10/07/2021
::Future Market မှာ ဘယ်လို Trade မလဲ?
(This is Trading Education , Not Financial Advice. Use at your own Risk.)
စတော့ခ် ၊ ရွှေ ၊ ငွေ ၊ Commodity ၊ Crypto စတဲ့ Financial Market တွေမှာ များသောအားဖြင့် Spot Market နဲ့ Future Market ဆိုပြီး ရှိကြပါတယ်။(တစ်ခြား ETF , Treasury စဖြင့် အများကြီးရှိပါသေးတယ်)။ အဲဒီ Spot နဲ့ Future နှစ်ခုဘာကွာလဲ ဘာတွေပိုကောင်းလဲ ဒီ Article မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အဓိကပြောချင်တာကတော့ Crypto Future အကြောင်းကိုပြောပြချင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကိုပဲ အဓိက ပြောပြပါမယ်။
(Spot Market)
Spot Market ကတော့ အရှင်းဆုံးပြောရရင် ကိုယ့်မှာရှိသလောက် ပိုက်ဆံနဲ့ပဲ ရောင်းဝယ်လုပ်လို့ရတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ပြီးတော့ Buy Low , Sell High တစ်ခုပဲလုပ်လို့ရပါတယ်။
ဈေးအကျမှာဝယ် ဈေးတက်ရင် ရောင်း ၊ ပြီးရင် ကျအောင်ပြန်စောင့် ၊ ဒီလို တစ်လမ်းသွားပုံစံပဲ လုပ်လို့ရပါတယ်။ ဒီတော့ Risk က နည်းပါတယ်။ ကိုယ့်ပိုက်ဆံရှိသလောက်ပဲ ဆိုတော့ ဈေးကျလို့ ရှုံရင်တောင် ရှုံလည်း နည်းနည်းပဲ ရှုံမှာ
ဖြစ်ပါတယ်။
မကောင်းတာက ကိုယ့်ပိုက်ဆံ ၁၀၀% (နှစ်ဆ) မြတ်ဖို့ တော်တော်ကိုခက်ပါတယ်။ Stock တွေမှာဆို နှစ်ဆရဖို့ တစ်နှစ်လောက် ကြာရင်ကြာပါတယ်။ ဒီတော့ အမြတ်များများ ရှာနိုင်ဖို့ တစ်ခြား Market တွေ ပေါ်လာပါတယ်။
(Future Market)
Future Market ကတော့ Future ဆိုတဲ့အတိုင်း ကြိုရောင်း၊ ကြိုဝယ်ပါ ။ ဈေးကွက်မဖွင့်မပိတ်ခင် ၊ ကြိုဝယ်ရောင်းလုပ်လို့ရပါတယ်။ ပြီးတော့ Market ကို Contract (စာချုပ်) နဲ့ သွားတာဖြစ်ပါတယ်။၁ ပတ် ၊ ၁ လ စသဖြင့် အမျိုမျိုရှိပြီး သတ်မှတ်ထားတဲ့ရက်ရောက်ရင် ကိုယ့်အော်ဒါကို မြတ်မြတ် ရှုံရှုံ ပိတ်ရပါမယ်။
ခုနောက်ပိုင်းမှာတော့ Crypto Future တွေမှာ Perpetual Contract (ဘယ်တော့မှအဆုံးမရှိတဲ့ စာချုပ်) တွေပေါ်လာပြီး ကိုယ့်အော်ဒါ (Position) ကိုယ်ထားချင်သလောက်ထားလို့ရပါတယ်။ Future Market ဖြစ်တာကြောင့် ဈေးနှုန်းကတော့ Spot Market နဲ့ နည်းနည်း ကွာဟတာတွေ ရှိတတ်ပါတယ်။
ဒါ့အပြင် Buy Low, Sell High တင်မဟုတ်ပဲ ၊ Sell High ,Buy Low ပါလုပ်လို့ရပါမယ်။ (Long/Short လုပ်ပြီး ဈေးအတက်ကော
အကျပါ အမြတ်ယူလို့ရပါတယ်)
ဒါ့အပြင် Future မှာက Leverage ပါယူလို့ရပါတယ်။ Leverage ဆိုတာကတော့ Exchange ထံကနေ ပိုက်ဆံချေးယူပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံထက် ပိုရောင်း ၊ ပိုဝယ် လုပ်လို့ရပါတယ်။ Leverage ကို 2X , 3X , 10X , 100X စဖြင့် ကြိုက်သလောက်ယူလို့ရပါတယ်။
ဥပမာ - ကိုယ်က အကောင့်ထဲမှာ ဒေါ်လာ ၁၀၀ ပဲရှိတယ်ဆိုပါစို့ ၊ ဒါပေမယ့် မြတ်မယ်ထင်ပြီး ပိုပြီးဝယ်ချင်တယ်ဆိုရင် Leverage ယူပြီး Trade လို့ရပါတယ်။
ဥပမာ - Leverage 2X ဆိုရင် ကိုယ့်မှာရှိတာက ၁၀၀ ၊ Exchange ကနေ ချေးတာက ၁၀၀ စုစုပေါင်း ဒေါ်လာ ၂၀၀ ဖိုး ဝယ်ရောင်း လုပ်လို့ရပါမယ်
ပြဿနာက ကိုယ်ဝယ်လိုက်တဲ့ Asset က 10% ဈေးထိုးကျသွားရင် 2X ယူထားတဲ့အတွက်ကြောင့် စုစုပေါင်း 20% ရှုံပါမယ်။ ၁၀၀ ဆို ၈၀ ပဲကျန်ပါမယ်။ 50% ဈေးထိုးကျရင် Leverage က 2X ဖြစ်တဲ့ အတွက်ကြောင့် 2 × 50% = 100% ရှုံပြီး Market ထဲကို ကိုယ့်ပိုက်ဆံ တစ်ပြားမကျန် ပါသွားမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလဲ အဲလိုပါပဲ ၊ 50% ဈေးထိုးတက်ရင် အမြတ် ၁၀၀% (နှစ်ဆ) အမြတ် ရပါမယ်။
Spot Market မှာဆိုရင် ၁၀၀% တက်မှ နှစ်ဆပါ ၊ ခု 2X Leverage ဆိုတော့ ၅၀% တက် ၊ ကျ တာနဲ့ ၂ ဆရပြီး ၂ ဆ ကုန်ပါမယ်။
(3X ယူရင် 33.3% ကျတာနဲ့ ကုန်ပါမယ်။ 5X ယူရင် 20% ၊ 10X ယူရင် 10% ၊ 50X ယူရင် 2% ကျတာနဲ့ Liquidation Price ကိုထိပြီး ကိုယ့်အော်ဒါကို ရတဲ့ဈေးနဲ့ အရောင်းခံရပါမယ်။ Exchange က သူချေးထားတဲ့ ပိုက်ဆံကို အရှုံခံမှာ မဟုတ်ပါဘူး)
How to Trade On Binance?
Binance Exchange မှာဆိုရင်တော့
Spot Wallet ထဲကနေ Future ထဲကို USDT ရွှေပြီး ကိုယ်ဝယ်ေရာင်းချင်တဲ့ Asset ကို Leverage ယူ Trade လို့ရပါတယ်။
အောက်မှာ ဥပမာ ပုံထည့်ပေးထားပါမယ်။ ပုံပေါ်က အကြောင်းရာတွေကို ဆက်ပြောပြပါမယ်။
Cross 3X - ဒါကတော့ ကိုယ်ယူထားတဲ့ Leverage Size ကိုဖော်ပြပေးတာဖြစ်ပါတယ်။
3X ဆိုတော့ 3X Leverage ယူထားတာပါ။
Size - Size ကတော့ ကိုယ့်အော်ဒါရဲ့ ပမာဏဖြစ်ပါတယ်။ (Forex မှာရှိတဲ့ Lot Size နဲ့ အတူတူလိုပဲဖြစ်ပါတယ်)။
Unrealized PNL - ကိုယ်လက်ရှိရနေတဲ့ Profit & Loss ပမာဏ ဖြစ်ပါတယ်။ USD နဲ့ပြပါတယ်။အော်ဒါမပိတ်သေးပဲရနေတဲ့ အမြတ်၊ အရှုံဖြစ်ပါတယ်။
Margin - လက်ရှိကိုယ့်မှာရှိတဲ့ ပိုက်ဆံပမာဏ ဖြစ်ပါတယ်။ USD နဲ့ပြပါတယ်။
Entry Price - ကိုယ်ဝင်ဝယ် ၊ ရောင်း တဲ့ ဈေးဖြစ်ပါတယ်။
Mark Price - လက်ရှိ ရောက်နေတဲ့ဈေးဖြစ်ပါတယ်။
Liquidation Price - Long/Short လုပ်လို့ သတ်မှတ်ထားတဲ့ Liquidation Price ကိုဈေးကရောက်သွားရင် ကိုယ့်ပိုက်ဆံအကုန်ကုန်ပြီး ရှုံမယ့်ဈေးကို ပြထားတာဖြစ်ပါတယ်။
TP/SL - ဒါကတော့ သိတဲ့အတိုင်းပါပဲ ကိုယ့်ဟာကိုသတ်မှတ်ထားတဲ့ Take Profit , Stop Loss ဖြစ်ပါတယ်။
Funding Rate - ဒါ့အပြင်နောက်တစ်ခု သတိထားရမှာက Funding Rate ဖြစ်ပါတယ်။
Funding Rate ဆိုတာကတော့ Long Trader နဲ့ Short Trader ကြား အပြန်အလှန်ပေးရတဲ့ အတိုးနှုန်းဖြစ်ပါတယ်။ Funding Rate က ၈ နာရီကြာတိုင်း ပြန်လည်သတ်မှတ်ပါတယ်။ Rate က (-) Negative ထွက်ရင် Short Trader တွေက Long Trader ကို ၈ နာရီ ကြာတိုင်း သတ်မှတ်ထားတဲ့ အတိုးပေးရမှာဖြစ်ပါတယ်။
Positive ထွက်ရင် Long Trader က Short Trader တွေကို အတိုးပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - Funding Rate (-) ပြနေတဲ့အချိန်မှာ ကိုယ်က $100 ကို 3X Long ထားရင် $300 ကို သူပြထားတဲ့ အတိုးကို ၈ နာရီနေတိုင်း ကိုယ်ကရမှာဖြစ်ပါတယ်။ Positive ပြရင် သူတို့ကို(Shorters) ပေးရမှာပါ။ များသောအားဖြင့် Market Up Trend မှာဆို Positive ထွက်ပြီး Down Trend မှာဆို Negative ထွက်ပါတယ်။
ဒီလောက်ဆိုရင် Future Market ဆိုတာဘာလဲ ၊ ဘယ်လို Trade ရမလဲ ၊ Risk ဘယ်လောက်ရှိလဲ သိလောက်ပြီထင်ပါတယ်ဗျ။ အားလုံး အမြတ်တွေအများကြီး ရနိုင်ကြပါစေ။
CRD-MMCC