လက်တော့ပ် goodsecond ရောင်းချခြင်း

လက်တော့ပ် goodsecond ရောင်းချခြင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လက်တော့ပ် goodsecond ရောင်းချခြင်း, Computer shop, klang, Shah Alam.

"ဈေးအများကြီး မသုံးချင်ရင် ဒါလေးယူ..."😘မှန်ဘေးဘောင်အပါး🔻ရုပ်ထွက်လန်း နည်းပညာ လေ့လာမယ်/ ဂိမ်းဆော့မယ်/movie ကြည့် သီချင်းန...
07/12/2024

"ဈေးအများကြီး မသုံးချင်ရင် ဒါလေးယူ..."😘
မှန်ဘေးဘောင်အပါး🔻ရုပ်ထွက်လန်း
နည်းပညာ လေ့လာမယ်/ ဂိမ်းဆော့မယ်/movie ကြည့် သီချင်းနာထောင် မယ်/ Autocard 👍
💛Dell latitude 7480
🌲Intel core i5-6300U CPU 2.40ghz
🌲RAM 8 GB / SSD 256 GB
🌲Intel hd graphics 4GB
🌲Screen Size 14"
🌲Bluetooth Wifi /
keyboard backlight မီးပါ
HDMI / We**am HD Cam
USB3.1 2 Ports
🔥မလေးငွေ...... 800😘
ရပါမယ်ခင်ဗျာ
Window 10 pro computer basics softwares အစုံ
Ori charger
USB mouse
Laptop bag
Myanmar လက်ကွက်စတေကာ
နှင့် အတူ window 10 pro , software အစုံ , မြန်မာစာ ပါပြီး အသင့်သုံး , ori ချာချာ နှင့်အတူ

( motherboard > စက်ပိုင်း အာမခံ ၆ လ ပါပြီး )

စိတ်ဝင်စားသူ laptop user များ အခြားသော တန်ဘိုးသင့် ပစ္စည်းသန့် laptop goodsecond များ မှာယူလိုပါက hp , dell , lenovo model အမျိုးမျိုး စျေး အစားစား ရှိပါတယ်
📲📲📲📲
ဆက်သွယ်ရန်ဖုန်း ကွန်မန့်မှာ တင်ထားပါတယ်
viber /whastapp မှ ဖြစ်စေ ယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်🙏
💟selangor area အတွင်း အိမ်/စက်ရုံအရောက် လူကိုယ်တိုင် ပစ္စည်းရောက် ငွေချေ စနစ်ဖြစ်ပို့ဆောင်းပေးပါတယ်
💟နယ်ဝေးသမားများ အတွက် ငွေကြိုလွှဲ စနစ်ဖြင့် pos laju စာတိုက်မှ အာမခံဖြင့် ၂/၃ရက်အတွင်း အရောက်ပို့ဆောင်ပေးပါတယ် ခင်ဗျာ

မလေးရှားရောက် ရွှေညီအကို/ မောင်နှမများ အားလုံး အန္တာရယ်ကင်း ဘေးကင်းပြီး ကပ်ကြီးသုံးပါးကျော်လွှားနိုင်ပါစေ🙏🏻💻 DELL 💻 ချစ်...
06/09/2022

မလေးရှားရောက် ရွှေညီအကို/ မောင်နှမများ အားလုံး အန္တာရယ်ကင်း ဘေးကင်းပြီး ကပ်ကြီးသုံးပါး
ကျော်လွှားနိုင်ပါစေ🙏🏻
💻 DELL 💻 ချစ်သူများ အကြိုက် model မြင့် တန်ဘိုးသင့် laptop လေး တစ်လုံး နဲ့ မိတ်ဆက် ပေးခြင်ပါတယ် ခင်ဗျာ 💻💻

{ အင်တာနက် DATA ဖောဖောသီသီ အသုံးပြုလို့ ရနေတဲ့ နိုင်ငံမှာ စီးပွားရှာရင်း IT နည်းပညာများ ကို ခေတ်နဲ့အညီ လေ့လာနိုင်ကြစေဘို့ စေတနာ အရင်းခံပါတယ် } 💻💻😘😘

🔥🔥မလေးငွေ.....980💰💰

💜Dell Latitude E7440
💜intel core i5 - 4310 U 4th,gen
💜 processor >>1.90 ghz
💜 RAM >> 8 DDR 3
💜 HDD >> SSD 128 GB
💜 Intel HD graphics 2 GB
💜 size 14"
💜💜 battery >> 2.5 hour
💜💜 wifi , HD we**am , hdmi ,vga , bluetooth , usb 3.0 and 2.0 - 4 port , card reader
💜💜 window 10 pro , software အစုံ , မြန်မာစာ ပါပြီး အသင့်သုံး 👍👍 USB မောက် , ori ချာချာ , အိတ် , မြန်မာလက်ကွက် စတေကာ နှင့် အတူ
💜💜 ( motherboard > စက်ပိုင်း အာမခံ ၆ လ ပါပြီး )
💜💜 စိတ်ဝင်စားသူ laptop user များ အခြားသော တန်ဘိုးနဲ ပစ္စည်းသန့် laptop goodsecond များ မှာယူလိုပါက hp , dell , lenovo model အမျိုးမျိုး စျေး အစားစား ရှိပါတယ် 👍👍
FB chatbox မှ ဖြစ်စေ 📞📞📞 0163065516 whatsapp , viber မှ ဖြစ်စေ ယုံကြည်စွာ မှာယူနိုင်ပါတယ် ခင်ဗျား 🔊🔊

မင်္ဂလာပါ အမျိုးတို့ရေအလုပ်အကိုင် စီးပွား​ရေး များ အဆင်ပြေကြပြီး အန္တရာယ်ကင်းစွာ ဖြင့်  အစစအရာရာအဆင်ပြေ​ကြပါစေ🙏🙏 IT ပညာက...
27/08/2022

မင်္ဂလာပါ အမျိုးတို့ရေအလုပ်အကိုင် စီးပွား​ရေး များ အဆင်ပြေကြပြီး အန္တရာယ်ကင်းစွာ ဖြင့် အစစအရာရာအဆင်ပြေ​ကြပါစေ🙏🙏
IT ပညာကို အခုမှ စတင်၍ လေ့လာလိုသော သူများနှင့် Game ဆော့ချင်သူများ IT ပညာဖြင့် လုပ်ငန်း လုပ်ကိုင်နေသူများအတွက်ပါ တန်ဘိုးသင့် ပစ္စည်းကောင်းလေး ဖြစ်ပါတယ် 👍👍
စျေနူန်း....... မလေးငွေ ၉၈၀ 💰
❤Acer travelmate p245
❤ Intel(R) core (TM) i5-4210U
❤ processor >> 2.40GHZ
❤ ram >> 8 GB DDR3L
❤ hdd >>ssd128GB
❤ intel HD graphics 2 GB
❤ battery 2. hour over
❤ { seze 14" + wifi + we**am + HDMI + vga +usb + lan + bluethooth+window 10pro + software အစုံ မြန်မာစာပါပြီး အသင့်သုံး } 👍👍
❤ { အော်ရီချာချာ + usb မောက်စ်+ အိတ် + မြန်မာလက်ကွက်စတေကာ ပါပြီး } 👍👍👍
❤❤>> စက်ပိုင်း motherboard အာမခံ ၆လ <
💞 စိတ်ဝင်စားပါက 0163065516
Viber , whatsapp ,မှ ၎င်း fb chatbox မှလည်း အမှန်တကယ် ဝယ်ယူမည့် မိတ်ဆွေတို့ကို ကြိုဆိုပါတယ် ခင်ဗျား 😘😘😘😘
❤ { အခြားစျေးနှုန်း များ ၉၀၀ တန် , model အလိုက် မိမိ နှစ်သက်ရာ laptop များကိုလဲ chat box or viber မှ မေးမြန်း ဝယ်ယူအားပေးနိုင်ပါကြောင်း 😘😘😘😘 }
📦📦နယ်ဝေးမှ ဝယ်ယူခြင်သူများကို စာတိုက်မှတဆင့်ပိုဆောင်ပေးပါတယ်..ငွေကိုတော့ onlineထုံစံအရ ကြိုလွဲပေးရပါတယ် ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါတယ်😘😘

HDD နဲ့ SSD ဘယ်လို ကွာခြားလဲ?HDD ဆိုတာ  Hard Disk ဖြစ်ပြီးတော့  SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။နှစ်ခုစလုံးက Stor...
10/08/2022

HDD နဲ့ SSD ဘယ်လို ကွာခြားလဲ?

HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။

HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။

HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။

ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။

SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။

2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Motherboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။

SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Write လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။

SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။

SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။

စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။

အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။

အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။

SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။

SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။

SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)

M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။

M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။

(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)

M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။

⏺ဒေတာ ထိန်းသိမ်းနိုင်မှု

HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။

SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။

အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။

⏺သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?

ဒါဆို အဖြေက ရှင်းပါတယ်။

ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။

ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။

Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။

Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။

မူရင်းရေးသားသူများကို လေးစားလျှက် Credit ပေးပါသည်။

&HDD
#ကွန်ပျူတာအခြေခံ

မလေးရှားရောက် ရွှေညီအကို/ မောင်နှမများ အားလုံး အန္တာရယ်ကင်း ဘေးကင်းပြီး ကပ်ကြီးသုံးပါးကျော်လွှားနိုင်ပါစေ🙏🏻💻 DELL 💻 ချစ်...
04/08/2022

မလေးရှားရောက် ရွှေညီအကို/ မောင်နှမများ အားလုံး အန္တာရယ်ကင်း ဘေးကင်းပြီး ကပ်ကြီးသုံးပါး
ကျော်လွှားနိုင်ပါစေ🙏🏻
💻 DELL 💻 ချစ်သူများ အကြိုက် model မြင့် တန်ဘိုးသင့် laptop လေး တစ်လုံး နဲ့ မိတ်ဆက် ပေးခြင်ပါတယ် ခင်ဗျာ 💻💻

{ အင်တာနက် DATA ဖောဖောသီသီ အသုံးပြုလို့ ရနေတဲ့ နိုင်ငံမှာ စီးပွားရှာရင်း IT နည်းပညာများ ကို ခေတ်နဲ့အညီ လေ့လာနိုင်ကြစေဘို့ စေတနာ အရင်းခံပါတယ် } 💻💻😘😘

🔥🔥မလေးငွေ.....980💰💰

💜Dell Latitude E7440
💜intel core i5 - 4310 U 4th,gen
💜 processor >>2.60 ghz
💜 RAM >> 8 DDR 3
💜 HDD >> SSD 128 GB(or)500gb
💜 Intel HD graphics 2 GB
💜 size 14"
💜💜 battery >> 2.5 hour
💜💜 wifi , HD we**am , hdmi ,vga , bluetooth , usb 3.0 and 2.0 - 4 port , card reader
💜💜 window 10 pro , software အစုံ , မြန်မာစာ ပါပြီး အသင့်သုံး 👍👍 USB မောက် , ori ချာချာ , အိတ် , မြန်မာလက်ကွက် စတေကာ နှင့် အတူ
💜💜 ( motherboard > စက်ပိုင်း အာမခံ ၆ လ ပါပြီး )
💜💜 စိတ်ဝင်စားသူ laptop user များ အခြားသော တန်ဘိုးနဲ ပစ္စည်းသန့် laptop goodsecond များ မှာယူလိုပါက hp , dell , lenovo model အမျိုးမျိုး စျေး အစားစား ရှိပါတယ် 👍👍
FB chatbox မှ ဖြစ်စေ 📞📞📞 0163065516 whatsapp , viber မှ ဖြစ်စေ ယုံကြည်စွာ မှာယူနိုင်ပါတယ် ခင်ဗျား 🔊🔊

WINDOW 10 တွင် အသုံးပြုနိုင်သော SHORTCUT KEYS များ
22/07/2022

WINDOW 10 တွင် အသုံးပြုနိုင်သော SHORTCUT KEYS များ

Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိ...
14/07/2022

Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..

F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..

F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...

F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..

F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...

F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...

F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..

F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..

F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...

F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..

F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..

F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...

အထက်မှာဖေါ်ပြခဲ့တာကတော့ Function Key တွေကို အသုံးပြုနိုင်တဲ့ Feature တွေဖြစ်ပါတယ်.. Program အလိုက် ပြောင်းလဲနိုင်ပါတယ်...

မလေးရှားရောက် ရွှေညီအကို/ မောင်နှမများ အားလုံး အလုပ်အကိုင်,  ကျမ္မာရေး,  လူမှုရေး အစစ အဆင်ပြေ ချောမွေ့ နိုင်ကြပါစေ ဆုမွန...
11/07/2022

မလေးရှားရောက် ရွှေညီအကို/ မောင်နှမများ အားလုံး အလုပ်အကိုင်, ကျမ္မာရေး, လူမှုရေး အစစ အဆင်ပြေ ချောမွေ့ နိုင်ကြပါစေ ဆုမွန်ချွေရင်း 😘😘

💻 HP💻 ချစ်သူများ အကြိုက် Slimအပါးလေးတန်ဘိုးသင့် laptop Ram8GB/SSD180 GB ဆိုတော့
ဘာသွက်သလဲ မပြောနဲ့

👍👍👍 💻💻အကုန်းသုံးလို့အဆင်ပြေမဲ့

{ အင်တာနက် DATA ဖောဖောသီသီ အသုံးပြုလို့ ရတဲ့ နိုင်ငံမှာ စီးပွားရှာရင်း IT နည်းပညာများ ကို ခေတ်နဲ့အညီ လေ့လာနိုင်ကြစေဘို့ စေတနာ အရင်းခံပါတယ် } 💻💻😘😘

စျေနူန်း💰........မလေးငွေ ၁၀၅၀

💜💜 Hp Folio 9480M
💜💜 intel core i5 - 4310 U
💜💜 processor >>2.60 ghz
💜💜 RAM >> 8GBDDR 3L 👍
💜💜 HDD >> SSD 180GB အပို MSATA 32 GB
💜💜 Intel HD graphics 2 GB
💜💜 size 14"
💜💜 battery >> 2.5 hour
💜💜 wifi , HD we**am ,vga , bluetooth , usb 3.0 and 2.0 - 4 port , card reader

💜💜 window 10 pro , software အစုံ , မြန်မာစာ ပါပြီး အသင့်သုံး 👍👍 USB မောက် , ori ချာချာ , အိတ် , မြန်မာလက်ကွက် စတေကာ နှင့် အတူ
💜💜 ( motherboard > စက်ပိုင်း အာမခံ ၆ လ ပါပြီး )

💜💜 စိတ်ဝင်စားသူ laptop user များ အခြားသော တန်ဘိုးနဲ ပစ္စည်းသန့် laptop goodsecond များ မှာယူလိုပါက hp , dell , lenovo , ၈၀၀ တန်မှ စ၍ model အမျိုးမျိုး စျေး အစားစား ရှိပါတယ် 👍👍

📲📱📲📱📱📲📱📱📱📱

FB chatbox မှ ဖြစ်စေ 📞📞📞 0163065516 whatsapp , viber မှ ဖြစ်စေ ယုံကြည်စွာ မှာယူနိုင်ပါတယ် ခင်ဗျား 🔊🔊

PS .. ⏩⏩ အမှန်တကယ် စိတ်ဝင်စား ဝယ်ယူခြင်သူများ အတွက်သာ
⏩⏩⏩ ( laptop များ အလဲအထပ် မလုပ်ပါ ခဗျာ ⏩⏩ အာမခံဖြင့် အရောင်း သီးသန့်ပါ )
ရပ်ဝေး/ နီးမှ ယုံကြည်စွာ မှာယူအားပေးခဲ့ကြပါသော မိတ်ဟောင်း မိတ်သစ်များ အားလုံးကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ် 😘😘😘

Laptop တွေကို သက်တမ်းကြာရှည်အောင် ဘယ်လိုအသုံးပြုရမလဲ❓ဒီနေ့လိုခေတ်ကြီးထဲမှာ လူတိုင်းမှာ ကိုယ်ပိုင် Laptop တစ်လုံးစီတော့ ရ...
02/07/2022

Laptop တွေကို သက်တမ်းကြာရှည်အောင် ဘယ်လိုအသုံးပြုရမလဲ❓
ဒီနေ့လိုခေတ်ကြီးထဲမှာ လူတိုင်းမှာ ကိုယ်ပိုင် Laptop တစ်လုံးစီတော့ ရှိကိုရှိသင့်ပါတယ်…အများစုမှာလည်း ရှိကြမှာပါ… Laptop ဆိုတာ ရေရှည်သုံးရတဲ့ပစ္စည်းဖြစ်တာကြောင့် သက်တမ်းကို ပိုပြီးကြာကြာခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်…
1️⃣ ဘတ်ထရီကို အနားပေးပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘတ်ထရီက တစ်ဖြည်းဖြည်းနဲ့ သက်တမ်းကုန်သွားမှာပဲဆိုပေမဲ့ ပိုပြီးကြာကြာခံအောင် လုပ်လို့ရတာလေးတွေရှိပါတယ်။
အားသွင်းတဲ့ပလပ်ကို အမြဲထိုးထားတာဟာ ဘတ်ထရီကို မြန်မြန်ပိုပျက်စေပါတယ်။ အကောင်းဆုံးကတော့ ၈၀% လောက်ထိပဲအားသွင်းထားပြီး ၄၀% လောက်ရောက်တဲ့ထိ သုံးတာပါပဲ။ အဲလိုဆို ဘတ်ထရီရဲ့သက်တမ်းကို ၄ဆ ပိုခံစေပါတယ်။
2️⃣ စက်ကိုပိတ်ပါ
°°°°°°°°°°°°°°°°°
Laptop ကို Sleep mode နဲ့ထားတာက သင့်အတွက် အဆင်ပြေသက်သာတယ်ဆိုပေမဲ့ ရေရှည်သုံးဖို့ အတွက် ဆိုရင်တော့ မကောင်းပါဘူး။ Sleep mode လုပ်ထားရင်လည်း စက်က power လိုအပ်နေသေးတာဖြစ်တဲ့အတွက် အပေါ်မှာပြောခဲ့သလိုပဲ ပလပ်ထိုးထားရတာက ဘတ်ထရီကို ထိခိုက်စေမှာပါ။ Hibernate လုပ်တာက ပို သင့်တော်ပါတယ်။ ဒါပေမဲ့လည်း စက်ကို shut down ချပေးဖို့ကတော့ အရေးကြီးပါတယ်။
3️⃣ သိပ်မပူအောင်ထားပါ
°°°°°°°°°°°°°°°°°°°°°°°°
ဒီအချက်က ဘတ်ထရီအတွက်ရော Laptop ရဲ့တစ်ခြားအစိတ်အပိုင်းတွေ အတွက်ရော အရေးကြီးပါတယ် ။ Laptop အောက်က လေပန်ကာပေါက်တွေ ပိတ်မနေပဲ လေဝင်လေထွက်ကောင်းအောင်ထားပေးရပါမယ်။
4️⃣ Antivirus program တွေကို update လုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါကတော့ ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ မလိုလားအပ်တဲ့ ဗိုင်းရပ်စ်တွေကြောင့် Laptop ကို ထိခိုက်မှုဖြစ်ချင်းတွေကနေ ကာကွယ်ပေးမှာပါ။
5️⃣ Laptop ကို သန့်ရှင်းရေးလုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟုတ်ပါတယ် ... သန့်ရှင်းရေးလုပ်ရမှာပါ။ အလွယ်ကူဆုံးအလုပ်ဆိုပေမဲ့ တော်တော်များများက ဒါကိုမလုပ်ကြပါဘူး။ သန့်ရှင်းရေးမလုပ်ခင် Laptop ကို ပိတ်ပြီး ပလပ်ဖြုတ်ထားရပါမယ်။ Laptop ရဲ့ screenက အထိခိုက်အလွယ်ဆုံး ဖြစ်တာကြောင့် spray သုံးပြီးသန့်ရှင်းရေးလုပ်တဲ့အခါ screen ပေါ် တိုက်ရိုက်ဖြန်းတာမျိုးမလုပ်ပဲ အဝတ်စမှာ အရင်ဖြန်းပြီးမှ screen ကို သုတ်သင့်ပါတယ်။ ကီးဘုတ်ခလုတ်တွေကြားထဲကိုလည်း သွားပွတ်တံသုံးပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ် ခလုတ်တွေကြားထဲနဲ့ တစ်ခြားအစိတ်အပိုင်းတွေထဲကို အစိုဓာတ်မဝင်သွားဖို့ အရေးကြီးပါတယ်။
ကဲ…ဒီလိုနည်းလမ်းလေးတွေအတိုင်း ထိန်းသိမ်းမယ်ဆိုရင်တော့ သင့်ရဲ့ Laptop လေးကို သက်တမ်းကြာကြာ ပိုသုံးနိုင်မှာပါနော်…
သူငယ်ချင်းတွေလည်းသိရအောင် Like & Share လေးလည်း လုပ်ပေးပါဦးနော်…
....

28/06/2022

လူတစ်ယောက်ကို အဓိကကျရူံးစေသည်မှာ

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )
၂။ အချိန်ဆွဲခြင်း ( ၉%)
၃။ ကောက်ရိုးမီး အကျင့် ( ၈%)
၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)
၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )
၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)
ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )
၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပန်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့သုတေသန

......

ပြည်ထောင်စုဖောင့် လမ်းညွှန်
27/06/2022

ပြည်ထောင်စုဖောင့် လမ်းညွှန်

Address

Klang
Shah Alam
40200

Telephone

60163065516

Website

Alerts

Be the first to know and let us send you an email when လက်တော့ပ် goodsecond ရောင်းချခြင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category