18/03/2025
ဒီနေ့တော့ LinkedIn ကို ထိထိရောက်ရောက် အသုံးချနည်းကို စာတွေ့လေး ပြောပြပါမယ်။
၁. Profile ကို ပြည့်စုံအောင် ဖန်တီးပါ။
◾Professional Photo ထည့်ပါ။
◾Headline မှာ ကိုယ့်ရဲ့ Skills နဲ့ Expertise ကို ရှင်းလင်းစွာ ဖော်ပြပါ။
◾Summary မှာ ကိုယ့်ရဲ့ Career Goals နဲ့ Achievements တွေကို ရေးပါ။
၂. Network တည်ဆောက်ပါ။
◾Colleagues, Industry Experts, နဲ့ Recruiters တွေနဲ့ ချိတ်ဆက်ပါ။
◾LinkedIn Groups တွေမှာ Join ပြီး Discussion တွေမှာ ပါဝင်ပါ။
၃. Content တွေ Share လုပ်ပါ။
◾Industry News, Articles, နဲ့ ကိုယ့်ရဲ့ Insights တွေကို Share လုပ်ပါ။
◾ကိုယ်ပိုင် Posts တွေ ရေးပြီး ကိုယ့်ရဲ့ Expertise ကို ပြသပါ။
၄. Job Search လုပ်ပါ။
◾LinkedIn Jobs မှာ ကိုယ့်ရဲ့ Skills နဲ့ ကိုက်ညီတဲ့ Jobs တွေ ရှာဖွေပါ။
◾Recruiters တွေနဲ့ ချိတ်ဆက်ပြီး Job Opportunities တွေ ရှာဖွေပါ။
၅. Recommendations & Endorsements တောင်းပါ။
◾Colleagues နဲ့ Managers တွေဆီက Recommendations တောင်းပါ။
◾Skills တွေကို Endorsements တောင်းပါ။
LinkedIn နဲ့ ဘာတွေလုပ်လို့ရမလဲ❓
✅Professional Brand တည်ဆောက်ပါ။
ကိုယ့်ရဲ့ Skills, Experience, နဲ့ Achievements တွေကို ပြသပါ။
✅Industry Insights ရယူပါ။
Industry News, Articles, နဲ့ Trends တွေကို ဖတ်ရှုပါ။
✅Job Opportunities ရှာဖွေပါ။
LinkedIn Jobs မှာ ကိုယ့်ရဲ့ Skills နဲ့ ကိုက်ညီတဲ့ Jobs တွေ ရှာဖွေပါ။
✅Networking လုပ်ပါ။
Industry Experts, Recruiters, နဲ့ Colleagues တွေနဲ့ ချိတ်ဆက်ပါ။
အရင်အလုပ်တုန်းက Manager က ပြောဖူးတယ်။ သူ့ရဲ့ ပထမဆုံးအလုပ်ကိုပဲ ရှာခဲ့တယ်တဲ့။ ကျန်တဲ့အလုပ်တွေက ရှာစရာမလိုဘဲ Personal Branding ကနေ ရခဲ့တာတဲ့။
ပြီးတော့ အသိညီလေးတစ်ယောက်ဆိုရင်လည်း နိုင်ငံခြားကုမ္ပဏီက အလုပ်ကို Remote အနေနဲ့ ရခဲ့တယ်။ ဘယ်ကနေလဲဆိုတော့ LinkedIn ကနေပဲတဲ့။ အဲ့ဒီတုန်းက သူပြောခဲ့တာက “အစ်ကို LinkedIn ကိုသာ သေချာသုံး၊ သေချာ Profile ဆောက်ထား”တဲ့။
ဘာလို့လဲဆိုတော့ အလုပ်ရှင်တွေ၊ HR Manager တွေရဲ့ (95%) က LinkedIn မှာ ရှိကြလို့ပါ။
သူတို့တွေက တခြားနေရာကနေ လျှောက်တဲ့သူတွေထက် LinkedIn ကနေ လျှောက်ကြတဲ့သူတွေကို ပိုပြီးခေါ်ကြပါတယ်။
LinkedIn မှာက Profile တစ်ခုတည်ဆောက်ထားပြီးရင် CV တစ်ခုထက်တောင် ပိုပြီးတော့ Strong ဖြစ်ပါသေးတယ်။
ပြီးတော့ LinkedIn မှာ Personal Branding သေချာလုပ်ထားမယ်ဆိုရင် ကိုယ်မလျှောက်လည်း အလုပ်ခေါ်စာတွေ ပို့ပေးတာမျိုးရှိပါတယ်။
ဆိုတော့ အလုပ်ရှာစရာမလိုဘဲ အလုပ်က ကိုယ့်ကို ပြန်လာရှာနိုင်တဲ့ အနေအထားပါနော်။
ဒါပေမဲ့ အဲ့လိုဖြစ်ဖို့ဆို ကိုယ့်ရဲ့ LinkedIn Profile က ဆွဲဆောင်မှုရှိပြီး Update ဖြစ်နေဖို့၊ လိုအပ်တဲ့ Content တွေ တင်နေဖို့ လိုပါတယ်။
Facebook မှာ ပို့စ်တွေ တင်နေသလိုမျိုးပဲ ဆိုပေမဲ့ LinkedIn မှာက ပိုပြီး Professional ဆန်ရပါတယ်။
ခုနကတော့ LinkedIn Profile ကို သေချာတည်ဆောက်တတ်ချင်တယ်ဆိုရင် စာတွေ့ ပြောပြီးပြီ။ တကယ်လို့ လက်တွေ့လေ့ကျင့်ဖို့ လေ့လာဖို့ဆိုရင်တော့ ဒီနေရာကနေ စလို့ရပါတယ်။
🛑LinkedIn Mastery: Building a Powerful Profile for Career Success
Date : 17 March & 18 March, 2025
Time : 6:00 PM - 8:00 PM
Location : Zoom Live Training
ဒီ Workshop လေးမှာဆိုရင်
✅LinkedIn မှာ Profile တစ်ခု သေချာတည်ဆောက်တတ်အောင် သင်ပေးမယ်။
✅LinkedIn မှာ အလုပ်ရှာတတ်အောင်လည်း သင်ပေးမယ်။
✅ပြီးတော့ LinkedIn မှာတင်မက တခြားသော အလုပ်ရှာလို့ရတဲ့ Platform တွေမှာလည်း အလုပ်ရှာလို့ရအောင် နည်းလမ်းတွေ သင်ပေးမယ်။
✅အလုပ်ရှာတဲ့နေရာမှာ AI နည်းပညာတွေကို ဘယ်လိုအသုံးရမလဲဆိုတာလည်း ပြောပြပေးသွားမယ်။
တကယ်ပြည့်စုံစေချင်တဲ့အတွက် သင်ပေးသွားမယ့် Topic တွေလည်း များပါတယ်၊
LinkedIn ကို သေချာသုံးတတ်ပြီး Networking လုပ်တတ်ဖို့အတွက်
💡How to build a profile
💡Profile photo for your brand
💡Crafting a standout headline
💡Creating a summary
💡Accomplishments and experience
💡Skills and endorsement
💡Connections
💡Creating engaging contents
စတာတွေ လုပ်နိုင်အောင် သင်ပေးမှာဖြစ်ပြီး
အလုပ်ရှာနိုင်ဖို့အတွက်ကတော့
💡Tips for Effective Job Search
💡Local +International Job Hunting Job Website Profile Building
💡AI for Job Hunting
စတာတွေကို ရသွားပါမယ်။
သင်ရမှာများတော့ အချိန်ပိုယူရမှာဖြစ်သလို ဖွင့်ရက်လည်း ဖြစ်နေလို့ ညနေပိုင်းတွေကိုပဲ (၂)ရက်စီစဉ်ပေးထားပါတယ်။
တကယ်လိုအပ်တာတွေကို ပြည့်ပြည့်စုံစုံရသွားအောင်လို့ (၂)ရက်လုံး Join ရပါမယ်။
Workshop Fees ကလည်း (၂)ရက်ဆိုပေမဲ့ အရင်အတိုင်း (၁၅,၀၀၀) ကျပ်ပါပဲ။
တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ တကယ်လိုအပ်တဲ့ Skills တွေနဲ့ Knowledge တွေ ပေးနိုင်ဖို့ကို MYEO အနေနဲ့ ရည်ရွယ်ပါတယ်။
ဒါကြောင့် အလုပ်ရှာတဲ့နေရာမှာ နည်းပညာကို သေချာအသုံးချနိုင်ဖို့ လေ့လာလိုက်ကြရအောင်။
စာရင်းပေးဖို့အတွက်ဆိုလည်း လွယ်ပါတယ်။ MYEO Messenger မှာ linkedin mastery workshop လို့ စာပို့လိုက်ရုံပါပဲ။
စာမပို့ချင်ရင်လည်း အောက်က Link ကိုနှိပ်ပြီး စာရင်းပေးလို့ရပါသေးတယ်နော်။👇
https://m.me/myeo.hub?ref=linkedin_mastery_workshop
MYEO is a social impact-driven edtech. We train youths to succeed in career and life.