Echoes Of Images ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Echoes Of Images, นักออกแบบกราฟิก, Bangkok

၁၅ နှစ် သားမှာပထမဆုံး အသည်းကွဲတော့သင်္ဘောသီးစ စားဖြစ်တာပဲအဲဒီတုန်းကဆို အဖေလဲတအံ့တသြတွေဖြစ်လို့။မခံနိုင်အောင်နာကျင်ရတဲ့ အ...
14/08/2026

၁၅ နှစ် သားမှာ
ပထမဆုံး အသည်းကွဲတော့
သင်္ဘောသီးစ စားဖြစ်တာပဲ

အဲဒီတုန်းကဆို အဖေလဲ
တအံ့တသြတွေဖြစ်လို့။
မခံနိုင်အောင်နာကျင်ရတဲ့ အခါ
မလုပ်ဖူးတာတွေ လျှောက်လုပ်ကြည့်တဲ့ သဘောပဲ။

အခု ၃၆ နှစ် ရောက်တော့
မနက် မနက် ကော်ဖီဖျော်တဲ့ အကျင့်လေးရလာတယ်။
ရေနွေးတည်ရ ခွက်ရှာရ ဇွန်းတပ်ရနဲ့
၁၅ မိနစ်လောက် ကုန်သွားလဲ နည်းလား။

အားလုံးရှိနေရာက
ဘာမှမရှိတော့တဲ့ အခါ
ဘယ်သူ့ကိုမှ ဘာမှပြောမနေချင်တော့တဲ့ အခါ
ကော်ဖီဖျော်ပါ။

သောက်တာ မသောက်တာက
နောက်ကိစ္စ။

"ချစ်တယ်လို့ ပြောဖို့ အဲ့လောက်တောင် ခက်ခဲလား" လို့ တစ်ချိန်က တခြားသူတွေကို အပြစ်တင်ခဲ့ဖူးတယ်။ ကိုယ်တိုင်ကလည်း ချစ်ရင် ဖွ...
06/03/2026

"ချစ်တယ်လို့ ပြောဖို့ အဲ့လောက်တောင် ခက်ခဲလား" လို့ တစ်ချိန်က တခြားသူတွေကို အပြစ်တင်ခဲ့ဖူးတယ်။ ကိုယ်တိုင်ကလည်း ချစ်ရင် ဖွင့်ပြောရမယ်လို့ပဲ အမြဲယုံကြည်ခဲ့တာကိုး။

ဒါပေမဲ့ တကယ်တမ်း လက်တွေ့ကျတော့... မင်းကို "ချစ်တယ်" လို့ ဖွင့်ပြောဖို့ထက်၊ မပြောဘဲ မျိုသိပ်ထားဖို့ အကြောင်းပြချက်တွေက ပိုပြီး များနေခဲ့တယ်။ မသိလိုက်ခင် အချိန်လေးမှာတင် ငါဟာ မင်းရဲ့ ရင်ထဲက လူတစ်ယောက် ဖြစ်ချင်လာခဲ့တယ်၊ "ငါ့အတွက်" ဆိုတာထက် "မင်းအတွက်" ဆိုတဲ့ အတွေးတွေက ပိုပြီး နေရာယူလာခဲ့တယ်။

အရင်ကတော့ မင်းကို စနောက်ရတာ ပျော်စရာကြီးပေါ့။ ဒါပေမဲ့ မင်းရဲ့ ဝမ်းနည်းသွားတဲ့ အသံလေးကို ကြားရတဲ့အခါမှာတော့ အစသန်ခဲ့တဲ့ ငါဟာ မင်းကိုစဖို့ ဝန်လေးလာခဲ့တယ်။ သူများတွေ မင်းကို စနောက်ရင်လည်း စက်စက်ထိမခံ ဖြစ်လာတယ်၊ မင်းအနားမှာ ကာကွယ်ပေးချင်လာတယ်၊ အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်တက်လာတယ်။

ဒါပေမဲ့ ဒီခံစားချက်တွေကို ငါ အမြဲ ဖုံးကွယ်ထားခဲ့ရတယ်။ သတိမထားမိလိုက်တဲ့ အရာလေးတစ်ခုက ရင်ထဲမှာ တဖြည်းဖြည်းနဲ့ အမြစ်တွယ်လာခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်တယ်၊ "မချစ်ရဘူး" လို့ အတန်တန် တားဆီးခဲ့ဖူးတယ်။ ဒါပေမဲ့လည်း အချစ်ဆိုတာက တားလို့လည်းမရ၊ လုပ်ယူလို့လည်း မရတဲ့ အရာမျိုးလေ။

"ဘာကြောင့် ချစ်မိတာလဲ"
"ဘာကြောင့် ဒီလောက်ထိ နစ်ဝင်သွားတာလဲ"
"ဘာကြောင့် ဒီလောက်ထိ မြတ်နိုးနေမိတာလဲ"

ဒီမေးခွန်းတွေကို ငါ အများကြီး တွေးခဲ့တယ်၊ အများကြီးလည်း စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ငါ့မှာ အဖြေတစ်ခုပဲ ရှိတယ်... အဲ့ဒီအဖြေက "မင်း ဖြစ်နေလို့" ပါပဲ။

#ပေးစာ #ခံစားချက်

လမ်းထိပ်က "ရွှေမင်းသား" ကော်ဖီဆိုင်လေးထဲကို လှမ်းဝင်လိုက်တာနဲ့ နားထဲမှာ အရင်ဆုံး ကြားလိုက်ရတာက ပန်းကန်ပြားနဲ့ ဇွန်းလေးတွ...
13/02/2026

လမ်းထိပ်က "ရွှေမင်းသား" ကော်ဖီဆိုင်လေးထဲကို လှမ်းဝင်လိုက်တာနဲ့ နားထဲမှာ အရင်ဆုံး ကြားလိုက်ရတာက ပန်းကန်ပြားနဲ့ ဇွန်းလေးတွေ ထိခတ်မိတဲ့ ‘ချောက်ချောက်ချက်ချက်’ အသံလေးတွေပါ။

အဲဒီအသံဟာ ကျွန်တော်တို့အတွက်တော့ တစ်နေ့တာကို စတင်ဖို့ နှိုးစက်တစ်ခုပါပဲ။

ဆိုင်ထဲမှာ ဆေးလိပ်ငွေ့တွေက ဝေမှိုင်းလို့။ လူကြီးတွေက သတင်းစာကိုယ်စီကိုင်ရင်း လက်ဖက်ရည်ကို တစ်ငုံချင်း အရသာခံသောက်နေကြတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ ထောင့်ကျကျ ဝိုင်းတစ်ခုမှာ နေရာယူထားကြတာပေါ့။

အဲဒီတုန်းက ကော်ဖီဆိုင်ဆိုတာ ဖုန်းပွတ်ဖို့နေရာ မဟုတ်ဘူး။ မျက်လုံးချင်းဆုံဖို့၊ စကားလုံးတွေ ဖလှယ်ဖို့နဲ့ တစ်ယောက်အကြောင်း တစ်ယောက် နားထောင်ပေးဖို့ နေရာပါ။
ဘောလုံးပွဲအကြောင်းကနေ စလိုက်တာ၊ နောက်ဆုံး ကမ္ဘာ့အရေးအထိ ရောက်သွားတတ်တာမျိုး။

"အစ်ကို... ကော်ဖီတစ်ခွက်၊ သကြားမပါဘူးနော်" လို့ မှာလိုက်ရင် ဆိုင်ရှင်ဦးလေးကြီးက ပြုံးစစနဲ့ လှမ်းကြည့်တတ်ပါတယ်။ အဲဒီခေတ်က ကော်ဖီဆိုတာ အခုလို Instant အထုပ်တွေ မဟုတ်ဘဲ Filter နဲ့ အစစ်အမှန် စစ်ထားတဲ့ အနံ့ပြင်းပြင်း ကော်ဖီခါးခါး။

ပူလောင်နေတဲ့ ကော်ဖီခွက်ကို လက်နဲ့ကိုင်ရင်း ငုံလိုက်တဲ့အခါ လည်ချောင်းထဲမှာ ခါးသက်သက်နဲ့ ကျန်ရစ်ခဲ့တဲ့ အရသာဟာ ဘဝရဲ့ ခက်ခဲမှုတွေကို ရင်ဆိုင်ဖို့ ခွန်အားပေးသလိုပါပဲ။

အခုတော့ အဲဒီကော်ဖီဆိုင်လေး မရှိတော့ဘူး။ လမ်းထိပ်မှာ မှန်အလုံပိတ်ထားတဲ့ ကော်ဖီဆိုင်အသစ်တွေ ရောက်လာတယ်။ ဒါပေမဲ့ တစ်ခါတလေ မိုးအေးတဲ့ မနက်ခင်းမျိုးမှာ မျက်လုံးမှိတ်လိုက်ရင် အဲဒီတုန်းက ကော်ဖီဆိုင်ရဲ့ နို့ဆီနံ့၊ ဆေးလိပ်နံ့နဲ့ သူငယ်ချင်းတွေရဲ့ ရယ်
သံတွေကို ပြန်ကြားယောင်နေမိတုန်းပါပဲ။

အဲဒီခေတ်က ကော်ဖီဆိုင်တွေဟာ ဖန်စီမကျပေမဲ့ "လူမှုရေး အနှောင်အဖွဲ့" တွေ အရမ်းခိုင်မာခဲ့တာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။

Echoes of Images
Fri 13 Feb

ที่อยู่

Bangkok
10140

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Echoes Of Images โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์