BattlePants Worst gamer ever! Streams for fun....

Oh no!
19/12/2025

Oh no!

🔑 Steam Official Keys 🔑=====================💰 ဈေးတန်တန်နဲ့ ကိုယ်ပိုင် Steam Acc ထဲကို ဒီလို အမိုက်စား Game တွေ ဝယ်ဆော့လိ...
01/12/2025

🔑 Steam Official Keys 🔑
=====================
💰 ဈေးတန်တန်နဲ့ ကိုယ်ပိုင် Steam Acc ထဲကို ဒီလို အမိုက်စား Game တွေ ဝယ်ဆော့လို့ရနေပြီနော်။
Steam အကောင့်တစ်ခုထဲမှာပဲ Game တွေစုချင်သူတွေ၊ Online Mode လေးမှာပဲ ဆော့ချင်သူတွေအတွက် အဆင်ပြေစေမဲ့ Steam Official Keys တွေကို ဝယ်လို့ရနေပါပြီ။
✅ Offline အကောင့်မဟုတ်တဲ့အတွက် ကိုယ်ပိုင် အကောင့်မှာပဲ Game ကို Redeem လုပ်ရမှာဆိုတော့ Virus တွေ၊ Malware တွေ စိတ်ပူစရာမလိုဘူး။
✅ Online ဆိုတော့ Steam Workshop တွေက Mod တွေပါတွေလဲ အကုန်စိတ်ကြိုက် Download လုပ်ဆော့နိုင်တယ်။
✅ Official Key တွေဖြစ်တဲ့အတွက် ဈေးလေးတွေတော့ အနည်းငယ်များပါတယ်။
ဒီအောက်က Game လေးတွေအပြင် အခြား Official Steam Keys တွေလိုချင်တယ်ဆိုရင်တော့ Chatbox/Discord မှာ အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်နော်။
Discord:

Hogwarts Legacy (Deluxe Edition)-----------------------------------------Including 4 DLC:- Dark Arts Battle Arena- Dark ...
18/11/2025

Hogwarts Legacy (Deluxe Edition)
-----------------------------------------
Including 4 DLC:
- Dark Arts Battle Arena
- Dark Arts Cosmetic Set
- Dark Arts Garrison Hat
- Thestral Mount
Wizarding World ထဲက နာမည်ကြီး နေရာတစ်ခု ဖြစ်တဲ့ Hogwarts မှာ Adventure ထွက်လို့ ကို ဈေးတန်တန်နဲ့ ကိုယ်ပိုင် Steam Account ထဲကို ဝယ်ပြီး ဆော့လို့ရနေပြီနော်။
Steam အကောင့်တစ်ခုထဲမှာပဲ Game တွေစုချင်သူတွေ၊ Online Mode လေးမှာပဲ ဆော့ချင်သူတွေအတွက် အဆင်ပြေစေမဲ့ Steam Official Keys တွေကို ဝယ်လို့ရနေပါပြီ။
✅ Offline အကောင့်မဟုတ်တဲ့အတွက် ကိုယ်ပိုင် အကောင့်မှာပဲ Game ကို Redeem လုပ်ရမှာဆိုတော့ Virus တွေ၊ Malware တွေ စိတ်ပူစရာမလိုဘူး။
✅ Online ဆိုတော့ Steam Workshop တွေက Mod တွေပါတွေလဲ အကုန်စိတ်ကြိုက် Download လုပ်ဆော့နိုင်တယ်။
✅ Official Key တွေဖြစ်တဲ့အတွက် ဈေးလေးတွေတော့ အနည်းငယ်များပါတယ်။
ဒီအောက်က Game လေးတွေအပြင် အခြား Official Steam Keys တွေလိုချင်တယ်ဆိုရင်တော့ Chatbox/Discord မှာ အချိန်မရွေးလာရောက်မေးမြန်းနိုင်ပါတယ်နော်။
Discord:

GTA 6TRAILER အသစ်
07/05/2025

GTA 6
TRAILER အသစ်

Vice City, USA.Jason and Lucia have always known the deck is stacked against them. But when an easy score goes wrong, they find themselves on the darkest sid...

GTA VI က ၂၀၂၆ မှတဲ့နော် 🥹🥹🥹
03/05/2025

GTA VI က ၂၀၂၆ မှတဲ့နော် 🥹🥹🥹

Grand Theft Auto VI is now set to release on May 26, 2026.

rockstargames.com/newswire

Bethesda ရဲ့  The Elder's Scroll IV: Oblivion Remastered ===================================Bethesda ရဲ့  The Elder's Sc...
27/04/2025

Bethesda ရဲ့ The Elder's Scroll IV: Oblivion Remastered
===================================
Bethesda ရဲ့ The Elder's Scroll IV: Oblivion Remastered ကတော့ April 22 ရက်နေ့က PC, Xbox Series X/S (Game Pass အပါအဝင်) နဲ့ PS5 တွေမှာ ဝုန်းခနဲ ရောက်ချလာခဲ့ပါတယ်။ 2006 တုန်းက ထွက်ကထားတဲ့ OG Version ကို အဆင့်မြှင့်ထားတဲ့ Graphicတွေရယ်, (Sprint လုပ်တာလိုမျိုး) Gameplay Mechanics အသစ်တွေထပ်ထည့်ထားတဲ့အပြင် Unreal Engine 5 ကို သုံးပြီး အသစ်တဖန် ပြန်လည် ဆန်းသစ်ထားတာပဲဖြစ်ပါတယ်။
(Gameplay တွေရော, Game Engine ရော အသစ်ဆိုတော့ Technically Remake သဘောဖြစ်နေပေမဲ့လဲ Title ကိုတော့ ဘာလို့ Remastered လို့ပဲ ပေးထားလဲတော့ မပြောတတ်ဘူး)
ထွက်ထွက်ပြီးချင်း ၁ ပတ်မပြည့်ခင်မှာပဲ Bethesda ကတော့ ဝယ်ယူသူအပေါင်း 4 Million ကျော်ရှိပြီလို့တော့ မနေ့က ကြေညာထားတာတွေ့ရပါတယ်။ The Original Game ဆိုရင်က The Elder Scrolls Style RPG ကြိုက်တဲ့သူတွေအကုန်လုံးနီးနီး ကြိုက်ကြတဲ့ Game လို့ပြောလို့ရမယ်ထင်ပါတယ်။
The Elder Scrolls Fan တွေကို ယုံပြီး Leak လေးတွေနဲ့ မြေစမ်းခရမ်းပျိုးပြီး ဘာမားကတ်တင်းမှာ ကြီးကြီးမားမား မပါပဲ ဒီ Remastered ကို ဝယ်ယူသူများပြားခဲ့တဲ့အတွက် Bethesda အနေနဲ့ တော့ သတင်းကောင်းတစ်ခုပါပဲ။ Steam မှာဆိုရင် Launch စလုပ်ပြီး နာရီပိုင်းအတွင်းကို တစ်ပြိုင်နက်ထဲ ဆော့တဲ့ Gamer ပေါင်း 120,000 ကျော် ရှိခဲ့တာဖြစ်ပြီး အခု ရေးနေတဲ့အချိန်မှာတော့ (တစ်ပြိုင်နက်ထဲ ဆော့တဲ့ Gamer ပေါင်း 200,000 ကျော်) ရှိတဲ့အပြင် Steam ရဲ့ Top Seller မှာ ဒုတိယ အနေနဲ့ နေရာယူထားပြီး 82% Postive Review တွေလဲ ရရှိထားပါတယ်။
Bethesda Game ဆိုတဲ့အလျှောက် Bugs တွေကတော့ မပါမဖြစ်ပါပဲ။ NPC တွေကို စကားပြောမရတာ၊ ဆော့နေရင်း Crash ဖြစ်တာတွေရှိနေပေမဲ့ အခုထိတော့ ဆိုးဆိုးရွားရွားမဖြစ်သေးတာဆိုတော့ အခြေအနေတော်တော်ကောင်းတယ်လို့ပြောရပါမယ်။
(Game Industry တစ်ခုလုံးကို အခု လွမ်းခြုံထားတဲ့ Micro-transaction ဆိုတဲ့ Trend ကြီး စတင်ခဲ့တဲ့ Horse Armor က OG Version မှာ စတင်ထုတ်ပြခဲ့တာဖြစ်ပြီး Remastered မှာလဲ Deluxe ဝယ်တဲ့အခါကြရင် Horse Armor လေးလဲ ဝယ်လို့ရပါသေးတယ်နော် :3)

DOOM: The Dark Ages — ခေါ် ပထမဆုံး Medieval DOOM!=========================================DOOM franchise fans များအတွက် ...
21/04/2025

DOOM: The Dark Ages — ခေါ် ပထမဆုံး Medieval DOOM!
=========================================
DOOM franchise fans များအတွက် သတင်းကောင်းလေးတစ်ခုကတော့ DOOM: The Dark Ages က လာမဲ့ မေလ 15 ရက်နေ့မှာဆိုရင် ထွက်လာတော့မှာ ဖြစ်ပါတယ်။ DOOM: The Dark Ages ဟာ DOOM universe (2016) ထဲက နောက်ထပ်ထူးခြားတဲ့ entry တစ်ခုဖြစ်ပြီး DOOM Eternal နဲ့ လုံးဝပုံစံမတူတဲ့ gameplay နဲ့ setting တစ်ခုကို ယူဆောင်လာမှာပါ။
🎮 DOOM Eternal နဲ့ ဘာကွာသလဲ?
===================
DOOM Eternal မှာ ဆိုရင် Movement မြန်မြန်ဆန်ဆန်နဲ့ တိုက်ခိုက်မှုများအခြေခံထားပါတယ်။ ဒါပေမဲ့ The Dark Ages မှာတော့ medieval-inspired melee combat, shield-based mechanics, နဲ့ ဖြည်းဖြည်းနဲ့ တိုက်အားပြင်းပြင်း ပုံစံဘက်ကို သွားထားတာ တွေပိုမြင်တွေ့ရမှာပါ။ massive shield throw နဲ့ Demon အကြီးကြီးတွေနဲ့ ချဖို့ mech တွေ ပါလာတာကတော့ ထူးဆန်းပေမဲ့ OOM ရဲ့ gameplay style အရဆိုရင်တော့ epic ဖြစ်နေမှာ သေချာပါတယ်။ Demons တွေကို chain flail နဲ့ထိုး၊ medieval cannons တွေဖြင့်ပစ်၊အလွန် raw ဖြစ်တဲ့ brutal kill finisher အသစ်တွေပါ ထည့်ထားမှာကတော့ လုံးဝကို သေချာပါတယ်။
Trailer အရတော့ Music ကတော့ ပြောစရာမရှိ heavy hitting ဖြစ်တော့ game နဲ့ကတော့ ကွက်တိဖြစ်မှာပါ။
ဒီအခါမှာ DOOM Slayer ဟာ futuristic world မဟုတ်တော့ပဲ Dark Fantasy World တစ်ခုထဲကိုရောက်လာပါတယ်။
🕹️ ထွက်မည့် Platforms

🖥️ PC, 🎮 PlayStation 5 🟩 Xbox Series X|S (Launch Day Game Pass ထဲမှာပါဝင်မယ်!)
ရှေ့က DOOM တွေကိုကြိုက်ခဲ့ရင်တော့ ဒီ Dark Ages version ကတော့ ဆော့စရာတစ်ခုအနေနဲ့ ထပ်တိုးလာမှာတော့ သေချာပါတယ်။

https://youtu.be/s1i3YfGl5ag?si=gIpuljIHrnT2lKav
#မြန်မာGamer

Enjoy Official Trailer #2 for DOOM: The Dark Ages Developed by id Software, DOOM: The Dark Ages is the prequel to the critically acclaimed DOOM (2016) and DO...

DLC အသစ်နဲ့ Star Wars Outlaw===================Star Wars Outlaw ကတော့ လာမဲ့ မေလ ၁၅ ရက်နေ့ ကို "A Pirate's Fortune" ဆိုပြ...
20/04/2025

DLC အသစ်နဲ့ Star Wars Outlaw
===================
Star Wars Outlaw ကတော့ လာမဲ့ မေလ ၁၅ ရက်နေ့ ကို "A Pirate's Fortune" ဆိုပြီး Story DLC အသစ်ထွက်ဖို့ရှိနေပါတယ်။ သတင်းကောင်းကတော့ DLC နဲ့အတူ Base Game ကို ဝယ်ထားပြီးသားသူတွေက Star Wars Skeleton Crew (TV Series) ကို အခြေခံထားတဲ့ Cosmetic Skin လေး တစ်ချို့ရယ်၊ Ultimate and Deluxe Version ဝယ်ထားတဲ့သူတွေကတော့ Naboo Nobility နဲ့ Desert Nomad Cosmetic Pack တွေပါ ရရှိမှာပါ။
အစ မကောင်းခဲ့တဲ့ Outlaws
======================
ထွက်ထွက်ချင်း Bug တွေ၊ Stealth နဲ့ Combat ရယ် Enemy AI တွေ ကြောင့် တော်တော် နာမည် ပျက်ခဲ့ရပါတယ်။ 2024 Nov တုန်းက စထွက်ထားတာဖြစ်ပေမဲ့ တာထွက် မကောင်းခဲ့တာကြောင့် ထွက်ပြီး ၃ လ အကြာမှာပဲ Steam မှာ 50% လျှော့ဈေးတွေ ချပြီး ရောင်းရတဲ့ ဘဝ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်အဖတ်ဆယ်ဖို့ Free Update တွေနဲ့ Expansion DLC တွေကို Ubisoft ကတော့ တဖြည်းဖြည်းနဲ့ တော့ တစိုက်မတ်မတ် ထုတ်ဖို့ စီစဥ်နေပြီး လွန်ခဲ့တဲ့ November တုန်းကလ Wild Card ဆိုပြီး Story DLC အသေးလေးကို ထုတ်ခဲ့ပါသေးတယ်။
မဝယ်ခင် 3 နာရီစာ စမ်းဆော့ကြည့်လို့ရမဲ့ Demo
===================================
Star Wars Outlaw က အခုတော့ Steam မှာ "Mostly Postive" ဆိုတဲ့ အဆင့်တော့ ရောက်နေပမဲ့ Apr 17 ရက်နေ့တုန်း က Steam မှာ မဝယ်ခင် စမ်းဆော့ကြည့်နိုင်ဖို့ Demo Version ထုတ်ပေးလိုက်ပြီး ကိုယ့်ခြေထောက်ကိုကိုယ် ပြန်ရိုက်ချိုးလိုက်ပြန်ပါတယ်။ ဘာလို့လဲဆိုတော့ Free Demo Version က တစ်ကယ့် Game Version နဲ့ ကွာနေလို့လား ဘယ်လိုကြောင့်လဲ မသိပေမဲ့ Steam မှာတော့ Mostly Negative Review နဲ့တော့ ပွဲဦးထွက်ထားပါတယ်။
အတန်ဆုံးဈေးတွေနဲ့ Steam မှာ Official Game တွေ BattlePants မှာ ဝယ်ဆော့လို့ရပါပြီနော်။ Steam account ရှိရုံနဲ့ အထာကျကျ Official Game တွေကို ဆော့နိုင်ဖို့ မခက်တော့ပါဘူး...
အသေးစိတ်ကိုတော့ Page Messenger သို့ Discord ကနေ တစ်ဆင့် ဆက်သွယ်ဝယ်နိုင်ပါတယ်။
Discord: battlepantsgames

15/04/2025

အဖြစ်ပျက်တွေ အကုန် ဒီအတိုင်းမဟုတ်ဘူးလို့ ဆု‌တောင်းပေမဲ့...
The Last Of Us Part II - Playthrough ( #003)

10/04/2025

" Cause & Effect - အကျိုးနဲ့ အကြောင်း"
The Last of Us Part II - Playthrough #002

ที่อยู่

Phra Nakhon
110160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BattlePantsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง BattlePants:

แชร์