Plone Literature & It Development Team

Plone Literature & It Development Team ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Plone Literature & It Development Team, บริษัทด้านเทคโนโลยีสารสนเทศ, Bangkok

Plone Literature and IT Development Team is an organization dedicated to preserving Karen literature, history, and cultural heritage while integrating technology to create development that aligns with modern times.

15/07/2026

တနံၤတၢ်ကွဲးကညီကျိၥ် (Karen Unicode) လၢ (Meta Facebook) အလိၤ ဘၣ်ဂ့ၤဂ့ၤ လၢအကမၣ်တအိၣ် ပှဲၤထီၣ်ဝဲ တနံၣ်ပှဲၤပှဲၤလံန့ၣ်လီၤ.

ဒီနေ့ဟာဆိုရင် Facebook ပေါ်မှာ ကရင်စာ (Karen Unicode) တွေ အမှားအယွင်းမရှိ မှန်မှန်ကန်ကန် စတင်ပေါ်ပေါက်လာခဲ့တာ တစ်နှစ်တိတိ ပြည့်သွားတဲ့နေ့လေးပဲ ဖြစ်ပါတယ်။

Today marks one year of Karen Texts (Karen Unicode) working correctly on Facebook.

ဆၧထိးဆၧၫ့အမုၬ    ဘၪထွ့ၪလၧ ပဝ့ၫၥံၪဎိၭဒီၪတဲၩ့မၩထၬ ပှဖျိၩ့ၡိဆၧချဲၩ့ဖျိၪ့အခီၫပယီၫ application ယီၩ လၧဆၧၥုၪ့ဎွံၪၥၭယီၫအဖၧၩ့ပထိဆ...
24/05/2026

ဆၧထိးဆၧၫ့အမုၬ
ဘၪထွ့ၪလၧ ပဝ့ၫၥံၪဎိၭဒီၪတဲၩ့မၩထၬ ပှဖျိၩ့ၡိဆၧချဲၩ့ဖျိၪ့အခီၫပယီၫ application ယီၩ လၧဆၧၥုၪ့ဎွံၪၥၭယီၫအဖၧၩ့ပထိဆၧၫ့န့ဘၪယူၭ လံၬဖ့ၪကိၪ့(၄)ဘံၪ့နီၪလီၫ.
ပဝ့ၫၥံၪယီၩ ဆၧထိစိၩအီၪလၧ ပှဖ့ၪကိၪ့ဆၧဖိၪၥံၪကဖ့ၪကိၪ့အ့ၪပၧၩပျီၩပျီၩဖျ့ၭဖျ့ၭကန့အဂးအကၠီၩ့တၭ, လၧပှဖ့ၪကိၪ့ဆၧပှခိၪပှမွံၩၥံၪ အဆၧဆုးကျိၭ,အဂဲးအဖးလမံၩ့လၩလါနီၪ ပဝ့ၫၥံၪလလမၩန့ထၬဘၪအကၠီၩ့တၭ ဆၧဆိၫ့ၥၭအီၪလၧပမိကွ့ၭၥိၪ့စိၩထဲၩ့ ဆၧထိးဆၧၫ့မုၬဒဲဆၧစံၭခိးလံၬကွ့ၭလါနၫ့ ပၥိၫ့စိၩထဲၩ့လန့ဘၪအဂဲးနီၪ မွဲနၥံၪကနၪၥ့ၪအ့ၪဘၪပဝ့ၫၥံၪဒဲ ကထုၪဎး,လၧနၥံၪဖ့ၪကိၪနဲၪဖျီၪအ့ၪဘၪ ပဝ့ၫၥံၪအဆၧဂဲးဆံၭဘၭဆါဒဲဆၧဘၪမၪၥံၪလဖၪယီၩအကၠီၩ့ စံၭခိးစံၭတၩဘၪဒိၪဒိၪအၪအၪလ့ၬဒဲ လၧခဲၫ့လၧယၫကိဆ့ မွဲနၥံၪကဖ့ၪကိၪ့,ဖ့ၪနဲၪအ့ၪဘၪ ပဝ့ၫၥံၪအဆၧဘၪမၪ,ဆၧဂဲးဆံၭဘၭဆါအဂးနီၪ ပကိၭဖံၭၥိၭဘၪနီၪလီၫ.
လၧပှခိၪပှမွံၩၥံၪ အဖ့ၪကိၪ့ဖ့ၪနဲၪထၬ ဆၧဘၪမၪ,ဆၧဂဲးဆံၭဘၭဆါၥံၪနီၪ ထီးဘိၩ့ယီၩကထုၪဎး ပဝ့ၫၥံၪယိထံၫမၩဂ့ၩဖိၬလိၬထၪ့ထဲၩ့ယူၭတၭ အ့ၪဂီၩ့ကဲၪလူၬနီၪ ပဝ့ၫၥံၪ ကထံၭလၫ့ထဲၩ့ update နီၪလီၫ.
မွဲနၥံၪကဖ့ၪကိၪ့ ကဖ့ၪနဲၪဆၧဘၪမၪၥံၪအဂး လၧဆၧၥုၪ့ဎွံၫၥၭယီၫအဖၧၩ့ ပကိၭဖံၭၥိၭဘၪနီၪလီၫ.

ဆၧယူၬယၫ့အဖၧၩ့
ဆၧဒုၭဒိၪထၪ့ပှဖျိၩ့ၡိလံၬလဲဒဲ ဆၧၥ့ၪဆၧဘၪအဖုၫ

ဝမ်းမြှောက်စွာကြိုဆိုခြင်း
မိမိတ်ို့စီစဥ်ဖန်တီးဖြန့်ချိထားသော အနောက်ပိုးကရင် အဘိဓာန် application နှင့်ပတ်သတ်သည့် အကြံပြုစာ(၄)စောင်ကို ဝမ်းပန်းတသာဖြင့်လက်ခံရရှိပါသည်။
မိမိတို့သည် အကြံပြုသူများ လွတ်လပ်စွာ အကြုံပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အကြံပြုသူလူကြီးမင်းများ၏ ဆက်သွယ်ရန်လိပ်စာ၊အချက်အလတ်၊မည်သည့်တစ်စုံတစ်ခုကိုမျှ မသိမ်းဆည်းထားသောကြောင့်၊ လူကြီးမင်းတို့အား ဝေဖန်အကြံပြုခြင်းများအတွက် ကြိုဆိုပါကြောင်းနှင့်ကျေးဇူးအထူးတင်ရှိကြောင်းကို ပြန်လည်စာရေးသားပေးပို့ရန်ဆန္ဒရှိပါသော်လည်း မပေးပို့နိုင်သည်ကို ခွင့်လွတ်နားလည်ပေးကြပါရန်နှင့် တဆက်တည်း လူကြီးမင်းတို့၏ ဝေဖန်အကြံပြုချက်များပေးပို့ခြင်းအတွက် အထူးပင်ကျေးဇူးတင်ကြောင်း၊နောက်နောင် များတွင်လည်းမိမိတို့၏အမှားများ အားနည်းချက်များကို ဝေဖန်ထောက်ပြအကြံပြုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းများ ဝေဖန်ထောက်ပြအကြံပြုထားသည့် အမှား၊အားနည်းချက်များကို မိမိတို့ယခုချက်ချင်းပြန်လည်စိစစ် ပြင်ဆင်နေပြီးဖြစ်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပြီးသည်နှင့် အမှားပြင်ဆင်ချက်၊ထပ်မံဖြည့်စွက်ချက်များပါဝင်သည့် အပ်ဒိတ်ဗားရှင်းကို ပြန်လည်လွင့်တင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
အမှားထောက်ပြ၊ဝေဖန်အကြံပြုပေးပို့ကြပါရန် ဝမ်းပန်းတသာဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်
အနောက်ပိုးကရင်စာပေနှင့်နည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့(PLITDT)

22/05/2026
ွေ့ဆုံမေးမြန်းခြင်းကဏ္ဍ“ကျမတို့ စာအုပ်စာပေခေတ်မှာပဲ နေခဲ့မယ်ဆိုရင် ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့မှာ စ...
21/05/2026

ွေ့ဆုံမေးမြန်းခြင်းကဏ္ဍ
“ကျမတို့ စာအုပ်စာပေခေတ်မှာပဲ နေခဲ့မယ်ဆိုရင် ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့မှာ စာပေရှိပါလျက်နဲ့ ဒီလို ဒီဂျစ်တယ်ခေတ်စနစ်မျိုးနဲ့ မသွားနိုင်ရင် စာပေတွေက ပျောက်ကွယ်သွားနိုင်တယ်။”
အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PLITDT) သုတေသနနှင့် မှတ်တမ်းအဖွဲ့ တာဝန်ခံ နန့်ခလိန်ဒိုဆန်းဟီဖလောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
မေလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အနောက်ပိုးကရင်ဘာသာကနေ မြန်မာနှင့် အင်္ဂလိပ် ဘာသာစကား ၃ ခုစလုံးကို အပြန်အလှန် အဓိပ္ပာယ်ဖွင့်ဆို ဘာသာပြန်နိုင်သည့် ဒီဂျစ်တယ် အဘိဓာန်အက်ပလီကေးရှင်း (Digital Dictionary Application) ကို မြစ်ဝကျွန်းပေါ်ကရင်လူငယ်များနှင့် စုဖွဲ့ထားသည့် အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PLITDT) က မေလ ()ရက်နေ့တွင် တီထွင်မိတ်ဆက်လိုက်သည်။
နည်းပညာဖွံ့ဖြိုးမှုကို အမီလိုက်ပြီး တီထွင်ဖန်တီးလိုက်သည့် အဆိုပါ အဘိဓာန်သည် စာပေထိန်းသိမ်းမြှင့်တင်မှုကို အားပေးရာရောက်သလို တီထွင်ဖန်တီးလိုက်သည့် ကရင်လူငယ်များ၏ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြမှုကို ပြသရာလည်း ရောက်ပါသည်။
ယခုတီထွင်ဖန်တီးမှုက ကရင်စာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် မည်မျှအထိ အရေးပါသလဲဆိုသည်နှင့် ပတ်သက်ပြီး PLITDT သုတေသနနှင့် မှတ်တမ်းအဖွဲ့ တာဝန်ခံ နန့်ခလိန်ဒိုဆန်းဟီဖလောင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး – အနောက်ပိုးကရင် ဒီဂျစ်တယ်အဘိဓာန်ကို တီထွင်လိုက်တယ်လို့ သိရတယ်။ ဒီဒီဂျစ်တယ်အဘိဓာန် ဖြစ်လာရတဲ့ အခြေခံအကြောင်းရင်းက ဘာကြောင့်ပါလဲ။
ဖြေ – ဘယ်လိုဖြစ်လာရလဲဆိုတော့ ကျမတို့က လူမျိုးတစ်မျိုးဖြစ်တယ်လေနော်။ လူငယ်တွေလည်း ဖြစ်ကြတယ်။ ကျမတို့မှာ စာပေရှိတယ်၊ စကားရှိတယ်။ ပြောစရာစကားလည်း ရှိတဲ့အပေါ် အခုက AI ခေတ်ကို ရောက်လာပြီး ဒီဂျစ်တယ်ခေတ်ကို ရောက်လာပြီဖြစ်တဲ့အတွက် ကျမတို့ရဲ့ စာပေတွေကို ဒီစာအုပ်ခေတ်တွေမှာပဲ ရှိမနေသင့်တော့ဘဲ ဒီဂျစ်တယ်ခေတ်အထိ သွားနိုင်ဖို့အတွက် အခုလို တီထွင်လိုက်ရတာပဲ ဖြစ်ပါတယ်။
မေး – ဒါကို တီထွင်ဖန်တီးရတဲ့ ရည်ရွယ်ချက်လည်း သိပါရစေ။
ဖြေ – ပြောရမယ်ဆိုရင် ဒီအဘိဓာန်ဖြစ်လာဖို့ ရည်ရွယ်တာက ကျမတို့ ကနဦးရည်ရွယ်တာက အဘိဓာန်ဖြစ်ဖို့ မဟုတ်ဘူး။ ကျမတို့ ရည်ရွယ်တာက ဝီကီပီးဒီးယား (Wikipedia) သွားဖို့အတွက် ဖြစ်တယ်။ အရင်ဆုံး ကျမတို့ အဲလိုရည်ရွယ်တယ်။ ဒါပေမဲ့ ကျမတို့ တစ်ယောက်ချင်းစီ တာဝန်ယူနေရတာတွေက မတူကြဘူး။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့တုန်းက ဖိတ်ခေါ်ထားတာ၊ အသိပေးထားတာ ရှိတယ်။ ကျမတို့ တာဝန်ယူတဲ့သူတွေထဲမှာ နည်းပညာရှင်တွေ၊ စာပေသမားတွေ၊ မီဒီယာသမားတွေ ရှိတယ်။ အဲဒီထဲမှာ ဝီကီပီးဒီးယား သွားနိုင်ဖို့က အရင်ဆုံး နည်းပညာသမားကို ရှာရတယ်။ အဲဒီအတွက် စကျော်ဝင်းဦးကို တာဝန်ပေးထားတယ်။
အဲလို ဝီကီပီးဒီးယားကို သွားနိုင်ဖို့ ကျမတို့မှာ Data (အချက်အလက်) ရှိပြီးသား။ အဘိဓာန်အတွက် အကုန်စုထားပြီးသား။ အဲဒီတော့ ဝီကီဘက်ကို သွားဖို့အတွက်က ကြာဦးမယ်။ အခုရှိထားပြီးသား Data တွေအပေါ်မှာ အဘိဓာန်စာသားတွေအတွက် ဒီဂျစ်တယ်အဘိဓာန် အရင်သွားကြရင် မကောင်းဘူးလား၊ အက်ပလီကေးရှင်းဘက်ကို အရင်သွားမယ်ဆိုပြီး စကျော်ဝင်းဦးက ပြောလာတယ်။
အဲဒါကြောင့် အဘိဓာန်အက်ပလီကေးရှင်းဘက်ကို ဖြစ်သွားတယ်။ အဲဒီကနေ သူက ဒါကို ဖန်တီးပေးတယ်။ အဘိဓာန်တင်မကဘဲ ဘာတွေ ထပ်ထည့်လို့ရသေးလဲဆိုတာကို ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒီလို အဘိဓာန်အက်ပလီကေးရှင်းကြီး ဖြစ်လာရတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
မေး – ဒါကို ဖန်တီးဖို့ အချိန်ဘယ်လောက်ယူရလဲ။ ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ။ လုပ်ခဲ့တဲ့ ပုံစံတွေကိုလည်း ပြန်ပြောပြပါဦး။
ဖြေ – အချိန်ကာလအားဖြင့်တော့ ခုနကပြောသလို ကျမတို့က ဝီကီဘက်ကို အရင်သွားဖို့ လုပ်ထားတာဖြစ်တဲ့အတွက် အဘိဓာန်စာအုပ်တွေ လိုက်စုတယ်၊ ဘာသာပြန်တဲ့ အုပ်စုတွေဖွဲ့ပြီးတော့ ရေးတဲ့အဖွဲ့က ရေးတယ်။ အချက်အလက်တွေစုတဲ့ အဖွဲ့က စုကြတာပေါ့။ အဲလို အဖွဲ့တွေနဲ့ သွားပြီးတော့ အဘိဓာန်ဘက်ကို သွားဖို့ ဖြစ်လာတဲ့အတွက် အဲဒီဘက်မှာ သွားပြန်ထည့်ကြတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ ကိုယ်တာဝန်ယူကြတဲ့အပိုင်းကို လုပ်ကြပေမဲ့ တကယ်တမ်း ပိုလုပ်ရတာက နည်းပညာသမားပေါနော်။ သူက သူလုပ်ချင်တဲ့ပုံစံ၊ သူသွားချင်တဲ့ ပုံစံတွေကို အကြံပေးပြီးတော့ သွားကြတာပေါ့။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ကျမတို့အဖွဲ့ထဲမှာ နည်းပညာရှင်က သိပ်အားမကောင်းဘူး။ အဲဒီအတွက် လုပ်ရကိုင်ရတာ နည်းနည်းလေး စိန်ခေါ်မှုရှိတယ်။
အဲဒါကြောင့် တခြားနည်းပညာရှင်တွေကို လိုက်အကူအညီတောင်းပြီး သူတို့အကြံပေးသလို လိုက်လုပ်ရတာပေါ့။ ပြီးတော့ ကျမတို့ဆရာ စကျော်ဝင်းဦးကလည်း လိုက်တီထွင်ကြံဆပြီးတော့ လုပ်ကြတာပေါ့။ အဲလို စပြီးလုပ်တဲ့အချိန်ကနေ အခုလို အဘိဓာန်ဖြစ်လာတဲ့အထိဆိုရင် ၇ လလောက် အချိန်ယူလိုက်ရပါတယ်။
မေး – အခု လက်ရှိ တီထွင်ထားတဲ့ ဒီအဘိဓာန်တွေထဲမှာ အဓိက ဘာအကြောင်းအရာတွေပါဝင်သလဲ၊ ဘယ်လိုအလုပ်လုပ်သလဲဆိုတာလည်း ရှင်းပြပေးပါဦး။
ဖြေ – ပြောရမယ်ဆိုရင် ဒီဒီဂျစ်တယ်အဘိဓာန်ထဲမှာဆိုရင် အဆင့် ၃ ဆင့် ပါတယ်။ အဲဒီအဆင့် ၃ ဆင့်က ဘာတွေလဲဆိုရင် ပထမအဆင့်က အဘိဓာန်စာသားတွေပေါ့။ နောက်တစ်ခုကျတော့ ကျမတို့ အနောက်ပိုးကရင်စာကို အခြေခံကနေ စပြီးသင်ယူချင်တဲ့သူတွေအတွက် နောက်ဆုံးအဆင့်ကတော့ နေ့စဉ်သုံးစကားတွေ၊ ဝေါဟာရတွေ အဲဒါတွေ ပါပါတယ်။ အခြေခံအကျဆုံး အဘိဓာန်ထဲမှာတော့ ကျမတို့ စာအုပ် ၃ အုပ် ထည့်ထားတယ်။ အဲဒီထဲမှာ ၁၉၂၀ ခုနှစ်ထုတ် စာအုပ်ရယ်၊ ၁၉၈၉ ထုတ် စာအုပ်နဲ့ ၂၀၂၁ ထုတ် တစ်အုပ် အားလုံး ၃ အုပ်ပေါ့။ ဒီစာအုပ်တွေကို ပြန်ကြည့်ရင် ခေတ်ကာလ မတူကြဘူး။
ပြီးတော့ အများဆုံး အသုံးပြုတဲ့ စာအုပ်တွေပေါ့။ အဲဒီထဲမှာ အခုခေတ် စကားလုံးတွေ၊ အရင်ခေတ် စကားအသုံးအနှုန်းတွေ ပါတာပေါ့။ ပြီးတော့ အဲဒီထဲမှာ မြန်မာစာပါတယ်၊ ကရင်စာပါတယ်။ ပြီးတော့ အင်္ဂလိပ်စာပါ ထည့်ထားတယ်။ တကယ်လို့ ကိုယ်က ကရင်စာပဲသိပြီး မြန်မာလို မသိဘူးဆိုရင် ရေးချလိုက်တာနဲ့ တစ်ဖက်မှာက မြန်မာလို ပေါ်လာတယ်။ မြန်မာလိုပဲသိပြီး ကရင်လိုမသိဘူး ဆိုရင် အဲဒီကနေ ရေးချလိုက်တာနဲ့ ကရင်လို ထွက်လာတာပေါ့။
နောက်တစ်ခုကျတော့ အခြေခံစာတွေကို လေ့လာဖို့အတွက် ဗျည်း၊ သရလို စာလုံးတွေ၊ အသံ ထွက်တွေပါ ထည့်ထားပေးတယ်။ နောက်ဆုံးအဆင့်ကတော့ နေ့စဉ်သုံး ပြောစကားတွေပေါ့၊ အဲဒါတွေ ထည့်ထားတယ်။ ကျမတို့ ရည်ရွယ်တာက ပိုးကရင်စာကို လေ့လာချင်တဲ့သူတွေ၊ တချို့က ကရင်ဖြစ်ပြီး ကရင်လို မတတ်တော့တဲ့သူတွေအတွက် ထည့်ပေးထားတဲ့ သဘောပေါ့။
မေး – ဒီလို တီထွင်မှုက ပြန်ကြည့်ရင် ကရင်စာပေ ထိန်းသိမ်းဖို့နဲ့ ဖွံ့ဖြိုးဖို့အတွက် ဘယ်လောက်အထိ အရေးပါသလဲ။
ဖြေ – ကျမအမြင်မှာတော့ ဒါက အရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ကရင်စာသင်ပေးတဲ့သူ ဖြစ်တဲ့အတွက် ကျမမသိတဲ့ စာလုံးတွေ အများကြီးရှိတယ်။ အဲလို အများကြီးရှိတဲ့အတွက် ကျမမှာ စာအုပ်တွေ၊ အဘိဓာန်စာတွေမှာ လိုက်ရှာရတဲ့အတွက် မလွယ်ဘူးလေနော်။ အဲလိုမလွယ်တဲ့အတွက် အခုလို အက်ပလီကေးရှင်း လုပ်လိုက်တော့ ကျမတို့ သိချင်တဲ့စာလုံးတွေကို လွယ်လွယ်လေးနဲ့ သွားရှာဖတ်လို့ရတယ်။
ပြီးတော့ ဒီလုပ်ထားတဲ့ အဘိဓာန်က အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျောင်းသားတွေ အများဆုံးသုံးတဲ့ စာအုပ်တွေကို သုံးထားတာ ဖြစ်တယ်။ ပြီးတော့ ကျမတို့ စာပေဖွံ့ဖြိုးတိုး တက်မှုအတွက်လည်း အရေးပါတယ်။ ကျမတို့ စာအုပ်စာပေခေတ်မှာပဲ နေခဲ့မယ်ဆိုရင် ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့မှာ စာပေရှိပါလျက်နဲ့ ဒီလို ဒီဂျစ်တယ်ခေတ်စနစ်မျိုးနဲ့ မသွားနိုင်ရင် စာပေတွေက ပျောက်ကွယ်သွားနိုင်တယ်။
မေး – ဒါကို တီထွင်နိုင်ဖို့ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေလို့ ပြောရင် ဘာဖြစ်မလဲ။
ဖြေ – ကျမတို့အဖွဲ့က အွန်လိုင်းကနေပဲ ဖွဲ့ထားတာ။ ဘယ်လိုဖွဲ့လဲဆိုတော့ ကိုယ့်စာပေ၊ ကိုယ့်လူမျိုး ချစ်တဲ့သူတွေကို လိုက်စုထားတာပေါ့။ အဲလို လိုက်စုလိုက်တော့ တချို့က ပြည်ပမှာ၊ အချို့က ပြည်တွင်းမှာ၊ အချို့က နယ်စပ်မှာ။ အဲလို နေရာတွေကွဲပြီး စစုထားတော့ အချိန်က မတူကြဘူး။ အကုန်လုံးကလည်း လူငယ်တွေဖြစ်တော့ သူတို့မှာလည်း ကိုယ်ပိုင်အလုပ်တွေရှိတော့ အချိန်ကို အပြည့်အဝပေးဖို့အတွက်ကျ စိန်ခေါ်မှုရှိတာပေါ့။
ပြီးတော့ ကျမတို့ အချက်အလက်တွေ စစုတဲ့အချိန်မှာဆိုလည်း အခက်အခဲတွေ ရှိတယ်။ အကုန်လုံးက ကွန်ပျူတာ မသုံးတတ်ဘူး။ ပညာရှင် လူကြီးတွေဘက်ကို ပြန်ကြည့်မယ်ဆိုရင် သူတို့က ဒီလို ဒီဂျစ်တယ်နည်းပညာမျိုးတွေကိုကျ မသုံးတတ်ကြဘူးလေနော်။ အဲလို မတတ်တဲ့အပေါ်မှာ သူတို့ လက်ရေးမူနဲ့ရေးတဲ့စာကို ကျမတို့က ပြန်ရိုက်ရတာပေါ့။
မေး – အခုက ဒီအဘိဓာန်အဆင့်ထိကို ရောက်ပြီပေါ့နော်။ တကယ်လို့ ဒီအဘိဓာန်ကို သုံးချင်တယ်ဆိုရင် ဘယ်မှာ သွားယူရမလဲ။
ဖြေ – သူအခု လုပ်ပေးတဲ့ အဘိဓာန်အက်ပလီကေးရှင်းကလည်း Android ဖုန်းတွေအတွက်ပဲ ရသေးတယ်။ ကွန်ပျူတာအတွက်တို့၊ iOS အတွက်တို့က မရသေးဘူးပေါ့နော်။ ဘာလို့ မရသေး လဲဆိုတော့ ကျမတို့ အခုဖွဲ့ထားတဲ့ လူငယ်အဖွဲ့က ကိုယ်ထူကိုယ်ထ သဘောမျိုးပဲ။ ကိုယ့်ဘာသာကိုယ် လုပ်ကြတယ်၊ ကုန်ကျစရိတ်တွေ၊ လုပ်အားတွေက ကိုယ့်အိတ်ထဲကပဲ စိုက်ထုတ်ကြတာ။
ပြီးတော့ ကိုယ်သိထား နားလည်ထားတာတွေကို ဝေမျှအကြံပေးပြီး လုပ်ကြတာပဲ။ အခုက Android အတွက်ပဲ ရသေးတယ်။ နောက်ပိုင်းကျရင်တော့ အခုက ကျမတို့ကို ကူညီပေးမယ့်သူတွေ ရှိလာတဲ့ အတွက် ဆက်လုပ်သွားဖို့တော့ ရှိမယ်။ နောက်ပိုင်း ဘာတွေလုပ်သွားမလဲဆိုတော့ ကနဦး ကျမတို့ ရည်ရွယ်ထားသလို ဝီကီပေါ့၊ အဲဒီဝီကီကိုလည်း ချန်မထားဘူး။ ဆက်သွားဖို့အတွက်လည်း အားပေးကူညီမှုတွေ ရထားတဲ့အတွက် ဆက်သွားဖို့ကို စဉ်းစားထားတာတွေ ရှိပါတယ်။ ဒီထက်မက ကျမတို့ အဘိဓာန်ကလည်း မပြည့်စုံသေးဘူးဆိုတော့ ဘာတွေ ထပ်ထည့်ရမလဲဆိုတာကို စဉ်းစားသွားပါမယ်။

21/05/2026

Pwo Karen Dictionary Application ကို အသုံးပြုကြဖို့ နန့်ဖူးဖူးငယ်မှ တိုက်တွန်းထားပါတယ်။

20/05/2026

ပကၠူၭၥိၩ့ထဲၩ့ Pwo Karen Dictionary Application ယီၩပၥ့ၪလဲၪဒဲ ပကဘၪၥိၩ့ထဲ့ပၥ့ၪလဲၪနီၪ မၩလၧ PLITDTအဖုၫ နးချံၪ့ဒိၪဆၧၩ့ဎံၪဖျီၫ့နီၪလီၩဘၪထဲၩ့ထၬဝ့ၫနီၪလီၫ.

Pwo Karen Dictionary Application ကို Download ဆွဲအသုံပြုဖို့နဲ့ အသုံးပြုပုံများကို ကျတော်တို့ PLITDT အဖွဲ့ဝင် နန့်ဖမူဆိတ်မှ ရှင်းပြထားတဲ့ ပါတယ်။

18/05/2026

Pwo Karen Dictionary Application ကို ဘယ်သူတွေဒေါင်းပြီးကြပြီလဲ?

17/05/2026

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Plone Literature & It Development Team โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์