Hope CV Writing Services

Hope CV Writing Services Professional CV Writing Service for Myanmar Job Seekers

🚀 အလုပ်ခေါ်စာ ရှာဖို့ ကျွန်တော်တို့ တာဝန်ထားပါ... သင့်ဘက်က အသင့်ထိုင်လျှောက်ရုံပါပဲ.. (Hope Premium Job Channel)ပွဲစားမလ...
09/05/2026

🚀 အလုပ်ခေါ်စာ ရှာဖို့ ကျွန်တော်တို့ တာဝန်ထားပါ... သင့်ဘက်က အသင့်ထိုင်လျှောက်ရုံပါပဲ.. (Hope Premium Job Channel)

ပွဲစားမလိုဘဲ အလုပ်တိုက်ရိုက်လျှောက်ချင်ပေမယ့် အလုပ်ရှာရ၊ ဘာသာပြန်ရတာ အချိန်ကုန်နေတဲ့ ဘော်ဒါတို့အတွက် "Hope Premium Job Channel" (Telegram) ဖွင့်လှစ်လိုက်ပါပြီ 🎉

ဒီ Channel ကနေ ဘာတွေရမလဲဆိုတော့..
✅ နေ့စဉ် update အလုပ်ခေါ်စာများပုံမှန်တင်ပေးပါမယ်... အလုပ်ခေါ်စာတွေကအသစ်အသစ်တွေဖြစ်လို့ မြန်မြန်လျှောက်နိုင်သူက အခွင့်အရေး ပိုများပါတယ်။
✅ ထိုင်းလိုရေးထားတဲ့အလုပ် ခေါ်စာတွေကို အကုန်နားလည်အောင် မြန်မာ/အင်္ဂလိပ်လို သေသပ်စွာ ဘာသာပြန်ပြီးတင်ပေးပါမယ်။

⚠️ ပွင့်ပွင့်လင်းလင်းပြောစရာရှိပါတယ်.. သေချာဖတ်ပါခင်ဗျာ > ဒီထဲမှာ တင်ပေးမယ့် အလုပ်တွေက "မြန်မာ 100% လက်ခံပါတယ်" လို့ တိတိကျကျ ရေးထားတာမျိုး မဟုတ်ပါဘူး။ မြန်မာတွေ လက်ခံနိုင်ခြေ (50/50 Chance) ရှိတဲ့ မြန်မာလူမျိုးတွေလျှောက်လို့ရနိုင်မယ့် အလုပ်တွေကို မွှေနှောက်ရှာဖွေ တင်ပေးမှာပါ။ ဒါကြောင့် "တစ်ခုမဟုတ် တစ်ခု ကြိုးစားမယ်၊ ရအောင်ကြုံးမယ်၊ တစ်ခုမရလည်း နောက်တစ်ခုဆက်လျှောက်မယ်" ဆိုတဲ့ သူတွေအတွက်ပဲ သင့်တော်ပါတယ်။

🤝 အခမဲ့ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ဆက်ရှိနေပါမယ်ခင်ဗျာ.. Hope ရဲ့ page, FB Group နဲ့ Telegram Free Group တွေမှာ ပုံမှန်တင်ပေးနေတဲ့ အလုပ်ခေါ်စာတွေနဲ့ Knowledge Sharing တွေကိုတော့ အရင်အတိုင်း ဘာမှ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက် မျှဝေပေးသွားမှာ ဖြစ်လို့ စိတ်ချပါဗျာ။

💎 ဝင်ကြေးနဲ့ သတ်မှတ်ချက် လိုင်းပေါ်က "Lifetime (တစ်သက်စာ)" ဆိုပြီး ၂ လ၊ ၃လနဲ့ ပျောက်သွားတာမျိုး ကျွန်တော်တို့ဘက်က အပိုမပြောချင်ပါဘူး။ တကယ် တာဝန်ယူပေးနိုင်မယ့် "၆ လ" ကိုပဲ အတိအကျ သတ်မှတ်ထားပါတယ်။

🎈 ၆ လ (ရက် ၁၈၀) စာ ဝင်ကြေးက ပုံမှန် ၁၅၀ ဘတ် (တစ်ရက်မှ ၀.၈ ဘတ်) ပါ။ ဒါပေမဲ့... Channel အသစ်ဖွင့်ပွဲအနေနဲ့ ပထမဆုံး ဝင်လာမယ့် အယောက် (၁၀၀) ကိုတော့ အထူးလျှော့ဈေး "၁၀၀ ဘတ်" (တစ်ရက်မှ ၀.၅၅ ဘတ် - ၁ ဘတ်တောင် မကျပါ) နဲ့ လက်ခံပေးသွားပါမယ် 💰

Channel ထဲမှာ အလုပ်ခေါ်စာတွေ အဆင်သင့် တင်ထားပြီးပါပြီ။ ဝင်လာတာနဲ့ CV form ကိုင်ပြီးအလုပ်တန်းလျှောက်ရုံပါပဲ..

👉 အယောက် ၁၀၀ စာရင်းထဲ ဝင်ဖို့ အခုပဲ Chat Box ကနေဆက်သွယ်လိုက်ပါဗျာ 🚀

🍔 Bangkok (Sukhumvit 31) ရှိ Jenny Strictly Sliders ဆိုင်တွင် Commis (မီးဖိုချောင်ကူ) အလုပ်ခေါ်စာ 🍔📌 ခေါ်ယူနေသော ရာထူးမျ...
08/05/2026

🍔 Bangkok (Sukhumvit 31) ရှိ
Jenny Strictly Sliders ဆိုင်တွင်
Commis (မီးဖိုချောင်ကူ) အလုပ်ခေါ်စာ 🍔

📌 ခေါ်ယူနေသော ရာထူးများ:
Commis (မီးဖိုချောင်အကူ)

💰 လစာနှင့် ခံစားခွင့်များ:
လစာ 15,000 - 18,000 Baht (Service Charge ပါဝင်ပြီး)

📋 သတ်မှတ်ချက်များ:
မီးဖိုချောင်အတွေ့အကြုံရှိသူကို ဦးစားပေးစဉ်းစားမည်။
ဝီရိယရှိပြီး တာဝန်ယူမှုရှိသူ၊ အချိန်တိကျသူ ဖြစ်ရမည်။
ထိုင်းစကား ပြောဆိုနိုင်ပြီး ဖတ်ရှုနိုင်သူ ဖြစ်ရမည်။

⚠️ ဤအလုပ်ခေါ်စာတွင် နိုင်ငံခြားသားများ လျှောက်ထားနိုင်ကြောင်း (Foreigners can apply) အတိအကျ ဖော်ပြထားပါသည်။
ထိုင်းဘာသာစကား ပြောနိုင်၊ ဖတ်နိုင်ပြီး အထောက်အထားစုံလင်သည့် မြန်မာလုပ်သားများလျှောက်ထားနိုင်ပါသည်။

📲 ဆက်သွယ်လျှောက်ထားရန်
Tel: 088-446-9124 (K'Jasmine)
Line ID:
Email: [email protected]
📍 နေရာ: Sukhumvit 31, Bangkok

🛑 ထိုင်းမှာ ကိုယ်တိုင် အလုပ်လျှောက်မယ့်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ "အလုပ်ခေါ်စာ Type (3) မျိုး"🇹🇭 ထိုင်းမှာ ပွဲစားမလိ...
08/05/2026

🛑 ထိုင်းမှာ ကိုယ်တိုင် အလုပ်လျှောက်မယ့်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ "အလုပ်ခေါ်စာ Type (3) မျိုး"

🇹🇭 ထိုင်းမှာ ပွဲစားမလိုဘဲ ကိုယ်တိုင် အလုပ်ရှာနေတဲ့ ညီအစ်ကိုမောင်နှမတို့အတွက် အချိန်မကုန် လူမပန်းရအောင် အလုပ်ခေါ်စာ သဘောတရားလေးတွေကို ပွင့်ပွင့်လင်းလင်း Sharing လုပ်ပေးပါရစေဗျာ။ ကျွန်တော်တို့ နေ့စဉ် တွေ့နေရတဲ့ အလုပ်ခေါ်စာ (၃) မျိုး ရှိပါတယ်။

🟢 "Foreigner Accept" (နိုင်ငံခြားသား တရားဝင်လက်ခံတယ်လို့ရေးထားတဲ့အလုပ်ခေါ်စာများ) ဒါကတော့ မြန်မာတွေအတွက် 100% သေချာတဲ့ အလုပ်တွေပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အင်မတန် ရှားပါတယ်။ ခေါ်သမျှ အလုပ်အားလုံးရဲ့ 1% လောက်ပဲ ရှိတတ်ပြီး၊ တစ်ရက်ကို ၂ ခုလောက် တွေ့ဖို့တောင် တော်တော်လေး မွှေနှောက်ရှာဖွေရပါတယ်။

🟢 "Thai Nationality Only" (ထိုင်းလူမျိုး သီးသန့်) ဒါကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ မြန်မာတွေ သွားလျှောက်လို့ လုံးဝ မရပါဘူး။ ❌

🟢 "ဘာမှ ကန့်သတ်မထားသော အလုပ်များ" (The 50/50 Chance) နိုင်ငံခြားသား ခေါ်/မခေါ်၊ ထိုင်းသီးသန့် ဟုတ်/မဟုတ် ဘာမှ မရေးထားတဲ့ အလုပ်တွေပါ။ ဒါက နေ့စဉ်မြင်နေရတဲ့အလုပ်ခေါ်စာတွေထဲမှာ အပေါဆုံးပါပဲ။ 🍀 ဒီလို အလုပ်တွေဟာ သွားလျှောက်ကြည့်ရင် ထိုင်းပဲ လက်ခံတယ်လို့ အငြင်းခံရနိုင်သလို၊ ကိုယ်က မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ လျှောက်နိုင်ရင် အလုပ်ရသွားတဲ့ မြန်မာတွေလည်း အများကြီး ရှိပါတယ်။
👉 (လက်ရှိ ထိုင်းမှာ ကိုယ်တိုင်အလုပ်ရှာပြီးလုပ်နေကြတဲ့သူအများစုက ဒီလိုအလုပ်ခေါ်စာတွေနဲ့ရကြတဲ့သူတွေများပါတယ်)

💡 ဒီနေရာမှာ ကျွန်တော် တစ်ခု ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်... Hope Page မှာ ဒီလို (50/50 Chance) ရှိတဲ့ အလုပ်တွေကို စေတနာနဲ့ Free တင်ပေးတဲ့အခါ... တချို့အလုပ်တွေမြန်မာလက်မခံတဲ့အလုပ်တွေတင်ပေးမိတဲ့အခါ "မြန်မာမခေါ်ဘဲ ဘာလို့ တင်ပေးနေတာလဲ.. Attention လိုချင်တာလား... , etc.. အစရှိသဖြင့်" Negative လာပြောကြတဲ့သူတွေရှိပါတယ်..။

🙏 မှန်ပါတယ်။ ဒီအလုပ်တွေက ၁၀၀ ရာခိုင်နှုန်း သေချာတာ မဟုတ်ပါဘူး။ ဒါပေမဲ့... " ငါတော့ တစ်ခုမဟုတ် တစ်ခု ကြိုးစားမယ်၊ ဘာပဲဖြစ်ဖြစ် ရအောင် ရှာမယ်၊ တိုက်ရိုက် လျှောက်မယ်၊ ဘာလာလာကြုံးမယ်၊ တစ်ခုမရလည်းနောက်တစ်ခုပေ့ါ " ဆိုတဲ့ မဆုတ်မနစ် ကြိုးစားချင်တဲ့ သူတွေအတွက်တော့ ဒါဟာ ရွှေလို တန်ဖိုးရှိတဲ့ အခွင့်အရေးတွေပါပဲ။

အဆင်သင့် ထိုင်စားချင်သူတွေအတွက် အဆင်မပြေပေမယ့်၊ တကယ် ကြိုးစားချင်တဲ့ ညီအစ်ကိုမောင်နှမတို့အတွက် နေ့စဉ် အလုပ်အကိုင် အခွင့်အလမ်း ပိုများလာအောင် Hope ကနေ သီးသန့် အစီအစဉ်တစ်ခု ပြင်ဆင်နေပါပြီ... မကြာခင် လာပါမယ်ဗျာ! 🚀

🍲 Silom ရှိ CLAYPOT KING စားသောက်ဆိုင်တွင်အလုပ်ခေါ်စာ (မြန်မာများလျှောက်နိုင်) 🍲📌 ခေါ်ယူနေသော ရာထူးများ:Kitchen Staff (မ...
08/05/2026

🍲 Silom ရှိ CLAYPOT KING စားသောက်ဆိုင်တွင်အလုပ်ခေါ်စာ (မြန်မာများလျှောက်နိုင်) 🍲

📌 ခေါ်ယူနေသော ရာထူးများ:
Kitchen Staff (မီးဖိုချောင်ဝန်ထမ်း)
Fryer Staff (ကြော်လှော်ဝန်ထမ်း)

💰 ဝင်ငွေနှင့် ခံစားခွင့်များ:
စုစုပေါင်းဝင်ငွေ 12,000 – 17,000 Baht ++။

⏰ အလုပ်ချိန်: မနက်/နေ့လယ်/ည ဆိုင်းများဖြင့် အလုပ်လုပ်နိုင်ရမည်။

📍 နေရာ: CLAYPOT KING, Central Park (Silom Edge)၊ 5th Floor၊ Silom (Bangkok)။

📋 သတ်မှတ်ချက်များ:
အသက် ၁၈ မှ ၄၀ နှစ်အတွင်း (ကျား/မ မရွေး)။
အထောက်အထားစုံလင်သော နိုင်ငံခြားသားများ လျှောက်ထားနိုင်ပါသည်။
(ထိုင်းစကား လို/မလို အတိအကျမရေးထားသည့်အတွက် အလုပ်လျှောက် CV ပို့သည့်အခါမှာ အသေးစိတ်တစ်ခါတည်းမေးမြန်းပါခင်ဗျာ)

⚠️ နိုင်ငံခြားသားများကို ဖိတ်ခေါ်ထားသည့်အတွက် အထောက်အထား (Passport/Work Permit) စုံလင်သည့် မြန်မာလုပ်သားများ အမြန်ဆုံး ဆက်သွယ်လျှောက်ထားသင့်ပါသည်။

📲 ဆက်သွယ်လျှောက်ထားရန်
Tel: 065-674-9000
Line ID: (ရှေ့တွင် @ ထည့်ပါ)

💡 Silom မြို့လယ်ခေါင်က ဆိုင်ဖြစ်လို့ သွားလာရလွယ်ကူပြီး ကုမ္ပဏီခံစားခွင့်တွေလည်း စုံလင်ပါတယ်။ မိမိအချက်အလက်ကို သပ်ရပ်စွာ ရေးသားထားတဲ့ Professional PDF CV လေးနဲ့ အမြန်ဆုံး ဆက်သွယ်ကြည့်ပါ။ CV ရေးဆွဲလိုပါက Page Chat Box ကို ဆက်သွယ်နိုင်ပါသည်။

📌 မှတ်ချက်။ ။ ဤအလုပ်ခေါ်စာသည် တစ်ဆင့် ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပြီး ကျွန်ုပ်တို့ Page နှင့် သက်ဆိုင်မှုမရှိပါ။ အလုပ်လျှောက်ထားလိုပါက အထက်ပါ ဖုန်း (သို့) Line သို့ တိုက်ရိုက်ဆက်သွယ်ပေးပါခင်ဗျာ။

🍣 Samut Prakan ရှိ Salmon NJ ဂျပန်စားသောက်ဆိုင်တွင် Chef နှင့် လက်ထောက် Chef အလုပ်ခေါ်စာ (ထိုင်းစကားပြောတတ်ဖို့လို အထောက...
08/05/2026

🍣 Samut Prakan ရှိ Salmon NJ ဂျပန်စားသောက်ဆိုင်တွင် Chef နှင့် လက်ထောက် Chef အလုပ်ခေါ်စာ (ထိုင်းစကားပြောတတ်ဖို့လို အထောက်အထားစုံရှိဖို့လိုပါတယ်) 🍣

📌 ခေါ်ယူနေသော ရာထူး: Chef / Assistant Chef (၁ ဦး)

💰လစာ 17,000 - 20,000 Baht (အတွေ့အကြုံပေါ်မူတည်မည်)။

⏰ အလုပ်ချိန်: 12:00 PM - 10:00 PM (Break အချိန်ပါဝင်သည်)။

🗓️ အလုပ်ပိတ်ရက်: တစ်ပတ်လျှင် ၁ ရက်။

📍 နေရာ: Salmon NJ, Wat Khlong Plat Preang ဈေးရှေ့၊ Bang Kaeo၊ Samut Prakan။

📋 သတ်မှတ်ချက်များ:
Salmon ငါးကိုင်တတ်သူ၊ Sushi၊ Sashimi နှင့် Roll များ ကျွမ်းကျင်စွာ လုပ်တတ်ရမည်။
အထောက်အထားစုံလင်ပြီး ထိုင်းစကားပြောဆိုနိုင်သော နိုင်ငံခြားသားများ လျှောက်ထားနိုင်ပါသည်။

အင်တာဗျူးအောင်ပါက ချက်ချင်းအလုပ်ဝင်နိုင်သူ ဖြစ်ရမည်။

📲 ဆက်သွယ်လျှောက်ထားရန်
Tel: 063-795-2371 (သို့မဟုတ်) 089-992-7094 (Brother Nick - ဆိုင်ရှင်တိုက်ရိုက်)
Line ID: 0899927094

📌 မှတ်ချက်။ ။ ဤအလုပ်ခေါ်စာသည် တစ်ဆင့် ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပြီး ကျွန်ုပ်တို့ Page နှင့် သက်ဆိုင်မှုမရှိပါ။ အလုပ်လျှောက်ထားလိုပါက အထက်ပါ ဖုန်း (သို့) Line သို့ တိုက်ရိုက်ဆက်သွယ်ပေးပါခင်ဗျာ။

ပတူနမ်းဘက်ကဒီအလုပ်လေး ထပ်ခေါ်ဖို့ရှိပါတယ်ခင်ဗျာပုံထဲက viber acc ကိုဆက်သွယ်ပြီးလျှောက်ထားနိုင်ပါတယ်ဗျ
07/05/2026

ပတူနမ်းဘက်က
ဒီအလုပ်လေး ထပ်ခေါ်ဖို့ရှိပါတယ်ခင်ဗျာ
ပုံထဲက viber acc ကိုဆက်သွယ်ပြီးလျှောက်ထားနိုင်ပါတယ်ဗျ

🏙️ ထိုင်းနိုင်ငံမှာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရုန်းကန်နေရတဲ့ ဘော်ဒါတို့အတွက်... ပွဲစားမလိုဘဲ ကိုယ်တိုင် အလုပ်ရှာနည်...
07/05/2026

🏙️ ထိုင်းနိုင်ငံမှာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရုန်းကန်နေရတဲ့ ဘော်ဒါတို့အတွက်... ပွဲစားမလိုဘဲ ကိုယ်တိုင် အလုပ်ရှာနည်း! 🤝

💰 အလုပ်အသစ် ရှာချင်ပေမယ့် ပွဲစားခတွေ ထောင်ချီပေးရမှာ နှမြောလို့၊ ဘာသာစကား အခက်အခဲကြောင့် ဖုန်းဆက်ပြောဖို့ ကြောက်နေလို့ အခွင့်အရေးတွေကို လက်လွှတ်နေရပြီလား?

🍀 စိတ်မပူပါနဲ့ မိတ်ဆွေတို့... ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ ကြုံခဲ့ရဖူးလို့ ကျနော်ကိုယ်တိုင် အင်တာဗျူးတွေခေါ်ခံရတဲ့ ဖုန်းဆက်စရာမလိုဘဲ အလုပ်ရနိုင်မယ့် "စာပို့နည်း" လျှို့ဝှက်ချက်လေးကို စေတနာထားပြီး ပြန်မျှဝေပေးချင်ပါတယ်။

✅ အဆင့် (၁) - Line ကနေပဲ အေးဆေးကပ်ပါ 📱 အလုပ်ခေါ်စာမှာပါတဲ့ Line ID ကို အရင် Add လိုက်ပါ။ ဖုန်းဆက်ပြောဖို့ ဝန်လေးနေရင် "စာ (Text)" ပဲ ပို့ပါ။ စာပို့ရင် Translation သုံးပြီး ပြန်ဖတ်လို့ရသလို၊ ကိုယ်ကလည်း အေးအေးဆေးဆေး စဉ်းစားပြီး ပြန်စာရေးလို့ ရတာပေါ့။

✅ အဆင့် (၂) - စနစ်ကျတဲ့ "Golden Combo" တွဲပို့နည်း 📝 HR ဆီ စာပို့တဲ့အခါ စာတစ်ကြောင်းချင်း ခွဲမပို့ပါနဲ့။ အောက်က (၃) ခုကို တစ်ခါတည်း တွဲပို့လိုက်တာက အထိရောက်ဆုံးပဲဗျ။
1️⃣ မူရင်းအလုပ်ခေါ်စာ (ဘယ်အလုပ်အတွက်လဲဆိုတာ သူတို့ချက်ချင်းသိသွားအောင်)
2️⃣ ကိုယ့်ရဲ့ သေသပ်တဲ့ CV Form (ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြဖို့)
3️⃣ ထိုင်းလို Cover Message (မိတ်ဆက်စာ)
ပို့ရမယ့် စာသားနမူနာကို ပုံလေးနဲ့လုပ်ပြီး ပြပေးထားပါတယ်ခဗျ

✅ အဆင့် (၃) - အင်တာဗျူးခေါ်လာရင် ဘာလုပ်မလဲ? 🎯 စာပို့လို့ အဆင်ပြေသွားပြီး အင်တာဗျူးခေါ်လာပြီဆိုရင်တော့... ကိုယ့်ကိုကိုယ် ထိုင်းလို အခြေခံ မိတ်ဆက်တတ်ရုံနဲ့တင် အလုပ်ရဖို့ (၈၀%) သေချာသွားပါပြီ။ HR က ပြန်ပို့တဲ့စာကို နားမလည်ရင်လည်း Google Translate သုံးပြီး အေးဆေး ပြန်ဖတ်လို့ ရတယ်လေ။

ဘော်ဒါတို့ရေ... ကိုယ့်ရဲ့ ဘာသာစကား အားနည်းချက်ကို အကြောင်းပြပြီး အခွင့်အရေးတွေကို လက်မလွှတ်လိုက်ပါနဲ့။ စနစ်တကျ စာပို့တတ်ရင် ပွဲစားမလိုဘဲ အလုပ်ရနိုင်ပါတယ်ဗျာ။

‼️ နောက်ထပ်တစ်ခုအရေးကြီးဆုံးကတော့ ကိုယ်ပို့လိုက်တဲ့ CV form က ကိုယ်လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီနေဖို့အရေးကြီးပါတယ်.. အဲ့အကြောင်းကို အောက်ကလင့်ထဲမှာဝင်ဖတ်ကြည့်လို့ရပါတယ်ဗျ
https://www.facebook.com/share/p/1BLNHY9J7S/

ဒီလို ယုံကြည်မှုရှိရှိနဲ့ Direct လျှောက်နိုင်ဖို့အတွက်... သင့်လက်ထဲမှာ "အလုပ်ရှင် မျက်စိကျမယ့် CV တစ်စောင်" တော့ မဖြစ်မနေ အသင့်ရှိနေဖို့ လိုပါမယ်နော်။

အလုပ်ခေါ်စာတွေ့မှ ပြာယာမခတ်ရလေအောင်... 👉 ဈေးကြီးပေးစရာမလိုဘဲ (၁၀၀ ဘတ်) တည်းနဲ့ Hope မှာ အခုပဲ CV လာအပ်ထားလိုက်ပါဗျာ! 🚀

#ဘန်ကောက်အလုပ် #ကိုယ့်အားကိုယ်ကိုး

🍣 Shinkanzen Sushi (Central Mahachai) ဆိုင်ခွဲသစ်တွင် ဝန်ထမ်းအများအပြား အလုပ်ခေါ်စာ (ထိုင်းစကား ပြောနိုင် ဖတ်နိုင် ရပါမယ...
07/05/2026

🍣 Shinkanzen Sushi (Central Mahachai) ဆိုင်ခွဲသစ်တွင် ဝန်ထမ်းအများအပြား အလုပ်ခေါ်စာ (ထိုင်းစကား ပြောနိုင် ဖတ်နိုင် ရပါမယ်) 🍣

📌 ခေါ်ယူနေသော ရာထူးများ:
ဝန်ဆောင်မှုဝန်ထမ်း (Service) - ၁၀ ဦး
မီးဖိုချောင်ဝန်ထမ်း (Kitchen) - ၁၀ ဦး
ဧည့်ကြို နှင့် ငွေကိုင် (Reception & Cashier)

💰 ဝင်ငွေနှင့် ခံစားခွင့်များ:
စုစုပေါင်းဝင်ငွေ 13,000 - 15,000 Baht ++။
ရက်မှန်ကြေး (၅၀၀ - ၁,၀၀၀ ဘတ်)၊ OT နှင့် နှစ်စဉ် Bonus။
အလုပ်သင်ကာလ (Central Rama 2) အတွင်း ခရီးစရိတ် တစ်ရက် ၆၀ ဘတ် ပေးမည်။
ဝန်ထမ်းယူနီဖောင်း ၃ စုံ အခမဲ့၊ မတော်တဆထိခိုက်မှုအာမခံ နှင့် အစားအသောက် Discount များ။

📋 သတ်မှတ်ချက်များ:
အသက် ၁၈ နှစ်နှင့်အထက် (ကျား/မ မရွေး)။
ထိုင်းစကား ပြောနိုင်၊ ဖတ်နိုင်သော နိုင်ငံခြားသားများ လျှောက်ထားနိုင်ပါသည်။
သက်ဆိုင်ရာ ရာထူးအလိုက် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
ချက်ချင်းအလုပ်ဝင်နိုင်သူ ဖြစ်ရမည်။
Note - ပုံထဲမှာ thai only လို့ရေးထားပေမယ့် အလုပ်ခေါ်စာရေးထားတ‌ဲ့စာထဲမှာ ထိုင်းလို ပြောနိုင် ဖတ်နိုင်တဲ့ foreign လျှောက်လို့ရတယ်လို့ရေးထားပါတယ်

📲 ဆက်သွယ်လျှောက်ထားရန်
Tel: 080-045-3946 (Khun Tukta - HR)
Line ID: ပုံပါ QR Code ကို Scan ဖတ်၍ တိုက်ရိုက်လျှောက်ထားပါ။
📍 နေရာ: Central Mahachai (Samut Sakhon)။

📌 မှတ်ချက်။ ။ ဤအလုပ်ခေါ်စာသည် တစ်ဆင့် ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပြီး ကျွန်ုပ်တို့ Page နှင့် သက်ဆိုင်မှုမရှိပါ။ အလုပ်လျှောက်ထားလိုပါကနှင့် အသေးစိတ်သိရှိလိုပါက အထက်ပါ ဖုန်း (သို့) Line သို့ တိုက်ရိုက်ဆက်သွယ်ပေးပါခင်ဗျာ။

ที่อยู่

Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Hope CV Writing Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์