Audio House

Audio House Audio product reviews and online store with affordable pricing in Singapore.

ဒီ Charge 5 ကိုဝယ်ရမလိုလို မဝယ်ရဘူးလိုလိုတွေဝေနေရင် မစဥ်းစားနေနဲ့ဝယ်သာဝယ်ချလိုက်လို့တော့ပြောရမယ် အထူးသဖြင့် Discount ချထ...
30/12/2022

ဒီ Charge 5 ကိုဝယ်ရမလိုလို မဝယ်ရဘူးလိုလိုတွေဝေနေရင် မစဥ်းစားနေနဲ့ဝယ်သာဝယ်ချလိုက်လို့တော့ပြောရမယ် အထူးသဖြင့် Discount ချထားတဲ့အချိန်ဆိုပိုလို့တောင်ဝယ်သင့်သေး စာရေးသူဝယ်လိုက်တုန်းက $279 ( ၆ သိန်းဝန်းကျင် ) ကို $199 ( ၄သိန်းခွဲဝန်းကျင် )နဲ့ December promotion ဆိုပြီးစျေးချနေလို့ $80 လောက်သက်သာတယ်ဆိုပြီး အမြန်ဝယ်လိုက်တာ

_ JBL တွေရဲ့အသံထွက်ကတစ်ပုံစံထဲလို့ပြောရမလိုပဲ 😁 ကြီးတာနဲ့သေးတာနဲ့ပဲကွာသွားတယ်ပြောရမယ် အရှေ့မှာ JBL Extreme အကြောင်းရေးထားပြီးသားလဲဖြစ်တော့ JBL တွေရဲ့အသံထွက်တွေ တည်ဆောက်ပုံတွေကိုအကျယ်တဝင့်မရေးပြတော့ဘူး ထုံးစံအတိုင်း bass အသားပေး Bluetooth speaker တွေပဲဆိုပါတော့ Build quality ကောင်းတယ် သေသေသပ်သပ်ရှိတယ်ဒီဇိုင်းက ခလုပ်လေးတွေနှိပ်ရတာ မာဆတ်ဆတ်ကြီးတွေမဟုတ်ဘူး အိအိလေးတွေနဲ့နူးညံ့တယ်

_ အကျယ်တဝင့်မရေးတော့ဘူးဆိုပေမယ့် နည်းနည်းတော့ပြောပြဦးမယ် သူကအထဲမှာ Main driver ခပ်ရှည်ရှည်ပုံစံနဲ့တစ်လုံး Tweeter တစ်လုံးရယ်ကို ဘေးချင်းယှဥ်ကပ်ပီးတည်ဆောက်ထားတယ် ဟိုဘက်ဒီဘက်ထိပ်နှစ်ခုမှာတော့ bass အတွက် Radiator နှစ်လုံးပါတယ် အသံထွက်ကတော့ဘာမှပြောစရာမလိုဘူး ကောင်းတယ် ကျယ်တယ် Volume အတင်ခံတယ် တကယ့်ကို rich & clear ဖစ်တဲ့အသံထွက်တယ် Outdoor မှာလဲတော်တော်သုံးလို့အဆင်ပြေတယ် အသံမကျသွားဘူး Bass , Treble ကိုကောင်ကောင်းကြီးထိန်းထားနိုင်တယ်

_ ဒီတစ်ခါထွက်လာတဲ့ Charge 5 ကအရောင်အတော်စုံတယ် မိန်းခလေးတွေအတွက်ကိုပါဦးတည်ပီးထုတ်လာတယ်တောင်ပြောရမလားပဲ အရောင် ၉ ရောင်တောင်မှရွေးလို့ရတယ် အပြာနုလေးတွေပန်းရောင်လေးတွေ ပြောက်ကျားအကွက်လေးတွေနဲ့အစုံပဲ ဒီဇိုင်းပိုင်းအနေနဲ့လဲအရင် Charge တွေလိုဖြောင့်ထဲမဟုတ်တော့ပဲ အလယ်နားလေးမှာဗိုက်ပူပူလေးနဲ့ ဖောင်းကားကားလေးလုပ်ထားတယ် အောက်ခြေမှာရာဘာလိုင်းအစောင်းလေးတွေနဲ့ တခုခုပေါ်တင်တဲ့အခါငြိမ်အောင်လုပ်ပေးထားတယ် အလေးချိန်ကလဲသေးသေးလေးနဲ့ နင့်နင့်စီးစီးရှိတယ်ပြောရမယ် 2.11 lbs တောင်ရှိတာကိုး ( Bose soundlink mini ထပ် နည်းနည်းပိုလေးတယ် ဆိုဒ်လဲပိုကြီးတယ် )

_ တခြားထပ်ပြောစရာအနေနဲ့ကတော့ ၄ နာရီအားသွင်း နာရီ ၂၀ သုံးလို့ရမယ် Volume အတိုးအချဲ့ပေါ်လိုက်ပြီး နည်းနည်းတော့ကွဲမယ်သူပြောထားတာနဲ့ 7500MAH capacity ရှိတဲ့ Li-ion polymer battery ကနေကိုယ့်ဖုန်းကိုအားပြန်သွင်းဖို့လုပ်ပေးထားတယ် USB Type C ဖစ်သွားတယ် မဆိုးပါဘူးအဲ့တစ်ချက်ပါတာကလဲ Powerbank ကြီးတကူးတကသယ်စရာမလိုတော့ဘူးပေါ့

_ JBL တွေရဲ့လူကြိုက်များတဲ့အချက်ထဲကတစ်ခုလို့ပြောရမယ့် IP67 နဲ့ Waterproof/Dustproof ကလဲပါတုန်းပဲ တကယ်လိုအပ်လို့ဖွင့်ချင်တဲ့အခါမျိုးတွေမှာမိုးရွာလို့နေပူလို့ဆိုပြီးငဲ့ကွက်စရာမလိုဘူး ဘယ်လိုအခြေအနေမျိုးမဆိုအဆင်ပြေတယ်

_ PartyBoost ကလဲထည့်ပြောရမယ့်တစ်ချက်ပဲ Partyboost ရတဲ့ JBL speaker အချင်းချင်းချိတ်ပီးဖွင့်လို့ရတဲ့ Function ဆိုပါတော့ ဘာထူးခြားသွားလဲဆိုတော့နှစ်လုံးချိတ်လို့ရတော့ Stereo sound ရသွားမယ် အဲ့အခါကျအသံလဲပိုကျယ်သွားတာပေါ့ JBL portable app တော့သုံးဖို့လိုမယ် Bluetooth multipoint function ပါလို့ဖုန်းနှစ်လုံးသို့မဟုတ် bluetooth device နှစ်ခုတပြိုင်နက်ချိတ်ထားလို့ရမယ် Aux Input လဲပါမယ် နောက်တခုကြိုက်တဲ့အချက်လေးက Battery percentage ပြတာကမြင်နေကြအလုံးလေးလုံးမဟုတ်ပဲ Glow ဖြစ်နေတဲ့မီးတန်းလေးဆိုတော့တမျိုးလှတာပေါ့ 😁

_ နောက်ဆုံးအနေနဲ့ သင့်မှာ Charge 3,4 ရှိပြီးသားဆိုရင် Upgrade လုပ်ဖို့မလိုပါဘူး ဒီဇိုင်းနည်းနည်းပြောင်းသွားတယ် Battery များလာတယ် အသံပိုကျယ် ပိုကောင်းလာတယ်ဆိုပေမယ့် အရင် Generation တွေထပ်ပြောရလောက်အောင်ကောင်းသွားတာမျိုးမဟုတ်ပါဘူး ဒါပေမယ့် အခုမှစဝယ်မယ့်သူဆိုရင်တော့ဝယ်သင့်ပါတယ် Charge 5 ကိုအားမရဘူးထင်တဲ့သူတွေကိုတော့ Extreme 3 ကိုသွားသင့်ပါတယ်လို့အကြံပြုချင်ပါတယ် ( သယ်ရတာတော့လေးမယ် 2.7 Kg တောင်ရှိလို့ )

_ ကဲဒီလောက်ပါပဲ အဆုံးထိဖတ်ပေးသွားလို့ကျေးဇူး ☺️

ဒီတခါ Speaker လေးက Sonos ... ဘာမှမပြောခင်ဒီအမျိုးအစားနာမည်ကို မြန်မာနိုင်ငံမှာအရမ်းကြီးရင်းနှီးတဲ့အထဲကမပါဘူးလို့ပြောလို့...
18/11/2022

ဒီတခါ Speaker လေးက Sonos ...

ဘာမှမပြောခင်ဒီအမျိုးအစားနာမည်ကို မြန်မာနိုင်ငံမှာအရမ်းကြီးရင်းနှီးတဲ့အထဲကမပါဘူးလို့ပြောလို့ရတယ် US brand ဖြစ်နေတာလဲပါတာပေါ့ အဲ့တာကပထမတချက် ဒုတိယတစ်ချက်က အဲ့စျေးတန်း အဲ့ဝန်းကျင်မှာအတော့်ကို Build Quality ကောင်းတဲ့အထဲပါတယ် တည်ဆောက်ထားတဲ့ဒီဇိုင်းပုံစံ အသားအနားအရမ်းသပ်ရပ်တယ် သုံးထားတဲ့ Materials တွေက ယှဥ်ပြီးပြောရရင်အဲ့စျေးဝန်းကျင်မှာရှိကြတဲ့ Bose Sound link / JBL Charge , Extreme / Harman Kardon Aura Studio , Onyx Studio အကုန်လုံးထပ်သာပါတယ်..မြင်သာတဲ့ နှစ်ခုပြောပြရမယ်ဆိုရင် ပထမတစ်ခုက အပြင်ကပတ်ထားတဲ့ အပေါက်လေးတွေနဲ့ Aluminum သားကတော်တော့်ကို Smooth ဖြစ်တယ် အရမ်းသပ်ရပ်တယ် နောက်တစ်ခုက Play / Pause , Volume + - ( Play / Pause / Volume + - ပါပြီး သီချင်းကျော်တဲ့ခလုပ်မပါတာတော့ နည်းနည်းထူးဆန်းတယ် 🤔 ) အတိုးအကျယ်ခလုပ်လေးတွေက နှိပ်ရတာအရမ်းနူးညံ့တယ် Audio ပစ္စည်းတွေကိုစိတ်ဝင်စားတဲ့သူအဖို့ အဲ့လိုမြင်နေရတဲ့အပြင်ပိုင်းအစိတ်အပိုင်းလေးတွေ ထိတွေ့ရတဲ့ခလုပ်လေးတွေကအစလိုက်ပြီးခံစားတတ်တဲ့အကျင့်ရှိတော့ ဒီ Sonos Build Quality ကိုအရသာတွေ့မိတယ်ဆိုပါတော့ ရေရှည်ခံဖို့အတွက်လဲ ဦးစားပေးတည်ဆောက်ထားတယ်လို့မြင်မိတယ် ..

အဲ့တော့ဆက်ပြောမယ် အသားအနားတင်ပဲလားဆိုတော့မဟုတ်သေးဘူး အသံထွက်ကကောင်းတယ် ဘယ်လိုကောင်းတာလဲဆိုတော့ သူအသံထွက်တဲ့ပုံစံက well balanced sound profiles ဆိုတဲ့အတိုင်း Bass / Treble အကုန်လုံးကိုတညီတညာထဲ ထွက်တဲ့ပုံစံမျိုးပေါ့ .. High / Low frequency ကိုတစ်လုံးချင်း ကွဲကွဲပြားပြားနဲ့ Sound Quality ကိုအသေအချာခံစားလို့ရအောင်ကိုထွက်တာပါ .. Digital amplier နဲ့ tuned လုပ်ထားတဲ့ အသံထွက်က Clear bass and vocal ရဲ့အရသာကို ကောင်းကောင်းကြီးခံစားရစေတယ်ဆိုပါတော့ ဒါတောင်သူကအထဲမှာ Main Base Speaker တစ်လုံးနဲ့ Tweeter တစ်လုံးပဲပါတာနော်..

ဒီ Sonos Play 1 မှာကပြောစရာတွေအတော်များတယ် အိုကေ ဖြေးဖြေးချင်းတစ်ခုချင်းစကြတာပေါ့

1 - Water resistance မဟုတ်ဘူး ဒါပေမယ့် ရေငွေ့တို့စိုစွတ်မှူတို့ကိုခံနိုင်အောင်လုပ်ထားတယ်လို့ဆိုတယ် ဥပမာ ရေချိုးခန်းထဲမှာထားသုံးမလား စိတ်ချလက်ချသုံးလို့ရနိုင်တယ် ရေငွေ့ရိုက်မှာစိတ်ပူစရာမလိုဘူး ..

2 - တခြား Portable speaker တွေနဲ့မတူတဲ့တစ်ချက်ပြောပြမယ် သူက Bluetooth နဲ့ချိတ်ပီးဖွင့်ရတာမဟုတ်ဘူးနော် Wifi နဲ့ချိတ်ဖွင့်ရတာ .. မြင်မိသလောက်သိပ်သဘောမတွေ့တာတွေပြောပြမယ် ဒီ Sonos Play 1 ကဖွင့်ရတာလွယ်ကူမနေဘူး တခြား Bluetooth speaker တွေလို ဖုန်းနဲ့ချိတ်ပီးရင် Music player ထဲကနေကြိုက်တဲ့သီချင်းဖွင့် သူကအဲ့လိုမရဘူး .. အိမ်မှာ Wifi Connection တစ်ခုခုရှိမှရမှာ အဲ့ Wifi ကို ဖုန်းရဲ့ Sonos App ကနေတဆင့် အဲ့ Sonos speaker ကို Connect လုပ် ပီးရင် Sonos App ထဲဝင်ပီးမှ Airplay တို့ Spotify တို့ကနေတဆင့်ပဲသီချင်းဖွင့်လို့ရတာ 🙄 .. ( Android မှာတော့မစမ်းဘူးတော့မသိဘူး IOS မှာတော့ ဖုန်းထဲ locally store လုပ်ထားတဲ့သီချင်းတွေဖွင့်လို့လုံးဝမရခဲ့ဘူး Wifi / Internet Connection ရှိမှသီချင်းတွေဖွင့်လို့အဆင်ပြေမယ့်ပုံကြီး 😤 .. )

3 - ကျနော့်အတွက်တော့အဆင်မပြေဘူးအဲ့လိုကြီးက သီချင်းတစ်ခါဖွင့်ဖို့ခက်ခဲတယ် လိုအပ်တာတွေများတယ်လို့မြင်တယ် ဒါပေမယ့်တစ်ဖက်ကပြန်ကြည့်တော့လဲ Sonos Play 1 ကသူနာမည်ပေးထားတာကိုက " Stream from all the most polular services " ဆိုတော့လဲ စိတ်လျော့လိုက်ပါတော့မယ်အဲ့တစ်ချက်ကို .. တစ်ခုတော့ရှိတာပေါ့လေ အိမ်ထဲမှာပဲငြိမ့်ငြိမ့်ညောင်းညောင်း ဖီလ်းလေးနဲ့ Online ကနေပဲသီချင်းတွေအမြဲနားထောင်တတ်တဲ့သူတွေဆိုရင်တော့ စောနပြောတဲ့အချက်တွေက ပြသာနာမဟုတ်တော့ပြန်ဘူး ..

4 - ထုံးစံအတိုင်း ပထမ Speaker တစ်လုံးရှိမယ် နောက်ထပ်တစ်လုံးထပ်ဝယ်လိုက်မယ်ဆိုရင် Left / Right အနေနဲ့ နားထောင်လို့ရမယ် အဲ့ ၂လုံးကအော်တိုချိတ်မယ် ... ဆင့်ပွါးပြီးတော့ Speaker တွေအများကြီးတအိမ်လုံးလျှောက်ထားထားလို့ရတယ် ကိုယ့်အိမ်ထဲအဆောက်အဦးထဲမှာ ဘယ်နားသွားသွားကိုဖွင့်ထားတဲ့သီချင်းသံလေးကို Volume level တညီထဲနားထောင်နေလို့ရမယ်ပေါ့ .. အော် ဥပမာ ဒီလို Speaker ၅လုံးရှိတယ်ဆိုပါတော့ ဘယ်အခန်းက Speaker ဆိုပီးနာမည်ပေးပီးခွဲပေးထားလို့ရတယ် ရွေးပီးဖွင့်ထားလို့ပိတ်ထားလို့လဲရတယ် ကိုကဧည့်ခန်းထဲရောက်နေတယ်ဆိုပါတော့ အိပ်ခန်းထဲက speaker ကိုပဲရွေးပီးပိတ်ထားလို့ရတယ် .. သူ့ရဲ့ App ထဲကနေပဲ EQ ချိန်လို့ရဦးမယ် ..

5 - တစ်ခုတော့ကောင်းတာလား မကောင်းတာလားလို့ပြောရမယ့်တစ်ချက်က သူက Over Wifi Player ဆိုတော့ဖုန်းလာလို့ကိုင်လိုက်လဲ Bluetooth speaker တွေလိုတော့သီချင်းရပ်မသွားဘူး .. ဖုန်းကိုင်ပြီးဆက်ပြောနေလို့ရတယ် .. Wifi မရလို့ Ethernet ကြိုးထိုးပြီးသုံးလို့လဲရမယ် Ethernet အပေါက်ပါတယ် ကြိုးလဲတပါးတည်းပါတယ်သူ့မှာ အကျယ်တဝင့်တော့မရှင်းပြတော့ဘူး ..

6 - သူက AC type , ဘက်ထရီနဲ့မဟုတ်ဘူး အဲ့ဒိတော့ အသံကျယ်သွားတဲ့အခါမျိုးမှာဆိုရင် battery type တွေလိုဝတ်သွားတာ အသံ Quality ( အနည်းနဲ့အများ ) ကျသွားတာမျိုးမရှိတာတော့ကောင်းတယ်ပြောရမယ် ..

7 - သူ့ဆိုဒ်လေးနဲ့ 1.8kg ဝန်းကျင်ရှိတယ် ကိုင်ရတာလက်ထဲမှာ Weight ရှိတယ် Solid ဖြစ်တယ်လို့ခံစားရတယ် .. တစ်ယောက်ထဲအမြင်ကိုပြောပြချင်တာတစ်ခုရှိတယ် အိမ်တို့ ရုံးခန်းတို့လို့နေရာမျိုးလေးတွေမှာ တင်ထားပြီးဖွင့်မယ်ဆိုရင် မဖွင့််လဲဒီအတိုင်းချထားတာကိုကမြင်ရတဲ့သူ့အဖို့အတော့်ကိုလှတယ် ခန့်ခန့်ညားညားရှိတယ် ဆွဲဆောင်မှူရှိတယ်လို့ပြောလို့ရတဲ့ Design / Build quality ရှိတဲ့ Speaker မျိုးဗျာ .. ကြည့်လိုက်တာနဲ့ စျေးကြီးတဲ့ Speaker ပုံစံမျိုးပါလားဆိုပြီးထင်ကိုထင်ရတဲ့ Sonos Play 1 ဆိုပါတော့ ( အဖြူနဲ့ အနက် အရောင်နှစ်မျိုးလာတယ် နှစ်ရောင်လုံးလှတယ် ) .. အော် တင်မထားချင်လို့ နံရံမှာကပ်ထားချင်တယ်ဆိုတဲ့သူတွေအတွက် Screw အရာလေးပါပီးသား အလွယ်တကူကပ်လိုက်ယုံပဲ .. အောက်မှာပုံလေးပြထားပေးတယ် ..

8 - အနှစ်ချုပ်

- SGD 270 လောက်ကုန်လဲကုန်ပါစေ တစ်ခါဝယ်ပြီးနှစ်အတော်ကြာကြာသုံးချင်တယ် ရေရှည်လဲခံရမယ် ဆိုသူတွေ

- အသံ Quality လဲနားထဲတိုးရမယ် မျက်စိပဓာသာအနေနဲ့ ဧည့်ခန်း အိပ်ခန်း ရုံးခန်း ကော်ဖီဆိုင် ဘာဆိုင်ညာဆိုင်တို့မှာအလှအပတစ်ခုအနေနဲ့လဲ ထားထားလို့ကောင်းရမယ်ဆိုတဲ့သူတွေအတွက်ရွေးချယ်သင့်တဲ့ Wireless Speaker တစ်လုံးပဲ ( အထက်မှာပြောခဲ့တဲ့ Connection လုပ်ပြီးဖွင့်ရတာ Wifi ကနေတဆင့်ဖွင့်ရတာပြသာမရှိဘူးဆိုရင်ပေါ့လေ )

ပထမနှစ်ပုံက စာရေးသူ Sonos ဆိုတဲ့ brand ကိုအဲ့တုန်းကမှပထမဦးဆုံးတွေ့ဖူးမြင်ဖူးပြီး ဝယ်လာခဲ့တုန်းကရိုက်ထားလေးတွေပေါ့ ဘူးတောင်မဖြည်ရသေးဘူး 😄 ..

အဆုံးထိဖတ်ပေးသွားလို့ကျေးဇူးပါ ..

သူက JBL Extreme ( 1 ) အခုတော့ Extreme ( 3 ) ထိထွက်နေပြီပေါ့ .. Extreme ( 1 ) က Bluetooth speaker တွေထဲမှာအသံထွက်ရော Qual...
13/11/2022

သူက JBL Extreme ( 1 ) အခုတော့ Extreme ( 3 ) ထိထွက်နေပြီပေါ့ ..
Extreme ( 1 ) က Bluetooth speaker တွေထဲမှာအသံထွက်ရော Quality တွေရောမခေတဲ့ speaker တစ်ခုလို့ပြောရမယ်
Portable ဖြစ်တယ် သွားလေရာနေရာအလွယ်တကူသယ်သွားလို့ရတယ် ဘေးတစောင်းလွယ်သွားလို့လဲရတယ် ချိတ်စရာသံကွင်းလေးတွေပါထဲ့ပီးတည်ဆောက်ပေးထားတယ် ဝယ်ရင်ဗူးထဲမှာ လွယ်လို့ရတဲ့ကြိုးပြားလေးတစ်ခုပါတခါထဲပါတယ် ..
အထူးသဖြင့်မိသားစုနဲ့အပြင်တွေခရီးတွေသွားတတ်တဲ့သူတွေ ဘော်ဒါတွေစုပီးအပြင်မှာတွေ့ကြတဲ့အခါမျိုးမှာ အတော့်ကိုသဘောကျစရာကောင်းတယ် ..

Outdoor မှာနားထောင်ရတဲ့ဖီလင်ကိုအရင်ပြောပြမယ် .. ဟိုး အရင်ကဆိုအပြင်တွေဘာတွေသွားလို့သီချင်းဖွင့်မယ် နားထောင်မယ် လိုက်ဆိုကြမယ်ဆိုရင် ဓာတ်ခဲနဲ့ဖွင့်တဲ့ကတ်ဆက်ကြီးတွေလွဲလို့ သိပ်မရှိဘူး ပြီးတော့အဲ့ကောင်တွေက တဦးထဲအမြင်အရ အိမ်တွင်းမှာတော့သိပ်မဆိုးပေမယ့် အပြင်မှာဖွင့်တယ်ဆိုရင်နားထဲအဲ့လောက်တိုးလှတယ်မဟုတ်ဘူး အထူးသဖြင့် Bass သံတွေပေါ့ ..

ဒါပေမယ့် ဒီ JBL ကတော့အဲ့လိုမဟုတ်ဘူး သူ့ရဲ့တည်ဆောက်ထားတဲ့ပုံစံကိုက
- Passive radiator နှစ်လုံး
- Tweeter speaker နှစ်လုံး
- Driver အသေးလေးနှစ်လုံးဆိုတော့ အတော်ကိုအသံထွက်စီစီရီရီရှိတယ်ပြောရမယ်

ပထမဆုံးပြောချင်တာက Bass ... Passive radiator ဘယ်တစ်လုံးညာတစ်လုံးဆိုတော့ နားထောင်တဲ့သူကဘယ် Direction ပဲရောက်နေပစေ Bass သံကိုကောင်းကောင်းကောင်းကြီးကိုခံစားရတယ် ပြီးတော့ JBL ကနာမည်တပ်ထားတဲ့အတိုင်း တကယ့်ကို Deep Bass ထွက်တာပါ .. တခါတလေလမ်းသွားရင်းဘေးကနေ E Bike / Motorbike တို့မှာ တပ်ပြီးဖွင့်သွားရင် Bass အသံထွက်ကကောင်းလှချည်လားဆိုပြီး လိုက်ကြည့်မိတဲ့အထိပဲ နားထဲမှာတစ်လုံးတစ်ခဲကြီးကိုကြားရတာနော် ဒါတောင် Outdoor မှာ .. Indoor မှာသာဆိုရင်စင်းစားကြည့်တော့ .. မဆိုးဘူး စိတ်ကျေနပ်မှုပေးနိုင်တယ်လို့ပြောချင်တာ ရုပ်ရှင်တွေဘာတွေကြည့်မယ်ဆိုလဲ အုန်းအုန်းဒိုင်းဒိုင်းပဲ 😅 ..

နောက်တခုက တခြား ဖုန်းတို့တက်ဘလက်စတာတွေနဲ့ Devices ၃ခုထိတခါထိချိတ်ထားနိုင်တာပဲ တစ်ခုနဲ့ဖွင့်နေရင်း Bluetooth ကို Disconnected လုပ် နောက်ထပ် Device တစ်ခုနဲ့ချိတ်ပြီးဖွင့် စတာတွေအလုပ်မပိုတော့ဘူးပေါ့ .... လက်ရှိဖွင့်ထားတဲ့ Device က Pause လုပ်လိုက်တာနဲ့ တခြား Device ကနေတန်ဖွင့်လို့ရတဲ့သဘော ..

ပြီးတော့ Battery .. ကြော်ညာထားတဲ့အတိုင်းတကယ့်ကို 15 Hr နီးပါ့ဖွင့်လို့ရတယ် 100% ထိတော့မဟုတ်ဘူးပေါ့လေ 60% , 70% လောက်နဲ့ဖွင့်ပီးသုံးမယ်ဆိုရင် တကယ်ကိုတနေကုန်နီးပါရပါတယ် .. ရုပ်ရှင်ပဲကြည့်ကြည့် သီချင်းပဲနားထောင်နားထောင် ဒီအတိုင်းလေးကြိုက်တဲ့နေရာတင်ထားလိုက်ယုံပဲ .. တင်ထားလိုက်ယုံပဲဆိုလို့ အဲ့တင်တဲ့ကိစ္စကိုပြောချင်သေးတယ် တချို့ Speaker လေးတွေဆိုပေါ့ပီး Weight မရှိတော့ အသံကျယ်တဲ့အခါတို့ Bass သံထွက်တဲ့အခါတို့ဆို တင်ထားတဲ့အောက်ကတခုခုနဲ့ပွတ်တိုက်ပြီး ကဂျီကဂျီစသဖြင့်အသံတွေထွက်တာမျိုးရှိတယ် အဲ့အခါကျနားထောင်ရတာအရသာပျက်တာပေါ့ ဒီ Extreme ကသူ့ချည်းပဲကို 2Kg လောက်ရှိတော့လေးလေးပင်ပင်ရှိတယ် အသံကျယ်ကျယ်ဖွင့်တဲ့အခါမျိုးတွေမှာ စောနပြောတဲ့တုန်ခါမှူကြောင့်ပွတ်တိုက်ပီးထွက်လာသံတွေကအစလုံးဝမရှိဘူး..

သူ့တည်ဆောက်ပုံကလဲ စိတ်ဝင်စားဖို့ကောင်းတဲ့အထဲမှာပါတယ် ရေဖိတ်ရေစင်လောက်ကတော့အေးဆေးပဲ စိတ်ပူစရာမလိုဘူး .. ရေကူးကန်သွားတာတို့ ရေနည်းနည်းပါးပါးစိုစရာရှိတဲ့အခါမျိုးတွေးမှာစိုးရိမ်စရာမလိုပဲဒီအတိုင်းဖွင့်ထားလိုက်ယုံပဲ အပြင်ကအုပ်ထားတဲ့ အသားကလဲ ချည်အမာသားကိုရာဘာနဲ့ရောအုပ်ထားတော့ ပွန်းတာတို့ကိုင်တဲ့အခါချောချောကြီးဖစ်နေတာတို့မရှိဘူး ... ကိုင်လို့ကောင်းတယ် လက်ထဲမြဲတယ်ပေါ့..

အကယ်၍များ JBL ထဲကနောက်တမျိုးများဝယ်ခဲ့ရင်လဲ JBL Connect ကနေတဆင့်တစ်လုံးနဲ့တစ်လုံးထပ်ဆင့်ချိတ်ပီးနားထောင်လို့ရတယ် .. Aux in ပါမယ် USB နဲ့လဲဖွင့်လို့ရမယ် / နောက်လူသိပ်မသုံးထဲအထဲကဆိုရင်တော့ Siri and Google လဲပါသေးတယ်လေ သိပ်မသုံးဖစ်ကြပေမယ့် မပါတာထပ်ပါတာကပိုကောင်းတယ်မလား 😆 ..

အနှစ်ချုပ်ဆိုရင်တော့ ..

အားနည်းချက် မကြိုက်တဲ့အချက်ကသူ့ရဲ့အသံထွက်တဲ့ပုံစံက နည်းနည်းအသံလုံးကြီးသလိုခံစားရတယ် Bass ထွက်တဲ့အသံကပြောရမယ်ဆိုရင် တောင့်တယ် တင်းတင်းရင်းရင်းပုံစံမျိုး ( လက်မသေးတဲ့ speaker လေးတွေကနေ ထွက်တဲ့ Bass မျိုး ) .. Bass သံပျော့ပျော့အိအိကြိုက်တဲ့သူတွေဆိုရင်တော့ အဲ့တစ်ချက်ကိုသဘောကျမယ်လိုမထင်မိဘူး ..

အားသာချက်က အဲ့စျေးတန်းမှာ အပေါ်မှာပြောခဲ့တဲ့ Built quality , Audio Quality ရဖို့တော့စိုးရိမ်စရာမလိုပဲ မျက်စိမှိတ်ပီးဝယ်လို့ရတဲ့ Bluetooth Speaker တစ်လုံးပါ .. အဲ့လောက်ပေးထားရတော့လဲ အဲ့လောက်တော့လဲကောင်းရမှာပေါ့လေ သိတဲ့အတိုင်း Europe Brand တွေကစျေးကောင်းတယ် Quality လဲကောင်းတယ် .. 2019 လောက်မှာဝယ်သုံးတုန်းက $359 အဲ့တုန်းကငွေစျေးနဲ့မြန်မာငွေ သုံးသိန်းခွဲဝန်းကျင်ပေါ့ .. အခုဆိုရင်တော့ နှစ်ဆလောက်ဖြစ်သွားပါပီ . 😔

ဖတ်ပေးသွားလို့ကျေးဇူးပါ ..
( အောက်ဆုံးက ၃ပုံကတော့ ဝယ်လာခါစကအမှတ်တရအနေနဲ့ရိုက်ထားတာလေးတွေ )

Address

Singapore

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 15:00

Website

Alerts

Be the first to know and let us send you an email when Audio House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share