TechZ by Dan TechZbyDan is your gateway to a world of technical insights and innovative projects.

This page is dedicated to sharing my journey and expertise in various cutting-edge technologies, including Linux, Azure Cloud, DevOps, and databases.

09/06/2024

What is DevOps?

X86, AMD နဲ့ ARM processor တွေက ဘာတွေကွာလဲ အနာဂတ်မှာရော ဒီ CPU arch နဲ့ ပတ်သက်ပီးဘာဆက်ဖြစ်နိုင်လဲအလွယ်ပြောရရင် x86 နဲ့ A...
01/06/2024

X86, AMD နဲ့ ARM processor တွေက ဘာတွေကွာလဲ အနာဂတ်မှာရော ဒီ CPU arch နဲ့ ပတ်သက်ပီးဘာဆက်ဖြစ်နိုင်လဲ

အလွယ်ပြောရရင် x86 နဲ့ AMD processor ဆိုတာ လက်ရှိ Desktop Computer တွေ Laptop တွေ Server တွေမှာ အသုံးများတာပေါ့။ ARM ကတော့ embedded systems, IOT devices နဲ့ Smartphone, Tablet devices တွေမှာသုံးတာပေါ့။

ဒါဆိုရင် ဘာလို့ x86,AMD နဲ့ ARM တွေ ဘာကွာလဲဆိုတာကို ထပ်ပြောစရာလိုသေးလို့လားဆိုတဲ့ မေးခွန်းပေါ့နော်။ ကျွန်တော်ဘာလို့ ဒီ အကြောင်းကို ရေးရလဲဆိုတော့ ကျွန်တော် ကိုယ်တိုင်က ဒီနှစ်ခု ကွာခြားချက်တွေကို စိတ်ဝင်စားလို့ရယ် နောက် အနာဂတ်မှာ ဖြစ်လာနိုင်တာတွေကို စဉ်းစားမိလို့ ရေးဖြစ်သွားတာ။

အဲ့ဒါဆိုရင် x86, AMD နဲ့ ARM က ဘာတွေ ကွာလဲ?

x86 ကစပြောရမယ် ဆိုရင် x86 ကို Complex Instruction Set Computing (CISC) architectures လို့ ခေါ်တယ် ကျွန်တော်တို့ ကြိုက်ကြတဲ့ လူသိများတဲ့ Intel က စလုပ်ခဲ့တာပေါ့ သူ့မှာ 16bit ကနေပီး 32bit 64bit ဆိုပီး ပြောင်းလဲလာတာ ခုလက်ရှိအများစုသုံးနေတာ 64bit တွေဖြစ်တယ်ပေါ့။ x86 processor တွေကို Intel တင်မဟုတ်ပဲ AMD ကုမ္ပဏီ ကလည်း 64bit version အနေနဲ့ AMD64 ဆိုပီးထုတ်တယ်။

နောက်တခုကတော့ AMD
သူကတော့ ရိုးရှင်းပါတယ် AMD company က နေထုတ်ပီးတော့ x86 arch ပေါ် အခြေခံပီး ထုတ်ထားတာဖြစ်တယ်။ လူတော်တော်များများကတော့ Intel နဲ့ AMD နဲ့ ဆို Intel ကို ပိုကြိုက်ကြတယ်။

နောက်ဆုံးတခုကတော့ ARM ပေါ့
သူ့ကို ဒီဇိုင်းလုပ်တာက ARM ltd. ကနေ design လုပ်ပီးတော့ physical processor ထုတ်တဲ့သူတွေကို licenses ပြန်ထုတ်ပေးတယ် သူကိုယ်တိုင်တော့ cpu တွေမထုတ်ဘူးလို့ သိရတယ်။
ဒါဆိုရင် ဘယ်သူတွေက ထုတ်လဲဆိုရင် Qualcom တို့ Apple တို့က ထုတ်တယ် တခြား company တွေလည်း ထုတ်တယ်။

ဒီသုံးခုအကြောင်းကို နည်းနည်းသိပီဆိုတော့ သူတို့ကဘာတွေကွာလဲ ဘာလို့ ဒီအကြောင်းတွေပြောနေရတာလဲ။
ဘာတွေကွာလဲဆိုရင် ARM က နောက်ပိုင်း devices တွေ တော်တော် များများမှာ တွေ့လာနေရတာနဲ့ future မှာ သူ့ကိုပဲ ဆက်သုံးတော့မဲ့ အနေအထားဖြစ်လာတော့မှာမို့လို့ပဲ ဒါဆို ARM က ဘာတွေကောင်းလို့လဲ။ အဓိက ကတော့ power efficiency ဖြစ်တာပဲ။
Power Efficiency ဖြစ်တာကြောင့် CPU ကတော့ အပူထုတ်တာတွေ နည်းတာပေါ့ တခုတော့ရှိတယ် သူက x86 လို processor တွေလောက် performance မကောင်းတာ
အဲတာရဲ့ ဆန်ကျင့်ဘက်မှာဆို x86 and AMD ဆိုရင်တော့ performance ကောင်းမယ် power စားတာများမယ် အဲ့ဒါကြောင့် heat လည်းပိုထွက်မယ်

အဲ့ဒါဆို ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လိုအမျိုးစားတွေသုံးလဲဆိုရင် အဲ့ဒါကတော့ ရှင်းပါတယ် အပေါ်မှာပြောခဲ့သလိုပဲ ARM arch processor တွေကို embedded systems, IOT devices နဲ့ Smartphone, Tablet devices တွေမှာသုံးတယ် x86 နဲ့ AMD64 ကိုတော့ laptop တွေ desktop တွေ server တွေဘက်မှာ အသုံးများတယ်။

အဲ့ဒါဆို ထပ်မေးစရာရှိတာက laptop တို့ desktop တို့မှာရော ARM ကို သုံးလို့မရဘူးလားဆိုတော့ Yes သုံးလို့ရပါတယ် သုံးလည်း သုံးနေပါပီ
Apple ရဲ့ Apple Silicon ဆိုရင် ARM processor အမျိုးအစားပါ Macbook M1 2020 ကနေစပီးတော့ ခုနောက်ဆုံး model အထိ Apple က သူ့ကိုယ်ပိုင် chip ဖြစ်တဲ့ apple silicon တွေကိုပဲသုံးပါတော့တယ်။ အကြောင်းရင်းကတော့ performance လည်းပိုကောင်းလာတယ် power စားလည်း သက်သာလာတယ် အပူလည်းမထုတ်တော့ဘူးပေါ့ အဲ့ဒါကြောင့် Macbook M1 air ကနေစပီး air series တွေမှာ cpu ကို အပူပေးဖို့ fan မပါလာတော့ဘူး ပီးတော့ power efficiency ဖြစ်တာကြောင့် battery စားအရမ်းသက်သာတယ် laptop ပါးပါးလေးနဲ့ 18 နာရီလောက်အသုံးခံနိုင်အောင် Apple က လုပ်နိုင်တာ ARM cpu arch ကြောင့်ပဲ

အဲ့ဒါကြောင့်ခုဆို Apple ရဲ့ Apple silicon chip နဲ့ အပြိုင် Intel ကလည်း Intel Core Ultra series ကို မိတ်ဆက်လာတယ်။ တချို့ laptop brand တွေမှာ စသုံးလာတာ တွေ့နေရပီပေါ့နော်။ ဒါဆိုရင် နောက်ပိုင်းမှာရော တခြား laptop, desktop brand တွေမှာရော ဖြစ်လာမှာလားဆိုတော့ ကျွန်တော့ တဦးတယောက်တည်းရဲ့ အမြင်အရဆိုရင်နောက်သိပ်မကြာခင်မှာ ARM processor တွေကို အများဆုံးတွေ့လာရတော့မယ်ထင်ပါတယ်

ခုပြောတဲ့အကြောင်းအရာနဲ့ ပတ်သက်ပီးတော့ info မှားတာ မစုံတာဖြစ်သွားခဲ့ရင်လည်း ကြိုပီးတောင်းပန်ပါတယ်ဗျ
ဒီ Arch နဲ့ ပတ်သက်ပီး စိတ်ဝင်စားလို့ ကျွန်တော့ လေ့လာမိသလောက်/တွေ့သလောက် ရေးဖြစ်သွားတာပါ
ဒီအကြောင်းအရာနဲ့ပတ်သက်ပီး ခုထက်ပိုသိထားတာများရှိရင်လည်း Comment မှာ ဝေမျှပေးခဲ့လို့ ရပါတယ်ဗျ
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအကြောင်းအရာများကို sharing လုပ်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ပေးခဲ့ကြပါအုံးဗျ

ที่อยู่

Chiang Mai
50000

เบอร์โทรศัพท์

+66943109074

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TechZ by Danผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง TechZ by Dan:

แชร์