Phyu-မိပိုန်သုခါ

Phyu-မိပိုန်သုခါ SE Student 🇲🇾
Sharing my study journey & daily life. Founder of MaNgey🌿

28/02/2026

she wants to study abroad and living her best life💖

22/02/2026

Hi students,🌸
enjoy your travel time before new semester starts - even with a small budget.✈️

ိပိုန်သုခါ

17/02/2026

Me - as a SE student ✨


ိပိုန်သုခါ

သင်ယူလေ့လာရင်း ပြန်လည်မျှဝေရင်း
15/06/2022

သင်ယူလေ့လာရင်း ပြန်လည်မျှဝေရင်း

13/06/2022

နဲကဲပဠေဝ် Laptop & Desktop Computer ကဆံင်သၠုင်

အဆင့်မြင့် Laptop & Desktop Computer ပြုပြင်ရေး

Laptop ကို ဂရုတစိုက်ထိန်းသိမ်းခြင်း နည်းလမ်းများ====================ယနေ့ခေတ် မြန်မာနိုင်ငံမှာ Computer များကို ကျောင်းသု...
12/06/2022

Laptop ကို ဂရုတစိုက်ထိန်းသိမ်းခြင်း နည်းလမ်းများ
====================

ယနေ့ခေတ် မြန်မာနိုင်ငံမှာ Computer များကို ကျောင်းသုံး/ရုံးသုံးကနေ အိမ်သုံးအဖြစ် အသုံးပြုလာကြသည်ကိုတွေ့ရှိလာပါတယ်။

ကုမ္ပဏီတွေ စာသင်ခန်းတွေ သင်တန်းတွေကနေ WFH လို့ ခေါ်တဲ့ အိမ်ကနေအလုပ်လုပ်ခြင်း၊ Online Learning အင်တာနက်ကတစ်ဆင့် သင်ယူခြင်း လုပ်ငန်းစဉ်တွေမှာ Laptop တွေဟာ TV တွေလို အိမ်ရဲ့ ဧည့်ခန်းမှာ လှလှပပ နေရာယူလာကြပါတယ်။

အဲဒါကြောင့် Laptop တွေမပျက်စီး‌စေဖို့ ဂရုတစိုက် ထိန်းသိမ်းရန်အတွက် လိုက်နာရမှာတွေရှိလာပါတယ်။ အထူးသဖြင့် အခုလို မိုးရာသီ လိုအချိန်မျိုးမှာ အထူးသတိထားရမှာ ဖြစ်ပါတယ်။
အောက်ပါထိန်းသိမ်းနည်းတွေက Laptop ကို ကြာရှည်ခံစေပြီး ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

-
(၁) Laptop တွေကို ခြောက်သွေ့သန့်ရှင်းပြီး ဖုန်ကင်းတဲ့ မာကြောတဲ့ မျက်နှာပြင်သို့မဟုတ် စားပွဲမှာထားရှိအသုံးပြုရပါမယ်။ အဲဒါမှ Laptop ထဲကို ဖုန်မှုန့်ဝင်ခြင်း ရေငွေ့ဝင်ခြင်းမှ ကာကွယ်ပြီး အသုံးပြုတဲ့အခါ အပူထုတ်လွှတ်မှု ကောင်းစွာ ရရှိမှာဖြစ်ပါတယ်။
-
(၂) Laptop ရဲ့ Keyboard တွေပေါ် သို့မဟုတ် Keyboard ဝန်းကျင်မှာ ပစ္စည်းတွေကို ရှင်းလင်းစွာထားပါ။ Keyboard ပေါ် သို့မဟုတ် Touchpad ပေါ်မှာ ဖုန်းများ နားကြပ်များ စာအုပ်များကိုအဆင်ပြေသလိုအမှတ်တမဲ့ တင်မိခြင်းဟာ Keyboard နဲ့ Touchpad ရဲ့ လျှပ်စစ်ကူးမှုကို ပြဿနာဖြစ်စေပြီး Keyboard များ Touchpad များကြောင်ခြင်းနဲ့ သုံးမရဖြစ်စေပါတယ်။
-
(၃) Laptop Display ဖုံးပိတ်တဲ့အခါ သေချာကိုင်ပြီးငြင်သာစွာပိတ်ပါ။
အဖုံးပိတ်တဲ့အခါ လက်တစ်ဖက်တည်းနဲ့ LCD ဖက်မှ ကြမ်းတမ်းစွာကိုယ်တွယ်ပိတ်မိရင် LCD ဖက်မှ ဆားကစ်များ LCD မျက်နှာပြင်နဲ့ ရုပ်ပိုင်းဆိုင်ရာလျှပ်ကူးပစ္စည်းများ ပျက်စီးတတ်တဲ့အတွက် လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ပြီး ငြင်သာစွာအဖုံးပိတ်ရပါမယ်။
LCD မှာ အလင်းစက်လေးတွေပေါ်ခြင်းဟာ ပြင်းထန်စွာအဖုံးပိတ်ခြင်းရဲ့ရလာဒ်တွေဖြစ်သလို Keyboard နဲ့ LCD ကြားမှာ အရာဝတ္ထုတစ်ခု အမှတ်တမဲ့တင်ထားမိချိန် အဖုံးပိတ်မိခြင်း‌တွေကြောင့်ပါ။
-
(၄) ပူလွန်းအေးလွန်း စိုစွတ်လွန်းသော အခြေအနေတွေမှာ Laptop ကို ဖွင့်သုံးခြင်း၊ ထားသိုခြင်းမှရှောင်ကျဉ်ပါ။
Laptop တစ်လုံးကို ပူပြင်းတဲ့နေရောင်‌အောက်မှာ ထားမိခြင်း၊ ဥပမာ နေပူလွန်းသော ကားထဲတွင်ထားခြင်း၊ နှင်းကျသောဒေသများတွင် ထားခြင်းတို့အားရှောင်ကျဉ်ရပါမယ်။ Laptop အိတ်တွေဟာ အပူချိန်အနည်းအများနဲ့ စိုစွတ်မှုကို သင့်တော်သော ကန့်သတ်ချက်အတွင်းသာ တောင့်ခံနိုင်တဲ့အတွက်ပါ။
-
(၅) Laptop များကို သံလိုက်စက်ကွင်းရှိသော ဆောင်းဘောက် Speaker ကြီးများ လေးလံသော ပစ္စည်းများနဲ့ နီးကပ်စွာထားတဲ့အခါ Laptop ထိခိုက်ပျက်စီးခြင်းဖြစ်နိုင်တဲ့အတွက် ၎င်းတို့နဲ့အဝေးမှာထားပါ။
-
(၆) မိမိအသုံးပြုတဲ့ သွားပွတ်တံ အနု (အဟောင်း)များကို Laptop ရဲ့ အောက်ခြေက လေထွက်ပေါက် ဇကာကွက် များ နဲ့ Keyboard ခလုတ် ကြားထဲကလမ်း‌ကြောင်း များကို နူးညံ့စွာ ပွတ်တိုက်သန့်ရှင်းခြင်းဖြင့် ဖုန်မှုန့်များနဲ့ ညစ်ပတ်မှုများကို ရှင်းလင်းစေပါတယ်။
-
(၇) Laptop အသုံးပြုစဉ်အတွင်း ရေသောက်ခြင်း၊ ရေခွက်များထားခြင်း စိုစွတ်သောအစားအသောက်များစားသောက်ခြင်းများကို အထူးသတိထားရှောင်ကျဉ်ပါ။ ခွက်မှောက်ခြင်း အစာပျော့များဖိတ်စင်ခြင်းဟာ Laptop ကို ဆိုးရွားစွာပျက်စီးစေပါတယ်။
-
(၈) Laptop ကို အကြမ်းပတမ်းဆော့ကစားတတ်တဲ့ ကလေးများနဲ့ အဝေးမှာထားရှိအသုံးပြုခြင်းဖြင့် မတော်တဆထိခိုက်ပျက်စီးမှုများမှကာကွယ်နိုင်ပါတယ်။
-
(၉) Laptop တစ်လုံးကို ပိတ်ပြီး ရက်ပေါင်းများစွာကြာမှ ပြန်ဖွင့်တဲ့အခါ-
ပထမ-သန့်ရှင်းပါ။
ဒုတိယ-ညီညာပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါ။
တတိယ- Laptop ကို အဖုံးဖွင့်ပြီး အားသွင်းတုံး Adapter ဖြင့် တစ်နာရီခန့်အားသွင်းထားပါ။
စတုတ္ထ- အားလုံးစိတ်ချမှ ပါဝါခလုတ်ဖွင့်ပါ။
Laptop ကို ရက်ပေါင်းများစွာသိမ်းဆည်းရာမှ ရုတ်တရက် ပါဝါခလုတ်ဖွင့်လိုက်ခြင်းဟာ ရေငွေ့နဲ့ တခြားသောအကြောင်းအရာများကြောင့် Laptop ရဲ့ ဘက်ထရီ၊ ပါဝါစနစ်နဲ့ တခြားအစိတ်အပိုင်းတွေကို ဆိုးရွားစွာထိခိုက်စေပါတယ်။
-
(၁၀) Laptop တစ်လုံး
မတော်တဆ ပြုတ်ကျ၊ လွတ်ကျတဲ့အခါ-
ပထမ အပြင်ဘော်ဒီပိုင်းဆိုင်ရာနဲ့ LCD မျက်နှာပြင် ထိခိုက်ပျက်စီးမှုကို စစ်ဆေးပါ။
ဒုတိယ ပါဝါခလုတ်ဖွင့်ရမရ စစ်ဆေးပါ။ ဖွင့်မရတဲ့အခါ အတွင်းပိုင်းထိခိုက်ပျက်စီးမှုရှိနေပါပြီ။
တတိယ ပါဝါဖွင့်လို့ရရင် LCD မှာ အစင်းများ အကွက်များ အရောင်ပြောင်းခြင်းရှိမရှိစစ်ဆေးပါ။
စတုတ္ထ ပါဝါပွင့်ပြီး Windows တက်လာတဲ့အခါ ရေရှည်ပျက်စီးမှုကို သတိထားရန်အတွက် ကွန်ပျူတာထဲက Data တွေကို Windows တက်တုန်း အမြန်ကူးယူထားပါ။
-
(၁၁) Laptop တစ်လုံးပေါ် ရေကျမိတဲ့အခါ။
(ပထမ) ချက်ချင်းပလပ်ဖြုတ်ပါ။ ဘက်ထရီ ဖြုတ်ရလွယ်ရင် ဘက်ထရီချက်ချင်းဖြုတ်ပါ။
ဖြုတ်မလွယ်ရင်ထားပါ။
ပါဝါခလုတ်ကို ၅ စက္ကန့်လောက်ဖိပိတ်ပါ။
(ဒုတိယ) Laptop ကို ပုံမှန်အခြေအနေမှာ ပြောင်းပြန်(LCD/Keyboard ဇောက်ထိုး) မှောက်ထားပြီး Laptop အတွင်းထဲသို့ ရေမစီးအောင်ကာကွယ်ပါ။
(တတိယ) ရေများရှိလျင် မှောက်ရက် အနေအထားအတိုင်း လက်ကိုင်ပုဝါ သို့မဟုတ် ရေစုပ်သော စွပ်ကျယ်စဖြင့် Keyboard နှင့် LCD ကို ဖွဖွ ဖိသုတ်ပါ။ ခပ်ကြမ်းကြမ်းသုတ်လျှင် Keyboard မှ Key များကျွတ်ထွက်တတ်ပါတယ်။
(စတုတ္ထ) ရေများများဖိတ်မိလျှင် Laptop ရဲ့လေပေါက်ဖက်သို့ တစောင်းထားပြီး ဖြည်းဖြည်းချင်းလှုပ်ခါပါ။ အဆင်မပြေလျှင် ထိုသို့ မှောက်ရက်အတိုင်း ဂရုတစိုက်ကိုင်ပြီး Service သို့ပို့ပါ။
(ပဉ္စမ) မိမိဘာသာသန့်ရှင်း၍ ရေများမရှိတော့ဟု ယူဆ၍ရလျှင် သို့မဟုတ် စိတ်ချရသောအခြေအနေမှာရှိသည်ဟု ယူဆလျှင် Laptop ကို ပူနွေးခြောက်သွေ့သောနေရာတွင် လုံးဝရွှေ့လျားမှုမရှိပဲ အနည်းဆုံး ၂ ရက် ၃ ရက်လောက် ထားပါ။
(ဆဌမ) ထိုသို့ ပြုလုပ်ပြီးမှ Power မပွင့် System အလုပ်မလုပ်လျှင် Service သို့ပို့ပါ။

-
အဲဒီနည်းလမ်းတွေဟာ နိုင်ငံတကာမှ သတ်မှတ်ထားတဲ့ Laptop ဂရုစိုက် ထိန်းသိမ်းခြင်းနည်းလမ်းတွေဖြစ်ပါ
တယ်။

11/06/2022

USB ( Universal Serial Bus )

USB Port အလုပ်လုပ်ပုံများကို ဗဟုသုတ အနေဖြင့် Share ‌‌‌‌ပေးလိုက်ပါပြီး။

Window Software နဲ့ပတ်သက်တဲ့အကြောင်းအရာများကို Sharingလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။စိတ်ဝင်တစားနဲ့စောင့်မျှော်ပေးကြပါအုံး။...
10/06/2022

Window Software နဲ့ပတ်သက်တဲ့
အကြောင်းအရာများကို Sharingလုပ်သွား
ဖို့အစီအစဉ်ရှိပါတယ်။

စိတ်ဝင်တစားနဲ့စောင့်မျှော်ပေးကြပါအုံး။📝........

Laptop ပေါ်ကို ရေမတော်တဆဖိတ်ကျခဲ့ရင် ဘာပြုလုပ်သင့်သလဲ?Laptop ပေါ်ကို ရေမတော်တဆဖိတ်ကျခဲ့ရင် ဘာပြုလုပ်သင့်သလဲ?အခုအချိန်မှာ...
09/06/2022

Laptop ပေါ်ကို ရေမတော်တဆဖိတ်ကျခဲ့ရင် ဘာပြုလုပ်သင့်သလဲ?

Laptop ပေါ်ကို ရေမတော်တဆဖိတ်ကျခဲ့ရင် ဘာပြုလုပ်သင့်သလဲ?
အခုအချိန်မှာ Laptop အသုံးပြုမှုဟာ အခြေအနေတစ်ခုအထိမြှင့်မားလာပြီး နေရာတကာသယ်ဆောင်ရလွယ်ကူတာ၊ ရုံးခန်းတွေမှာလည်း ရွေ့ပြောင်းရပိုလွယ်ကူတဲ့အတွက် Laptop ကိုပိုပြီး ဦးစားပေးအသုံးပြုလာကြပါတယ်။ ဒါပေမယ့် Laptop အများစုဟာ ရေစိုဒဏ်ကိုမခံနိုင်ကြတဲ့အတွက် ရေ၊ ကော်ဖီခွက်မှောက်ကျပြီး ရေဝင်သွားရင် ပျက်စီးတာများပါတယ်။

ဒါပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းကို ရေ (သို့) အရည်တစ်ခုခုဖတ်ကျသွားတာနဲ့ချက်ချင်းပြုလုပ်ပေးမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုကို အနည်းနဲ့အများကာကွယ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ကော်ဖီပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် Laptop ပေါ်ကိုဖိတ်ကျသွားတယ်ဆိုတာနဲ့ ကိုယ့်လက်နဲ့ Laptop ပါဝါခလုတ်ကို ရေခြောက်အောင်အရင်သုတ်ပါ။ အဝတ်စနဲ့ သုတ်တာကပိုအဆင်ပြေပါတယ်။

ကွန်ပျူတာကို ပိတ်ပါ။ ဒီနေရာမှာ ပုံမှန်အတိုင်း ကွန်ပျူတာကို Setting ကနေတစ်ဆင့်ပိတ်တာမဟုတ်ပဲ ပါဝါခလုတ်ကို ကွန်ပျူတာပိတ်သွားတဲ့အထိ ၅ စက္ကန့်လောက်ဖိထားလိုက်ပါ။

နောက်တစ်ချက်ကတော့ တကယ်ကို Laptop ကွန်ပျူတာကို Power Adapter တပ်ထားတယ်ဆိုရင် တဖက်မီးပလပ်ခုံမှာထိုးထားတဲ့ Adapter ခေါင်းကို အရင်ဖြုတ်ပြီး Laptop က Power Adapter ကိုဖြုတ်ပါ။ Laptop အများစုဟာ Battery ကို ဖြုတ်လို့ရတဲ့အတွက် စက်မဖွင့်ရပဲ Battery ဖြုတ်လို့ရတယ်ဆိုရင် Battery ကိုပါ ဖြုတ်ထားလိုက်ပါ။

အဲ့လိုလုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ လျှပ်စစ်ရှော့မရှိနိုင်တော့ပါဘူး။ အခြားတပ်ဆင်ထားတဲ့ Memory Stick, Cable, Mouse အစရှိတာတွေကိုပါ ဖြုတ်ပစ်ပြီး တကယ်လို့ Warranty Seal မရှိတော့ဘူးဆိုရင် Screw Driver နဲ့ Laptop ရဲ့ RAM (ဒါမှမဟုတ်) Hard disk ကို ဖုံးထားတဲ့ အဖုံးကိုဖွင့်ပြီး RAM နဲ့ Hard disk ကို ဖြုတ်လိုက်ပါ။ တခါတလေ တချို့ Laptop တွေဟာ RAM နဲ့ Hard disk ကို သီးခြားမဖုံးအုပ်ထားပဲ အောက်ခြမ်းတစ်ခုလုံးကို ဖွင့်ရတာမျိုးရှိတတ်ပါတယ်.. အဲ့ဒီလိုဖွင့်တဲ့အချိန်ကြရင် အောက်ခြမ်းဘက်မှာရှိတတ်တဲ့ ကော်၊ ကလစ်တွေကို မကျိုးအောင် ကတ်ထူပြားအမာတစ်ခုနဲ့ တဖြည်းဖြည်းခွာပြီးဖွင့်ရမှာဖြစ်ပါတယ်။

တကယ်လို့ ဖိတ်ကျတဲ့ အရည်က သာမန်ရေမဟုတ်ပဲ အအေး (သို့) ကော်ဖီလို စေးကပ်ကပ်အရာတစ်ခုဆိုရင်တော့ ကျွမ်းကျင်တဲ့ Service Center ကို အမြန်ဆုံးပို့ရမှာဖြစ်ပါတယ်။

တကယ်လို့ ရေပဲဖိတ်ကျခဲ့တာဆိုရင်တော့ ပြန်ပြီးခြောက်သွေ့အောင်လုပ်နိုင်တဲ့ နည်းလမ်းရှိဦးမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အဝတ်စတစ်ခုကို ယူပြီး စားပွဲပေါ်မှာဖြန့်ခင်းထားလိုက်ပါ။ Tower လို ရေစုတ်နိုင်တဲ့အဝတ်အထူမျိုးဆိုရင် ပိုအဆင်ပြေမှာပါ။ ပြီးရင် Laptop Screen ကို ဖွင့်လို့ရတဲ့အထိ ဖွင့်ထားပြီး မှောက်လျက်အနေအထားနဲ့ အနည်းဆုံး တနာရီကနေ ၂ နာရီလောက်ထိ အခုနကဖြန့်ခင်းထားတဲ့ အဝတ်ပေါ်မှာတင်ထားလိုက်ပါ။

တကယ်လို့ ရေခြောက်လောက်ပြီထင်ရင် အခုနက ဖြုတ်ထားတဲ့ RAM, Hard disk နဲ့ Battery တွေကို ပြန်တပ်ပြီး ပါဝါဖွင့်ကြည့်ပါ။ များသောအားဖြင့် ပြန်ကောင်းလာနိုင်ပြီး တကယ်လို့ ပါဝါပြန်မတက်လာရင်တော့ Service Center ကိုပဲပြကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီအချက်တွေကတော့ တကယ်လို့များ ကိုယ့် Laptop ပေါ်ကို ရေ၊ ကော်ဖီ မတော်တဆဖိတ်ကျခဲ့ရင် အမြန်ဆုံးပြုလုပ်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမှောက်ကျမှုမျိုးကို ကြိုတင်ကာကွယ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။

ဘယ်လိုကာကွယ်နိုင်မလဲဆိုရင် Laptop ဝယ်ယူတဲ့အချိန်မှာ မတော်တဆရေဖိတ်ကျတာကို ခံနိုင်တဲ့ Spill-resistant Keyboard ပါဝင်တဲ့ Laptop တွေကို အရင်ဦးစားပေးရှာကြည့်ပါ။ အဲ့လို Spill-resistant ခံနိုင်တဲ့ Laptop တွေက လက်ရှိအချိန်မှာ ရှားသွားပေမယ့် အချို့သော Brand တွေမှာတော့ ရရှိနိုင်ပါသေးတယ်။ ရေဖိတ်ကျခဲ့ရင် Laptop ကို နောက်ဖုံးဖွင့်ရဖို့ လိုအပ်နိုင်တဲ့အတွက် အနည်းဆုံးတော့ Laptop ဝယ်ပြီဆိုရင် ဘယ်လိုမျိုးဖွင့်ရလဲဆိုတာကို တစ်ခါထဲ စုံစမ်းထားသင့်ပါတယ်။

နောက်ထပ်ကတော့ ကိုယ်တိုင်က Laptop သုံးတော့မယ်ဆိုရင် ကော်ဖီပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် ဒီအတိုင်း အဖုံးမပါတဲ့ခွက်နဲ့ သောက်တာထက် အဖုံးပါတဲ့ခွက် ဒါမှမဟုတ် ပုလင်းတစ်ခုခုနဲ့ သောက်တာက ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် Laptop က ရေစိုသွားရင် ဒီအတိုင်းမထားပဲနဲ့ အပေါ်က အချက်တွေကိုပြုလုပ်ပြီး အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အဖိုးတန် Data တွေမပျက်သွားအောင် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

General Shortcut KeysImportant Computer Full Forms
07/06/2022

General Shortcut Keys

Important Computer Full Forms

Address

68/B, Janlan Landak Off, Jalan Pudu
Kuala Lumpur
55100

Telephone

+959694485332

Website

Alerts

Be the first to know and let us send you an email when Phyu-မိပိုန်သုခါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyu-မိပိုန်သုခါ:

Share

Category