12/10/2026
✅ ကျွန်တော့်ဆီ အဝေးကလာလည်ကြတဲ့ မိတ်ဆွေ (၅) ယောက် ကို ဧည့်ခံကျွေးမွေးဖို့ ဆိုင်တစ်ဆိုင်ကို Customer အနေနဲ့ ဝင်သွားတယ်။
📍ဆိုင်အပြင်အဆင် အရမ်းမိုက်တယ်၊ Food ကလည်းအရမ်းကောင်းတယ်။ ဒါပေမဲ့ ဒီ Experience တွေ ကြုံလိုက်ရတယ် -
❎ ဆိုင်ထဲ ဝင်ချင်း ဝန်ထမ်း ၂ ယောက် ဖုန်း ကြည့်နေတယ်၊ ဘယ်သူမှ မကြိုဆိုဘူး။
❎ Menu ထဲက ငါးသံပုရာပေါင်း စားချင်လို့ "ငါးသံပုရာပေါင်း အရည်က အကြည် ချဥ်စပ်စပ်လေးလား၊ သကြားနဲ့ နည်းနည်းချိုပြီး ချွဲပျစ်ပျစ်လား" မေးတော့ "အဲဒါတော့ ကျွန်တော်လည်း မသိဘူး" ဆိုပြီး ထွက်သွားတယ်။ (ကျွန်တော်က ငါးသံပုရာပေါင်း ဆိုရင် သကြားမထည့်ဘဲ ချဥ်စပ်လေးပဲကြိုက်တာ၊ တစ်ချို့ဆိုင်တွေမှာ သကြားထည့်တော့ အရည်က ချိုလို့ )
❎ Food လာချပေးပြီး Waiter က ဘာမှ မမေးဘဲ ထွက်သွားတယ်။ Customer (၆) ယောက်အတွက် တူ ၅ စုံပဲယူလာပေးခဲ့တယ်။
❎ Toilet သွားတော့ Tissue မရှိပြန်ဘူး။
❎ Bill တောင်းတော့ ၁၈ မိနစ်လောက် ကြာတယ်။ ဆိုင်ကပြန်ထွက်တော့လည်း ဘယ်သူမှ ဘာမှမပြောကြဘူး။ ကျွန်တော်တို့ ပိုက်ဆံ (၄၂၀၀၀၀ ကျပ်) ကျော်ဖိုးလောက် သုံးခဲ့တာ။
✅ Food ကောင်းသော်လည်း ကျွန်တော့် မိတ်ဆွေတွေလာရင် ဧည့်ခံဖို့ အဲဒီဆိုင်ကို ဘယ်တော့ ပြန်မသွားဖြစ်တော့ဘူး။ အရမ်းအားနာလို့။
📍ဘာကြောင့် customer တွေ ပြန်မလာကြတာလဲ?
ဆိုင်ရှင်တော်တော်များများ အစားအသောက် ညံ့လို့ ထင်ကြတယ်။ တကယ်တမ်း Customer အများစု ဟာ Customer Service မကောင်းလို့ ပြန်မလာကြတာ။
📍ဆိုင်အပြင်အဆင် ဘယ်လောက်လှလှ၊ အစားအသောက် ဘယ်လောက်ကောင်းကောင်း Customer Service ညံ့ရင်၊ Customer တွေ ပြန်မလာဘူး။
✅ ဒါတွေကို Training ပေးပါ။
✅ Greeting
Customer ဝင်လာချိန်မှာ "မင်္ဂလာပါ ရှင်/ခင်ဗျာ" ဆိုတဲ့ ပထမ (၇) စက္ကန့် ဟာ ဆိုင်ရဲ့ First Impression ကို ဆုံးဖြတ်တယ်။
✅ Menu Knowledge & Handling
Customer Menu မေးလာရင် "မသိဘူး" ဆိုပြီး ရပ်သွားတဲ့ ဝန်ထမ်းဟာ Training မရဖူးတဲ့ ဝန်ထမ်းဖြစ်တယ်။ မသိခဲ့ရင်တောင် "ကျွန်တော် မေးပေးပါ့မယ်" ဆိုတာက Customer ကို Handle လုပ်တာ ဖြစ်တယ်။
✅ Upselling
Upselling မလုပ်ဘဲ "ဘာမှာချင်ပါသလဲ?" ဆိုပြီး Order ယူတာက Customer Service အနိမ့်ဆုံး Level ဖြစ်တယ်။ "ကျွန်တော်တို့ ဆိုင်မှာ ဒီနေ့ Special ကတော့ ဒီ Dish နဲ့ ဒီ Drink ဖြစ်ပါတယ်" ဆိုတာ Service ဖြစ်တယ်။
✅ Regular Customer Recognition
တစ်ပတ် (၂) ကြိမ်လောက်လာတဲ့ Regular Customer ကို မမှတ်မိတာဟာ Customer ကို Invisible ခံစားရစေတယ်။ Regular Customer ကို နာမည် မှတ်မိတာ၊ Order မှတ်မိတာ ဟာ Customer Loyalty ကို တည်ဆောက်တဲ့ Tool ဖြစ်တယ်။
✅ Billing Speed
အစားသောက် ကောင်းကောင်း စားပြီးသွားပြီ ဆိုပြီး Bill တောင်းရင် ၁၅-၂၀ မိနစ် ကြာနေရင် Last Impression ကျသွားတယ်။
✅ Farewell Greeting
Customer ထွက်သွားချိန် "ကျေးဇူးတင်ပါတယ်" "နောက်လည်း လာအားပေးပါဦး" ဆိုတာ ၃ စက္ကန့်ပဲ ကြာတယ်။ ဒီ ၃ စက္ကန့်ဟာ Customer ရဲ့ Last Impression ကို ဆုံးဖြတ်တယ်။
📍Customer Service မကောင်းလို့ Customer တစ်ဦးကို ဆုံးရှုံးလိုက်ရတာက အဲဒီ Customer တစ်ယောက်တည်းကို ဆုံးရှုံးလိုက်ရတာ မဟုတ်ဘဲ သူ့ Network ထဲ (၁၀) ဦးကို ဆုံးရှုံးတာနဲ့ တူတယ်။
📍Food ကောင်းရင် Customer တစ်ကြိမ် လာတယ်။ Service ကောင်းရင် Customer ကြိမ်ပေါင်းများစွာ ပြန်လာတယ်။
📍Food ဟာ Customer ကို ဆိုင်ထဲ ဆွဲသွင်းတဲ့ Tool ဖြစ်တယ်။ Service ဟာ Customer ကို ပြန်လာအောင်ခေါ်လာတဲ့ Tool ဖြစ်တယ်။
#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့
𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭
𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰