သို့ ဆုတ်ခွာခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

.F

ရုရှားစစ်သားများ၏အဆိုအရ Buk-M3 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် ယူကရိန်းစစ်တပ်အသုံးပြုသော တူရကီဒရုန်း Bayraktar များ...
06/04/2022

ရုရှားစစ်သားများ၏အဆိုအရ Buk-M3 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် ယူကရိန်းစစ်တပ်အသုံးပြုသော တူရကီဒရုန်း Bayraktar များအတွက် သားသတ်သမားများ ဖြစ်သည်ဟု ပြောကြားခဲ့

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ "VK" အကောင့်တွင် လွှင့်တင်ထားသည့် ဗီဒီယိုတစ်ခုအရ Buk-M3 သည် Viking ဟု အမည်ပြောင်ပေးထားသည့် Buk Medium range မြေပြင်မှ ဝေဟင်ပစ် ဒုံး Buk Sam Family ၏နောက်ဆုံးဗားရှင်းဖြစ်ပြီး ယခုအခါ ယူကရိန်းတွင် တပ်ဖြန့်ချထားကြောင်း သိရှိရပါတယ်။ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ ၏ အဆိုအရမူ Buk-M3 သည် ရုရှားတင့်ကားများနှင့် ကွပ်ကဲမှုစခန်းများကို တိုက်ခိုက်ရန်အတွက် ယူကရိန်းစစ်တပ်မှ အသုံးပြုလေ့ရှိသော တူရကီလုပ် Bayraktar ဒရုန်းများ၏ သားသတ်ရုံကဲ့သို့နှယ် ရှိနေတယ်လို့ တညီတညွတ်တည်း သိရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် ရုရှား Buk-M3 လေ/ကာစနစ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်များကို A.R websites internet စာမျက်နှာများတွင် လိုက်လံရှာဖွေတင်ပြပေးလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များသည် ယူကရိန်းစစ်တပ်မှ စစ်ဆင်နေသည့် တူရကီလုပ် Bayraktar UAVs (မောင်းသူမဲ့လေယာဉ်) အမြောက်အမြားကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တူရကီလုပ် Bayraktar Drone တွေဟာ Electronic ဖိဖျက်နှောက်ယှက်မှုစနစ်ပါဝင်ပြီး တင့်/သံချပ်ကာ ယာဉ်တန်းငယ်များ၊ အခြေစိုက်စခန်းငယ်များကဲ့သို့ အသေးစား ပစ်မှတ်များ အားအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာကလွဲရင် ရေဒါထောက်လှမ်းမှုနှိုင်းယှဉ်ချက်အရ အရွယ်အစား ကြီးမားခြင်း၊ မြန်နှုန်းနိမ့်ခြင်းနှင့် အတိမ်းအစောင်းခံနိုင်မှု အားနည်းခြင်း Maneuver လုပ်ဆောင်နိုင်ရည် နည်းပါးခြင်း စတဲ့အချက်တွေကြောင့် Tor-M2၊ Pantsir နှင့် Buk-M3 ကဲ့သို့သော ရုရှားလေ/ကာ စနစ်များအတွက် လွယ်ကူသောပစ်မှတ် များ ဖြစ်ခဲ့ကြောင်း ရုရှားစစ်သည်များက မှတ်ချက်ပေးခဲ့ကြပါတယ်။

Buk M3 ကို Viking လို့လည်း နာမည်ပြောင်ပေးထားပြီး ရုရှ စစ်တပ်ရဲ့ တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် များထဲက နောက်ဆုံးမျိုးဆက် တစ်ခုလည်းဖြစ်ပါတယ်။ ဒုံးကျည်အသစ်ကို အသုံးပြုထားပြီး အဆင့်မြင့် အီလက်ထရွန်နစ် စနစ်များ ထပ်မံပေါင်းထည့်ထားသည့် အစိတ်အပိုင်းများပါရှိလာပါတယ်။ ၎င်းတွင် Buk စနစ်ဟောင်းများနှင့် နှိုင်းယှဉ်ပါက ပိုမိုတိုးတက်ကောင်းမွန်သော စွမ်းဆောင်ရည်များရှိလာပြီး ၎င်းဟာ ဆိုဗီယက်ခေတ် S-300P တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်ပင် နှိုင်းယှဉ်နိုင်မယ်လို့ သိရပါတယ်။

ပစ်လွှတ်သည့်ယာဉ်အများအပြားပါဝင်သည့် Buk-M3 Complex တစ်ခုမှာဆိုရင် မတူညီသောပစ်မှတ် ၃၆ ခုအထိ တစ်ပြိုင်နက် Engage ပြုလုပ်နိုင်သော ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါများပါဝင်ပြီး တစ်ခုစီက ရှုထောင့်အကျယ် 120 ဒီဂရီနှင့် Azimuth နဲ့ အမြင့် ၈၅ ဒီဂရီ ပလိန်းအတွင်း မတူညီသောပစ်မှတ် ၆ ခုကို တစ်ပြိုင်နက်တည်း ကြားဖြတ်နိုင်ရန် ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။။

Buk-M3 Viking ဒုံးကျည်ဘက်ထရီတွင် TELAR 9A317M (Transporter Erector LAuncher and Radar) နှင့် TEL 9A316M (Transporter Erector Launcher) ယာဉ်တစ်စီးတို့ ပါဝင်ပါတယ်။ TELAR သည် GM-569 ချိန်းတပ်ကျည်ကာကိုယ်ထည်ပေါ်တွင် အခြေပြုတပ်ဆင်ထားပြီး 360° အပြည့် လှည့်လည်၍ ပစ်မှတ်များကို ရှာဖွေပစ်ခတ်နိုင်သော ရေဒါနှင့် အသင့်ပစ်ဒုံးကျည်ခြောက်စင်းကို သယ်ဆောင်ထားပါတယ်။

Buk-M3 TELAR ဆိုသည်မှာ သံချပ်ကာယာဉ်၏ အရှေ့ပိုင်းတွင် ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါနှင့် ပစ်စင်ပေါ်တွင်မူ ပစ်ခတ်ရန် အသင့်ရှိသော ဒုံးကျည်ခြောက်စင်းပါရှိသည့် လောင်ချာတစ်ခု ဖြစ်ပါသည်။ ၎င်းတွင် အသုံးပြုထားသော ဒုံးကျည်သည် Buk-M1 နှင့် Buk-M2 တွင်အသုံးပြုထားသည့် 9M38 နှင့် နှိုင်းယှဉ်ပါက အကွာအဝေး ပိုမိုတိုးမြှင့်ထားပြီး အလုံးစုံသောစွမ်းဆောင်ရည်များ မြှင့်တင်ထားသည့် 9R31M ရေဒါလမ်းညွှန်စနစ်ဖြင့် ပစ်ခတ်နိုင်သော (SAM) ဒုံးကျည်အသစ်များဖြင့် ထည်သွင်းတည်ဆောက်ထားခြင်းလည်းဖြစ်ပါတယ်။

Buk-3M ၏ပစ်မှတ်ဖျက်ဆီးမှုဖြစ်နိုင်ခြေ မှာ 0.9999 သို့ရောက်ရှိခဲ့ပြီး ၎င်း၏အမြင့်ဆုံး ကြားဖြတ်နိုင်မှုအကွာအဝေး မှာ ယခင်ကထက် 25 ကီလိုမီတာ ပိုတိုးလာပြီး ယခုအခါ 70 ကီလိုမီတာအထိ ပစ်ခတ်ဖျက်ဆီးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Buk-M3 သည် အကွာအဝေး 2.5 မှ 70 ကီလိုမီတာအတွင်း မည်သည့် ဝေဟင်ပစ်မှတ်ကိုမဆို ဖျက်ဆီးနိုင်ပြီး အမြင့်ပေ 15 m မှ 35 ကီလိုမီတာ တွင် တစ်စက္ကန့်လျင် 3,000 မီတာ နှုန်းမောင်းနှင်လာသော လေယာဉ်နှင့် ဒုံးပျည်အမျိုးမျိုးကို ကြားဖြတ်နိုင်မှာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ Buk-M3 ဒုံးကျည်သည် အနိမ့်ပျံခရုဇ်ဒုံးကျည်များကို ကြားဖြတ်တားဆီးရန်အတွက် အကောင်းဆုံးလုပ်ဆောင်ထားပြီး ဝေဟင်ပစ်မှတ်များကိုသာမက မြေပြင်နှင့်ပင်လယ်ပြင် ပစ်မှတ်များကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ရန်အတွက် Design ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Buk-M3 Viking ဒုံးကျည်စနစ်အား Buk-M2 စနစ်များကဲ့သို့ပင် GM-569A သံချပ်ကာကိုယ်ထည်တွင် တပ်ဆင်ထားပြီး Buk-M3 ယာဉ်၏ အင်ဂျင်ကိုတော့ အမြင့်ဆုံးအမြန်နှုန်း 2,000 rpm တွင် မြင်းကောင်ရေ 710 အား ထုတ်ပေးနိုင်သည့် ဘက်စုံသုံး V-46 ဒီဇယ်အင်ဂျင် ကိုတပ်ဆင်ပေးထား ပါသည်။ ယာဉ်သည် အမြင့်ဆုံးမြန်နှုန်း 70 Km/h ဖြင့် မောင်းနှင်နိုင်ပြီး ခရီးမိုင်အကွာအဝေး အများဆုံး 500 ကီလိုမီတာထိရောက်ရှိစစ်ဆင်နိုင်မယ်လို့သိရပါတယ်။

(ဓာတ်ပုံရင်းမြစ် Russian MoD)

.F

ထိုင်ဝမ်မှ ချစ်ပ်များ တင်ပို့မှု ရပ်တန့်ခြင်းသည် ရုရှ ကို အနှစ် ၂၀ ခန့် ခေတ်နောက်ပြန်စေလိမ့်မည် ဟု ကျွမ်းကျင်သူများက ပြေ...
06/04/2022

ထိုင်ဝမ်မှ ချစ်ပ်များ တင်ပို့မှု ရပ်တန့်ခြင်းသည် ရုရှ ကို အနှစ် ၂၀ ခန့် ခေတ်နောက်ပြန်စေလိမ့်မည် ဟု ကျွမ်းကျင်သူများက ပြောဆိုခဲ့

ရုရှားဖက်ဒရေးရှင်း သည် ခေတ်မီသော ချစ်ပ်ထုတ်လုပ်မှုနည်းပညာများကို သုံးစွဲနိုင်ခြင်းမရှိသေးဘဲ ၂၀၀၂ ခုနှစ် အဆင့်ရှိသော ချစ်ပ်များကိုသာ ထုတ်လုပ်နိုင်သေးပြီး ယခုကဲ့သို့ ထိုင်ဝမ်မှတင်ပို့မှုရပ်တန့်လိုက်သောအခါ တရုတ် ထံမှ ဝယ်ယူရရှိရန်မှာလည်း သဘောတူညီမှု မရရှိသေးကြောင်း သိရှိရပါသည်။ ထိုင်ဝမ်သည် ၎င်းတို့နိုင်ငံမှ ထုတ်လုပ်သည့် ချစ်ပ်များနှင့် စက်ကိရိယာပစ္စည်းများ ကို ရုရှသို့ ထောက်ပံ့ရန် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရုရှားနိုင်ငံ၌ ခေတ်မီအီလက်ထရွန်နစ်ပစ္စည်းအားလုံးနီးပါးကို ဆုံးရှုံးရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။ ဒီကိစ္စနှင့်ပတ်သက်၍ အာကာသလုပ်ငန်းအတွက် microcircuits များကို တီထွင်နေသော အင်ဂျင်နီယာတစ်ဦးက ၎င်းတို့၏ aerospace industry တွင်လည်း ယင်းကဲ့သို့ ပြဿနာမျိုးကြုံတွေ့ရနိုင်သည် ဟု ထုတ်ဖော်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထိုင်ဝမ်၏ ရုရှအပေါ် ကန့်သတ်ချက်များသည် Dual-used ထုတ်ကုန်ပစ္စည်းများ ထောက်ပံ့မှုကို တားမြစ်သည့် Wassenaar သဘောတူညီချက်ပေါ် တွင် အခြေခံထားတယ်လို့သိရပါတယ်။ ထိုင်ဝမ်နဲ့ အနောက်အုပ်စုရဲ့ ဒီ အစီအမံများကြောင့် ရုရှ၏ခေတ်မီ ထုတ်ကုန်ပစ္စည်းများ တင်ပို့မှုအားလုံးကို ချွင်းချက်မရှိ ရပ်တန့်သွားစေနိုင်တော့မည်ဟုလည်း သိရပါသည်။ ဝက်စနာ စာချပ်ဆိုသည်မှာ စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် အီလက်ထရွန်းနစ်ပစ္စည်းများအသုံးပြုမှုကို ကန့်သတ်ရန် 1996 ခုနှစ်တွင် ရုရှားအပါအဝင် နိုင်ငံပေါင်း 33 နိုင်ငံက လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်တစ်ခုလည်းဖြစ်ပါတယ်။ ထိုင်ဝမ်သည် ကမ္ဘာ့အကြီးဆုံး မိုက်ခရိုအီလက်ထရွန်းနစ် ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်ကြောင်း စစ်တမ်းများအရ သတ်မှတ်ခံထားရတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်အနေနဲ့ အခုချိန်မှာဆိုရင် ရုရှားအား အမြန်နှုန်း 25 MHz ထက်ပိုသော ပရိုဆက်ဆာများကို ထောက်ပံ့ပေးရန် ငြင်းဆိုထားပြီး ဒါ့ကြောင့်ပဲ ခုဆိုရင် ရုရှဟာ အသုံးဝင်မှုနည်းပါးသော ချစ်ပ်များကိုသာ အလွန်နည်းပါးတဲ့အရေအတွက်နဲ့ အသုံးပြုနေရတော့တာလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေအရ ခုလို ထိုင်ဝမ်၏ microcircuits များတင်ပို့ ရန် တားမြစ်လိုက်ခြင်းအားဖြင့် ရုရှားဖက်ဒရေးရှင်းအား နည်းပညာဆိုင်ရာကပ်ဘေး သင့်စေမည့် အနေအထားသို့ ကျရောက်စေမည့်အန္တရာယ်မျိုး ခြိမ်းခြောက်နိုင်တော့မှာလည်းဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားတွင် ချစ်ပ်ပြားများ ပြတ်လပ်မှုကြောင့် သန်းနှင့်ချီ၍ ထုတ်လုပ်ရန် စီစဉ်ထားသော "စမတ်" လျှပ်စစ်မီတာ မိတ်ဆက်ခြင်း အစီအစဉ်မှာ လုံးဝ ရပ်တန့်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရုရှနိုင်ငံပိုင် GLONASS ဂြိုလ်တုလမ်းညွှန်မှုစနစ်လည်ပတ်မှုအတွက် လည်း ချစ်ပ်များ အလုံအလောက်မရရှိတော့သဖြင့် ဆက်လက်လည်ပတ်ရန် အခက်အခဲဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ မေလမှာဆို ရုရှားအစိုးရဟာ ၎င်းတို့ရဲ့ ကားစက်ရုံတွေမှာ ထပ်မံထုတ်လုပ်မည့် ကားအသစ်များပေါ်၌ Microcircuits များတပ်ဆင်ရန်ကိုပင် ခွင့်ပြုပေးနိုင်ခြင်းမရှိတော့ဘဲ ပိတ်ပင်ခဲ့ရတယ်လို့သိရပါတယ်။ ဒါ့ကြောင့် နိုင်ငံရပ်ခြားမှ တင်သွင်းလျက်ရှိသော ချပ်စ် တွေဟာ ရုရှားနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများအားလုံးတွင် ပံ့ပိုးရေးပစ္စည်းများအနေဖြင့် အဓိကကျစွာ အသုံးပြုနေရတာဖြစ်တယ်လို့ ဆိုရတော့မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ ထိုင်ဝမ်ဟာ ရဲ့ ပိတ်ပင်မှုဟာ ရုရှတို့အတွက် ပြည်ပတင်သွင်းထုတ်လုပ်သူ ဖောက်သည်တစ်ယောက်အနေနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သော်လည်း တကယ်တမ်း မတ်လအစမှာကတည်းက နိုင်ငံခြားစက်ရုံအားလုံးနီးပါးလောက်ဟာ ရုရု Processor ထုတ်လုပ်သူတွေရဲ့ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်ခဲ့ဘူးလို့ ဖော်ပြပါရှိခဲ့ပါတယ်။ ဒီပြဿနာအတွက် တစ်ခုတည်းသောအဖြေကတော့ တရုတ်နိုင်ငံမှ တင်သွင်းရန်ဖြစ်ပြီး ထိုင်ဝမ်မှာထုတ်လုပ်တဲ့ ချစ်ပ်ပြားတွေကိုကြားခံအဖွဲ့အစည်း Third party တွေကတဆင့် ရုရှ တို့ ဝယ်ယူရရှိနိုင်မှာလား? ဆိုတဲ့ အချက်ကိုလည်း စဉ်းစားစရာတစ်ချက်အနေနဲ့ တွေ့ရှိရတာဖြစ်ပါတယ်။ သို့သော်လည်း ထိုင်ဝမ်စက်ရုံများမှ Dual used နှစ်မျိုးသုံး ချစ်ပ်ပြားများကို မှာယူသည့်အခါ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသော နိုင်ငံများသို့ ကုန်ပစ္စည်းများ တဖန် ပြန်လည် ထောက်ပံ့ခြင်းမပြုရ ဟူသော သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း တရုတ် စက်မှုလုပ်ငန်းကိုယ်စားလှယ်တစ်ဦးရဲ့ အဆိုအရ သိရှိခဲ့ရပါတယ်။

ရုရှရှိ ထိုင်ဝမ်ပရိုဆက်ဆာများနေရာမှာ လတ်တလောအစားထိုးဖို့ရာအတွက် လက်တွေ့အားဖြင့် ဖြေရှင်းချက်မရှိနိုင်သေးဘူးလို့သိရပါတယ်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံသည် ချစ်ပ်များကို အရေအတွက်အားဖြင့် ကောင်းကောင်းထုတ်လုပ်နိုင်သော်လည်း Development ပိုင်းမှာတော့ အမေရိကန်နည်းပညာကို သာ အဓိကအားဖြင့် အခြေခံထားတယ်လို့ဆိုပါတယ်။ တရုတ်စက်မှုလုပ်ငန်းများသည် အမေရိကန်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန်အတွက် သွင်းကုန် အစားထိုး ပြုလုပ်နိုင်ရန် ၁၀ စုနှစ်တစ်ခုခန့် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်အထိ အဆိုပါ အစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ တရုတ် Smart phone ကုမ္ပဏီ တွေဖြစ်တဲ့ Mi နဲ့ Huawei ဟာ အမေရိကန် ချပ်စ် နည်းပညာကို လုံးလုံးလျားလျား မီခိုနေရပြီး ဥပမာအားဖြင့်-2020 ခုနှစ်အမေရိကန်ရဲ့ Sanction ကြောင့် Huawei ကို ထိုင်ဝမ်စက်ရုံများဆီ ဝင်/ထွက် ခွင့်ပိတ်ပင်ခဲ့သည့်အချိန်ကစတင်ပြီး ၎င်းတရုတ်ကုမ္ပဏီ ဟာ စမတ်ဖုန်းဈေးကွက်မှာ အကြီးအကျယ် ရောင်းအားကျဆင်းသွားခဲ့ရတာကို အားလုံးသိရှိနိုင်မှာလည်းဖြစ်ပါတယ်။

၎င်းတို့ရဲ့ ပြည်တွင်းဖြစ်အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားနေသောအရာမှာ 45 nm transistor size ၏ နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များ သာဖြစ်ပြီး တချိန်တည်းမှာပင် ထိုင်ဝမ် TSMC ဟာဆိုရင် 4 nm အရွယ်အစားရှိ ချပ်စ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ထုတ်လုပ်နိုင်နေပြီလည်းဖြစ်ပါတယ်။ ဒီနမူနာအရ သုံးသပ်ရရင် ၎င်းထုတ်လုပ်သူနှစ်ဦး၏ ထုတ်လုပ်သော ချစ်ပ်များ၏ ဧရိယာနှင့် ပါဝါသုံးစွဲမှု ကွာခြားချက်မှာ ၁၀ ဆကျော် ကွာခြားလျက်ရှိတာကို တွေ့ရမှာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်မှ တင်ပို့မှုအတွက်ငြင်းဆန်ပြီးနောက် ရုရှား Elbrus ပရိုဆက်ဆာ တီထွင်ထုတ်လုပ်သူများသည် ချပ်စ် ထုတ်လုပ်မှုအတွက် Zelenograd ရှိ Mikron စက်ရုံသို့ လွှဲပြောင်းပေးခဲ့ရပြီး Mikron တာဝန်ခံပညာရှင်များရဲ့အဆိုအရ မူ ရုရှဟာ ပြီးခဲ့တဲ့ ၃ လအတွင်း မှာ တရုတ်နှင့် လည်း သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရှိခဲ့ရတာ ဖြစ်ပါတယ်။

MCST ဟာ ထိုင်ဝမ်စက်ရုံများရဲ့ အဆင့်မြင့် 7 nm Microchips လုပ်ငန်းစဉ်နည်းပညာဖြင့် Elbrus processor များကို တီထွင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံဟာ အဆုံးစွန်ဆုံး ချပ်စ်အရွယ်အစား 14 nm အထိ သာ ထုတ်လုပ်ပေးနိုင်မှာဖြစ်တာကြောင့် အခုဆို ကုမ္ပဏီ အတွက် အခက်အခဲ ဖြစ်နေခဲ့ရတာလည်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းအနေနဲ့ကတော့ ပြည်တွင်းဖြစ်ချပ်စ် အရွယ်အစားတွေကို ခုချိန်ထိ 90 nm topology ဖြင့်သာ ရရှိနိုင်သေးတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒါအရွယ်အစားဟာ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် 2002-2003 လောက်က နည်းပညာသာ ဖြစ်ပါတယ်။ ပိုမိုခေတ်မီသောနည်းပညာများထပ်မံမရရှိသေးတာကြောင့် ရုရှ ၏ ထုတ်လုပ်မှုဟာ အဆိုပါအဆင့်သို့ ပြန်လည်ရောက်ရှိရတော့မှာလည်းဖြစ်တယ်လို့ ကျွမ်းကျင်သူများက ယုံကြည်နေကြပါတယ်။ တစ်ချိန်တည်းမှာပင် Mikron သည် မိုက်ခရိုချစ်ပ်များကို အမှတ်စဉ်အလိုက် ထုတ်လုပ်နိုင်သော တစ်ခုတည်းသော ရုရှားစက်ရုံတစ်ခုဖြစ်ပြီး စစ်မဖြစ်မီကပင် စက်ရုံအနေဖြင့် 28-nm Chips များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော စက်ရုပ်လက် စက်ပစ္စည်းများကို ဝယ်ယူတင်သွင်းရန် ကြိုးစား ခဲ့ကြတာလည်းဖြစ်ပါသည်။ သို့ပေမယ့် ခုချိန်မှာတော့ ပိတ်ဆို့မှုများကြောင့် ၎င်းတို့လိုအပ်သော ပစ္စည်းများရရှိရန် မှာမူ မဖြစ်နိုင်တော့ကြောင်း သိရှိရပါသည်။

ဇွန်လ ၂ ရက်နေ့တွင် ထိုင်ဝမ်သည် ရုရှားနှင့် ဘီလာရုစ်သို့ နည်းပညာမြင့် ချစ်ပ်များ ထောက်ပံ့မှုကို စတင်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။ ပိတ်ဆို့အရေးယူမှုများကို ရှောင်တိမ်းရန်ကြိုးစားခဲ့သော်လည်း ရုရှအစိုးရအပါအဝင် ရုရှားပြည်သူများပါ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်လာခဲ့ရပြီဖြစ်လို့ မည်သို့မျှ ရှောင်လွှဲရန် မဖြစ်နိုင်တော့တာလည်းဖြစ်ပါသည်။ ယခုအခါတွင် ရုရှားနိုင်ငံသည် 5 gigaflops၊ 32 bits၊ 25 MHz ကြိမ်နှုန်းထက်ပိုသော စွမ်းဆောင်ရည်ရှိသည့် ပရိုဆက်ဆာများကို ဒေတာလွှဲပြောင်းမှုနှုန်း 2.5 MB/s ဖြင့် microcircuits များအကြား ရရှိချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ရာမှာ တစ်ခုထက်ပိုသော ဒေတာဘေ့စ် သို့မဟုတ် ပြည်ပတင်ပို့မှု အားလုံးကိုပင် ဆုံးရှုံးလိုက်ရဖွယ်လည်း ရှိနေတယ်လို့လည်း သိရတာဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီများဟာ ရုရှသို့ lithography နှင့် အီလက်ထရွန် အဏုကြည့်မှန်ပြောင်းများအတွက် စက်ပစ္စည်း များပေးပို့ခြင်းကိုလည်း ရပ်ဆိုင်းထားတယ်လို့ဆိုပါတယ်။

တန်ပြန်ဆောင်ရွက်ချက်အနေဖြင့် ရုရှားဟာ ဆီမီးကွန်ဒတ်တာများထုတ်လုပ်ရန်အတွက် လိုအပ်သော inert gas များကို မိမိတို့နှင့် အဆင်မပြေသော နိုင်ငံများ သို့ တင်ပို့ရန် ကန့်သတ်ခဲ့တယ်လို့သိရှိရပါတယ်။ ရုရှားဟာ ကမ္ဘာ့ နီယွန် ဓါတ်ငွေ့ ထောက်ပံ့မှု စုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနေရတာလည်း ဖြစ်တယ်လို့သိရှိရပါတယ်။

.F

Address

Pennsylvania Avenue Street
Los Angeles, CA
15042

Website

Alerts

Be the first to know and let us send you an email when Famous.F posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share