Chip StopTec, Solução Informática

Chip StopTec, Solução Informática Somos uma empresa que presta serviços ao domicílio, reparações na hora, Manutenções de eletrodomésticos, vendemos material de hardware e software informático

14/06/2026

❤️‍🔥CCNA Exam ဖြေမယ့်သူတွေ သတိထားဖို့❤️‍🔥

💫CCNA v1.1 to v2.0 ဘာတွေပြောင်းလဲသွားလဲပြောပြမယ် 🚀

💫Cisco ကနေ ပြီးခဲ့တဲ့ မေလ (၂၀၂၆) မှာ CCNA Blueprint အသစ်ဖြစ်တဲ့ CCNA Version 2.0 (Exam 200-301) ကို တရားဝင် ကြေညာလိုက်ပါတယ်။
💫ဒါဟာ နှစ်တော်တော်ကြာမှ ဖြစ်လာတဲ့ အဓိက Blueprint အပြောင်းအလဲကြီး တစ်ခုပါ။
❤️‍🔥ဒါဆို လက်ရှိ လေ့လာနေတဲ့သူတွေအတွက် ဘာတွေ ထူးခြားသွားလဲ? သိထားသင့်တဲ့ အဓိကအချက်တွေကို စုစည်းပေးလိုက်ပါတယ်။

📌 ၁။ အဓိက ပြောင်းလဲမှု (၅) ခု

💫Less Theory, More Real-World Labbing: စာအလွတ်ကျက်တာထက် လုပ်ငန်းခွင်ထဲ တကယ်အသုံးချရမယ့် Practical Assessments တွေ ပိုများလာပါတယ်။ ဒါကြောင့် စာအုပ်ဖတ်ရုံ သီအိုရီသိရုံနဲ့ မရတော့ပဲ Practical Lab တွေ များစွာ လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။
💫Troubleshooting အပိုင်းကို ပိုဦးစားပေးလာခြင်း: အရင်က "Configure and Verify" အဆင့်ကနေ အခု v2.0 မှာတော့ အမှားရှာပြီးစစ်ဆေး ဖြေရှင်းရမယ့် "Troubleshooting" ပိုင်းကို ပိုအသားပေးလာပါတယ်။
💫 AI & Network Operations : ခေတ်ရေစီးကြောင်းအရ Intelligent Systems တွေ၊ AI နည်းပညာတွေကို Network ထဲမှာ ဘယ်လိုတွဲသုံးမလဲဆိုတာ ၁၀ ရာခိုင်နှုန်းအထိ ထည့်သွင်းမေးမြန်းသွားမှာပါ။ Agentic AI (Network တွေမှာ AI Agent တွေသုံးတာ) နဲ့ Telemetry တွေအတွက် Prompt Engineering ကို စနစ်တကျ ဘယ်လိုသုံးရမလဲဆိုတဲ့ အပိုင်းတွေ အသစ်တိုးလာပါတယ်။
💫 Domains ခြောက်ခုကနေ ငါးခု ဖြစ်သွားခြင်း: Exam Domains တွေကို ပိုပြီး စနစ်တကျ ပြန်စုစည်းလိုက်ပါတယ်။
💫 မလိုတာတွေ ဖြုတ်၊ လိုတာတွေ ထည့်: အသုံးနည်းသွားတဲ့ Wireless QoS လိုမျိုး အချို့ သင်ခန်းစာတွေကို ဖြုတ်ပြီး၊ Cloud Ecosystem နဲ့ ပိုကိုက်ညီမယ့်အရာတွေကို ဖြည့်စွက်ထားပါတယ်။

📅 ၂။ စာမေးပွဲ သက်တမ်း သတ်မှတ်ချက်
❤️‍🔥 v1.1 Exam အနောက်ဆုံးဖြေနိုင်မယ့်ရက်: February 2, 2027
💓 v2.0 Exam စတင်ဖြေဆိုရမယ့်ရက်: February 3, 2027

💡 ဒါဆို လက်ရှိ စာကျက်နေတဲ့သူတွေ ဘာလုပ်ရမလဲ?
👌စိတ်မပူပါနဲ့။
သင်ဟာ အခုမှ စာကျက်နေတာပဲဖြစ်ဖြစ်၊ ဖြေဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ် လက်ရှိ Plan အတိုင်း v1.1 ကိုပဲ ဆက်ပြီးကျက်ပါ၊ ဖြေပါ။ ဘာလို့လဲဆိုတော့ v1.1 ဟာ ၂၀၂၇ ဖေဖော်ဝါရီအထိ သက်တမ်းရှိနေသေးသလို၊ ရရှိမယ့် Certificate ကလည်း အလုပ်ရှင်တွေကြားထဲမှာ အပြည့်အဝ အသိအမှတ်ပြု ခိုင်မာမှု ရှိနေမှာဖြစ်လို့ပါ။

တကယ်လို့ သင်က ၂၀၂၇ ရောက်မှ စာမေးပွဲဖြေဖို့ ရည်မှန်းထားတာဆိုရင်တော့ v2.0 Blueprint အသစ်ကို လေ့လာပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

🥰🥰Network Engineeer ကြီးတို့ရေ... Update ဖြစ်နေအောင် ခုကတည်းက ပြင်ဆင်ထားကြစို့။ 💻🔥

📌 CCNA v2.0 နဲ့ပတ်သက်တဲ့ Update အသေးစိတ်ကို Cisco Learning Network “https://learningnetwork.cisco.com/s/ccna” မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Your's ACH ❣️

Endereço

Bragança
5300-662

Horário de Funcionamento

Segunda-feira 10:00 - 18:00
Terça-feira 10:00 - 18:00
Quarta-feira 10:00 - 18:00
Quinta-feira 10:00 - 18:00
Sexta-feira 10:00 - 18:00

Telefone

+351960213956

Website

Notificações

Seja o primeiro a receber as novidades e deixe-nos enviar-lhe um email quando Chip StopTec, Solução Informática publica notícias e promoções. O seu endereço de email não será utilizado para qualquer outro propósito, e pode cancelar a subscrição a qualquer momento.

Entre Em Contato Com O Negócio

Envie uma mensagem para Chip StopTec, Solução Informática:

Atalhos

Compartilhar