Infinityit ကွန်ပျူတာနှင့်သက်ဆိုင်သောနည်းပညာများမျှဝေပေးသွားပါမည်

Structure of URL
12/10/2022

Structure of URL

Windows 10 မှာ Screenshot ရိုက်နည်း(4)နည်း👨💻1. Screen အပြည့် Full Screenshot ရိုက်နည်းKeyboard ပေါ်က Windows Logo Key + ...
10/03/2022

Windows 10 မှာ Screenshot ရိုက်နည်း(4)နည်း👨💻

1. Screen အပြည့် Full Screenshot ရိုက်နည်း
Keyboard ပေါ်က Windows Logo Key + PrtSc ကို
တွဲနှိပ်လိုက်ပါ။ Screen က ခဏမှိန်သွားပြီး နဂိုအတိုင်း
ပြန်ပေါ်လာရင် Screen အပြည့် Full Screenshot ရိုက်ပြီး
သွားပါပြီ။ ရိုက်ထားပြီးသား Screenshot ကို Explorer ကို
ဖွင့်ပြီး Pictures > Screenshot မှာ ပြန်ကြည့်နိုင်ပါတယ်။

2. Paint ဆော့ဖ်ဝဲလ်ဖြင့် Screenshot သိမ်းနည်း
Keyboard ပေါ်က Alt + PrtScreen Key ကို နှိပ်ပါ။
ပြီးရင် ကွန်ပျူတာ Search box မှာ Paint ကိုရိုက်ရှာ၊
ဖွင့်ပါ။ Paint ဖွင့်လာရင် ဘယ်ဖက်အပေါ်ထောင့်မှာ
Paste ကို နှိပ်ပြီး Screenshot ဖမ်းထားတာကို ချပါ။
ပြီးရင် မလိုအပ်တဲ့အပိုင်းတွေကို Cropလုပ်ပြီး Saveပါ။

3. Snipping Tool ဖြင့် Screenshot ရိုက်နည်း
ကွန်ပျူတာ Search box မှာ Snipping Tool ကို
ရိုက်ရှာဖွင့်ပါ။ Snipping ဆော့ဖ်ဝဲလ်ဖွင့်လာရင်
New ကို နှိပ်၊ လိုအပ်တဲ့နေရာကို Mouse နဲ့
ရွေးပေးပြီး သိမ်းမယ့်နေရာရွေး Save လုပ်ပါ။

4. Windows Ink ဖြင့် Screenshot ရိုက်နည်း
Windows 10 Anniversary Update အသုံးပြုတဲ့
ကွန်ပျူတာဆိုရင် Windows+W ကို တွဲနှိပ်လိုက်ပါ။
အဲ့ဒါမရရင် ကွန်ပျူတာ Search box မှာ System
Icon လို့ရိုက်ရှာပြီး Windows Ink Workspace ကို
အမှန်ခြစ် ON လုပ်ထားပါ။ ကွန်ပျူတာရဲ့Task Bar
ညာဖက်ထောင့်အောက်မှာ ဖောင်တိန်ပုံပေါ်လာရင်
နှိပ်ဝင်ပါ။ Screen Sketch ကို နှိပ်၊ လိုချင်တဲ့နေရာကို
မှတ်၊ မလိုအပ်တာတွေကို Crop လုပ်ပြီး Save လုပ်ပါ။

Windows 10 Myanmar

Unicode Version

Windows 10 မှာ Screenshot ရိုက်နည်း(4)နည်း👨💻

1. Screen အပြည့် Full Screenshot ရိုက်နည်း
Keyboard ပေါ်က Windows Logo Key + PrtSc ကို
တွဲနှိပ်လိုက်ပါ။ Screen က ခဏမှိန်သွားပြီး နဂိုအတိုင်း
ပြန်ပေါ်လာရင် Screen အပြည့် Full Screenshot ရိုက်ပြီး
သွားပါပြီ။ ရိုက်ထားပြီးသား Screenshot ကို Explorer ကို
ဖွင့်ပြီး Pictures > Screenshot မှာ ပြန်ကြည့်နိုင်ပါတယ်။

2. Paint ဆော့ဖ်ဝဲလ်ဖြင့် Screenshot သိမ်းနည်း
Keyboard ပေါ်က Alt + PrtScreen Key ကို နှိပ်ပါ။
ပြီးရင် ကွန်ပျူတာ Search box မှာ Paint ကိုရိုက်ရှာ၊
ဖွင့်ပါ။ Paint ဖွင့်လာရင် ဘယ်ဖက်အပေါ်ထောင့်မှာ
Paste ကို နှိပ်ပြီး Screenshot ဖမ်းထားတာကို ချပါ။
ပြီးရင် မလိုအပ်တဲ့အပိုင်းတွေကို Cropလုပ်ပြီး Saveပါ။

3. Snipping Tool ဖြင့် Screenshot ရိုက်နည်း
ကွန်ပျူတာ Search box မှာ Snipping Tool ကို
ရိုက်ရှာဖွင့်ပါ။ Snipping ဆော့ဖ်ဝဲလ်ဖွင့်လာရင်
New ကို နှိပ်၊ လိုအပ်တဲ့နေရာကို Mouse နဲ့
ရွေးပေးပြီး သိမ်းမယ့်နေရာရွေး Save လုပ်ပါ။

4. Windows Ink ဖြင့် Screenshot ရိုက်နည်း
Windows 10 Anniversary Update အသုံးပြုတဲ့
ကွန်ပျူတာဆိုရင် Windows+W ကို တွဲနှိပ်လိုက်ပါ။
အဲ့ဒါမရရင် ကွန်ပျူတာ Search box မှာ System
Icon လို့ရိုက်ရှာပြီး Windows Ink Workspace ကို
အမှန်ခြစ် ON လုပ်ထားပါ။ ကွန်ပျူတာရဲ့Task Bar
ညာဖက်ထောင့်အောက်မှာ ဖောင်တိန်ပုံပေါ်လာရင်
နှိပ်ဝင်ပါ။ Screen Sketch ကို နှိပ်၊ လိုချင်တဲ့နေရာကို
မှတ်၊ မလိုအပ်တာတွေကို Crop လုပ်ပြီး Save လုပ်ပါ။

How to delete Windows.old Folder---------------------------------------ဒီနေ့တော့ မိမိတို့ကွန်ပျူတာရဲ့ Local Disk C ထဲမှာ...
10/03/2022

How to delete Windows.old Folder
---------------------------------------
ဒီနေ့တော့ မိမိတို့ကွန်ပျူတာရဲ့ Local Disk C ထဲမှာရှိတဲ့ Windows.old folder ကိုအလွယ်တကူဖျက်
နည်းကို ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။
မိမိ Windows ကို Windows Update install လုပ်ပြီးသွားချိန်မှာ Local Disk C ထဲမှာ အရင် Windows Version အဟောင်းရဲ့ Windows.old ဆိုတဲ့ Folder တစ်ခုပေါ်နေပါလိမ့်မယ်။ Storage က 30 GB ကျော်လို့ Storage memory နည်းတဲ့ Hard Disk တွေအတွက်မလိုအပ်ပဲနေရာအများကြီးယူနေမှာပါ။
ထို Windows.old Folder ကိုဒီတိုင်း Delete နဲ့
ဖျက်လို့မရတာကြောင့် Windows setting ထဲမှာသွားဖျက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
Windows Setting ထဲသွားပေးပါ။ System ကိုနှိပ်ပါ။ Storage ကိုထပ်နှိပ်ပေးပါ။ 'Change how we free up space automatically' သို့မဟုတ် 'Configure Storage Sense or run it now' ကိုထပ်နှိပ်ပါ။ Delete previous version of Windows ကိုနှိပ်ပြီး Clean now ကိုနှိပ်လိုက်လျင် Local Disk C ထဲက Windows.old folder ကိုဖျက်ပြီးသွားပြီဖြစ်ပါတယ်။
ဒီနည်းလမ်းလေးကိုအသုံးချပြီး မိမိတို့ကွန်ပျူတာထဲကမလိုအပ်ပဲ Storage နေရာယူနေတဲ့ Windows.old Folder ကိုလွယ်ကူစွာဖျက်လို့ရပြီဖြစ်ပါတယ်။

Crd

Blue screen error-------------------------Page မှာအမေးများတဲ့ ကွန်ပျူတာကိုဖွင့်ထားရင်း ခနကြာရင် Auto ပိတ်သွားပြီး ကွန်ပျ...
10/03/2022

Blue screen error
-------------------------
Page မှာအမေးများတဲ့ ကွန်ပျူတာကိုဖွင့်ထားရင်း ခနကြာရင် Auto ပိတ်သွားပြီး ကွန်ပျူတာမှာအပြာရောင် Screen ပေါ်လာတာတွေက ဘယ်လိုအခြေနေမျိုးတွေမှာဖြစ်နိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။
ဒီလိုအပြာရောင် Blue screen ဖြစ်ပေါ်စေတဲ့အချက်တွေကတော့ ...

1: RAM Error
မိမိကွန်ပျူတာမှာ အသုံးပြုထားတဲ့ RAM ကအချိန်ကြာလာတာနဲ့အမျှထိခိုက်ပျက်စီးလာရလို့ပဲဖြစ်ပါတယ်။ ကွန်ပျူတာက heat အရမ်းတက်နေတာများလာခြင်းနှင့် RAM Memory နဲ့မမျှသော Software , Game တွေအသုံးပြုတာကြာလာလျင်လဲ RAM ကိုထိခိုက်ပျက်စီးစေပါတယ်။ ဒါ့အပြင် RAM ၂ ချောင်း ယှဉ်စိုက်ထားတဲ့အခါ RAM speed မတူညီလျင်လည်း Blue screen error မျိုးဖြစ်တက်ပါတယ်။

2: Hard Disk error
ကွန်ပျူတာမှာအသုံးပြုထားတဲ့ Hard Disk မကောင်းတော့တဲ့ အချိန်မှာလဲ Blue screen error ဖြစ်တက်ပါတယ်။

3: Software error
ကွန်ပျူတာမှာ install လုပ်လိုက်သော software version နှင့် Windows system ကိုက်ညီမှုမရှိသောအခါမျိုးမှာလဲ Blue screen error မျိုးဖြစ်တက်ပါတယ်။

4: Hardware error
ကွန်ပျူတာမှာပါသော Hardware တခုခုချွတ်ယွင်းခဲ့လျင်လဲ Blue screen error ဖြစ်တက်ပါတယ်။အသစ်တပ်ဆင်လိုက်သော Hardware နှင့် Windows system ကိုက်ညီမှုမရှိသောအခါမျိုးမှာလဲ
Bluescreen error ဖြစ်တက်ပါတယ်။ မိမိကွန်ပျူတာသို့ Wifi Adapter Stick သို့မဟုတ် Memory stick or other external device တခုခုတပ်ဆင်လိုက်သောအခါမျိုးမှာလဲ System နှင့်မကိုက်ညီခဲ့လျင် ရုတ်တရတ် Blue screen error မျိုးဖြစ်လာတက်ပါတယ်။


Crd

System restore point---------------------------------------ဒီနေ့တော့ မိမိတို့အသုံးပြုနေတဲ့ကွန်ပျူတာတွေမှာ built-in ပါတဲ့...
10/03/2022

System restore point
---------------------------------------
ဒီနေ့တော့ မိမိတို့အသုံးပြုနေတဲ့ကွန်ပျူတာတွေမှာ built-in ပါတဲ့ Feature တစ်ခုဖြစ်တဲ့ System restore point အကြောင်းကိုဗဟုသုတအနေနဲ့မျှဝေပေးပါမယ်..
System restore point ကဘယ်လိုအသုံးဝင်လဲအရင်ရှင်းပြရလျင် မိမိ PC ကိုဖွင့်ပီး software တခုကို install လုပ်မိလို့ windows ကအရင်လိုမဟုတ်တော့ပဲ တခုခုအဆင်မပြေဖြစ်သွားပီဆိုလျင် ကွန်ပျူတာ စဖွင့်တဲ့အချိန်သာ restore point လုပ်ထားခဲ့မိပါကထိုအချိန်ကာလကအခြေအနေကို ပြန်သွားလို့ရမယ့် Feature တစ်ခုဖြစ်ပါတယ်..ကွန်ပျူတာကို Internet သုံးပီး software တွေကို အမြဲစမ်းကလိနေတက်တဲ့သူတွေအဖို့ အသုံးပြုသင့်တဲ့ Feature တစ်ခုပါ..windows မှာတခုခု error ဖြစ်ခဲ့လျင် Restore point လုပ်ထားတဲ့အချိန်ကို ပြန်သွားပီး error မဖြစ်ခင်ကာလကိုပြန်ရောက်စေမှာပါ..
System restore point ဖွင့်ဖို့အတွက် search box မှာ Restore လို့ရိုက်ရှာပီး Create a restore point ကိုနှိပ်ပါ..ပေါ်လာတဲ့ box ထဲမှာ Windows OS ရှိတဲ့ Local Disk C က protection မှာ on ဖြစ်နေရပါမယ်..မဖြစ်နေလျင်တော့ Configure ကိုနှိပ်ပီးTurn on system protection ကို on ပေးရပါမယ်..ဒါမှသာ Automatic Windows ကို restore point လုပ်ပေးနေမှာပါ..Automatic restore point မလုပ်ချင်လျင်တော့ Disable လုပ်ထားပီး မိမိ restore point လုပ်ချင်တဲ့အချိန်ကျမှ Create ဆိုတာနှိပ်ပီး restore point နာမည်တစ်ခုပေး၍ Restore point တစ်ခုဖန်တီးလို့ရပါတယ်..မိမိ Windows က error တခုခုဖြစ်သွားပီး ရှေ့ဆက်ဖို့အဆင်မပြေတော့လျင် automatic restore လုပ်ထားတာနဲ့ manual restore လုပ်ထားတာကိုအသုံးချပြီး windows restore point ပြန်ခေါ်လို့ရပါတယ်..System Restore ကိုနှိပ်၍ Choose a different restore point ကိုနှိပ်သွားပြီး မိမိပြန်သွားလိုသော restore point time ကိုရွေးပီး နဂိုမူလ windows အချိန်ကိုပြန်လည်သွားလို့ရပါတယ်..
Restore point တွေများလို့ ဖျက်ချင်လျင်တော့ run box ကနေ cleanmgr ကိုရိုက်ပီး Local Disk C ပေါ်လာလျင် ok နှိပ်ပေးပါ..ပီးလျင် clean up system files ကိုထပ်နှိပ်ပါ..နောက်ထပ်ပေါ်လာသော Disk Clean Up For OS မှာ More option ကိုရွေးပါ..system restore ဆိုတာကိုရှာပီး Clean up ရွေးပီး delete ကိုနှိပ်လိုက်လျင် restore point လုပ်ထားသမျှထဲက နောက်ဆုံးတစ်ခုကိုသာချန်ထားပီး ကျန်တဲ့ restore point များအားဖျက်လိုက်ပီဖြစ်ပါတယ်..ကွန်ပျူတာကို နေ့စဉ်အသုံးချနေရတဲ့သူတွေအဖို့ System restore point လုပ်ထားခြင်းကမိမိကွန်ပျူတာကိုအန္တရာယ်ကင်းစေပါလိမ့်မယ်..

crd

How to disable Function Key (Fn)-------------------------------------------ဒီနေ့တော့ Laptop Keyboard တွေမှာပါတဲ့ Functio...
10/03/2022

How to disable Function Key (Fn)
-------------------------------------------
ဒီနေ့တော့ Laptop Keyboard တွေမှာပါတဲ့ Function Key (F1,F2,.........,F12) ခလုတ်တွေကို Fn key နဲ့တွဲပီးမှအသုံးပြုလို့ရတဲ့ laptop တွေအတွက် Fn key တွဲသုံးစရာမလိုအောင် setting ချိန်းနည်းကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..
Function key ပိတ်ဖို့အတွက် အရင်ဆုံးမိမိ Computer ကို restart လုပ်ပေးပါ..ပီးရင် keyboard က F2 or Del or Esc ကိုနှိပ်ထားပေးပါ(Fn key တွဲသုံးရတဲ့ laptop တွေက Fn key နဲ့တွဲနှိပ်ပေးရပါမယ်)..Bios setting ထဲရောက်သွားပါလိမ့်မယ်..Bios setting ထဲမှာ Advanced or Configuration ထဲသွားပေးပါ..Function Key or Actions Key or Hotkey modes ဆိုတာကိုရှာပီး Disable ကိုရွေးပေးရပါမယ်..(Bios setting ကတခုနဲ့တခုမတူနိုင်လို့ Function key ရှိတဲ့နေရာနည်းနည်းလွဲနိုင်ပါတယ်) တချို့ Laptop တွေမှာ Bios ထဲသွားစရာမလိုပဲ 'Fn + Esc' or 'Fn + Shift' တွဲနှိပ်ပီး Fn key ပိတ်လို့ရပါတယ်..
Function key တွေခနခနအသုံးပြုရတဲ့ user တွေအတွက် ဒီနည်းလမ်းကိုအသုံးပြု၍ Fn key ကိုပိတ်ပီး Function key တွေကိုအလွယ်တကူအသုံးပြုလို့ရပါပြီ

Windows မှာ Screenshot ရိုက်နည်းများ----------------------------------------ဒီနေ့တော့မိမိတို့ကွန်ပျုတာမှာ Screenshot အလွ...
10/03/2022

Windows မှာ Screenshot ရိုက်နည်းများ
----------------------------------------
ဒီနေ့တော့မိမိတို့ကွန်ပျုတာမှာ Screenshot အလွယ်တကူရိုက်လို့ရတဲ့နည်းလမ်းများကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။

1: Windows search box မှ Snapping Tool လို့ရိုက်ရှာပြီး app ကိုဖွင့်လိုက်ပါ။ ပေါ်လာသော box မှာ New ကိုနှိပ်ပြီး မိမိ Screenshot ရိုက်လိုသောနေရာကို ဖိပြီး drag ဆွဲလိုက်ပါ။ထို့နောက် File မှ Save as ကိုနှိပ်ကာမိမိ Save လုပ်လိုသော Location ကိုရွေးပြီး Save လုပ်လို့ရပါတယ်။

2: Keyboard မှ Windows key နှင့် PrtScSysRq သို့မဟုတ် PrtScn ကိုတွဲနှိပ်ပါ။ Screenshot ပုံကို Pictures >>Screenshots Folder ထဲတွင် auto save လုပ်ပါတယ်။

3: Keyboard မှ PrtScSysRq သို့မဟုတ် PrtScn ကိုတချက်နှိပ်လိုက်ပါ။ ထို့နောက် မိမိတို့ဖွင့်ထားသော Microsoft Word , Microsoft Excel , Photoshop,... အစရှိသည်တို့တွင် Ctrl+V နှိပ်လိုက်လျင် ဖွင့်ထားသော Program တွင်ထို screenshot ပုံကိုအသုံးပြုလို့ရရှိပါပြီ။

အသုံးများတဲ့ Windows Run Commands များ-------------------------------------------ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း မိမိ PC ရဲ...
10/03/2022

အသုံးများတဲ့ Windows Run Commands များ
-------------------------------------------
ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း မိမိ PC ရဲ့နေရာတစ်ခုခုကိုသွားချင်လျင် mouse ကိုင်ပီး တဆင့်ချင်းသွားတာထက် အချိန်ကုန်သက်သာစေမယ့် Command ကနေသွားလို့ရတဲ့နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်..(windows key + r တွဲနှိပ်ပီး ပေါ်လာတဲ့ run box မှာရိုက်ထည့်ရမှာပါ)

: Windows Version - winver
: License or Crack windows - slmgr.vbs /xpr
: DirectX Diagnostic Tool - dxdiag
: Command Prompt - cmd
: Word Pad - write
: Notepad - notepad
: Microsoft Word - winword
: Microsoft Excel - excel
: Microsoft Powerpoint - powerpnt
: Microsoft Paint - mspaint
: System Properties - sysdm.cpl
: System Information - msinfo32
: Task manager - taskmgr
: Services - services.msc
: Audio and sound - mmsys.cpl
: Remote Desktop - mstsc
: Power Configuration - powercfg.cpl
: Registory Editor - regedit
: Programs and Feature - appwiz.cpl
: OnScreen Keyboard - osk
: Network Connection - ncpa.cpl
: Mouse Properties - main.cpl
: Sign out - logoff
: Control Pannel - control
: Device and printers - control printers
: Calculator - calc
: Windows Firewall - firewall.cpl
: Device Manager - devmgmt.msc
: Local user and Group - lusrmgr.msc
: Local Group Policy - gpedit.msc

မိမိကွန်ပျူတာကအသုံးပြုတာကြာလာလို့ Performance ကျလာပြီ ၊ တစ်ခုခုအသုံးပြုဖို့အကြာကြီးစောင့်နေရပြီဆိုလျင် ဒီနည်းလမ်းလေးတွေက...
10/03/2022

မိမိကွန်ပျူတာကအသုံးပြုတာကြာလာလို့ Performance ကျလာပြီ ၊ တစ်ခုခုအသုံးပြုဖို့အကြာကြီးစောင့်နေရပြီဆိုလျင် ဒီနည်းလမ်းလေးတွေကိုအသုံးချပြီးကွန်ပျူတာကို ပိုမိုသွက်လက်လာအောင်ပြုလုပ်လို့ရပါတယ်။

- မလိုအပ်တဲ့ဆော့ဖ်ဝဲတွေကို ဖယ်ရှားပါ။
မိမိကွန်ပြူတာထဲမှာ ဆိုင်ကနေ တပါတည်းထည့်ပေးလိုက်တဲ့၊ ကိုယ်လည်းသိပ်မသုံးဖြစ်တဲ့ဆော့ဖ်ဝဲတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီဆော့ဖ်ဝဲတွေက ကိုယ့်ကွန်ပြူတာရဲ့ Resource တွေကို နောက်ကွယ်မှာဆွဲသုံးနေတတ်တာကြောင့် ကွန်ပြူတာကို ပိုနှေးစေပါတယ်။ ဒီလိုမသုံးဖြစ်တဲ့ဆော့ဖ်ဝဲတွေကို Uninstall သာ လုပ်လိုက်ပါ။

- ကွန်ပြူတာစဖွင့်ချိန်မှာ အလိုလို run တဲ့ ဆော့ဖ်ဝဲတွေကို ကန့်သတ်ပါ။
မိမိကွန်ပြူတာစဖွင့်ချိန်မှာ ဘယ်ဆော့ဖ်ဝဲတွေကိုပဲ အလိုအလျောက်စတင်ခွင့်ပြုမယ်ဆိုတာ ကန့်သတ်ပေးထားလို့ရပါတယ်။ Windows 10 မှာဆိုရင် Task Manager ကိုအသုံးပြုပြီးတော့ ဘယ်ဆော့ဖ်ဝဲတွေကို Background မှာ run ခွင့်ပြုမယ်။ ဘယ်ဟာတွေကိုတော့ ကိုယ့်ဘာသာပဲဖွင့်မယ်ဆိုတာ ကန့်သတ်ထားနိုင်ပါတယ်။

- RAM ထပ်တိုးပါ။
Windows 10 ဟာ အရင်ဗားရှင်းတွေနဲ့စာရင် RAM အသုံးနည်းပါတယ်။ ဒါပေမယ့် RAM ထပ်တိုးခြင်းက ကိုယ့်ရဲ့ကွန်ပြူတာကို သေချာပေါက် ပိုပြီးမြန်လာစေတာအမှန်ပါ။ RAM ထပ်တိုးမယ်ဆိုရင် ကိုယ့်ရဲ့ Laptop က ထပ်တိုးလို့ရသေးလား၊ မရတော့ဘူးလားဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ မသေချာရင် ဆိုင်မှာစစ်ဆေးပြီးမှ တိုးသင့်ပါတယ်။ Desktop ကွန်ပြူတာတွေမှာတော့ RAM တိုးရလွယ်သလို ဈေးလည်းပိုသက်သာပါတယ်။

- Spyware တွေနဲ့ Virus တွေကို စစ်ဆေးပါ။
တခါတလေမှာ ကိုယ့်စက်လေးနေရတဲ့အကြောင်းရင်းက Virus တွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ Windows Defender ကိုအသုံးပြုပြီး စစ်ဆေးနိုင်သလို အခြား Third Party Antivirus Software တွေကို သုံးပြီးတော့လည်း ဒီ Virus တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ကိုယ့်ကွန်ပြူတာကို ပိုမြန်လာစေမှာပါ။

-Web Browser တွေကို စစ်ဆေးကြည့်ပါ။
ပေါ့ပေါ့ပါးပါးရှင်းလင်းမှုလေးတွေကလည်း ကိုယ့်ကွန်ပြူတာကို အများကြီးပိုမြန်သွားစေနိုင်ပါတယ်။ တခါတလေမှာ အင်တာနက်စာမျက်နှာတွေ၊ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကြည့်ဖို့ အသုံးပြုတဲ့ ကိုယ့်ရဲ့ Browser က နှေးကွေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ Performance ပိုကောင်းတဲ့ Browser တွေကို ပြောင်းသုံးနိုင်သလို အကယ်၍ Cookies တွေကြောင့် နှေးနေတာဆိုရင်လည်း Browser ထဲက Cookies Data တွေကို ရှင်းပေးလိုက်မယ်ဆိုရင် ပိုပြီးမြန်ဆန်လာစေမှာပါ။

10/03/2022

Shortcut keys for Microsoft Office---------------------------------------Microsoft Office များအသုံးပြုတဲ့အချိန်မှာ မြန်မ...
10/03/2022

Shortcut keys for Microsoft Office
---------------------------------------

Microsoft Office များအသုံးပြုတဲ့အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ အလုပ်တစ်ခုကိုပြီးမြောက်စေဖို့
shortcut keys များ အသုံးပြုပေးခြင်းက
အလုပ်ခွင်မှာ မလိုအပ်ပဲအချိန်ကြန့်ကြာစေမှုပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ။
Microsoft Office အသုံးပြုသူတွေအတွက် Shortcut keys များကိုပုံနှင့်တကွ မျှဝေပေးလိုက်ပါတယ်။

Crd

ที่อยู่

THE STATION CONDO 1, Charoenkrung Soi 65, ROOM 107/39, Floor 5
Phra Nakhon

เบอร์โทรศัพท์

+959979737123

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Infinityitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Infinityit:

แชร์