26/08/2025
𝗪𝗶𝗻𝗱𝗼𝘄 𝟭𝟭 𝟮𝟮𝗛𝟮 (𝗞𝗕𝟱𝟬𝟲𝟯𝟴𝟳𝟴) 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗨𝗽𝗱𝗮𝘁𝗲 ကြောင့်ဖြစ်တဲ့ 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 ပြသာနာ
🛑 Microsoft ကနေ နောက်ဆုံး ထွက်ရှိလာတဲ့ Window 11 22H2 (KB5063878) Version ဟာ တစ်ချို့သော Laptop SSD များရဲ့ Overall Performance မှာ တော်တော်လေး ထိခိုက်မှုရှိနေကြောင်းတွေ့ရှိရပါတယ်။ အဓိကအားဖြင့် NVMe SSD အသုံးပြုထားတဲ့ Laptop တွေမှာ အဖြစ်များတာ ပိုမို တွေ့ရှိရပါတယ်။
ယခု Update Version 22H2 (KB5063878) တင်ပြီး ကာလမှာ ဖြစ်ပေါ်လာသော
- Program Runတာ ပုံမှန် မဟုတ်ပဲ နှေးတာ
-Blue Screen Error တက်ပြီး Bootable Devices မသိတာ
- Screen Freeze ဖြစ်သွားတာ
- File Size 50GB အထက် Data Transfer လုပ်တဲ့အခါမျိုးမှာ နှောင့်နှေးသွားတာမျိုးက SSD ရဲ့ ပြသာနာကြောင့်လို့ တစ်ချို့ကထင်မြင်နေကြပါတယ်။
အဲ့လို Error မျိုးက SSD ရဲ့ Performance ပြသာနာ မဟုတ်ပဲ Window 11 Version Update (KB5063878) အသစ်ရဲ့ Bug တစ်ခုကြောင့်ဖြစ်နေတာပါ။
(⛔️ယခုလိုမျိုး ကြာရှည်ဖြစ်နေခြင်းက ရေရှည်မှာဆိုရင် SSD Performance ကို အမှန်တကယ် ပြသာနာရှိလာနိုင်ပါတယ်။)
အခုလို ဖြစ်နေတဲ့ ပြသာနာတွေကို ဘယ်လိုဖြေရှင်းသင့်လဲ ဆိုရင်တော့
1. ပထမအချက်အနေနဲ့
Window 11 22H2 Version (KB5063878) ကို uninstall တင်ပြီး ယခင် Window Updateကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
2. နောက်တစ်မျိုးအနေနဲ့တော့
Window lastest Update တင်ပြီးသွားရင် File Transferလုပ်မယ်ဆိုရင် File Size ကြီးတာတွေကို တစ်ခါတည်း Transfer မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။
ပြီးတော့ Microsoft ရဲ့ တရားဝင် Patch Update ကို စောင့်ဆိုင်းပေးပါ။ (ယခု လက်ရှိမှာလဲ Microsoft ဖက်က Patch Update အမြန်ဆုံး ထုတ်လုပ်ဖို့ ကြိုးစားနေတာကြောင့် ခဏတာ စောင့်ဆိုင်းခြင်းဖြင့် ဖြေရှင်းနိုင်မှာပါ။)