The Burmese AI "Your trusted partner in the AI revolution. The Burmese AI | Est. 2023 Dedicated to excellence in AI innovation and professional tech education."

09/01/2026

Higgsfield AI ဟာ Mobile Video Creator တွေအတွက် မရှိမဖြစ် Tool တစ်ခုဖြစ်လာပါပြီ။ အထူးသဖြင့် 2026 Update မှာပါဝင်လာတဲ့ 'Relight' feature ဟာ Video ရဲ့ Mood ကို လုံးဝပြောင်းလဲပေးနိုင်ပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 👇

✅ Step 1: Higgsfield AI App ကိုဖွင့်ပြီး မိမိပြုပြင်လိုတဲ့ Video ကို Import လုပ်ပါ (သို့မဟုတ် AI ဖြင့် အသစ် generate လုပ်ပါ)။

✅ Step 2: Edit Menu ထဲမှ 'Relight' icon ကို နှိပ်ပါ။

✅ Step 3: Video ပေါ်တွင် ပေါ်လာသော 3D Light Source ကို လက်ဖြင့်ဆွဲ၍ မီးလာစေချင်သော နေရာကို ချိန်ညှိပါ။ ဥပမာ - မျက်နှာကို ဘေးတိုက်အလင်းပေးချင်လျှင် ဘယ် သို့မဟုတ် ညာဘက်သို့ ရွှေ့ပါ။

✅ Step 4: Light Color (မီးအရောင်) နှင့် Intensity (အလင်းအား) ကို Slider ဖြင့် ညှိယူပါ။ Warm tone လိုချင်လျှင် လိမ္မော်ရောင်ဘက်သို့၊ Cool tone လိုချင်လျှင် အပြာရောင်ဘက်သို့ ရွေးချယ်နိုင်ပါတယ်။

✅ Step 5: စိတ်တိုင်းကျပြီဆိုလျှင် Export လုပ်ပြီး အသုံးပြုနိုင်ပါပြီ။

Professional ကျတဲ့ Cinematic Look ကို ဖုန်းတစ်လုံးတည်းနဲ့ ဖန်တီးနိုင်ဖို့ ဒီနည်းလမ်းလေးကို အသုံးပြုကြည့်ပါ။

စာရိုက်လိုက်ရုံနဲ့ ရုပ်ရှင်ကားကြီးတစ်ကားလို Quality နဲ့ဖန်တီးနိုင်မယ့် Kling AI လျှို့ဝှက်ချက်! 🎬✨၂၀၂၆ ရောက်ပြီဆိုတော့ V...
08/01/2026

စာရိုက်လိုက်ရုံနဲ့ ရုပ်ရှင်ကားကြီးတစ်ကားလို Quality နဲ့ဖန်တီးနိုင်မယ့် Kling AI လျှို့ဝှက်ချက်! 🎬✨

၂၀၂၆ ရောက်ပြီဆိုတော့ Video Editing skill မရှိလည်း Creator လုပ်လို့ရပြီနော်! 🔥

ဒီနေ့ AI Class မှာ သင်ပေးမယ့် Kling AI က Text-to-Video နည်းပညာမှာ ဆရာတစ်ဆူပါပဲ။ ဟောလိဝုဒ်အဆင့်မီ Cinematic Video တွေကို မိနစ်ပိုင်းအတွင်း ဘယ်လိုဖန်တီးမလဲ?

🚀 အဆင့် (၁) - Kling AI Dashboard ကိုသွားပြီး 'Text-to-Video' Mode ကိုရွေးပါ။
🚀 အဆင့် (၂) - ကိုယ်လိုချင်တဲ့ ပုံရိပ်ကို အသေးစိတ် Prompt ရေးပါ။ (ဥပမာ - Cyberpunk City in 2026, 8K resolution)
🚀 အဆင့် (၃) - Motion Score ကို 5 လောက်ထားပြီး Generate နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ တော်တော်လန်းတဲ့ AI Video လေး ရပါပြီလေ။ မိတ်ဆွေတို့ရော စမ်းသုံးပြီးပြီလား? Comment မှာ ပြောပြသွားဦးနော်! 👇

26/05/2025

⚜️Google Veo3 ရဲ့ တိုးတက်လာတဲ့ နည်းပညာကြောင့် AI ဗီဒီယိုဖန်တီးမှုမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်ပါပြီ။

အခုဆိုရင် ရုပ်ထွက်ဗီဒီယိုနဲ့အတူ လိုက်ဖက်တဲ့ Sound Effect တွေကို တစ်ခါတည်း ပေါင်းစပ်ထုတ်လုပ်နိုင်ပြီဖြစ်လို့ ပိုပြီးပြည့်စုံတဲ့ AI ဗီဒီယိုတွေကို ထုတ်ကြည့်လို.ရနေပါပြီ။

24/05/2025

🫣Google ကထုတ်တဲ့ Video 3 Ai ကတော့ ဒီတိုင်းဆို လူတိုင်း Idea ရှိတာနဲ့ လူတိုင်းဇတ်လမ်းရိုက်နိုင်တော့မယ်ထင်ဗျို့ ....

Video Quality နဲ့ Lipsync အပိုင်းကိုတော့ အောက်က Video သာကြည့်ပါ🔥🔥

🤯 AI ကြောင့် ခေတ်နောက်ကျမကျန်ရစ်ချင်ဘူးဆိုရင် ဒါစာလေးကို (၂ )မိနစ်လောက်ပဲအချိန်ပေးပြီးဖတ်ကြည့်! (အိမ်မှာနေရင်း AI နည်းပည...
04/01/2025

🤯 AI ကြောင့် ခေတ်နောက်ကျမကျန်ရစ်ချင်ဘူးဆိုရင် ဒါစာလေးကို (၂ )မိနစ်လောက်ပဲအချိန်ပေးပြီးဖတ်ကြည့်! (အိမ်မှာနေရင်း AI နည်းပညာကို တတ်မြောက်နိုင်မယ့် အခွင့်အရေး)

AI နည်းပညာတွေက တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ မိတ်ဆွေက AI အကြောင်း ဘာမှ မသိသေးဘူးလား? ဒါဆိုရင်တော့... 🤔
AI ကို အသုံးပြုတတ်ဖို့ ခက်ခဲမယ်လို့ ထင်နေသေးရင် ဒီသင်တန်းလေးက မိတ်ဆွေအတွက် အကောင်းဆုံး အဖြေတစ်ခုဖြစ်မှာပါဗျ။

🎉 The Burmese AI အွန်လိုင်းသင်တန်းမှာ AI နည်းပညာကိုဘာမျှနားမလည်သေးတဲ့ Beginner တွေအတွက်ဦးစားပေးသင်ကြားပေးထားတာပဲဖြစ်ပါတယ်! 🎉

မိတ်ဆွေမှာ ဖုန်းတစ်လုံးထဲရှိရုံနဲ့ နာမည်ကြီး AI Tools ပေါင်း (၃၅) မျိုးကျော်ကို အသုံးပြုနည်း Step-by-step လေ့လာနိုင်တဲ့အပြင် လူသိနည်းတဲ့ Ai tools တွေအသုံးပြုပြီး $ ထောင်နဲ့ချီရှာနိုင်မယ့်နည်းလမ်းတွေကိုပါ 👀Exclusive Lesson တွေအဖြစ် လက်ဆောင်ပေးသွားမှာဖြစ်လို့ လေ့လာပြီးအကျိုးမရှိပါက (100%) ငွေပြန်အန်းပေးနိုင်တဲ့ထိ အာမခံပါတယ်ဗျ😇

📱 သင်တန်းပြီးတာနဲ့ Pro တစ်ယောက်လို AI တွေကို အသုံးပြုနိုင်မှာပါ။

🛡️ ဒီ AI တွေရဲ့ စွမ်းဆောင်ရည်တွေက တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာတာကြောင့် မလေ့လာထားရင် ခေတ်နောက်ကျကျန်ခဲ့မှာ သေချာပါတယ်။

🛡️ အခုဆိုရင် AI ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်မှာ AI ရဲ့ အကူအညီနဲ့ အရင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်အောင် လုပ်ဆောင်နိုင်နေကြပါပြီ။ 🚀 မိတ်ဆွေလည်း သူတို့လိုပဲ လုပ်နိုင်ပါတယ်။

🤔 ဒါဆိုရင် ဒီသင်တန်းမှာ ဘယ်လို AI တွေကို လေ့လာရမှာလဲ?
🛡️ The Burmese AI သင်တန်းမှာ နာမည်အကြီးဆုံးနဲ့ အသုံးအဝင်ဆုံး AI Tool (၃၅) ကျော်ကို တစ်နေရာထဲမှာ (မြန်မာလို) ပြည်ပြည့်စုံစုံလေ့လာနိုင်မှာပါ။ 💯

ဘာတွေ သင်ယူရမလဲ?

✨ သင်တန်းမှာ ပါဝင်မယ့် AI Tools တွေကတော့...
⚜️ Photoshop အခြေခံ မရှိတဲ့သူတောင် Photoshop ကို အလွယ်တကူ အသုံးပြုနိုင်စေမယ့် AI Tool များ 🖼️ (အချိန်ကုန်သက်သာပြီး အရည်အသွေးကောင်းတဲ့ ဒီဇိုင်းတွေကို ဖန်တီးနိုင်မယ်)

⚜️AI ကိုအသုံးပြုပြီး မိမိလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Website များကို မိနစ်ပိုင်းအတွင်းကိုယ်တိုင်ထောင်နည်း

⚜️Ai နဲ့ Viral video များဖန်တီးပြီး Monitization ကနေပိုက်ဆံရှာနည်း။

⚜️AI နဲ့ Copyright မရှိတဲ့ Music video တွေဖန်တီးပြီး Youtube တွင်ဝင်ငွေရှာနည်း။

⚜️ စက္ကန့်ပိုင်းအတွင်း Logo တစ်ခုကို ဖန်တီးနိုင်တဲ့ AI 🎨 (အချိန်ကုန်သက်သာပြီး စိတ်ကြိုက် Logo ရရှိမယ်)

⚜️ မေးသမျှကို အဖြေပေးနိုင်တဲ့ AI များ 💡 (ကိုယ်မသိတာတွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်မယ်)

⚜️ Content Creator နဲ့ သီချင်းသမားတွေအတွက် မိုက်ကရိုဖုန်းလို အသံမျိုးကို ဖန်တီးနိုင်တဲ့ AI 🎤 (ပိုက်ဆံကုန်သက်သာပြီး အရည်အသွေးကောင်းတဲ့ အသံတွေကို ရရှိမယ်)

⚜️ စိတ်ကူးထဲက ပုံတွေကို လက်တွေ့အဖြစ် ဖန်တီးနိုင်တဲ့ AI (ဥပမာ - အိမ်ဒီဇိုင်း၊ တီရှပ်ဒီဇိုင်း၊ ဖိနပ်ဒီဇိုင်း) 🏘️👕👟 (ကိုယ်ပိုင် စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်မယ်)

⚜️ မီးဖိုချောင်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကို ပြောရုံနဲ့ ဟင်းချက်နည်း အစအဆုံး ပြောပြနိုင်တဲ့ AI 🍳 (ဟင်းချက်ရတာ ပိုလွယ်ကူပြီး အချိန်ကုန်သက်သာမယ်)

⚜️ ဗီဒီယိုတွေကို Edit လုပ်ဖို့ Tools (၂၀) ကျော်ပါဝင်တဲ့ AI 🎬 (အရည်အသွေးကောင်းတဲ့ ဗီဒီယိုတွေကို လွယ်ကူစွာ တည်းဖြတ်နိုင်မယ်)

⚜️ 3D စိတ်ကူးယဉ် Virtual World တစ်ခုကို စက္ကန့်ပိုင်းအတွင်း ဖန်တီးနိုင်တဲ့ AI 🌐 (ကိုယ့်ရဲ့ စိတ်ကူးတွေကို 3D ပုံစံနဲ့ ဖန်တီးနိုင်မယ်)

⚜️ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကို 3D Model အဖြစ် ပြောင်းပေးနိုင်တဲ့ AI များ... နှင့် အခြားနာမည်ကြီး AI (၃၅) မျိုးကျော်ကို တစ်နေရာတည်းမှာ လေ့လာနိုင်ပါပြီ။ 🤯

📍လေ့လာဖို့ဘာတွေလိုအပ်လဲ?

✅ အင်္ဂလိပ်စာ အခြေခံလောက်ပဲ နားလည်ရင်တောင် ဒီ AI တွေကို အသုံးပြုနိုင်မှာပါ။⚜️ ဖုန်း (သို့) Laptop တစ်လုံး ရှိရုံနဲ့ အေးဆေး ၁၀၀% အသုံးပြုတတ်သွားမှာပါ။
✅ Tools တစ်ခုချင်းစီရဲ့ လုပ်ဆောင်ပုံကို ရှင်းလင်းစွာ သင်ကြားပေးထားပါတယ်။
✅ ဒီ AI တွေကို ဝယ်သုံးလို့ရသလို Free သုံးလို့ရမယ့် နည်းလမ်းတွေကိုလည်း ပြောပြပေးမှာပါ။
✅ သင်တန်းကြေးကလွဲလို့ ဘာမှ ထပ်ကုန်စရာ မလိုတော့ပါဘူးခင်ဗျာ။

🔥 ဒီလအတွင်း Join မယ့် ပထမဆုံးသင်တန်းသားအယောက် (30) အတွက် သင်တန်းကြေး (၅၀%) ကင်းလွတ်ခွင့် Promotion ကြီး🔥

💵ပုံမှန်သင်တန်းကြေး - ၅၀,၀၀၀ ကျပ်💵

💵 ယခုလအတွင်း Join မယ့်သူများအတွက် - ၅၀% လျှော့စျေး 🤩
🏮သင်တန်းကြေး - ‼️၂၅,၀၀၀ ‼️ကျပ်သာ💰 ကျသင့်မှာပါ။

ဒါ့အပြင် သင်တန်းသားတိုင်းအတွက် အသစ်ထွက်လာတဲ့ AI တွေကိုလည်း လစဉ် Update လုပ်ပေးသွားမှာဖြစ်လို့ AI နည်းပညာနဲ့ အဆက်အသွယ်မပြတ်တော့ဘဲ ရာသက်ပန် လေ့လာသွားနိုင်မှာပါ။ ♾️

🥳သင်ခန်းစာလေးတွေကို Telegram private group Video lesson တွေနဲ့သင်ကြားပေးတာဖြစ်လို့ အချိန်ကာလ ကန့်သက်မထားပါဘူးခင်ဗျ။
🤍သင်တန်းကြေးသွင်းပြီး တာနဲ့ Telegram သင်ခန်းစာ Group ထဲထည့်ပေးမှာပါ ခင်ဗျ။အချိန်မရွေး သငိခန်းစာတွေကို ဝင်လေ့လာလို့ရပါတယ်ဗျ🥳(lifetime အတွက်ပါခင်ဗျာ)
‼️Comment တွင် Join လို့ရေးပြီး Share ပေးသူတွေကိုလဲ Promotion ဈေး နဲ့ သင်တန်း Join ခွင့်ပေးသွားမှာဖြစ်လို့ Share ထားဖို့မမေ့နဲ့နော်👀

💬 အသေးစိတ်ကို သိရှိလိုပါက Messenger Chatbox မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

Telegram: မှာလဲသင်တန်းအပ်လို့ရပါတယ်ခင်ဗျာ။�

📍Artificial Intelligence (AI) နည်းပညာတွေက လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ အနာဂတ်အလုပ်အကိုင်များအပေါ် ကြီးမား...
24/12/2024

📍Artificial Intelligence (AI) နည်းပညာတွေက လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ အနာဂတ်အလုပ်အကိုင်များအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤပို့စ်တွင် AI သည် အလုပ်အကိုင်နယ်ပယ်ကို မည်သို့ပြောင်းလဲစေနိုင်သည်၊ မည်သည့်စွမ်းရည်များလိုအပ်လာနိုင်သည်၊ နှင့် မည်သည့် AI Tools များကို အသုံးပြုသင့်သည်ကို လေ့လာနိုင်အောင် Sharing လုပ်ပေးသွားပါမယ်ဗျ။

AI ကြောင့် ပြောင်းလဲလာမည့် အလုပ်အကိုင်များ
အလိုအလျောက်လုပ်ဆောင်နိုင်သော အလုပ်များ (Automation of Tasks): AI နည်းပညာသည် ထပ်တလဲလဲ လုပ်ဆောင်ရသော အလုပ်များကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်သောကြောင့် အချို့သော အလုပ်အကိုင်များ လျော့နည်းသွားနိုင်ပါသည်။ (ဥပမာအားဖြင့် ဒေတာထည့်သွင်းခြင်းနှင့် အချက်အလက်စီမံခြင်းလုပ်ငန်းများကို AI က အစားထိုး လုပ်ဆောင်နိုင်ပါသည်)⚙️

AI နည်းပညာကျွမ်းကျင်မှု လိုအပ်လာခြင်း (Increased Demand for Tech Skills): AI နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် နည်းပညာကျွမ်းကျင်မှုရှိသူများ ပိုမိုလိုအပ်လာမှာပါဗျ။( ဥပမာအားဖြင့် AI Developer များ၊ Data Science များ၊ နှင့် AI ကိုအသုံးပြုပြီး Management လုပ်နိုင်သူများ အစရှိသော အလုပ်အကိုင်များ ခေတ်စားလာနိုင်ပါသည်။ 💻

ဖန်တီးမှုနှင့် လူမှုဆက်ဆံရေးစွမ်းရည်များ (Emphasis on Creativity & Interpersonal Skills): AI နည်းပညာက အလိုအလျောက် လုပ်ဆောင်နိုင်သော အလုပ်များကို ဝင်ရောက်လုပ်ဆောင်လာသောအခါ လူသားတို့၏ ဖန်တီးနိုင်စွမ်းနှင့် လူမှုဆက်ဆံရေးစွမ်းရည်များကို ပိုမိုအလေးထားလာရပါမှာပါ။( ဥပမာအားဖြင့် ဒီဇိုင်းပညာရှင်များ၊ အနုပညာရှင်များနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးသူများ အစရှိသော အလုပ်အကိုင်များ ပိုမိုအရေးပါလာနိုင်ပါသည်။ ✨

AI နှင့်ပူးပေါင်းလုပ်ကိုင်နိုင်မှု (Collaboration with AI): အနာဂတ်တွင် လူသားများနှင့် AI တို့သည် အတူတကွပူးပေါင်းလုပ်ကိုင်ရမည့် အခြေအနေများ ရှိလာနိုင်ပါသည်။ ဥပမာအားဖြင့် AI ကို အသုံးပြုပြီး အလုပ်တစ်ခု၏ ထိရောက်မှုကို တိုးမြှင့်ခြင်း၊ သို့မဟုတ် AI ကို အသုံးပြုပြီး ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းခြင်းတို့ ဖြစ်ပါသည်။ 🤝

အနာဂတ်အတွက် လိုအပ်မည့် AI Tools များ
AI သင်ယူရေးပလက်ဖောင်းများ (AI Learning Platforms): Coursera, Udemy, နှင့် edX ကဲ့သို့သော AI ပလက်ဖောင်းများတွင် AI နည်းပညာအကြောင်း လေ့လာခြင်းဖြင့် အနာဂတ်အလုပ်အကိုင်များအတွက် ကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မယ် 📚
ဒေတာခွဲခြမ်းစိတ်ဖြာရေး Tools များ (Data Analysis Tools): Tableau, Power BI, နှင့် Google Analytics ကဲ့သို့သော Tools များကို အသုံးပြု၍ ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အဓိပ္ပါယ်ကောက်ယူခြင်း စွမ်းရည်များ တိုးတက်လာအောင် လေ့ကျင့်နိုင်ပါသည်။ 📊
AI စာရေးဆရာကိရိယာများ (AI Writing Tools): ChatGPT, Grammarly နှင့် Quillbot ကဲ့သို့သော AI စာရေးဆရာ ကိရိယာများကို အသုံးပြု၍ စာရေးခြင်းနှင့် အကြောင်းအရာဖန်တီးခြင်း သက်ဆိုင်ရာနယ်ပယ်အလိုက် Idea ကောင်းများရယူနိုင်ခြင်း စသည်ဖြင့် လုပ်ငန်းများတွင် ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့်နိုင်ပါသည်။ ✍️
(Project Management & Collaboration Tools): Asana, Trello, နှင့် Slack ကဲ့သို့သော Tools များကို အသုံးပြု၍ အဖွဲ့လိုက်စီမံကိန်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည့် စွမ်းရည်များ တိုးတက်လာအောင် လေ့ကျင့်နိုင်ပါတယ် 🗓️

အနာဂတ်တွင် အောင်မြင်သော အလုပ်အကိုင်ကို ရရှိလိုပါက ယခုကတည်းကပင် AI နည်းပညာနှင့် ပတ်သက်သော ဗဟုသုတများကို လေ့လာစုဆောင်းထားသင့်ပါသည်။ ဤစာမျက်နှာကို Follow ပြုလုပ်ပြီး အနာဂတ်အတွက် အသင့်ပြင်ဆင်ထားလိုက်နော်✅

🇲🇲

သင်သိပါသလား 🧐❓️ကမ္ဘာ့လက်ရှိထိပ်တန်း Billionare ၁၀ ဦး​ပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံ ၁၇၀ ​ကျော်ကို ဝယ်ယူနိုင်တယ် ဆို...
24/12/2024

သင်သိပါသလား 🧐❓️

ကမ္ဘာ့လက်ရှိထိပ်တန်း Billionare ၁၀ ဦး​ပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံ ၁၇၀ ​ကျော်ကို ဝယ်ယူနိုင်တယ် ဆိုတာ 😱

💯👀 Elon Musk နှင့် Mark Zuckerberg အပါအဝင် လက်ရှိထိပ်တန်း Billionare ၁၀ ဦးရဲ့ ပိုင်ဆိုင်မှုအားလုံး​ပေါင်းလိုက်မယ်ဆိုရင် အ​မေရိကန် ​ဒေါ်လာ ၁.၆ ထရီလီယန်နီးပါးရှိမှာဖြစ်ပြီး​တော့ ဤပမာဏဟာ ကမ္ဘာ့တိုင်းပြည်​တော်​တော်များများရဲ့ GDP ထက် ပိုများ​နေတာပဲ ဖြစ်ပါတယ်။

🌎💵ကမ္ဘာ့စီးပွား​ရေးမှာ အလယ်အလတ်စာရင်းဝင်တဲ့ Mexico လို နိုင်ငံမျိုးမှာ​တောင် Average GDP ဟာ အ​မေရိကန်​ဒေါ်လာ ၁.၅၈ ထရီလီယန် ဝန်းကျင်မျှသာဖြစ်ပါတယ်။

🇺🇲💰ယခုအခါ နိုင်ငံတစ်နိုင်ငံကို ဝယ်ယူဖို့ဆိုတာ တရားဥပ​ဒေအရ မဖြစ်နိုင်​​သော်လည်း ဒီ လူသား ၁၀ ဦး​ပေါင်းရဲ့ စွမ်း​ဆောင်အားဟာ နိုင်ငံ​တစ်ခုလုံးရဲ့ စွမ်း​ဆောင်အားထက် ပိုမိုထူးချွန်​နေတာက​တော့ ​လေးစားဖွယ် အချက်ပဲ ဖြစ်ပါတယ်။✨️👏

‼️ယနေ့ကမ္ဘာတွင် Artificial Intelligence (AI) သည် နယ်ပယ်အသီးသီး၌ မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။ ဒါ...
22/12/2024

‼️ယနေ့ကမ္ဘာတွင် Artificial Intelligence (AI) သည် နယ်ပယ်အသီးသီး၌ မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။

ဒါပင်မယ့် AI နည်းပညာကို ကျယ်ပြန့်စွာအသုံးပြုနိုင်စေရန်အတွက် အထောက်အကူပြုနိုင်မည့် AI Tools များအကြောင်းကို နည်းနည်းလေးတော့သိထားရအောင် Sharing လုပ်ပေးလိုက်ပါတယ်။ Page လေးမှာလဲအမြဲ Sharing လုပ်ပေးသွားမှာဖြစ်လို့ Follow ထားဖို့တော့ မေတ္တာရပ်ခံပါတယ်။ 💯

📝 စာပေရေးသားခြင်း၊ အီးမေးလ်ပေးပို့ခြင်းကဲ့သို့သော လုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် AI Tools များ။
(ဥပမာ - ChatGPT ကိုအသုံးပြု၍ အကြောင်းအရာများအား အလွယ်တကူဖန်တီးနိုင်ပြီး Grammarly ဖြင့် စာသားများတွင် မှားယွင်းနေသော အသုံးအနှုန်းများကို ပြင်ဆင်နိုင်ပါတယ်။
🎨 စိတ်ကူးပုံရိပ်များကို AI နည်းပညာဖြင့် ဖန်တီးနိုင်စေမည့် Tools များ။ (ဥပမာ - Midjourney သို့မဟုတ် DALL-Eတို့ကိုအသုံးပြု၍ မိမိလိုချင်သော ပုံရိပ်များကို စက္ကန့်ပိုင်းအတွင်း ရရှိနိုင်ပါတယ်။
💡 အလုပ်လုပ်ကိုင်ရာတွင် အချိန်ကုန်သက်သာစေပြီး အကျိုးရှိစေမဲ့ AI Tools များ။
(ဥပမာ - Notion AI ကိုအသုံးပြု၍ လုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် မှတ်စုရေးသားခြင်းတို့ကို ပိုမိုထိရောက်စွာ ပြုလုပ်နိုင်ပါသည်။
🎮 နောက်ဆုံးပေါ် AI Tools များနှင့် Entertainment ဆိုင်ရာ အကြောင်းအရာများအားလည်း မျှဝေပေးသွားမှာဖြစ်လို့

ဤ Page ကို Follow ပြုလုပ်၍ AI နည်းပညာနဲ့ Tools တွေအဆက်အသွယ်မပြတ်အောင်လေ့လာလိုက်ပါ။

်းပညာ #နည်းပညာ ြောင်း #နည်းပညာသစ် 🇲🇲

ที่อยู่

Bangkok
10260

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ The Burmese AI โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์