Phyo Min Lat- Sharing

Phyo Min Lat- Sharing ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phyo Min Lat- Sharing, บริษัทด้านเทคโนโลยีสารสนเทศ, HatYai, Hat Yai.

အရေးကြီးတာလေးပါ" K p a y အကောင့်ဖုန်းနံပါတ်မှား ငွေမှားလွှဲမိရင် ပြန်ပေးရန် တောင်းဆို မရပါက လုပ်ဆောင်ရန်ဖြစ်ပါတယ် "-----...
03/11/2025

အရေးကြီးတာလေးပါ
" K p a y အကောင့်ဖုန်းနံပါတ်မှား ငွေမှားလွှဲမိရင် ပြန်ပေးရန် တောင်းဆို မရပါက လုပ်ဆောင်ရန်ဖြစ်ပါတယ် "
-----
1. Kp ay call Center 3211 ကိုဆက်ပါ
2. Kpay call Center ကို အဲ့နံပါတ်ကို ငွေ အသွင်းအထုတ် ပိတ်ခိုင်းပါ။ (3 ရက် ဘဲ အကောင့်ပိတ်ပေးပါလိမ့်မယ်။ အဲ့ 3 ရက်အတွင်း အကောင့်ပိုင်ရှင်နဲ့ညှိပါ။ 3 ရက်ကျော်ရင် ပြန်ပွင့်သွားပါလိမ့်မယ် ဟိုဘက်အကောင့်က)
3. call center ကပေးတဲ့ Ticket No ကိုသေချာ မှတ်ထားပါ
4..ပြီးရင် အဲ့ဖုန်းပိုင်ရှင်နဲ့ အဆက်အသွယ်လုပ်ပါ။ သူ့ဘက်က ပြန်ပေးရင်တော့ အောက်က အချက်အလက်တွေ ဆက်လုပ်စရာမလိုပါဘူး။ သူ့ဘက်က ပြန်မပေးရင် အောက်ပါ အတိုင်းဆက်လုပ်ပါ။

1. ရဲစခန်းမှာ Kpay က မှားလွှဲမိကြောင်း အဲ့တာကို ပြန်ရယူရန် အဆင့်များအား သက်ဆိုင်ရာဋ္ဌာနမှ အဆင်ပြေသလိုစီစဥ်ပေးရန် ဆိုတဲ့ ရဲစာ လုပ်ပါ။ (Transaction No, Ticket No နဲ့တကွ လွှဲမိတဲ့ အချိန် နေရက် ပါအပါ)
2.Kpay call Center ကို email တောင်းပါ။
3. အဲ့ Email ကို စာကို ဓာတ်ပုံ ရိုက်ပြီး ပို့ပေးပါ။ ရဲစာ email ရ ရင် အဲ့ အကောင့်က ကိုယ့်ဘက်က ဖြေရှင်း မပြီးမချင်း အကောင့်ပိတ်ထားပါလိမ့်မယ် ဟိုဘက်အကောင့်ကို
4.အလုပ်ဖွင့်ရက် 10 ရက် အတွင်း Kpay Call Center က ဖုန်းခေါ်ပါလိမ့်မယ် ။ သူတို့က အချင်းချင်း ဘဲ ညှိ ခိုင်းပါလိမ့်မယ်။
5. ညှိလို့မရ လို့ ဒီအဆင့်ထိ သွားတာ ဆိုရင်တော့ နောက်ဆုံး နီးစပ်ရာ Kpay Center ရှိတဲ့ ဘဏ် သို့သွားပါ။ဖြစ်ကြောင်းကုန်စဥ်ပြောပြထားပါ။ အဲ့ရောက်တာနဲ့ Call Center ကို ဖုန်းခေါ်ပြီး ဖြစ်စဥ်အကုန် သူတို့ ချင်း ပေးပြောလိုက်ပါ။
6. 10 ရက် အတွင်း call center က ဖုန်းခေါ်ပြီး နှစ်ဦးနှစ်ဖက်ကို ညှိနှိုင်းပါလိမ့်မယ်။
7. နောက်ဆုံး မှာ 4 ရက်အတွင်း Auto Reversal ပြန်ရောက်လာပါလိမ့်မယ် ကိုယ့် အကောင့်ထဲ
8. Reversal ရောက်ရောက်ပြီးချင်း လဲ အဲ့ ပိုက်ဆံ ထုတ်မရသေးပါဘူး ။ Kpay အလွှဲအထုတ်ကို မရတော့တာပါ။ နီးစပ်ရာ Kpay Center မှာ သူတို့ပေးတဲ့ ဖောင်ဖြည့်ရပါတယ် ပြီးမှ နောက်ရက်မှ စထုတ်လို့ရပါမယ်။
အားလုံးပေါင်း ပိုက်ဆံ ပြန်ရ နိုင်မယ့် ကြာချိန် က 3 ပတ်လောက် ဖြစ်သွားပါမယ်။ ဖြစ်စဥ်အကုန်အပြီး။

Credit..
​မေတ္တာဖြင့် ကူးယူမျှဝေပါသည်။

ငွေကြောင့် နာမည်ပျက်သွားတဲ့ လူဟာဘယ်နေရာသွားသွား-ဘာလုပ်လုပ်...လူတော မတိုးတော့ဘူး။လူမြင်လိုက်တာနှင့်ဝေးဝေးက ရှောင်သွားကြတေ...
29/09/2025

ငွေကြောင့် နာမည်ပျက်သွားတဲ့ လူဟာ
ဘယ်နေရာသွားသွား-ဘာလုပ်လုပ်...
လူတော မတိုးတော့ဘူး။
လူမြင်လိုက်တာနှင့်ဝေးဝေးက ရှောင်သွားကြတော့တာပဲ။
ငွေကြောင့် နာမည်ပျက်သွားတဲ့သူတွေဟာ
ပြောတဲ့စကားလည်း မတည်တော့ဘူး။
ဘယ်သူ့ကို မှလည်း ဂရု မစိုက်တော့ပဲ
မျက်နှာပြောင် တိုက်ကြတော့တာပဲ။
အောင်မြင်တဲ့သူ ဖြစ်ချင်ရင်တော့
ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ်
ငွေကြောင့် နာမည်မပျက်စေနဲ့......
ငွေကြေးနှင့်ရင်းနှီးလုပ်ကိုင်ကြရတယ်
ဆိုရင် ငွေကြေး အပေါ်မှာ သစ္စာရှိဖို့ လိုအပ်ပါတယ်။
ငွေကြေးမှာ သစ္စာမရှိတဲ့လူဟာ
ဆင်းရဲ တွင်းမှာ သံသရာလည် နေမှာပဲ။
crd

20/09/2025

Wave account ဖွင့်နည်း

မူရင်း crd ပေးပါတယ်

20/09/2025

K Pay Account ဖွင့်နည်း

မူရင်း Crd

20/09/2025
19/09/2025

System Maintenance Alert

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ

နည်းပညာအဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် စက်တင်ဘာလ ၁၉ရက်နေ့ မှ ၂၃ရက်နေ့အတွင်း ကမ္ဘောဇဘဏ်၏ ကတ်နှင့်ပတ်သက်သော သတ်မှတ်ထားသည့် ဝန်ဆောင်မှုအချို့ကို ယာယီအသုံးပြုနိုင်မည်မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါတယ်။

အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများစာရင်းကို သိရှိနိုင်ရန် အောက်ပါဇယားတွင် ဖတ်ရှုနိုင်ပါတယ်။
*မှတ်ချက်။ အထက်ဖော်ပြပါ ဝန်ဆောင်မှုများမှအပ ကျန်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

လိုအပ်သော နည်းပညာမြှင့်တင်မှုများပြုလုပ်ပြီးပါက ဖော်ပြပါ ဝန်ဆောင်မှုများအား ပုံမှန်အတိုင်းပြန်လည် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပြီး နားလည်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်။

ที่อยู่

HatYai
Hat Yai
90230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyo Min Lat- Sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์