Saw Kyi Lin Tun ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Saw Kyi Lin Tun, อุปกรณ์อิเล็กทรอนิกส์, 515 Rangsit-nakonnayok, Bangkok.

11/03/2026
11/03/2026
28/01/2026

တကယ်လုပ်လို့ မသက်သာရင်....
ငါ့ရှေ့မှာ မြန်မာဆေးအကြောင်း လာမဟနဲ့ တဲ့။
​ကြုံကြိုက်ရတဲ့ လူ့ဘဝမှာ တချို့က စေတနာကို
စေတနာမှန်း မသိတတ်ကြလေတော့...
မိမိတို့ရဲ့ အတ္တနဲ့ မာနကိုသာ ရှေ့တန်းတင်ပြီး
ဘဝင်မြင့်နေသူတွေ အများကြီး ရှိပါတယ်။
​တချို့က သူတို့ရဲ့ဝေဒနာကို သိရလို့...
ကိုယ်သိထားတဲ့ ဗဟုသုတကို စေတနာနဲ့
စမ်းကြည့်ပါလား၊ ကုကြည့်ပါလားဆိုပြီး
အကြံပြုတာကိုတောင် ...
နှိမ်ချပြီး ပြန်ပြောတတ်ကြတယ်။
​ကျနော့်အတွက်ကတော့ ရိုးအီနေပါပြီ။
ဘာလို့ဆို အနီးကပ်ဆုံး ပေါင်းသင်းတဲ့ မိတ်ဆွေတွေကအစ.... ဒီခေတ်ကြီးထဲ
ဒီပညာကို လေ့လာသင်ယူလို့ ကဲ့ရဲ့ခဲ့ကြသလို...
​အထက်မှာ ပြောခဲ့သလို...
ကိုယ့်ရှေ့မှာ သူတို့ခံစားရတဲ့ ရောဂါအကြောင်း ပြောနေလို့ ...
ကိုယ်က စေတနာနဲ့ အဲ့ဒီဝေဒနာဆို ဒါလေးလုပ်ကြည့်ပါလား လို့ ပြောရင်တောင်...
မလုပ်ပါနဲ့ မောင်လင်းရာ ....
အလကားနေရင်း အသက်ပါသွားမှဖြင့် ..
သုတေသန ပြုထားတာ မရှိဘဲ ပေါက်ကရတွေ မပြောစမ်းနဲ့ ဆိုတဲ့အထိ...
လူကိုတင် အထင်သေးတာမဟုတ်ဘဲ...
ပညာကိုပါ စော်ကားခံခဲ့ရဖူးတာမို့....
​အမ ဒေါ်စန်းစန်းမြင့် ပြောတဲ့စကားက နားခါးစရာ ကောင်းပေမဲ့...
ဘာမှ မဖြစ်သလို ပုံစံမျိုးနဲ့ပဲ...
ဟုတ်ကဲ့ပါ အမရယ်...
ကျနော်ပြောသလိုသာ သေချာလုပ်ပါ။
အမရဲ့ ကျောက်ကပ်မှာ တွယ်ကပ်နေပါတယ်ဆိုတဲ့ ကျောက်တွေ သေချာပေါက် ကွာကျလာလိမ့်မယ်လို့ ပြောလိုက်တယ်။
​သည်းချေ ကျောက်တည်တဲ့ဝေဒနာက
တကယ်ကို ခံစားရခက်တာဗျ။
တချို့ဆို ၃ - ၄ - ၅ လုံးလောက်အထိ ရှိနေတတ်ပြီး..
အရွယ်အစား ကြီးလေလေ ပိုညှဉ်းပန်းလေပါပဲ။
​အမ ဒေါ်စန်းစန်းမြင့်ကတော့ ဓာတ်မှန်ရိုက်ထားလို့ သေချာသိနေတာဖြစ်ပြီး...
လေဆာနဲ့လည်း မပစ်ချင် (ငွေကုန်မှာစိုးလို့)၊ ခွဲစိပ်ဖို့လည်း မဝံ့ရဲဘူး ဆိုပါတော့။
ဒါနဲ့ပဲ သည်းချေမှာ ကျောက်တည်တဲ့အခါ
ကုသလို့ရတဲ့ တိုင်းရင်းဆေးနည်း ရှိသလားဆိုပြီး...
သူ့အမျိုးသားက လာမေးတာကြောင့်...
ရှိပါတယ်လို့ ဖြေလိုက်တယ်။
​သည်းချေမှာ ကျောက်တည်ရင်ပဲဖြစ်ဖြစ်၊
ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ရင်ပဲဖြစ်ဖြစ်၊
ကျောက်ကပ်မှာ ကျောက်တည်ရင်ပဲဖြစ်ဖြစ်...
တောင်ဆီးဖြူ (တောဆီးဖြူ၊ မြေဆီးဖြူ) လို့ ခေါ်တဲ့ အပင်ကို ပဉ္စငါးပါးလုံး နှုတ်ယူပါ။
လက်တစ်ဆုပ်စာကို ရေသေချာဆေးပြီး
ရေသင့်ရုံ (၁ လီတာခန့်) ထည့်ကာ သုံးခွက်တစ်ခွက်တင် ကျိုသောက်ပေးပါ။
ရေကိုသေချာစစ်ပြီး တစ်နေ့စာကို တစ်နေ့ကုန်အောင် သောက်ပေးရပါမယ်။
၄ - ၅ ရက် ဆက်သောက်မယ်ဆိုရင်...
ကျောက်ကြေပြီး ကျလာပါလိမ့်မယ်။
ဆီးလမ်းကြောင်းအတွင်းက အညစ်အကြေးတွေလည်း စင်ကြယ်သွားလို့ ဆီးရောဂါအတွက် အများကြီး အထောက်အကူပြုပါတယ်ဆိုပြီး.. ရှင်းပြလိုက်တာ။
​ကျနော်ပြောတဲ့အတိုင်း သေချာလုပ်မယ်တဲ့...
မပျောက်ကင်းလို့ကတော့ နောက်တစ်ခါ သူ့ရှေ့ရောက်ရင်...
တိုင်းရင်းဆေးအကြောင်း မဟရဘူး ဆိုပဲ...
​ကဲ ....
မိတ်ဆွေတို့ရော ဒီနည်းလမ်းကို အသုံးပြုပြီး...
ကျောက်တည်တဲ့ ဝေဒနာကို ကုသဖူးပါသလား..?
သက်သာပျောက်ကင်းမယ်လို့ရော..
ယုံကြည်ကြပါသလား...
​အမ ဒေါ်စန်းစန်းမြင့်ကတော့....
ကျနော့်အတွက် အင်္ကျီ ၂ ထည်နဲ့ ပုဆိုး ၂ ထည်
ဝယ်ပြီး အိမ်အထိ လာပို့သွားသလို...
ကျေးဇူးအထူးတင်တဲ့အကြောင်းကိုလည်း
ကျနော်ပြန်ရောက်တဲ့အခါ ပြောပြပေးပါလို့
ကျနော့်အိမ်မှာ မှာကြားခဲ့ပါတယ်တဲ့။
​ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။

Crd_👤လယ်တွင်းသား(ပန်းလောင်မြေ)
#ကျောက်တည်ခြင်း
#ကျန်းမာရေး

13/01/2026
16/12/2025

ที่อยู่

515 Rangsit-nakonnayok
Bangkok
12130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Saw Kyi Lin Tunผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์