Marketing digital

Marketing digital Computer Basic Skill Trainning, Ma Au, Yesagyo.

17/10/2022
Alt +
21/11/2021

Alt +

Google Search အသုံးပြုနည်းပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်...
01/09/2021

Google Search အသုံးပြုနည်း

ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်
အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်
အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်
အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို
ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge
အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ
ရှာဖွေနိုင်မည် ဖြစ်ပါသည်။

ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်
ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Credit...Phone Yan Soe Moe

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်======================================ကွန်ပျူတာကို သုံးစ...
23/08/2021

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်
======================================
ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား (၁၀) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ (မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။)

(၁) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း။

မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။

(၂) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း။

ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။

(၃) Save မလုပ်ခြင်း။

စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။

(၄) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း။

ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။

(၅) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း။

အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။

(၆) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း။

တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေ၀င်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။

(၇) Email အတွင်းမှ Spam များကိုစိတ်၀င်စားခြင်း။

ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။

(၈) Email များကို forward လုပ်ခြင်း။

ကိုယ်မသိတဲ့ email ကနေ စိတ်၀င်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

(၉) မကောင်းသော software များကို install လုပ်မိခြင်း။

တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။

(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း။

PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။

Credit... Based Two
( Computer Repair Services )

ကွန်ပြူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်စနစ်စီမံခန့်ခွဲခြင်းOriginal Uploader - Credit
19/08/2021

ကွန်ပြူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
စနစ်စီမံခန့်ခွဲခြင်း

Original Uploader - Credit

14/08/2021

Memory Stick ထဲက Virus တွေကို သတ်တဲ့ Bat File လုပ်နည်း
**********************************************
Memory Stick ကို Computer မှာ ထိုးလိုက်ရင် Autorun.inf တို့ Recycled.exe တို့Rundll32.exe အစရှိတဲ့ Virus တွေ တတ်လာတာကို ကြုံဖူးကြမှာပါ၊ ဒီ Virus တွေကို ဘယ်ဆော့ဝဲလ်မှမသုံးဘဲ သတ်မယ့်နည်းလေးကို ပြောပြချင်ပါတယ်၊ဒီနည်းလေးဟာ ဗဟုသုတအဖြစ်ပြောပြခြင်းသာဖြစ်ပါတယ်၊

Memory Stick ထဲက Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး၊ Bat file နဲ့ Command ရေးပြီးရှင်းတဲ့နည်းလေး ဖြစ်ပါတယ်၊

ကိုယ့်ရဲ့ Computer မှာ အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ :D

ဖွင့်ပြီးရင်တော့ အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူပြီး Note ထဲမှာ Paste လုပ်လိုက်ပါ၊


del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe


ပြီးရင်တော့ ဒီ File လေးကို Save လုပ်လိုက်ပါ၊Save တဲ့နေရာမှာ .bat ဆိုတာလေးနဲ့ Save လိုက်ပါ၊
Stick ထဲကို ဒီ .bat File လေးကို ထည့်ထားလိုက်ပါ၊ Stick ထိုးလိုက်တိုင်း ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက်ပါ၊
ဒါဆိုရင်တော့ Stick ထဲက virus တွေ နေပါဆိုတောင် မနေတော့ပါဘူး၊
ဒီနည်းလေးက အဆင်ပြေတယ်ဆိုပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ Antivirus တစ်ခုကို သုံးစွဲတာပဲ ဖြစ်ပါတယ်။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁

နောက်လည်း Computerနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးမှာမို့ Pageကို Like&See First လုပ်ထားကြပါ။😉

Credit...Original Writer

📌 windows ကီး Shortcut များကြောင့် သင့်ကွန်ပျူတာ အသုံးပြူမှုကို ပိုမိုမြန်စေမှာပါ။ကွန်ပျူတာကီးဘုတ်ပေါ်က windows ကီးကို W...
14/08/2021

📌 windows ကီး Shortcut များကြောင့် သင့်ကွန်ပျူတာ အသုံးပြူမှုကို ပိုမိုမြန်စေမှာပါ။

ကွန်ပျူတာကီးဘုတ်ပေါ်က windows ကီးကို Windows ပေါ်လာဖို့ပဲ သုံးနေတုန်းလား ❓

တကယ်တော့ Ctrl + Shortcut တွေလိုပါပဲ…. Windows ကိုလည်း ကီးဘုတ်ပေါ်က တခြားစာလုံးတွေနဲ့ တွဲဖက်လို့ Shortcut အဖြစ် အသုံးပြုနိုင်ပါတယ်။ ဘယ်လိုတွေအသုံးပြုလို့ရလဲ ကြည့်ကြည့်ရအောင်… Windows ကီးကိုဖော်ပြရာမှာ Win လို့ပဲ ရေးသားသွားပါ့မယ်နော်..။😃😃😃

Win – ဒါတော့သိပါတယ်။ ကွန်ပျူတာ Start Menu ဖွင့်တာ ပိတ်တာပါ။

📌 Win+ F1 – Windows Help and Support ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သိပ်မသုံးဖြစ်ကြလောက်ဘူး ထင်ပါရဲ့နော်..

📌 Win + C – Charms ဖွင့်တာပါ။ Charms ဆိုတာကတော့ ကွန်ပျူတာ စခရင်ရဲ့ ညာဘက်ဘေးမှာ Search, Share, Start, Devices နဲ့ Settings ခလုတ်၅ ခုပါတဲ့ ဘားနဲ့ ကွန်ပျူတာ စခရင် ဘယ်အောက်ထောင့်မှာ အချိန်၊ နေ့စွဲ၊ ရက်၊ ဘက်ထရီနဲ့ အင်တာနက် စတာတွေ ပါတဲ့ အကွက်လေးတွေကို ခေါ်တာပါ။

📌 Win + D – ဒါတော့ Display ကို Hide လုပ်တာပါ။ ဆိုလိုတာက ကိုယ်က တစ်ခုခုကို ဖတ်နေမယ်။ သူငယ်ချင်း တစ်ယောက်ယောက်က ဝင်လာလို့ သူတို့ကို မမြင်စေချင်ဘူးဆိုရင် Win+D သာ နှိပ်လိုက်!! ကွန်ပျူတာ Desktop ပဲ ပေါ်နေတော့မှာပါ။ ကိုယ်ဖွင့်ထားတာတွေ အားလုံး ခဏပျောက်သွားပါလိမ့်မယ်။ ပြန်ပေါ်ချင်ရင်လည်း Win + D သာ နှိပ်လိုက်ရုံပါပဲ။

📌 Win + E – File Explorer ဖွင့်တာပါ။
📌 Win + F – Search Charm ဖွင့်ပြီး ဖိုင်ရှာတာပါ။
📌 Win + H – Share Charm ဖွင့်တာပါ။
📌 Win + I – Setting Charm ဖွင့်တာပါ။
📌 Win + K – Devices Charm ဖွင့်တာပါ။
📌 Win + L – ကွန်ပျူတာကို Lock ချတာ၊ ဒါမှမဟုတ် User ပြောင်းတာတွေကို ဒီshort cut နဲ့ သုံးလို့ ရပါတယ်။

📌 Win + M – Minimize လုပ်တာပါ။ Minimize လုပ်တာမှ ဖွင့်ထားသမျှ Window အားလုံးကို Minimize လုပ်သွားတာပါ။

📌 Win + P – Presentation Display Mode ရွေးချယ်လို့ရပါတယ်။ Project Charm ပွင့်လာပြီး ရွေးရမှာပေါ့နော်..

📌 Win + Q – Search ပါ။ ကွန်ပျူတာထဲက ဘယ်ဖိုင်ထဲမှာမဆို သူက ရှာပေးနိုင်ပါတယ်။

📌 Win + R – ဒါကတော့ တော်တော်များများ သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ Run dialog box ပါ။ ကွန်ပျူတာ အရမ်းလေးနေတာဖြစ်ဖြစ်၊ ဟန်းနေတာမျိုး ဖြစ်ဖြစ် ဒါလေးနှိပ်ပြီး အထဲက Cache တွေ ရှင်းလို့ ရပါတယ်။ အတော်ကို အသုံးဝင်တာလေးပေါ့နော်..

📌 Win + T – Task Bar ပေါ်မှာ ရှိတဲ့ App တွေကို ရွေးချယ်နိုင်ပါတယ်။

📌 Win + U – Ease of Access Center ကို ဖွင့်ပေးတာပါ။ ဒါတော့ သုံးခဲမယ် ထင်ပါတယ်နော်..

📌 Win + X – Quick Link Menu ကို ဖွင့်ပေးပါတယ်။
ဒါဆိုရင်တော့ Windows Logo ကီးလေးကို တော်တော်သုံးတတ်လောက်ပြီ ထင်ပါရဲ့.. တခြား Tab နဲ့ တွဲတာတွေ၊ enter နဲ့ တွဲတာတွေရှိနေသေးပေမဲ့ အများကြီးဆိုမှတ်ရခက်နေမှာစိုးလို့ ဒီလောက်ပဲဖော်ပြပေးလိုက်ပါတယ်။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁

နောက်လည်း Computerနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးမှာမို့ Pageကို Like&See First လုပ်ထားကြပါ။😉
Credit....Original Writer

08/05/2021

facebook နဲ့ပတ်သက်တာလေးတွေသိဖို

(1) PW change ရန်
https://m.facebook.com/settings/security/password/

(2) အလှဆင်ရန်-
https://m.facebook.com/profile/edit/infotab/section/forms/?section=contact-info&cb=1548035094&ref=bookmarks

(3) Nickname(နာမည်အပို)ထည့်ရန်-
https://m.facebook.com/profile/edit/info/nicknames/?ref=bookmarks

(4) Fri အပ်ထားပြီး လက်မခံသူတွေ Undo လုပ်ရန်-
https://m.facebook.com/friends/center/requests/outgoing/?fb_ref=ft&ref=bookmarks

(5) မိမိမန့်ထားသော comment အားလုံးကြည့်ရန်-
မနှစ်သက်ရင် ပြန်ဖျက်ရန်-
https://m.facebook.com/100015890196549/allactivity?log_filter=cluster_116&category_key=commentscluster&ref=bookmarks

(6) မိမိကြည့်ခဲ့တဲ့ Video တွေ ပြန်ရှာရန်-
https://m.facebook.com/100015890196549/allactivity?log_filter=videowatch&category_key=videowatch&ref=bookmarks

(7) Fb Name ပြောင်းရန်-
https://m.facebook.com/settings/account/?name

(8) Gmail အသစ်ပြောင်းရန်-
https://m.facebook.com/settings/email/add

(9) Phone No အသစ်ပြောင်းရန်-
https://m.facebook.com/phoneacquire/?source=m_account

(10) မိမိ Fb အား ယာယီပိတ်ထားရန်-
https://m.facebook.com/deactivate/?source=account_settings_page

(11) ဘာသာစကား ရွေးချယ်ရန်/ပြောင်းရန်-
https://m.facebook.com/language.php

(12) Fb password အသစ်ပြောင်းရန်-
https://m.facebook.com/settings/security/password/

(13) Trusted Contacts(TC) ခံထားရန်-
https://m.facebook.com/trusted_contacts/view/?gfid=AQB9boIRRGvN0K_i

(14) မိမိအကောင့် ဘယ်သူခိုးဝင်လဲ...ကြည့်ရန်-
https://m.facebook.com/account_review/?section=sessions

(15) မိမိရဲ့ Post/Comment/Friends အား ကြည့်ရန်-
https://m.facebook.com/account_review/?state=overview

(16) အကောင့်ကို 2 Step ခံထားရန်-
https://m.facebook.com/security/2fac/setup/choose/

(17) App Password ယူရန်-
https://m.facebook.com/new_sec_settings/app_passwords/

(18) အကောင့် ခိုးဝင်လျှင်သိရန် သတိပေးချက်ယူမယ်-
https://m.facebook.com/login_alerts/settings/?source=security_settings_page

(19) Add Friends ပိတ်ရန်-
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787540733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

(20) Friends List ဖျောက်ရန်-
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787365733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

(21) မိမိ Wall တွင် ပို့လာရေးလို့မရအောင် ပိတ်ရန်-
https://m.facebook.com/privacy/touch/timeline_and_tagging/?mds=%2Fprivacy%2Ftouch%2Ftimeline_and_tagging_selectors%2Fdialog%2F%3Fcancel_uri%3D%252Fprivacy%252Ftouch%252Ftimeline_and_tagging%252F%26fbid%3D10153940308610734&mdf=1

(22) Tag post ပိတ်ရန်-
အောက်က link နှစ်ကိုဝင်ပြီး on ထားပေးပါ။
ပထမ link
https://m.facebook.com/privacy/touch/tags/review/?type=tag&gfid=AQB7o-THcAe4uS8X
ဒုတိယ link
https://m.facebook.com/privacy/touch/tags/review/?type=profile&gfid=AQAHnvqPo7PnKLfd

(23) Follow ဖွင့်ရန်-
Publish အကုန်ထားပေးပါ။
https://m.facebook.com/settings/subscribe/

(24) Fb မှာ Block ထားသူတွေကို ပြန်ကြည့်ရန်-
https://m.facebook.com/privacy/touch/block/

(25) See first/Follow/Unfollow တနေရာတည်းကြည့်ရန်-
https://m.facebook.com/feed_preferences/home/

(26) Video တွေ auto ပွင့်နေတာကို ပိတ်ရန်-
https://m.facebook.com/settings/videos/

(27) Fb acc အား အပြီးဖျက်ရန်-
https://m.facebook.com/account/delete/?back_uri=https%3A%2F%2Fm.facebook.com%2Fprivacy%2F&account_screen&consent

(28) Page အသစ်ထောင်ရန်-
https://m.facebook.com/pages/creation_flow/?step=name&cat_ref_page_id=0&ref_type=bookmark

(29) Group အသစ်ဖွဲ့စည်းရန်-
https://m.facebook.com/groups/?category=groups&ref=bookmarks

(30) ID တင်ရန်-
https://m.facebook.com/help/contact/301294069923254?id=301294069923254

လိုအပ်သူများ copy ယူထားပါ
.credit

Address

Yesagyo

Alerts

Be the first to know and let us send you an email when Marketing digital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marketing digital:

Share