03/12/2020
ကျားကျားမီးယပ်လုပ်ပြီး ငါတကောကောနေတဲ့ အဲဒီမျောက်တွေကို သေးနဲ့သာ ကော့ပန်းပစ်လိုက်။ ဒီကောင်တွေက ပုတီးစိတ်နေမယ်၊ ဘာရေးလို့ရေးထားမှန်း နားတောင် မလည်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ကြက်တူရွေး ကျက်ကျက် နေမယ်ဆိုတာတွေကလွဲလို့ ဘာသောက်လုပ်သောက်ကိုင်မှလုပ်တာ မဟုတ်ဘူး။ ဒီလို ကောင်မျိုးတွေရဲ့လက်ထဲ အာဖဂန်နစ္စတန်ကို ကျရောက်မသွားရအောင် အလ္လာအရှင်မြတ် ဆောင်တော်မူပါ။ လို့ ဘာဘာက ပြောခဲ့ဖူးတယ်လေ။
အဲ့ဒါ စာအုပ်ထဲမှာ ပါတဲ့ ပြောစကားစုတစ်ရပ်ပါ။
တစ်ချိန်တုန်းက နေလို့ထိုင်လို့ ပျော်လို့ပါးလို့ ကစားလို့ကောင်းတဲ့ အာဖဂန်နစ္စတန်ဆိုတဲ့ နိုင်ငံထဲက ကဘူးလ်မြို့လေးက နယ်ချဲ့တွေ ဘာသာရေးအစွန်းရောက်ကောင်တွေကြောင့် ကံဆိုးမိုးမှောင်တွေကျပြီး စုတ်ပြတ်သတ် ငတ်ပြတ်နေတဲ့ ဘဝတွေကို ရောက်ရှိသွားပုံ။ အမေရိကားလိုနေရာမျိုးမှာ အေးဆေးနေထိုင်နေတဲ့ စာရေးဆရာတစ်ယောက်က သူနဲ့ ဆွေမျိုးမကင်းတဲ့ ကလေးတစ်ယောက်ကို လာရောက်ခေါ်ယူပုံကို စာရေးသူရော ဘာသာပြန်သူရော ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ဝယ်ယူဖတ်ကြည့်ကြပါ၊ ရင်ထဲမှာ နင့်ခနဲ နင့်ခနဲနေအောင် တစ်ခုခုတော့ ချန်ခဲ့မယ်လို့ ထင်တယ်။ အောက် Link မှာ သွားမှာနိုင်တယ်။
https://www.facebook.com/thekiterunnerinburmese