29/11/2019
Computer Harddisk Partation အပိုင်းထပ်ခွဲနည်း💥💥💥
======================================
မင်္ဂလာပါ
Computer Windows တင်ပြီး Partation မခွဲတက်သူများအတွက် Partation ခွဲနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ။
Windows တင်ပြီး Partation မခွဲပဲထားမယ်ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် Windows ကျသွားခဲ့ရင် Windows ပြန်တင်သောအခါမှာ Data တွေအားလုံး ပျက်ကုန်မှာပါ။ တစ်ချို့စက်တွေက ဆိုင်က၀ယ်လာခုတည်းက Partation မခွဲထားပါဘူး Partation 1 ပိုင်းပဲပါပါတယ်။ Partation ခွဲနည်းကအရမ်းလွယ်ကူပါသည်။ သိတဲ့ဆရာများကျော်သွားပေးပါ။
ဥပမာ- မိမိကွန်ပျူတာက Harddisk က 500GB ရှိတယ်ဆိုကြပါဆို။ drive letter C,D လို့ထားမယ်။ C က စက်ခန်းပေါ့။ C ကို 200GB ယူမယ် ဘာလို့လဲဆိုရင် C အခန်းက အလုပ်လုပ်ပေးတာဖြစ်တဲ့အတွက် GB များတော့ Software တွေ Run တဲ့အခါ ပေါ့ပေါ့ပါးပါး တဲ့အသုံးပြုနိုင်ပြီး စက်ဟန်းတာတွေသိပ်မရှိပါဘူး။ D ကို 300 GB ယူမယ်ပေါ့။ အကြောင့်အမျိုးမျိုးမိမိစက်က windows ကျသွားခဲ့ရင် D အခန်းထဲမှာရှိတဲ့ Data တွေ အားလုံးပျက်မသွားပါဘူး။
(1)။ Run Box ကို win + R နဲ့ခေါ်ပါ။ Box ထဲမှာ diskmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
(2)။ Disk Management ထဲရောက်သွားပါ့မယ် ။ Partation ထပ်ခွဲမည့်အခန်းပေါ် R-Click ထောက် Shrink Volume ကိုနှိပ်ပါ။
(3)။ Enter the Amount of Space to Shrink MB မှာ မိမိပိုင်းလို့သည့် ပမာဏ ကိုယူပါ။ 1GB မှာ 1024 MB ရှိပါတယ်။
(4)။ Unlocated ဆိုတဲ့အခန်းလေးကျလာပါမယ် ဖွင့်မရသေးပါ R- Click ထောက် New Simple Volume နှိပ်။
(5)။ Well Come to New Simple Volume Wizard ဆိုတဲ့ Box လေးကျလာပါမယ် Next ဆိုပြီးပြီး 2ခါနှိပ်သွားပါ။
(6)။ Assign the following drive letter မှာ မိမိစိတ်ကြိုက် Letter ရွေးပါ။ ပီးရင် Next ကိုနှိပ်ပါ။
(7) ။ Volume lable မှာ မိမိကြိုက်ရာ Partation Name ပြီး Next ကိုနှိပ်ပါ။ ပီးရင် Fnish ကိုနှိပ်။
ဒါဆိုရင် Partation အပိုင်းသစ်လေးထပ်ခွဲပြီးပါပြီ။
အဆင်ပြေပါစေခင်ဗျာ