𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

  • Home
  • Myanmar
  • Ye-u
  • 𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်သွားမည် ။
(ရေဦးမြို့နယ်အခြေစိုက်)"ပြည်သူ့စစ်သား"

05/03/2026

မြို့ကြီး​တွေမှာ ဓာတ်ဆီတစ်လီတာကို ၂၇၀၀/၃၀၀၀ဖြစ်နေချိန်
နယ်ဘက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေက တစ်လီတာအပြည့်မရှိတဲ့ ဗူးတစ်ဗူးကို တစ်သောင်းကျပ်နဲ့တင်ရောင်းနေကြပြီ ၊ တစ်ဂါလံကို ၄သောင်း ၊ ဒါတောင် ဆီဆိုင်တိုင်းမရဘူး ၊ ဆီရှိရက်နဲ့ အမြတ်ကြီးစား စျေးတင်ရောင်းချင်တဲ့ ခရိုနီတွေက မရှိဘူး ပြတ်နေတယ်လို့လိမ်တယ် ၊ လောဘနဲ့မောဟ အများဆုံးက ငါတို့ မြန်မာလူမျိုးတွေပဲ ...
အာ့ကြောင့်လဲ ဘေးဒုက္ခဆိုးတွေ ခဏခဏကြုံနေရတာ....။

5/MAR/2026 (10:57 PM)
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

ကျနော့်ဘီးမှာ တပ်ထားတဲ့ ယနေ့ အကြိုက်ဆုံး Post ....🙆‍♂️ခေတ်လူငယ်တွေတဲ့ဗျာ တက္ကသိုလ်မှာမဆုံရဘဲ စစ်ပွဲတွေမှာလာဆုံရတယ် ........
05/03/2026

ကျနော့်ဘီးမှာ တပ်ထားတဲ့
ယနေ့ အကြိုက်ဆုံး Post ....🙆‍♂️

ခေတ်လူငယ်တွေတဲ့ဗျာ
တက္ကသိုလ်မှာမဆုံရဘဲ
စစ်ပွဲတွေမှာလာဆုံရတယ် .....။

5/MAR/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

05/03/2026

စမတ်ဖုန်းဆိုတာ လူတိုင်းအသုံးပြုနေကြတာပါ။ လမ်းဘေးပလုံကောက်တဲ့ကလေးမှအစ အသုံးပြုနေကြပါပြီ။ ပလုံကောက်ကလေးတွေလည်း အသုံးပြုသလို စခတွေလည်း အသုံးပြုပါတယ်။

သာမန်ပြည်သူအတွက်က မိမိစမတ်ဖုန်းပိတ်ခံပြီဆိုသည်နှင့် လက်သင့်ရာဖုန်းတလုံးကို အသစ်တဖန်ပြန်လည်ဝယ်ယူ ကိုင်တွယ်မှာပါပဲ။ မြို့ပြနေသူမဟုတ်လျှင်သော်မှ လက်လှမ်းမှီရာအကြုံဖြင့်ဖြစ်စေ၊ ကိုယ်တိုင်သွားရောက်ပြီးဖြစ်စေ ဝယ်ယူလို့ရပါတယ်။

အဓိကထိခိုက်ရမည့်သူတွေက စခတွေပါ။။မဖြစ်ညစ်ကျယ်လစာတပဲခြောက်ပြားဖြင့် ဖုန်းအသစ်တလုံး အသစ်ပြန်လည်ဝယ်ယူနိုင်ဖို့ မလွယ်ကူပါဘူး။ ထိုထက်ပိုမိုဆိုးရွားသည်က စစ်ကြောင်းထိုးနေရတဲ့စခတွေပါ။ ၎င်းတို့နောက်တန်းမိသားစုနှင့် အဆက်အသွယ်ရဖို့ ဖုန်းကိုပဲအားကိုးရမယ်ဆိုတာ သေချာပါတယ်။

ဆင်းကဒ်မထည့်ဘဲ အသေပိတ်ထားတဲ့ဖုန်းကိုသာလျှင် ကြီးကြပ်၍ရနိုင်မည်ပါ။ အခွန်မဆောင်ရသေးတဲ့ IMEI ဖုန်းတွေကို ပိတ်မယ်ဆိုလျှင်တော့ ၎င်းတို့စခတွေသာလျှင် အများဆုံးထိခိုက်ရမှာပါ။ ပြည်သူတွေစိတ်မပူပါနှင့်။ အမှန်တကယ်ပြုလုပ်ခဲ့လျှင် စခတွေကိုယ်တိုင် ထ,အော်ပါလိမ့်မယ်။ ထို့အပြင် ၎င်းတို့ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ယုံကြည်မှုပပျောက်ပါလိမ့်မယ်။

အင်တာနက်တွေဖြတ်တောက်စဉ်ကလည်း ယခုကဲ့သို့ပဲ ချပြခဲ့ပါသေးတယ်။ နိုင်ငံရေးမသိနားမလည်တဲ့ လူငယ်အများစု PUBG Game ကစားနေကြတဲ့အကြောင်း၊ အကယ်၍ အင်တာနက်လိုင်းဖြတ်တောက်လိုက်လျှင် ဖုန်းဖြင့်ပင်ကစားတတ်တဲ့ PUBG Game သမားလူငယ်တွေအားလုံး မြေပြင်လက်တွေ့တိုက်ပွဲဝင်ရတဲ့ Under ground ကစားသမားတွေဖြစ်လာမယ့်အကြောင်း ချပြခဲ့ပါသေးတယ်။ လက်တွေ့တွင်လည်း PDF ၈၀ ရာခိုင်နှုံးခန့်က PUBG ဂိမ်းပလေယာတွေပါပဲ။

ယခုလည်းပဲ စမတ်ဖုန်းတွေကို အခွန်ဆောင်ခိုင်းခြင်းသည် ၎င်းတို့တပ်တွင်းဝေဖန်မှုသာလျှင် ပိုမိုမြင့်တက်ဖို့ရှိပါတယ်။ သို့ကြောင့် ထူးကဲစိတ်ပူပန်မှုမရှိကြပါနှင့်။ ထိစီမံပြုလုပ်ချက် အောင်မြင်နိုင်ခြင်းမရှိပါဘူး။ အကယ်၍ ဇွတ်တိုးပြုလုပ်ခဲ့လျှင်လည်း အလင်းဝင်တဲ့စခအရေအတွက် ပိုမိုများပြားလာဖို့ရှိတယ်ဆိုတာပါပဲ။

Sar K ✍️
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

04/03/2026

ခေတ်ကောင်းကောင်းမှာ
စနစ်ကောင်းကောင်းတွေနဲ့
ရှင်သန်ချင်ကြတဲ့ကောင်တွေပါ
တန်းတူညီမျှမှုတွေ ခေတ်အဆက်ဆက်
အကျင့်ပျက်ခဲ့တဲ့ ဒီနိုင်ငံမှာ
လက်နက်ကိုင်လမ်းစဥ်ဟာ
ငါတို့ခေတ်ရဲ့ နောက်ဆုံးဖြစ်ပါစေ ...။

Mg Hlwan(အညာမြေ)
4/MAR/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

04/03/2026

အခုရက်ပိုင်း ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာရေရွတ်

နေတာကတော့ စုံ/မ ပဲ ဖြစ်ပါတယ် 😂

03/03/2026

ညီအကိုတို့ ရဲဘော်တို့
အသက်တွေဟာ စျေးမပေါကြောင်းတော့ မှတ်မိစေချင်တယ်
ကျုပ်တို့တွေရဲ့ ဇာတ်လမ်းအစဟာ
မျက်နှာပန်းလှလှနဲ့ ဖွင့်ခဲ့တာမဟုတ်ဘူး
မမေ့နဲ့ ​မမေ့ကြနဲ့
ခေတ်အဆက်ဆက် လူငယ်မျိုးဆက်က သွေးနဲ့ချွေးနဲ့ရင်းခဲ့ကြတာ နာခဲ့ရတာ
ဒီမိုကရေစီမရသရွေ့ သာဓုမခေါ်ကြသေးတဲ့ ရဲဘော်ရဲဘက်သူရဲကောင်းတွေအတွက် ငါတို့ခရီးဆက်ရမယ်
ချီမယ် တက်မယ် တိုက်မယ်
ရေပေါ်ဆီမဟုတ်ကြောင်း ဒီတော်လှန်ရေးဟာ
ကောက်ရိုးမီးမဟုတ်ကြောင်း ငါတို့ဟာ
၂၁ရာစုရဲ့ ဒီမိုကရေစီကို အမက်မောဆုံး လူငယ်နောက်ဆုံးမျိုးဆက်ဖြစ်ကြောင်း သက်သေပြရမယ်....။

Mg Hlwan(အညာမြေ)
3/MAR/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

*နတ်သမီးမြို့ရိုး*🧝‍♀️===========🧝‍♀️( 𝑨𝒏𝒈𝒆𝒍 𝑪𝒂𝒔𝒕𝒍𝒆 )၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ 💔🥀မန္တလေးရဲ့ပန်းလေးတစ်ပွင့်ကြွေလွင့်သွား...
03/03/2026

*နတ်သမီးမြို့ရိုး*
🧝‍♀️===========🧝‍♀️
( 𝑨𝒏𝒈𝒆𝒍 𝑪𝒂𝒔𝒕𝒍𝒆 )
၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ 💔🥀

မန္တလေးရဲ့
ပန်းလေးတစ်ပွင့်
ကြွေလွင့်သွားတာ
မဟုတ်ပါဘူး။

တို့အားလုံးရဲ့
ကြယ်နီတစ်လုံး
ဆုံးရှုံးသွားတာ
နှလုံးသားမှာ
အရမ်းကိုနာကျင်ရပါတယ်။

နတ်သမီးမြို့ရိုး
မျက်ရည်ချိုးတဲ့
၃ရက် မတ်လ
မေ့မရဘူး။

🌟 𝐀𝐧𝐠𝐞𝐥 🌟ဆိုတဲ့
🌟 ကြယ်စင် 🌟လေးရေ
မင်းပေးခဲ့တာ
အုတ်တစ်ချပ်မဟုတ်ဘူး
တစ်တိုင်းပြည်လုံးရဲ့
အုဠ်တံတိုင်းပါ။ ။

"ငါတို့ဘယ်ကလာသလဲဆိုတာအရေးမကြီးဘူး"
"ငါတို့ဘာလုပ်သလဲဆိုတာကသာအရေးကြီးတယ်"
မန္တလေးက၁၉နှစ်သမီး
​"ကြယ်စင်"(ခ)"ကျားရှီး"ကို
"𝙋𝙡𝙖𝙩𝙞𝙣𝙪𝙢 𝙂𝙚𝙣 𝙕"(ပလက်တီနမ်ဂျန်ဇက်)အဖြစ်
မြန်မာပြည်သူတစ်ရပ်လုံးကတညီတညွတ်ထဲ
သတ်မှတ်ပါတယ်။ကောင်းရာသုဂတိလားပါစေ။

3.MAR.2021 - 3.MAR.2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

28/02/2026

ဒီမိုကရေစီကို လိုချင်ရင်
ဒီမိုကရေစီနည်းလမ်းကျကျသွားပါ လူကြီးမင်း
သာရေးကအစ နာရေးအဆုံး
လက်နက်ပြ ဗိုလ်ကျရတာကို
သဘောအကျဆုံးဆိုရင်တော့
လူကြီးမင်းကိုလည်း
ကျုပ်တို့က တော်လှန်ရမှာဘဲ ....။

Mg Hlwan(အညာမြေ)

(တကယ်စစ်မှန်တဲ့ နေရာဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များအား အစဥ်လေးစားလျှက်)

28/FEB/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

28/02/2026

အမှိုက်စစ်မှန်ခဲ့ရင်တော့ ရှင်းကြပေါ့ဗျာ စည်းနဲ့ကမ်းနဲ့
လူမှုရေးတွေတော့ မပါမိစေနဲ့
တော်လှန်ရေးဆိုတာ အရေးကြီးတယ် စျေးကြီးတယ်
ပူးသတ်တွေကို သတိထား
အသက်မှာ လိုက်ပွဲမပါဘူး ....။

Mg Hlwan(အညာမြေ)
28/FEB/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

24/02/2026

တော်လှန်ရေးအတွက်
မိသားစုမျက်နှာငဲ့နေလို့ပါဆိုတဲ့
လူတစ်ချို့ကို တခုပြောချင်တယ်
အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်
အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့
ရဲဘော်တွေဟာ တစ်ကောင်ကြွက် တစ်ယောက်မှ မပါဘူးဆိုတာဘဲ ....။

Mg Hlwan(အညာမြေ)
24/FEB/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

23/02/2026

တီကောင်နဲ့ နဂါးတော့ ကွဲသွားပြီ ငါ့ကောင်ရေ
ဂဏန်းလိုကောင်တွေနဲ့
ဒေါင်းယောင်ဆောင်နေတဲ့
ကျီးတွေပဲ ကျန်တော့တာ ....။

Mg Hlwan(အညာမြေ)
23/FEB/2026
𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား

22/02/2026

ဗန်းမော်မြို့ ခလရ ၂၃၆
Sold Out 👏

Address

Ye U
Ye-u

Website

Alerts

Be the first to know and let us send you an email when 𝐇𝐭𝐨𝐨 𝐊𝐡𝐚𝐧𝐭 𝐙𝐚𝐰 - အမေ့သား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share