09/04/2026
Pixel ဖုန်းတွေနဲ့ ပတ်သတ်ပြီး အမေးအများဆုံး မေးခွန်းလေးတွေ ရဲ့အဖြေကို update ထက်ဖြည့်ပေးထားပါတယ် သိချင်တာရှိရင် ထက်မေးလို့ရပါတယ်
1. Pixel ဖုန်းတွေက လုံးဝ Dual sim မလာပါဘူး Dual သုံးချင်ရင် physical 1 sim + e sim တွဲသုံးရမှာပါ
2. Original Call recording မပါပါဘူး 3rd party ထည့်သုံးရပါမယ်
3. Clone app တို့ Dual app တို့ original မပါပါဘူး 3rd party ထည့်သုံးမှရပါမယ်
4. Unlimited cloud storage က Pixel 5 နဲ့ သူ့အရှေ့က model တွေပဲရပါတယ်
5. Sim card စထည့်ရင် APN setting ပြန်ထည့်ပေးရပါတယ် ဒါမှ Internet လိုင်းတက်မှာပါ
ထည့်စရာမလိုပဲ တန်းရတာမျိုးလဲရှိပါတယ်
6. ဖုန်းလိုင်းတိုင်ဘေးက ( ! ) ဒါလေးက ဖုန်း internet မဖွင့်ထားဘူးဆိုတာကို ပြတာပါ ဖုန်း internet ဖွင့်ရင် ပျောက်သွားပါလိမ့်မယ်
7. ခုချိန်မှာ Pixel 6 series က အသစ်တွေ လုံးဝ မရတော့ပါဘူး. Pixel 7/7 pro ကစပြီး အသစ်ရနိုင်ပါသေးတယ်
8.Pixel ဖုန်းတွေမှာ Type c to c or Pd charger သုံးမှ fast charging ဝင်ပါတယ်
Power bank လဲ type-c input output ရမှ အဆင်ပြေပါမယ်
9.Pixel မှာ Region ကွာတာ ဘာကွာလဲဆိုရင် ဘာမှ မကွာပါဘူး
Japan region ဆိုရင်တော့ camera shutter အသံပိတ်လို့မရပါဘူး ဒါပဲကွာပါမယ်
China နဲ့ Global ဆိုပြီး မရှိပါဘူး တကမ္ဘာလုံးကို global အနေနဲ့ version 1 မျိုးပဲရောင်းတာပါ
10. Pixel UI က တခြား android နဲ့ဘာကွာလဲ ?
Android ရဲ့မူရင်းက google pixel ကနေလာတာ ပါ
Android ကို Google ကပိုင်တာမလို့ပါ
အဲ့တော့ Android အားလုံးထဲမှာသုံးရတာ အရိုးရှင်းဆုံးနဲ့ smooth အဖြစ်ဆုံးပါ
Android update လဲ Pixel ကအစောဆုံးရပါတယ်
11. Pixel 10/ 9/ 8 series က 7 years software update ရပါမယ်
Pixel 6 series ကနေ pixel fold ထိက 5 years update ရပါမယ်
Pixel 5 နဲ့အောက်ပိုင်းတွေက 3 years ရပါမယ်
စထွက်တဲ့ ခုနှစ်ကနေတွက်တာပါ
12. Pixel တွေမှာ အားသွင်းပေါက်ဘေးက အပေါက် ၂ ခုက ၁ ခုက speaker ၁ ခုက mic ပါ
Dual speaker က အပေါ် ၁ ခု အောက် ၁ ခု အလုပ်လုပ်တာပါ
13. Pixel 7 series ကနေစပြီး google က 64bit app ၁ မျိုးထဲကိုပဲပေးသွင်းပါတော့တယ်
အဲ့တော့ web က down တဲ့ app တွေက 32bit ဖြစ်နေရင် ပေးသွင်းမှာမဟုတ်ပါဘူး
14.Pixel မှာ wired earphone သုံးမယ်ဆို Type-c ဖြစ်ဖို့လို့ပါတယ် 3.5mm ပဲသုံးမယ်ဆို adapter ခံသုံးရပါမယ်
Pixel က earphone ရွေးတာမလို့ သူရဲ့ original type-c earphone သုံးရင်တော့အကောင်းဆုံးပါပဲ တခြား brand သုံးမယ်ဆို မဝယ်ခင် အရင်စမ်းကြည့်ပြီးမှ ဝယ်ဖို့ အကြံပေးပါတယ်
15. Pixel တွေ Game ဆော့လို့ရလား ?
Pixel 6 ကနေ 10 series ထိ AI အဓိက support ပေးတဲ့ tensor chip ကိုသုံးပေးထားတာမလို့ gaming ပိုင်းတော့ အရမ်း strong မဖြစ်ပါဘူး
ဆော့လို့ရလားဆိုရင် ရပါတယ် heat ပိုတက်နိုင်တဲ့အတွက်ကြောင့် fan တပ်ပြီးဆော့ ဖို့တော့ recommend ပေးပါတယ်
16. Series တွေကဘာကွာလဲ
Pixel မှာက အဓိကတော့ No series / A series နဲ့ Fold series 3 မျိုးပဲရှိပါတယ် Tablet လဲရှိပေမဲ့ model ၁ မျိုးပဲထုတ်ထားပါသေးတယ်
No series မှာ Pro version တွေက အမြင့်ဆုံး flagship series တွေပါ Pro မပါတဲ့ကောင်တွေကတော့ နဲနဲ weight လျော့ထားတဲ့ lite version လို့ပြောရမှာပေါ့
(Pixel 6 to 10 series )
A series တွေကတော့ mid range လို့သတ်မှတ်လို့ရပါတယ်
Mid range ဆိုပေမဲ့ chipset ကတော့အတူတူပဲ သုံးပေးထားတာပါ နောက်ပြီး camera quality လဲ flagship lvl ရှိပါတယ်
Size အသေးပဲလာတက်တာမလို့ compact ကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်မှာပါ
Fold series ကတော့ ရှင်းပါတယ် ခေါက်လို့ရတဲ့ flagship series ပါ ဈေး လဲအများဆုံးပါပဲ