MR.Gway Thee

MR.Gway Thee Virus Gaming

27/09/2025

https://yell1992.github.io/Gway-Thee/

ထည့်သည့်နေ့မှ နေ့တိုင်း စိန် 20 လုံး 7 ရက်ဝင်ယူရမယ်

Beast Form‌ ပြောင်းလို့ရတဲ့ Nwe Hero LUKAS================================ဒီကောင်ကတော့ Hero နံပတ် 127 ဖြစ်ပြီး Adv Sever...
11/08/2024

Beast Form‌ ပြောင်းလို့ရတဲ့ Nwe Hero LUKAS
================================

ဒီကောင်ကတော့ Hero နံပတ် 127 ဖြစ်ပြီး Adv Severမှာ စပြီးဆော့လို့ရနေပါပြီ

သူ့ရှေ့ကထွက်ထားတဲ့ တစ်ကောင်တောင် Official Sever ကို‌မရောက်သေးပေမယ့် Adv Severမှာတော့ အသစ်ထပ်ထုတ်လိုက်တဲ့ Hero တစ်ကောင်ပါ

Hero Design အနေနဲ့လည်း အတော်လေးမိုက်ပါတယ်

ဒီကောင့်ရဲ့ Skill တွေအားလုံးကိုရှင်းပြပြီးသွားရင်တော့ ခင်ဗျားတို့ Naruto Series ထဲက Jinchuriki တွေကို ပြေးမြင်မိမယ်ဆိုတာ ပြောရဲပါတယ်

Passive

ပထမဆုံး အနေနဲ့ Lukas ဟာ အခြားဘယ် hero နဲ့မှမတူပါဘူး

အခြား Hero တွေလိုမျိုး Mana / Energy Barတွေပါတာမဟုတ်ဘဲ သူက Resolve Bar ပါတာပါ

ပြောသာပြောရပေမယ့် သဘောတရားကတော့ Mana / Energy တွေနဲ့အတူတူပါပဲ

Lukas ဟာ အလိုလိုနေရင်း 1s မှာ 0.5 ကနေ 2 resolve အထိရနေမှာပါ (ရတဲ့ပမာဏကတော့ Ultimate ရဲ့ Level အပေါ်မူတည်ပြီးကွာသွားပါတယ် )

နောက်ပြီး Enemy Hero ကို Dmg ပေးတိုင်းမှာလည်း 2 resolve ရဦးမှာပါ

ဒီလိုနဲ့ Resolve တွေများအောင်စုထားရမှာပါ

နောက်ပြီးရင် Ultimate အတွက်သုံးရမှာမို့ပါ

Skill 1 - Flash Combo

Lukas ဟာ Basic Attack ချတိုင်းမှာ Stack of Vigor တစ်ခုရမှာပါ

အများဆုံး Stack နှစ်ခုအထိရနိုင်ပါတယ်

ဒီ Skill 1 ဟာ Vigor Stack အပေါ်မူတည်ပါတယ်

Stack 1 ခုနဲ့ သုံးမယ်ဆိုရင် Enemy ကို ပြေးရိုက်မှာဖြစ်ပြီး ခနတာ Stun စေမှာပါ

Stacks 2 ခုနဲ့သုံးမယ်ဆိုရင် Stun တာကအများကြီးပိုကြာပါတယ်

Damage လည်းအများကြီးပိုထွက်ပြီး ကိုယ့်ဘက်ကိုလည်း အနည်းငယ်ဆွဲလိုက်မှာပါ

Skill 2 - Flash Step

ဒီ Skill ကတော့ နားလည်ရလွယ်ပါတယ်

Yin ရဲ့ Skill 1 နဲ့ဆင်ပါတယ်

Skill 2 ကိုသုံးလိုက်ရင် ကိုယ့်ရဲ့ Basic Attack ကို 4s ကြာ Enhanced လုပ်လိုက်မှာဖြစ်ပါတယ်

Enhanced လုပ်ထားတဲ့ Basic Att နဲ့ချမယ်ဆိုရင် Lukas ကရန်သူနောက်ကိုရောက်သွားမှာဖြစ်ပြီး MS နဲ့ Att Speed ကိုလည်း 30% 4s တိုးပေးမှာပါ

Skill 2 ရဲ့ Cd ကိုလည်း ပြန်လျှော့ပေးသွားမှာပါ

Ultimate - Unleash The Beast

Lukas ရဲ့ Ultimate ကတော့ အကောင်ကြီးအဖြစ်ပြောင်းလိုက်တာဖြစ်ပြီး အဲ့လိုပြောင်းဖို့အတွက် Resolve 100 လိုပါတယ်

Resolve 100 ပြည့်မှပြောင်းလို့ရမှာပါ

ဒီလိုပြောင်းလိုက်တာနဲ့ သူ့ရဲ့ movement speed ကို 30 တိုးပေးမှာပါပြီးတော့ ကျန်တဲ့ Attributes တွေအားလုံးကိုလည်း 20% တိုးပေးမှာပါ

Attributes တွေဆို‌တဲ့နေရာမှာ HP , Physical Attack , Attack Speed , Defense နဲ့ Attack Rangeတွေအားလုံးပါပါတယ်

Ultimate သုံးပြီး အကောင်ကြီးပြောင်းလိုက်ပြီဆိုတာနဲ့ Skill 3 ခုလုံးလည်းပြောင်းသွားပါတယ်

ဒီတော့ ပိုကြမ်းသွားတဲ့ Skill 3 ခုကိုထပ်ပြောပါမယ်

Skill 1 ကတော့ Stack 1 ခုတည်းရှိရင် ရန်သူကို ပြေးကုပ်လိုက်မှာပါ Stack 2 ခုရှိရင်တော့ အမြီးနဲရမ်းပြီးမွှေ့လိုက်မှာပါ

Area ကလည်းကျယ် ၊ Airborne လည်းဖြစ်တာကြောင့် Battleမှာ အာရုံနောက်‌နိုင်မယ့် Skill တစ်ခုပါ

Skill 2 ကတော့ သိပ်မပြောင်းပါဘူး ရန်သူ့နောက်ကို ရောက်မသွားတော့ဘဲ Enemy ကို pounce ဖြစ်စေမှာပါ

Ultimate ကိုနောက်တစ်ကြိမ်ထပ်သုံးမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ Direction အတိုင်း Shockwave ကြီးတစ်ခုပစ်လိုက်မှာဖြစ်ပြီး Enemy Hero ကိုထိရင်ပဲဖြစ်ဖြစ် ၊ သတ်မှတ်ထားတဲ့နေရာကိုရောက်သွားရင်ပဲဖြစ်ဖြစ် ပေါက်ကွဲပြီး Area Dmg ထိစေမှာပါ

ဒီ ability က ကျွန်တော်တို့ရဲ့ 7th Hokage ကြီး Naruto ကို ပြေးမြင်မိစေမှာပါ

Beast Formမှာနေရင် 1s ကို 2 Resolve စီ Auto လျော့နေမှာဖြစ်ပါတယ်

Resolve ကုန်သွားရင်တော့ Human Form ပြန်ပြောင်းသွားမှာပါ

Skill 1 Cd မပါတော့တဲ့ Lancelot======================...Lancelot ကတော့ Assassins တွေထဲမှာ အထာကျတဲ့ Hero တစ်ကောင်ပါSkill 1...
11/08/2024

Skill 1 Cd မပါတော့တဲ့ Lancelot
======================...Lancelot ကတော့ Assassins တွေထဲမှာ အထာကျတဲ့ Hero တစ်ကောင်ပါ

Skill 1 ရဲ့ No Cd Dash နိုင်တဲ့ ability ကြောင့် Free Style တွေလည်း မကြာခနတွေ့နေရတတ်ပါတယ်

Advanced Sever မှာ Physical Hero တွေကို Mana Bar ဖြုတ်ပေးလိုက်တဲ့ Patch အသစ်နဲ့အတူ

Lancelot နဲ့ Saberတို့ကိုတော့ Energy Bar ပြောင်းပေးလိုက်ပါတယ်

အခုချိန်မှာဆိုရင်တော့ Lance ရဲ့ Saber တို့ဟာလည်း Blue buff ကိုအားကိုးရတဲ့ Heroတွေဖြစ်သွားပါပြီ

Energy Bar နဲ့ Lancelot မှာတော့ စိတ်၀င်စားစရာအပြောင်းအလဲလေးတွေရှိပါတယ်

Lance မှာ Energy ပါတယ်ဆိုပေမယ့် Skill 2 နဲ့ 3 ကလုံး၀ Energy မကုန်ပါဘူး

ဒီ Skill တွေကိုတော့ Cd စောင့်ပြီးတာနဲ့ Energy ကြည့်စရာမလိုဘဲစိတ်ကြိုက်သုံးနိုင်မှာပါ

ပြောင်းပြန်အနေနဲ့ကတော့ Skill 1 မှာ Cd မပါပါဘူး

သူကတော့ Energy အပေါ်ပဲမူတည်ပါတယ်

Energy ရှိသလောက် ဆက်တိုက် Dash နိုင်မှာပါ

ဒါပေမယ့် အရင်ကလိုမျိုး Mark မရှိတဲ့ Enemy ကိုထိရင် ပြန် Dash နိုင်တာမျိုးတော့ လုပ်လို့မရတော့ပါဘူး

ဒီ Revamp ဟာ Lance Freestyle လုပ်တဲ့ဘဲတွေအတွက်တော့ လုပ်ချင်တိုင်းလုပ်လို့မရတော့ပါဘူး

Energy နဲ့ Limit လိုက်တာကြောင့် Full Energyဆိုရင်တောင် 5ခါလောက် Dash ပြီးရင် ကုန်သွားမှာဖြစ်ပါတယ်

Adv Sever မှာစမ်းသပ်နေဆဲဖြစ်ပြီး Official ကိုရောက်လာမလား ၊ ကြားထဲမှာအပြောင်းအလဲတွေရှိဦးမလားဆိုတာတော့ စောင့်

ကြည့်ရပါမယ်


Energy Bar နဲ့လာမယ့် Saber===================Saber ဟာလည်း F***y , Ling တို့လိုပဲ Mana အစား Energy ဖြစ်သွားပါပြီSaber ကလည...
11/08/2024

Energy Bar နဲ့လာမယ့် Saber
===================
Saber ဟာလည်း F***y , Ling တို့လိုပဲ Mana အစား Energy ဖြစ်သွားပါပြီ
Saber ကလည်း Lancelot လိုပါပဲ
Skill 1 တစ်ခုတည်းကပဲ Energy ကုန်မှာဖြစ်ပြီး ကျန်တဲ့ Skill တွေကတော့ Cd စောင့်ပြီးသုံးရုံပါပဲ
Energy ကုန်မှာမဟုတ်ပါဘူး

Saber ရဲ့ Play styleက Map တစ်ခုလုံးမှာ Vision ကောင်းကောင်းယူပြီး Enemy Core တွေကို တိတ်‌တိတ်လေး လိုက် Aim ရတဲ့ကောင်မျိုးပါ
Map မှာပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ Cancer ပေးရမယ့်ကောင်မျိုးဖြစ်တာကြောင့် Battleတွေမှာ ဝုန်းဒိုင်း၀င်ကြဲစရာမလိုပါဘူး ကြဲလို့လည်းမရပါဘူး ဒါကြောင့် Energy အပေါ်မှာ အရမ်း Demand ဖြစ်တဲ့ Hero မျိုးမဟုတ်ပါဘူး
ဒါကြောင့် ဒီ Energy အပြောင်းအလဲဟာ Saber အပေါ်မှာ အရမ်းကြီး Impact မရှိပါဘူး

Saberအနေနဲ့ Lancelot ထက်ပိုကောင်းတာက Skill 1 သုံးပြီး Energy ကုန်နေရင်တောင် Skill 2 / Ultimate တွေသုံးပြီး ဓားနဲ့လိုက်ပိုင်းမယ်ဆိုရင် Energy ပြန်တက်လာဦးမှာပါ



21/07/2024

ဒို့ရွှေမြန်မာတွေကတော့ ပုဆိုးနဲ့ပဲ

ที่อยู่

Nakhon Phanom

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MR.Gway Theeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์