27/11/2023
iOS User တိုင်းသိထားသင့်တဲ့ Battery Health အကြောင်း
iPhone တွေမှာပါတဲ့ Battery Health ဆျိုတာဘာလဲ
Battery Health ဆိုတာ Setting ထဲမှာရှိတဲ့ Maximum Capacity Percentage ကိုဆိုလိုတာပါ။ စဝယ်ခါစအသစ်မှာ 100% အပြည်ပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းကျလာတတ်ပါတယ်။
ဘာကြောင့် Battery Health မြန်မြန်ကျတတ်လဲ
ဖုန်းသုံးများတာ၊ ဖုန်းသုံးနည်းတာထက် အဓိကက အားသွင်းတဲ့အလေ့အကျင့်မမှန်တာ
Battery Stress များတာ၊ Battery Cycle Count များတာနဲ့ ပတ်ဝန်းကျင်ရာသီဥတုအခြေအနေတွေကြောင့်သာ အဓိကဖြစ်ရတာပါ။
ကြာကြာခံအောင်နဲ့ မြန်မြန်မကျအောင် ဘယ်နည်းတွေနဲ့ ဂရုစိုက်သင့်သလဲ
အကောင်းဆုံးကတော့ အနည်းဆုံး အား ၂၀ - အများဆုံး အား ၈၀ လောက်ထိပဲထားတာ ကောင်းပါတယ်။
အားသွင်းတဲ့အခါမှာ ၁၀၀ ထိအပြည့်သွင်းတာမျိုးမလုပ်ဘဲနဲ့ ၈၀ လောက်နဲ့ဆို ဖြုတ်ပစ်လိုက်တာမျိုးလုပ်ပေးကြည့်ပါ။
အား ၈၀ ပြည့်တာနဲ့ အားသွင်းအလိုလိုရပ်တဲ့ Function က iPhone 15 Series မှာ ပါပေမယ့် တခြား Series တွေမှာမပါတဲ့အတွက် Manual Setup လုပ်ထားရမယ်ဗျ။
အိပ်တဲ့ချိန် တစ်ညလုံးအားသွင်းထားတာ၊ အရမ်းပူ/ အရမ်းအေးတဲ့နေရာတွေမှာ အားသွင်းတာ၊ ဖုန်းဘက်ထရီကို သုညဖြစ်တဲ့ထိ ပစ်ထားတာမျိုးတွေတော့ အထူးရှောင်ကြဉ်ရမယ်နော်
ဒါ့အပြင် Battery Health အကျမမြန်စေဖို့ လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ထပ်ရှိပါသေးတယ်။
ခု ဒီပို့စ်ကို ဖတ်ရင်း တစ်ခါတည်း လိုက်လုပ်ထားနော်
Low Power Mode သုံးပါ
Setting > Battery > Low Power Mode > On
Background App Refresh ကို ပိတ်ထားပါ
Setting > General > Background App Refresh > Off
Auto-Lock နဲ့ Dark Mode ကို သုံးပါ
Setting > Display & Brightness > Auto-Lock (30 seconds)
Display > Dark Mode
Optimized Battery Charging ကို ဖွင့်ဖို့ လုံးဝမမေ့ပါနဲ့
Setting > Battery > Battery Health & Charging > Optimized Battery Charging > On
ကဲ ဒီလောက်ဆိုရင် Mr.Chant ရဲ့ iOS Users တို့ သိချင်နေတာလေးတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယျ
crd
#အလုံးသန့် #အာမခံ