ရောသမမွေ အစုံသုပ်

ရောသမမွေ အစုံသုပ် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ရောသမမွေ အစုံသုပ်, บริการซ่อมคอมพิวเตอร์, bangkok, Ban Thai Ban.

12/01/2020

😂😂😂

" #မြန်မာလူမျိုးဆိုတာကလည်း_တော်တော်ထူးဆန်းတဲ့လူမျိုး"

အင်္ဂလိပ်မင်းကြီးတို့ အုပ်ချုပ်တဲ့ကာလတုန်းက မြန်မာနိုင်ငံက အရမ်းဆိုးသွမ်းတဲ့သူတွေကို
တစ်သက်တစ်ကျွန်းချတဲ့ အနေနဲ့ အက်ဒမန်ကျွန်း ဆိုလား ပို့တယ် တဲ့...

တစ်သက်တစ်ကျွန်းကျလို့ မြန်မာတွေ စိတ်ပျက် အားလျော့သွားမယ်ထင်လား... ဝေးသေး...
အဲ့ ကျွန်းပေါ်မှာတောင် အိုးစည်၊ ဗုံ၊ မောင်း တွေနဲ့ ကထိန်ပါ ခင်းလိုက်သေးသတဲ့ဗျား.. အဲ့လိုလူမျိုးပါဆို...

ပွဲကလည်း ကြိုက်သလား မမေးနဲ့...
မြန်မာပြက္ကဒိန်အရ (၁၂) လ ရှိတာ ကြိုက်တဲ့လကို လက်ညှိုးထိုး၊
အထိမ်းအမှတ်ပွဲတစ်ခုတော့ ကျိမ်းသေရှိတယ်။

ဟော... နောက်ဆုံး ပွဲမရှိလို့ အားယားနေရင်တောင်
ရွာထိပ်က ကိုးတောင်ပြည့်စေတီလေးအတွက် ဘုရားပွဲဆိုပြီး ထလုပ်သေးတာ။
ဟင်အင်း ဘုရားပွဲရာသီလည်း မဟုတ်သေးဘူး ဆိုရင်တော့
နေမကောင်းဖြစ်နေတဲ့ ဘုန်းကြီးတွေ မျက်ခုံးလှုပ်ပေတော့ပဲ...

ပျံလွန်တော်မူတာနဲ့
ဘုန်းကြီးပျံဆိုပြီး ပွဲထလုပ်ကြတော့မှာကိုး...

အဲ့လိုလူမျိုးပါဆို...

စေတနာ သဒ္ဒါတရားက ပေါပြီး ကူညီချင်တဲ့သူများသလောက်
အပူပိုင်းဇုန်နဲ့များ နီးသလားမသိဘူး။
ဒေါသကလည်း အင်မတန် ထွက်လွယ်တဲ့လူမျိုး...

တခြားမကြည့်နဲ့ လင်မယားနှစ်ယောက် ရန်ဖြစ်နေလို့
ဗလာချည်ဝင်ဆွဲရင်း ဝင်ဆွဲတဲ့သူနဲ့ ထချကြတဲ့ ဇာတ်လမ်းတွေ မကြားချင်မှအဆုံး...

နောက်ဆုံးကျ ရန်ဖြစ်တဲ့ လင်မယားက ပြန်တည့်ပြီး
ဝင်ဆွဲတဲ့သူကသာ ဒဏ်ရာတွေ ရကျန်ခဲ့ရတာမျိုး

ထားတော့...

အဓိကပြောချင်တာက
ဒီရက်ပိုင်း အီရန် နဲ့ အမေရိကန် ချတော့မလိုတွေ ကြားနေရတယ်။
ချလည်း ချနေကြပြီ။

တခြားနိုင်ငံကလူတွေခမျာ မျက်စိပျက် မျက်နှာပျက် နဲ့
အိမ်အောက်မှာပဲ ဗုံးကျင်းတူးရတော့မလိုလို၊
နူကလီးယား နဲ့ လှမ်းထုမှာစိုးလို့ နိုင်ငံပဲ ပြောင်းပြေးရတော့မလိုလို
ဖြစ်နေချိန် ဒီနိုင်ငံကလူတွေ ဘာလုပ်နေကြလဲသိလား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တင်တဲ့ Post အောက်မှာ
စောက်ခွက်တွေ ပြောင်နေကြတာဗျား...

"ဟေး ဒေါ်နယ်ထရမ့် ငါတို့နိုင်ငံမှာ နူကလီးယားရှိတယ် ချမလား" တို့

"နူဗုံးနဲ့ထုလည်း မကြောက်ဘူး ငါတို့နိုင်ငံမှာ အနုမြူကပ်ကျော်ဘုရားရှိတယ်" တို့
အပီအပြင်ကို မန့် နေလိုက်ကြတာ...

သည်ကြားထဲ

"စစ်ဖြစ်လို့ စစ်ဘေးရှောင်လာမယ့် အဖြူမတွေကို ငါယူမှာ" တို့

"မြောက်ကိုရီးယားက ဗိုလ်ကြီး ရောက်လာပါစေ" တို့
ထိုင်ဆုတောင်းနေကြတဲ့သူကရှိသေး...

ဒါလည်း တကယ်တော့ သူတို့အပြစ်လို့ ပြောမရဘူး။
သူများနိုင်ငံတွေမှာသာ ဆယ်နှစ်တစ်ကြိမ်လောက် စစ်တိုက်ရတာကို
ဘဝကြီးမှတ်ပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရှာတာ။

ကိုယ်တွေနိုင်ငံက လွတ်လပ်ရေး ရကတည်းက
"တဂျိမ်းဂျိမ်း" ချနေကြတာ နှစ်ပေါင်း (၈၀) လောက်ရှိပြီ။
ခုထိ ချနေတုန်း။
တော်ကြာ "ဘယ်မောင်တော့ တိုက်ပွဲကျသွားတယ်" ဆိုတာမျိုး
"ဘယ်သူတော့ဖြင့် ဆွဲမိုင်းထိတယ်" ဆိုတာမျိုး
ခဏခဏ ကြားနေရတော့ သိပ်လည်း စိတ်မပူတော့တာနေမယ်။

အဲ့တော့လည်း စစ်ပွဲ ဆိုတာလောက်တော့
Facebook ပွတ်မပျက် ၊
ဖွန်ကြောင် မပျက်ပဲ...
အေးဆေးပဲပေါ့လေ...

ဒါနဲ့ တချို့ကလည်း ပြောကြတယ်။
" စစ်ကြီးဖြစ်လာရင် ဂျပန်ခေတ်၊ သမဝါသမခေတ်ကလို
လူသုံးကုန်ပစ္စည်းတွေ ရှားပါးနိုင်တယ်" ဘာညာပေါ့...

ဒီလိုခြောက်လုံးမျိုးကတော့
မြန်မာလူမျိုးတွေက ကိုယ့်ခြေမကိုယ် ကလိထိုးပြီး အူလိမ့်နေအောင် ထိုင်ရယ်ပြနေဦးမယ်။

အခုလည်း ဝယ်ချင်စရာပစ္စည်းတွေပေါနေပေမယ့်
ဝယ်ဖို့ပိုက်ဆံက ရှားပါးနေမင့်ဥစ္စာ...

Crd.
#ရီရလို့ကူးလာတာမဖတ်ချင်ကျော်သွားကြ :3

မန်မာပြည် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ပြီဆိုတာ တကယ်လားကိုယ်ပိုင်ဂြိုဟ်တု လွှတ်ပြီတဲ့လားအာကာသထဲမှာ ၀ဲပျံ နေတဲ့ အရာ ၀တ္ထု...
15/07/2019

မန်မာပြည် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ပြီဆိုတာ တကယ်လား

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်ပြီတဲ့လား

အာကာသထဲမှာ ၀ဲပျံ နေတဲ့ အရာ ၀တ္ထုတွေ နဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ ကြာခဲ့ပါပြီ ။ အခု တလော တော့ ဒီ အသံတွေ ကို ပြန် နားစွင့် နေမိခဲ့ပါတယ် ။ ဘာတဲ့ . . . မြန်မာ နိုင်ငံ က ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင် တော့မည် ဆိုပါလား

ဒါနဲ့ ပဲ အရင်တုန်းက Memory တွေ ပြန်ထုတ်ပြီး ဟိုရှာ ဒီရှာ လိုက်ရှာ လိုက်ရတယ် ။ ၀ိုးးးးး တကယ်ကို လွှတ်တော့မှာပဲ . . . . သတင်း ကလည်း အမှန်ပဲ . . . . ဒါပေမယ့် အပြင်မှာ သတင်းတွေ ပျံ့ နေသလိုမျိုး မြန်မာ နိုင်ငံ က ပိုင်ဆိုင်တဲ့ ဂြိုဟ်တုကြီး အလုံးလိုက် ကို လွှတ်တင် လိုက်တာတော့ မဟုတ်ပါဘူး ။ ပြည်သူတွေ အနေနဲ့ ဒီ ကိစ္စတွေ ဟာ နားယဉ်ပါး နေကျ ကိစ္စ မဟုတ်လေတော့ အဆန်းအပြား တစ်ခု လို ဖြစ်နေကြရတာ ပါ ။

လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ မှာ လွှတ်တင်မယ်လို့ သတ်မှတ်ထားတဲ့ ဂြိုဟ်တု ဟာ Intelsat 39 လို့ အမည် ရှိတဲ့ ဂြိုဟ်တုကြီး ပါ ။ ဆက်သွယ်ရေး နဲ့ ရုပ်သံ ထုတ်လွှင့်မှုတွေ ပြုလုပ် နိုင်တဲ့ C-band, Ku-band တွေ ပါဝင်တဲ့ ဂြိုဟ်တုကြီး ဖြစ်ပြီးတော့ အရှေ့ လောင်ဂျီတွတ် ၆၂ ဒီဂရီ ကို ပစ်လွှတ်မှာ ဖြစ်ပါတယ် ။ ဂြိုဟ်တု ကို ဘာတွေ နဲ့ ဆောက်ထားတယ် ၊ ဘယ်လိုတွေ ဆောက်ထားတယ် ၊ ဘယ်ဒုံးပျံ နဲ့ ဘယ်ပတ်လမ်း ကို ပစ်မယ် ဆိုတာတွေ ကတော့ နည်းပညာ ဆိုင်ရာ တွေ ဖြစ်လို့ ဖတ်ပြီးရင် နားရှုပ်သွားနိုင် ပါတယ် ။ ဒါကြောင့် ချန်ထားခဲ့ ပါတော့မယ် ။

အဓိက ပြောချင်တာက ဂြိုဟ်တု အကြောင်းပါ ။ Intelsat 39 ဟာ မြန်မာ ပိုင်ဂြိုဟ်တု မဟုတ်သလို ဒီ ဂြိုဟ်တု ကို လည်း မြန်မာ က အပိုင်ဝယ် ထားတာ မဟုတ်ပါဘူး ။ ဂြိုဟ်တု မှာ ပါသွားတဲ့ ( ပါသွားမယ့် ) Transponder ( C-band, Ku-band ) အချို့ကို သာ ငှားရမ်း အသုံးပြုလိုက်တာပဲ ဖြစ်ပါတယ် ။ ဂြိုဟ်တုထဲမှာ Transponder တွေ အများကြီး ပါသွားမှာ ဖြစ်ပြီး မြန်မာ လိုပဲ ငှားသုံးမယ့် သူတွေ အများကြီး ရှိပါတယ် ။

ရှင်းရှင်း ပြောရရင်တော့ Intelsat က ၆ ထပ်တိုက်ကြီး တစ်ခု ဆောက်လိုက်ပြီး မြန်မာ က အဲ့ထဲ က အခန်း ၂ ခန်း ၃ ခန်း လောက် ကို ငှားရမ်း နေထိုင်တဲ့ သဘော ပါပဲ ။ ဒါကို ပဲ မြန်မာ့ဂြိုဟ်တု – ၂ လို့ အမည်တပ်လိုက် တာပါ ။ ဒါက တရားဝင် ပါတယ် ။ သူများတွေ လည်း ဒီလိုပဲ Transponder တွေ ငှားပြီး ကိုယ့် ဂြိုဟ်တု အမည် ပေးနေကျပါပဲ ။ ပြောချင်တာက တော့ မြန်မာ ပိုင်တဲ့ ဂြိုဟ်တု မဟုတ်ဘူး ဆိုတာ ပါပဲ ။

ဂြိုဟ်တု ကို မြန်မာ က ထိန်းရမှာ မဟုတ်ပါဘူး ။ ငှားထားတဲ့ Transponder တွေရဲ့ Uplink Downlink တွေကို ပဲ ထိန်းချုပ်ခွင့် ရမှာပါ ။ ဒီလောက်ပါပဲ . . . .ဒီလို ပြောလို့ မကောင်းမြင်တယ်လို့ မထင်ပါနဲ့ . . . တိုးတက်မှု တစ်ခု ဖြစ်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို ပါတယ် ။ အများထင်သလို ကိုယ်ပိုင် ဂြိုဟ်တုကြီး ပစ်လိုက်ပြီ ဆိုတာမျိုး မဟုတ်ကြောင်းကိုပဲ ပြောပြ ချင်တာပါ ။

ဂြိုဟ်တုကြီး ပိုင်ဆိုင်နိုင်လို့ ဘာတွေ ကောင်းကျိုးတွေ ဖြစ်လာ မလဲ . . . ရှိပါတယ် ။ ဆက်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး မြန်ဆန် လာမယ် ၊ ရုပ်သံလွှင့် တဲ့ အပိုင်းတွေ လည်း ပိုမို တိုးတက်လာနိုင် ပါတယ် ။ ဘယ် Transponder တွေကို ဘယ်လောက် ယူ ထားသလဲ ဆိုတဲ့ အပေါ်မှာတော့ မူတည် ပါတယ် ။

အခု လို ဂြိုဟ်တု ဆက်သွယ်ရေးဘက်ကို ခြေဦးလှည့်လာ တဲ့အတွက် နောက်ပိုင်းမှာ မြန်မာ နိုင်ငံ အတွင်း ဆက်သွယ်ရေး နဲ့ ဆိုင်တဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ အများကြိး ပေါ်ပေါက် လာနိုင် ပါတယ် ။ ဂြိုဟ်တု ထိန်းချုပ်ရေး စခန်းတွေ ဆောက်ဖြစ်လာ မယ် ၊ အသေးစား ဂြိုဟ်တုတွေ ကို လွှတ်တင် စမ်းသပ်ဖို့ နိုင်ငံ တကာ နဲ့ ပိုမို ချိတ်ဆက် မှုတွေ ရှိလာနိုင် ပါတယ် ( Intelsat တို့ က ဒါမျိုးတွေ ကို နည်းပညာ အကူအညီတွေ ပေးတတ် ပါတယ် ) ။ ဘာပဲ ဖြစ်ဖြစ်ကောင်းတဲ့ ကိစ္စပါ ။

ပြင်သစ် ဂီနီယာ ကနေ Arane 5 ဒုံးပျံကြီး လွှတ်တဲ့ နေ့ ကျရင်တော့ ကောင်းကင်ကြီးကို ကျွန်တော် နောက်တစ်ခါ ထပ်ပြီး မော့ကြည့်ဖြစ်ဦးမှာပါ ။

Credit to Original

11/07/2019

[Zawgyi] ဖြင့်ဖတ်ရန် အင်တာနက် လိုင်းကောင်းတဲ့အခါ ပျော်တဲ့အပျော်က တခြားအပျော်တွေနဲ့ မတူပါဘူး ။ အင်တာနက် လိုင်းမေ....

ที่อยู่

Bangkok
Ban Thai Ban

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ရောသမမွေ အစုံသုပ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์