10/03/2020
မင်္ဂလာပါခင်ဗျာ ~
ထီလုပ်ငန်းရှင် ထီ အရောင်းကိုယ်စားလှယ်တော်ကြီးများအတွက် ထီရောင်းချရာ/ လစဉ်ကံထူးရှင်ရွေးချယ်ရာမှာ အချိန်ကုန်လူပင်ပန်းသက်သာစေပြီး အသုံးပြုရရိုးရှင်းလွယ်ကူတဲ့ MMLuck EE App ကို Released လုပ်လိုက်ပြီပဲဖြစ်ပါတယ်။
ယခု App ကိုအသုံးပြုရန်အတွက် နေရပ်လိပ်စာ ဆိုင်အမည်တို့ဖြည့်သွင်းကာ အကောင့်ဖွင့်ဖို့လိုအပ်မှာဖြစ်ပြီးတော့ ဖုန်းနံပါတ်နဲ့အကောင့်ဖွင့်နိုင်တဲ့အတွက် ရိုးရှင်းလွယ်ကူပါတယ်
App မှာ ...
- လစဉ်ရောင်းချမည့်ထီလက်မှတ်များကို လွယ်ကူလျင်မြန်စွာဖြည့်သွင်းထားနိုင်ပါတယ်
ထီလက်မှတ်များဖြည့်သွင်းရာတွင် " စောင်ရှယ်၊ ထူးရှယ်၊ မွှာရှယ်၊ မင်္ဂလာစုံတွဲ၊ အင်တာနက်၊ ရိုးရိုး " စသည်ဖြင့်အမျိုးအစားများ ခွဲခြားရွေးချယ်နိုင်ပြီး ရွေးချယ်လိုက်တဲ့ အမျိုးအစားပေါ်မူတည်၍ App မှ Auto Generate လုပ်ပေးနိုင်တဲ့အတွက် ထီစာရင်းဖြည့်သွင်းရာမှာမြန်ဆန်နေမှာပါ။
Auto Generate လုပ်ပြီးပါက မိမိရောင်းချမည့် တစ်အုပ်ချင်းရောင်းဈေးကိုဖြည့်သွင်းပြီးမှတ်သားသိမ်းဆည်းရမှာဖြစ်ပါတယ်။
- ဖြည့်သွင်းထားတဲ့ထီလက်မှတ်များကို အကြိမ်ရေ / အမျိုးအစား / စောင်ရေ / ရောင်းပြီး သို့ လက်ကျန် တို့ဖြင့်လည်းပြန်လည် စစ်ဆေးကြည့်ရှုပြီး ပြင်ဆင်တာ ဖျက်တာတွေလည်းပြုလုပ်နိုင်ပါတယ်။
- ရောင်းချတာကတော့ အရမ်းကိုလွယ်ကူပါတယ်။ ရောင်းရန် Feature ထဲကိုဝင်ရောက်ပြီး မိမိရောင်းချလိုတဲ့ ထီလက်မှတ်တွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ရွေးချယ်လိုက်တဲ့ ထီလက်မှတ်တွေဟာ ထီခြင်းတောင်းထဲကိုရောက်သွားမှာဖြစ်ပြီး အတည်ပြုကာ ဝယ်ယူသူ၏ ဖုန်းနံပါတ် အမည် နေရပ်လိပ်စာတို့ကိုဖြည့်သွင်းပြီးရောင်းချနိုင်ပါတယ်။
အရင်ကလာဝယ်ဖူးတဲ့ customer အဟောင်းတွေဆိုရင်တော့ဖုန်းနံပါတ်ပဲဖြည့်သွင်းပေးဖို့လိုအပ်မှာဖြစ်ပြီး ကျန်တာတွေကို App က Auto ဖြည့်သွင်းပေးမှာပါ။
ရောင်းချတဲ့နေရာမှာ မထည့်သွင်းရသေးတဲ့ ထီလက်မှတ်ဖြစ်နေရင်လည်း တိုက်ရိုက်ဖြည့်သွင်းပြီးတန်းရောင်းချနိုင်အောင်လည်းလုပ်ပေးထားပါတယ်။
- ရောင်းချထားတဲ့ထီလက်မှတ်တွေကိုတော့အရောင်းစာရင်းထဲမှာဝယ်ယူသူရဲ့အချက်အလက်များနှင့်အတူ သွားရောက်ကြည့်ရှု့နိုင်မှာဖြစ်ပြီး နေ့စဉ်ရောင်းရတဲ့ စောင်ရေ ၊ ဝယ်ယူသူဉီးရေ ၊ တစ်နေ့တာ ရောင်းရတဲ့ ဝင်ငွေတို့ကိုပါ တပါတည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
- တစ်ရက်နေ့ထီဖွင့်ချိန်မှာ ကျွန်တော်တို့ဘက်ကနေ Auto ထီတိုက်ပေးမှာဖြစ်ပြီးတော့ ထီပေါက်တဲ့ ကံထူးသူတွေကို ကြည့်ရှုနိုင်တဲ့အချိန်မှာ Notification နဲ့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။
ထီကံထူးတဲ့သူတွေကို ဆုအကြီး မှ ဆုအသေးအထိ စီပြီးတော့ အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ပေါက်တဲ့ ထီလက်မှတ်တို့နဲ့အတူပြသပေးမှာဖြစ်ပါတယ်။
ဒါ့အပြင်ကံထူးတဲ့သူတွေကို app ထဲကနေ တစ်ခါတည်းဖုန်းဆက်ပြီး မြန်ဆန်စွာအကြောင်းကြားနိုင်မှာဖြစ်ပါတယ်။
မရောင်းရပဲ ကျန်ရှိတဲ့ လက်ကျန်စာရင်းက ထီစောင်တွေထဲက ထီဆုပါခဲ့ရင်လည်း App က ပြသပေးမှာပါ။
ထီပေါက်စဉ်ကို ထီဖွင့်တဲ့အချိန်မှာတင် တစ်ပြိုင်နက်တိုက်ရိုက်ဖြည့်သွင်းတာဖြစ်တဲ့အတွက် ထီဖွင့်ပြီးနေ့လည်ပိုင်းမှာတင်ကံထူးရှင်တွေကိုတန်းပြီးသိရှိနိုင်မှာဖြစ်ပါတယ်။
- အဲ့ဒါတွေအပြင် ထီလက်မှတ်စာရင်းထဲမပါဝင်တဲ့ ထီလက်မှတ်တွေကို တိုက်နိုင်ဖို့ ထီတိုက်ရန်ဆိုတဲ့ Feature ပါထည့်သွင်းပေးထားတဲ့အပြင် အကြိမ်ရေတွေ ရွေးချယ်ပြီးထီပေါက်စဉ်တွေကြည့်ရှု့နိုင်မယ့် Feature လည်းပါဝင်ပါသေးတယ်။
App ဟာ Cloud Based System ဖြစ်တဲ့အတွက် ထည့်သွင်းထားတဲ့ data တွေပျက်စီးပျောက်ရှမှစိုးရိမ်ဖို့မလိုပါဘူး ။ မိမိအသုံးပြုတဲ့ဖုန်း တစ်စုံတစ်ရာပျက်စီးသွားခဲ့ရင်တောင် Data တွေမပျောက်ပျက်နိုင်ပါဘူး။
App ကို စစချင်း Register လုပ်ပြီး Free အနေနဲ့ စတင်အသုံးပြုနိုင်ပါတယ်။
Free Basic မှာတော့ app ရေရှည်ရပ်တည်နိုင်ဖို့ Ads တချို့ပါဝင်ပြီး တစ်လကို ထီလက်မှတ်စောင်ရေ ၂၀၀ ဖြည့်သွင်းရောင်းနိုင်ပါတယ်။
Ads မပါဝင်တဲ့ Premium Version တွေလည်းဈေးနှုန်းသက်သာစွာနဲ့ အဆင်ပြေအောင်သတ်မှတ်ထားတာရှိပါတယ်။
Pricing Plan 4 ခုရှိပြီး အနိမ့်ဆုံး မြန်မာငွေ 1000 (တစ်ထောင်) ကျပ်ကသာစတင်ပါတယ်
အခုလအတွင်း Premium Acc ဝယ်ယူတဲ့သူတွေဟာ(မည်သည့် Plan ဖြစ်စေ) နောက်လ 3 လပိုင်းအတွက်သာ ငွေပေးချေရမှာဖြစ်ပြီးတော့ အခုလက်ရှိတစ်လအတွက် အခမဲ့အသုံးပြုခွင့်ပေးသွားမှာလည်းဖြစ်ပါတယ်။
App အသုံးပြုရာမှာအခက်အခဲရှိခဲ့ရင်လည်း App ထဲက အကူအညီရယူရန်ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ Free Acc ပဲဖြစ်ဖြစ် Premium Acc ပဲဖြစ်ဖြစ် ကူညီဝန်ဆောင်မှု ပေးမှာဖြစ်ပါတယ်။
Account ဖွင့်ရာမှာအခက်အခဲရှိခဲ့ရင်တော့ ကျွန်တော်တို့ Page ရဲ့ Message Box ကိုတိုက်ရိုက်ဆက်သွယ်ပေးပါခင်ဗျာ။
အသေးစိတ်စုံစမ်းရန်/ Premium ဝယ်ယူရန်
ဖုန်းနံပါတ် - 09 770003214, 09 761130828
(သို့မဟုတ်)
အီးမေးလ်လိပ်စာ - [email protected]
တို့ကို ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကဲ ကျွန်တော်တို့ MM Luck EE နဲ့အတူ လစဉ်ထီကံထူးရှင်တွေဖော်ထုတ်ဖို့ အခုပဲ ဆက်သွယ်လိုက်ကြရအောင်ဗျာ။
(နောက်ပိုင်း App မွမ်းမံပြင်ဆင်မှုများနှင့် ထပ်တိုး Feature များ ကိုလည်းအခမဲ့ရရှိမှာဖြစ်ပြီး မည်သည့်အပိုငွေကြေးမှထပ်မံကောက်ခံမည်မဟုတ်ပါ။ ပိုမိုကောင်းမွန်စေမည့်အကြံပြုချက်များကိုလည်းကြိုဆိုပါတယ်)
App Download ရယူရန်
====================
Play Store
https://play.google.com/store/apps/details?id=com.devduo.mmdevduoenterprise
Other
https://bit.ly/2OSwIn5