We Love YSO

We Love YSO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love YSO, Information Technology Company, Yesagyo.

21/02/2022

မအူတံတား
အောင်နန်း
Crd

21/02/2022

ရှေးရှေးတုန်းက ရေစကြိုမြို့လေး
Crd

ထန်းပင်မြစ်ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်..ထန်းပင်ကြီးရဲ့...
11/12/2021

ထန်းပင်မြစ်

ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်..
ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားတွေစားဖို့အတွက် နွားစာကျင်း(မြက်တွေထည့်ကျွေးတဲ့ခွက်ကြီး)တွေတောင် ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ထန်းပင်မြစ်က ထန်းသီးအရင့်တွေကိုမြေမြုပ်ထားပီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။ ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့ ပဲပင်ပေါက်လိုဘဲပေါ့... အာ့တာကိုမစားရင် ထန်းပင်ကြီးဖြစ်လာမှာပေါ့လေ😁

သူ့အရသာက နုလွန်းရင်ခါးသက်သက်ဖြစ်တတ်ပီး... ရောင်းတန်းဝင်အရွယ်လောက်ဆိုရင်တော့ စားပီးရင်းစားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။ မီးဖုတ်စားရင် အနံ့ပိုပီးမွှေးပါတယ်။

စားသုံးရန်အတွက်... ထန်းပင်မြစ်မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကိုအခွံခွာပီးလျှင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။ ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ..
ထို့နောက်အလယ်ကနေခြမ်းကာ အထဲကအူတိုင်အနှံလေးကိုဖယ်ပီး စိတ်ကြိုက်စားလို့ရပါပီ(မစားဖူးသေးသူများ အတွက်ပြောတာပါနော်😁)

ထန်းပင်မြစ်ကို မီးဖုတ်ပီးလည်းစားလို့ရသလို ပြုတ်ပီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။
အချို့ကလည်း ထန်းမြစ်ကြော်၊ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုးစားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ယာတောသူတို့လည်းအညာစာတစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော်😍

Credit ကူးယူဖော်ပြသည်။

 #သရက္ခန်ဘုရား ခြောက်ဆူကိုဖူးမြော်ကြရအောင် တင်ပေးလိုက်ပါတယ်ပခုက္ကူ နဲ့ ရေစကြိုကသရက္ခန်ဘုရား ငါးဆူကိုဖူးမြော်လို့ရပါတယ်နေ...
28/11/2021

#သရက္ခန်ဘုရား ခြောက်ဆူကို
ဖူးမြော်ကြရအောင် တင်ပေးလိုက်ပါတယ်

ပခုက္ကူ နဲ့ ရေစကြိုက
သရက္ခန်ဘုရား ငါးဆူကို
ဖူးမြော်လို့ရပါတယ်
နောက်တစ်ဆူကတော့
မန္တလေး မှာ ရှိပါတယ်..
#ပြန်လည်ပူဇော် တင်ပြ သည်..

ထန်းမြစ်Photo crd
07/11/2021

ထန်းမြစ်

Photo crd

22/10/2021ယနေ့ ရေစကြိုကာကွယ်ဆေးထိုးလာကြသူများWe Love YSOJk
22/10/2021

22/10/2021
ယနေ့ ရေစကြို
ကာကွယ်ဆေးထိုးလာကြသူများ

We Love YSO
Jk

နံ့သာမြေ(သို့မဟုတ်)ရေစကြိုမိုးဦးကျစနယုန်လရေစလို့ကြိုရေစဂြိုလ်။လယ်ယာကန်ချောင်းရေသွယ်မြောင်းမြမောင်းစိမ်းစိုရေစဂြိုလ်။ဥယျာ...
19/10/2021

နံ့သာမြေ(သို့မဟုတ်)
ရေစကြို

မိုးဦးကျစနယုန်လ
ရေစလို့ကြို
ရေစဂြိုလ်။

လယ်ယာကန်ချောင်း
ရေသွယ်မြောင်း
မြမောင်းစိမ်းစို
ရေစဂြိုလ်။

ဥယျာဉ်ပန်းခြုံ
မြိုင်ရဂုံ
သင်းထုံရွှန်းစို
ရေဇဂြိုလ်။

သမ္ပတ္တိလေးချက်
တရားစက်
ထွန်းတက်နေလို
ရေစကြို။

ရေစကြိုသည်
နဂိုမူလ
ပျူဒေသ။

ကျော်စွာစည်သူ
မင်းနှစ်ဆူတို့
အားတူကြိုးပမ်း
ရေလမ်းကြိုရာ
ရေစကြို။

ပြန့်မွှေးထုံလှစ်
ဟောင်းလဲသစ်နေ
ဇာတိမြေဝယ်
လူရယ်လာဖြစ်
ငါတို့ချစ်ခဲ့။

အေးရိပ်ခိုမှီ
ဝေစည်ထန်နှောင်း
ထန်းပင်ပေါင်းနဲ့။

ညို့မောင်းစိုစို
ကမ်းရိပ်ညိုနဲ့။

စိမ်းညို့မြင့်ခေါင်
ရှင်မတောင်နဲ့။

မွေးကြူကြိုင်ပျံ့
သနပ်ခါးနံ့နဲ့။

ဂုဏ်ပြန့်ဝေဝေ
ဤမြေမှာဖွား
ရေစကြိုသားဟု
မော်ကြွားအမည်
ဖြစ်တည်သည်ကို
ခိုင်ကြည်လှလှ
ဂုဏ်ယူစွ။
မျိုးလွင်(အညာမြေ)
Photo credit

နံ့သာမြေ(သို့မဟုတ်)ရေစကြိုရေစကြိုသည်နဂိုမူလပျူဒေသကျော်စွာစည်သူမင်းနှစ်ဆူတို့အားတူကြိုပမ်းရေလမ်းကြိုရာရေစကြိုသလ်လာဝတီရေကြ...
18/10/2021

နံ့သာမြေ(သို့မဟုတ်)
ရေစကြို

ရေစကြိုသည်
နဂိုမူလ
ပျူဒေသ

ကျော်စွာစည်သူ
မင်းနှစ်ဆူတို့
အားတူကြိုပမ်း
ရေလမ်းကြိုရာ
ရေစကြို

သလ်လာဝတီ
ရေကြည်ဖြာဆင်း
မြစ်ချင်းတွင်းနဲ့
အေးခြင်းရိပ်သာ
မဟာဂါမ
အမည်ရ

မှိုင်းညို့ရိပ်မှောင်
ရှင်မတောင်တန်း
စိမ်းလန်းစိုပြေ
ရွှေကြိုမြေ

မွေးကြူကြိုင်ပြန့်
သနပ်ခါးနံ့တို့
သင်းပြန့်ထုံဝေ
အသရေမချို့
နံ့သာမြို့

အကြွားမပို
စကားဆိုဘိ
သိလိုလာကြည့်
မွေးသည့်ချက်ကြွေ
ကမ်းလေကြိုလျက်
နံ့သာလက်။
Photo credit
မျိုးလွင်(အညာမြေ)

ရာဇဝင်ထဲက ချင်းတွင်းရေစကြို------------------------------------ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းနံဘေးရေစကြိုမြို့လေးမှာဂန္...
11/10/2021

ရာဇဝင်ထဲက ချင်းတွင်းရေစကြို
------------------------------------

ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းနံဘေး
ရေစကြိုမြို့လေးမှာ
ဂန္ထဝင်စာတွေရေးခဲ့တဲ့ အောင်လင်း(အရိုင်းစံပယ်)ကိုမွေးခဲ့တယ် . . .
ရေစကြိုမြို့လေးမှာ
အောင်သန်း၏အောင်ဆန်းကို ရေးခဲ့သူ
ဦးအောင်သန်း မြို့အုပ်လုပ်ခဲ့ဖူးတယ် . . .
တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်း
အစ်ကို့အရိပ်ကို ခိုခဲ့ဖူးတယ် . . .
ရေစကြိုမှာ ခိုခဲ့ဖူးတယ် . . .
ချင်းတွင်းမြစ်ရဲ့ ဆည်းဆာအလှ
ပန်းတော်ပြင်ဆိပ်ကမ်းက
ရေမျောကမ်းတင် သစ်တုံးကြီးပေါ်မှာ
ညနေများစွာ ထိုင်ကြည့်ခဲ့ဖူးတယ် . . .
မြစ်ကမ်းနံဘေး ''အောင်မြေသာယာသူဌေးတိုက်ကြီး''ရဲ့ ခန့်ညားထည်ဝါမှုတွေကို
သူ့ဒိုင်ယာရီထဲမှာ မှတ်တမ်းပြုခဲ့တယ် ...
ကိုအောင်ဆန်း ဒိုင်ယာရီထဲကရေစကြို ...
ကိုအောင်ဆန်းနှလုံးသားထဲက ရေစကြို ...
သမိုင်းထဲက ရေစကြို ...
ပခန်းဦးမင်းကျော် ရေကိုစ-ကြိုခဲ့တဲ့ ရေစကြို ...
ဘိုရုံဆိပ်မှာ ဘိုမကြီးကိုလက်ဆွဲ
သင်္ဘောပေါ်ကဆင်းလာတဲ့
'ဆာပေါ်ထွန်း'ကို သောင်းသောင်ဖြဖြ
သံပုံးတီး ဆန္ဒပြခဲ့ကြတဲ့ ရေစကြို ...
ရာဇဝင်မှာ
မော်တင်ဂရက်လို့ နာမည်ထွက်ခဲ့တဲ့ ရေစကြို ...
သခင်မော်တင်တို့ သခင်လှမောင်တို့ရဲ့ ရေစကြို ...
အလံနီမြို့တော်လို့ နာမည်ကျော်တဲ့ ရေစကြို ...
စာရေးဆရာ ရေစကြိုညွန့်အောင်တို့l ဆရာတင်မိုးတို့
ကျောင်းသားအမတ်'ကိုကျော်'တို့ရဲ့ ရေစကြို ...
သားအရင်းက ပြန်သတ်ခံခဲ့ရတဲ့ ပန်းတော်ပြင်ရပ်သား
(ဗ.က.ပ)ရဲဘော်ဋ္ဌေးရဲ့ ဇာတိရေစကြို ...
ဆေးလိပ်လည်းတို နေလည်းညိုပြီl ငါ့ကို ... ဆိုတဲ့
ဆရာတင်မိုးရဲ့ ရေစကြို ...
အမေရိကန်ကပြန်ရောက်ရင် ရေစကြိုကို ငါပြန်လာခဲ့မယ်လို့
ဆရာမောင်နီဆန်းကို မှာသွားခဲ့ပြီး
နေညိုပေမယ့် ပြန်မရောက်နိုင်တော့တဲ့ရေစကြို ...
လွတ်လပ်ရေးရပြီးရင် တစ်ကျော့ပြန် ပြန်လာဖို့
ဒိုင်ယာရီမှာ တေးမှတ်ထားခဲ့ပေမယ့်
ဗိုလ်ချုပ်အောင်ဆန်း ပြန်မရောက်နိုင်တော့တဲ့ ရေစကြို ...

၈၈-ခုနှစ်တွေ့ရတုန်းက
ဖေဖေ့ဒိုင်ယာရီထဲက ဖတ်ဖူးတဲ့ ရေစကြိုကို
တစ်ခေါက်တစ်ခါ လာရောက်ချင်တယ်ဆိုခဲ့ပေမယ့်
အကြောင်းမသင့် အခွင့်မသာလို့
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာနိုင်သေးတဲ့ ရေစကြို ...

ချင်းတွင်းသားတွေ
စုံခဲ့တဲ့l ဆန်ခဲ့တဲ့ ရေစကြို ...

ဘယ်ခါမဆို ချိုစေမြစေတဲ့ ချင်းတွင်းရေချိုချို
နေညိုညို အိုလေလှလေ လှနေတဲ့ ချင်းတွင်းရေစကြို ...။

မောင်သန်းဆွေ(အညာမြေ)
၉.၉.၂၀၁၃

"ဆုတောင်းပြည့်သရက္ခန် ဗုဒ္ဓရုပ်ပွားတော်ငါးဆူ"အိမ်ထဲမှာနေရင်းအပြည့်အစုံဖူးမြော်ရအောင် တင်ပေးလိုက်ပါတယ်နော်...🙏🙏🙏♥သရက္ခန်အ...
11/10/2021

"ဆုတောင်းပြည့်
သရက္ခန် ဗုဒ္ဓရုပ်ပွားတော်ငါးဆူ"
အိမ်ထဲမှာနေရင်း
အပြည့်အစုံ
ဖူးမြော်ရအောင် တင်ပေးလိုက်ပါတယ်နော်...
🙏🙏🙏

♥သရက္ခန်အစစ်လက်လေးသစ်
ဖူးသူအများ ကြည်ညိုပွား
သိကြားမင်းဆက်သည့်ဘုရားများ...

အလောင်းစည်သူမင်းအား
သိကြားမင်းမှ ဆက်သခဲ့သော
သရက္ခန်ဘုရား ငါးဆူရှိခဲ့ပါတယ်။

သရက္ခန်ဘုရားငါးဆူမှာ...
============

၁။ ရွှေတန့်တစ်သရက္ခန်ဘုရား
ရွှေတန့်တစ်ရွာ ပခုက္ကူခရိုင်...

၂။ စည်သူရှင်သရက္ခန်ဘုရား
ပခန်းကြီး..

၃။ ဆင်ကြို့ရွှေကူ သရက္ခန်ဘုရား
ဆင်ကြို့ရွာ ရေစကြိုမြို့နယ်...

၄။ ရှင်မတောင်သရက္ခန်ဘုရား
ရေစကြိုမြို့နယ်...

၅။ အညာသီဟတော သရက္ခန်ဘုရား
မန္တလေး ရွှေကျီးမြင်ဘုရားအတွင်း....

တို့၌ပူဇော်ထားရှိပါသည်။

Credit

Address

Yesagyo

Website

Alerts

Be the first to know and let us send you an email when We Love YSO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share