SLN Myanmar

SLN Myanmar Customer First And Premium Services SLN Group of Company was established in November,2014 by incorporation of Shwe Lamin Nagar Co., Ltd. Acer Co,.

and Royal Smart Co., Ltd. In 2003 Royal Smart Company became authorized distributor of Micro-star Inter- national (MSI) products of Myanmar market and also became Authorized Distributor for HP Consumer Product in 2013. Ltd announced to Shwe Lamin Nagar Company as authorized distributor of Acer product for Myanmar market in 2008 and also became Authorized Distributor for Transcend Products in 2013 . Numbers of employee : 180 (Q1/2015)

ဝါဆိုလပြည့်နေ့ အခါသမယလေးမှာ စိတ်‌ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပြီး ကုသိုလ်ကောင်းမှုများလဲ ပွားများနိုင်ကြပါစေကြောင်း ဆုတ...
29/07/2026

ဝါဆိုလပြည့်နေ့ အခါသမယလေးမှာ စိတ်‌ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပြီး ကုသိုလ်ကောင်းမှုများလဲ ပွားများနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

🔊ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔊ရွှေလမင်းနဂါးမှ ဖွင့်လှစ်ထားသည့် Service Center များအားလုံး ဝါဆိုလပြည့်နေ့တွင် ပိတ်ထားမည်...
28/07/2026

🔊ရုံးပိတ်ရက် အသိပေးကြေညာခြင်း 🔊

ရွှေလမင်းနဂါးမှ ဖွင့်လှစ်ထားသည့် Service Center များအားလုံး ဝါဆိုလပြည့်နေ့တွင် ပိတ်ထားမည်ဖြစ်ပါကြောင်း ချစ်ခင်လေးစားရပါသော Customerများအား အသိပေးအကြောင်းကြားအပ်ပါသည်။

✅Service Centre (1) (Yangon)
🏡အမှတ် (၁၄၆) ၊ ၃၈လမ်း (အလယ်ဘလောက်) ၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
📞09-8552744, 09-260205070

✅Acer Service Centre (Yangon)
🏡အမှတ် (၅၇၆) ၊ မော်တင် ၈လမ်းနှင့် ကမ်းနားလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞01-218041, 01-2317233 ,09-448460640

🧑‍💻 စားပွဲပေါ် နေရာသက်သာပြီး လုပ်ငန်းသုံးအတွက် စွမ်းဆောင်ရည်အပြည့်နဲ့ အသုံးပြုနိုင်မယ့် Acer Aspire C24-1800 All-in-One ...
20/07/2026

🧑‍💻 စားပွဲပေါ် နေရာသက်သာပြီး လုပ်ငန်းသုံးအတွက် စွမ်းဆောင်ရည်အပြည့်နဲ့ အသုံးပြုနိုင်မယ့် Acer Aspire C24-1800 All-in-One PC!

💞စားပွဲပေါ်မှာ ကြိုးတွေရှုပ်ပွပြီး အလုပ်လုပ်ရတာ စိတ်အနှောင့်အယှက်ဖြစ်နေပြီလား? Acer Aspire C24-1800 နဲ့ Workspace ကို သပ်ရပ်လှပအောင် ပြောင်းလဲလိုက်ပါ။

✅Intel Core i5-1334U (Up to 4.50GHz) ပါဝင်တဲ့အတွက် ရုံးသုံး Software တွေ၊ Excel စာရင်းဇယားတွေနဲ့ လုပ်ငန်းသုံး App တွေကိုချောချောမွေ့မွေ့ နဲ့ လျင်မြန်စွာ လုပ်ဆောင်နိုင်မှာပါ။

✅16GB RAM နဲ့ 512GB PCIe SSD ပါဝင်လို့ Tab တွေ အများကြီးဖွင့်သုံးတာ၊ Software တွေ တပြိုင်နက်တည်း ဖွင့်တာတွေလုပ်ရင်တောင် ကွန်ပျူတာလေးခြင်း၊ နှေးခြင်း လုံးဝမရှိပါဘူး။

✅23.8" FHD (1080P) Display နဲ့ မျက်နှာပြင်ကျယ်ကြီး ပါရှိတဲ့အတွက် အလုပ်လုပ်တဲ့အခါ အာရုံအရမ်းစိုက်စရာမလိုပဲ ရှင်းလင်းပြတ်သားတဲ့ ရုပ်ပုံများကို မြင်တွေ့ရစေပါတယ်။

✅လုံခြုံရေးအတွက် Privacy Shutter ပါတဲ့ 5MP We**am, Wireless Copilot Keyboard & Mouse နဲ့ အသံထွက်ကောင်းမွန်တဲ့ Internal Speaker များ အစုံအလင် ပါပြီးသားဖြစ်လို့ ချက်ချင်း အဆင်ပြေပြေ အသုံးပြုနိုင်မှာပါနော်။

✨Specification✨
Intel Core i5 - 1334U Processor ( 5 Cores ( 1P+4E ) , 6 Threads ) ( 10MB Smart Cache, up to 4.50GHz )
Intel UHD Graphics
16GB DDR4 3200 MHz Memory , 512GB PCIE SSD
: 23.8"FHD Monitor FHD 1080P
USB 2.0,3.0, HDMI, Card Reader, GBLAN
5MP FHD We**am with privacy shutter
Wireless Copilot Keyboard , Wireless Mouse and Internal Speaker

🌧️ မိုးတွင်းမှာ Computer တွေကို ဘယ်လိုထိန်းသိမ်းသင့်လဲ? 💻မိုးရာသီမှာ စိုထိုင်းဆနဲ့ လျှပ်စစ်မီးအား မတည်ငြိမ်မှုတွေ ကြောင့...
16/07/2026

🌧️ မိုးတွင်းမှာ Computer တွေကို ဘယ်လိုထိန်းသိမ်းသင့်လဲ? 💻

မိုးရာသီမှာ စိုထိုင်းဆနဲ့ လျှပ်စစ်မီးအား မတည်ငြိမ်မှုတွေ ကြောင့် Computer နဲ့ Laptop တွေဟာ မမြင်ရတဲ့ ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။ အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရုံနဲ့ သင့်စက်ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းကို ပိုမိုကြာရှည်စေနိုင်ပါတယ်။

🔹 စိုထိုင်းဆများတဲ့နေရာကို ရှောင်ပါ
ပြတင်းပေါက်နား၊ နံရံစိုတဲ့နေရာတွေမှာ ပေါ့ပေါ့တန်တန်မထားသင့်ပါဘူး။ အစိုဓာတ်ကြောင့် Hardware အစိတ်အပိုင်းတွေ ပျက်စီးနိုင်ပါတယ်။

🔹 Surge Protector (သို့) UPS အသုံးပြုပါ
မိုးကြိုးပစ်ခြင်းနဲ့ လျှပ်စစ်မီးအား မတည်ငြိမ်မှုကြောင့် ဖြစ်လာနိုင်တဲ့ Hardware ပျက်စီးမှုကို လျှော့ချပေးနိုင်ပါတယ်။

🔹 လေဝင်လေထွက်ကောင်းအောင်ထားပါ
Computer ရဲ့ လေထွက်ပေါက်တွေကို မပိတ်စေဘဲ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အသုံးပြုပါ။

🔹 အရည်များကို Computer အနီးမှာ မထားပါနဲ့
ရေ၊ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ အရည်တွေ ဖိတ်ကျရင် Keyboard နဲ့ Mainboard ထိခိုက်နိုင်ပါတယ်။

🔹 ရေစိုနေတဲ့လက်နဲ့ မကိုင်တွယ်ပါနဲ့ လက်ကို အရင်ခြောက်အောင် သုတ်ပြီးမှ Keyboard၊ Mouse နဲ့ Power Button တွေကို ကိုင်တွယ်ပါ။

🔹 ဖုန်နဲ့ အစိုဓာတ်တွေ မစုအောင် သန့်ရှင်းရေးလုပ်ပါ
Cooling Fan နဲ့ Air Vent တွေမှာ ဖုန်များလာရင် အပူချိန်မြင့်တက်ပြီး စက်ရဲ့ စွမ်းဆောင်ရည် ကို ထိခိုက်စေနိုင်ပါတယ်။

🔹 Backup ကို ပုံမှန်လုပ်ထားပါ
အရေးကြီးတဲ့ ဖိုင်တွေကို Cloud Storage (သို့) External Drive ထဲမှာ ပုံမှန် Backup ထားပေးတာက မမျှော်လင့်ထားတဲ့ ပြဿနာတွေ ကြုံလာရင် Data ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။

✅ Computer ကို မိုးရာသီမဟုတ်တဲ့အချိန်မှာပဲ ဂရုစိုက်ရမှာ မဟုတ်ပါဘူး။ မိုးတွင်းမှာ Computer ကို ပုံမှန်ထက်ပိုပြီးထိန်းသိမ်းပေးတာက ပြုပြင်စရိတ်ကို လျှော့ချနိုင်သလို စက်ရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးခံသက်တမ်းကိုလည်း ပိုမိုကြာရှည်စေပါတယ်။

🤔 မိုးတွင်းမှာ သင်အမြဲလုပ်ဖြစ်တဲ့ Computer Care Tip တစ်ခုရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦး!

🤔Intel လား၊ AMD လား? သင့်အတွက် အကောင်းဆုံးကို ဒီလိုခွဲခြားပြီး ရွေးချယ်ပါ!CPU ဝယ်တော့မယ်ဆိုရင် လူအများဆုံးမေးတဲ့ မေးခွန်...
10/07/2026

🤔Intel လား၊ AMD လား? သင့်အတွက် အကောင်းဆုံးကို ဒီလိုခွဲခြားပြီး ရွေးချယ်ပါ!

CPU ဝယ်တော့မယ်ဆိုရင် လူအများဆုံးမေးတဲ့ မေးခွန်းကတော့...

💙 Intel လား?
❤️ AMDလား? ဆိုတာပါပဲ။

အဖြေကတော့ "သင်ဘာအတွက် အသုံးပြုမလဲ?"ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

💙 Intel ကိုရွေးသင့်တဲ့သူ

✅ Office / Business အသုံးပြုသူများ
✅ Adobe Premiere Pro နဲ့ Video Editing လုပ်သူများ (Intel Quick Sync ကို အသုံးချနိုင်သူများ)
✅ Compatibility ကောင်းပြီး နေ့စဉ်အသုံးပြုမှုမှာ မြန်ဆန်တဲ့ Response ကို လိုချင်သူများ
✅ Everyday Use နဲ့ Productivity ကို မြန်ဆန်စွာ အသုံးပြုလိုသူများ

❤️ AMD ကိုရွေးသင့်တဲ့သူ

✅ Budget အလိုက် Gaming Performance ကောင်းတဲ့ CPU ကို ရှာဖွေနေသူများ
✅ Multi-Core Performance လိုအပ်တဲ့ Video Editing၊ 3D Rendering နဲ့ Content Creation Workflow များကို အဓိကလုပ်ဆောင်သူများ
✅ Multitasking (Application အများကြီး တစ်ပြိုင်နက်တည်း အသုံးပြုသူများ)
✅ Price-to-Performance ကောင်းတဲ့ CPU ကို ရှာဖွေနေသူများ

💡 သိထားသင့်တဲ့အချက်

❌ Intel က Video Editing ပဲကောင်းတယ် လို့ မဟုတ်ပါဘူး။
❌ AMD က Rendering ပဲကောင်းတယ် လို့လည်း မဟုတ်ပါဘူး။

ယနေ့ခေတ် Intel နဲ့ AMD CPU နှစ်မျိုးလုံးက Gaming၊ Video Editing နဲ့ Content Creation တွေမှာ စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။

ကွာခြားချက်ကတော့
💙 Intel → Quick Sync ပါဝင်တဲ့ Model များမှာ Video Export နဲ့ Streaming Workflow တချို့အတွက် အချိန်သက်သာစေနိုင်ပါတယ်။
❤️ AMD → Core/Thread များသော Ryzen Processor အချို့က Rendering နဲ့ Multitasking မှာ အားသာနိုင်ပါတယ်။

📌 နောက်ဆုံးအကြံပြုချက်အနေနဲ့
CPU ရွေးတဲ့အခါ Brand ထက် Generation နဲ့ Model ကို ပိုအရေးကြီးစဉ်းစားပါ။
✅ Office / Business → Intel နဲ့ AMD နှစ်မျိုးလုံး အဆင်ပြေပါတယ်။ (Software နဲ့ Budget အလိုက် ရွေးချယ်ပါ)
✅ Video Editing → Intel Quick Sync အသုံးချနိုင်တဲ့ Workflow တွေအတွက် Intel က အားသာနိုင်ပြီး၊ Rendering အလုပ်များတဲ့ Workflow တွေမှာ AMD Ryzen Model အချို့ကလည်း အလွန်ကောင်းပါတယ်။
✅ Gaming → Gaming Performance ကို CPU တစ်ခုတည်းက မဆုံးဖြတ်ပါဘူး။ GPU၊ RAM နဲ့ SSD တို့ကိုလည်း တွဲဖက်စဉ်းစားသင့်ပါတယ်။

သင်ဆိုရင် Intel 💙 လား? AMD ❤️ လား?
ရွေးချယ်ရတဲ့ အကြောင်းရင်းကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

💻 ရုံးလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ ကျောင်းသုံးအတွက်ပဲဖြစ်ဖြစ် အရမ်းတန်တဲ့ Acer Aspire Lite💻🤔Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ...
08/07/2026

💻 ရုံးလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ ကျောင်းသုံးအတွက်ပဲဖြစ်ဖြစ် အရမ်းတန်တဲ့ Acer Aspire Lite💻

🤔Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘာတွေကြည့်ရမလဲ?
✅ မြန်ဆန်မှုရှိရမယ်
✅ ပေါ့ပါးပြီး သယ်ရလွယ်ရမယ်
✅ ဈေးတန်ပြီး စွမ်းဆောင်ရည်ကောင်းရမယ်

💁ဒီအချက်တွေအားလုံးကို Acer Aspire Lite (AL15-46P-R4N0) မှာရရှိနိုင်ပါတယ်။

🔹AMD Ryzen™ 3 5400U Processor နဲ့ဖြစ်လို့ အလုပ်တွေကို ချောမွေ့မြန်ဆန်စွာ လုပ်ဆောင်နိုင်ပြီး Office Work တွေ၊ Online Class တွေအတွက် အေးဆေးပဲ။

🔹8GB RAM (1 slot free) နဲ့ 512GB PCIe NVMe SSD (1 slot free) တို့ပါဝင်လို့ လိုအပ်ရင် RAM နဲ့ Storage ကို အချိန်မရွေး ထပ်တိုးလို့ရတဲ့အပြင် စက်ဖွင့်/ပိတ် အရမ်းမြန်ဆန်ပါတယ်။

🔹15.6" Full HD (1920x1080) IPS SlimBezel မျက်နှာပြင်ဖြစ်လို့ ရုပ်ထွက်ကြည်လင်ပြီး ကြည့်ရတာ မျက်စိမညောင်းဘဲ အရောင်အသွေး စိုပြည်လှပစေမှာပါ။

🔹Light Silver အရောင်လေးနဲ့ဆိုတော့ ပွဲတိုးပြီး သန့်ရှင်းသပ်ရပ်တဲ့ Look ကို ရစေမှာပါ။

🔹ဒါ့အပြင် Wi-Fi 6 ပါဝင်တဲ့အတွက် အင်တာနက်လိုင်း တည်ငြိမ်မြန်ဆန်စွာ သုံးနိုင်မှာပါ။

🔹အလေးချိန် 1.79kg ပဲရှိလို့ နေရာအနှံ့ သယ်ဆောင်သွားဖို့ အရမ်းပေါ့ပါးပါတယ်။

🔹Windows 11 Home (64-bit) တခါတည်း ပါဝင်ပြီးသားမို့ အဆင်သင့် သုံးနိုင်ပါတယ်။

✅ကိုယ့်ရဲ့ အလုပ်တွေ၊စွမ်းဆောင်ရည်တွေကို ပိုမြန်ဆန်သွက်လက်စေဖို့ Acer Aspire Lite နဲ့ အတွေ့အကြုံအသစ်တွေကို အခုပဲခံစားလိုက်ပါနော်! 💻✨

✨Specification✨
Model: Aspire Lite AL15-46P-R4N0
CPU and Chipset: AMD Ryzen™ 3 5400U processor
Graphic: AMD Radeon™ Graphics
Memory: 8GB DDR4 3200 (1 slot free)
Storage: 512GB PCIe NVMe SSD (1 Slot Free)
Display: 15.6" Full HD (1920×1080) IPS SlimBezel
We**am: Video conferencing Camera FHD Camera MISC2MFHDCamera_CTE
Wireless and Networking: Wi-Fi 6 + BT
Battery: 53WH Battery
Colour: Light Silver
Weight: 1.79kg (3.3 lbs.)
Operation System: Windows 11 Home (64-bit)

2TB HDD (vs) 500GB NVMe SSD : ဘယ် Team ကလဲ?🤔
04/07/2026

2TB HDD (vs) 500GB NVMe SSD : ဘယ် Team ကလဲ?🤔

🤯အလုပ်လုပ်ရင်း စက်ဟန်းလို့၊ လေးလို့ စိတ်ညစ်နေရတဲ့ရက်တွေကို နှုတ်ဆက်လိုက်ပါတော့! 👋 ✅Office work လုပ်မလား၊ Multitasking ပဲ...
03/07/2026

🤯အလုပ်လုပ်ရင်း စက်ဟန်းလို့၊ လေးလို့ စိတ်ညစ်နေရတဲ့ရက်တွေကို နှုတ်ဆက်လိုက်ပါတော့! 👋

✅Office work လုပ်မလား၊ Multitasking ပဲအသုံးပြုမလား ဘာလာလာ စိတ်ကြိုက်ကြမ်းလို့ရမယ့် Acer Aspire Lite AL15နဲ့ဆို အလုပ်မတွင်မှာလဲ စိုးရိမ်စရာမလိုတော့ဘူးနော်။

💁Excel တွေ အကြီးအကျယ် တွက်ချက်ရချိန်၊ Project အများကြီး တစ်ပြိုင်နက် ဖွင့်ထားချိန်မှာ Laptop က ထစ်တာမျိုး ရပ်သွားတာမျိုး ကြုံဖူးကြမှာပါ။

🫨Memory မလောက်လို့ Application တွေ ပိတ်ပစ်ရတာ၊ ဖိုင်တွေ သိမ်းဖို့ နေရာမရှိရတာနဲ့ Screen ကို ကြာကြာကြည့်ရင် မျက်စိညောင်းပြီး ခေါင်းကိုက်လာတာတွေက တကယ့်ကို အနှောင့်အယှက်ပါပဲ။

💞💯ဒီပြဿနာအားလုံးကို Acer Aspire Lite AL15-42P-R5Y7 က အပြတ်ရှင်းပေးပါလိမ့်မယ်။

⚡ AMD Ryzen™ 7 7730U Processor အပြင် RAM 16GB DDR4 ပါဝင်လို့ Application အများကြီး တစ်ပြိုင်နက် သုံးလည်း လုံးဝမလေးဘဲ ချောချောမွေ့မွေ့ ရှိနေမှာပါ။

💾 512GB NVMe SSD မလို့ စက်ဖွင့်တာ၊ ဖိုင်ကူးတာ စက္ကန့်ပိုင်းပဲ ကြာပြီး နေရာလွတ်အတွက်လည်း ပူစရာမလိုတော့ပါဘူး။

👀15.6" Full HD IPS Anti-glare ComfyView display ပါဝင်လို့ အလင်းပြန် သက်သာစေပြီး အလုပ်ကို အချိန်တော်တော်ကြာသည်ထိ မျက်စိမညောင်းတမ်း အာရုံစိုက်နိုင်မှာပါ။

🔋 အားတစ်ခါသွင်းထားရင် ၈ နာရီအထိ အသုံးခံပြီး 1.79kg ပဲ လေးလို့ သယ်ရတာလည်း ပေါ့ပါး အဆင်ပြေပါတယ်။

‼️🧑‍💻မလိုအပ်ဘဲ အချိန်ကုန်၊ စိတ်ညစ်ရတဲ့ ဒုက္ခတွေကို အဆုံးသတ်ပြီး ပေါ့ပါးသွက်လက်တဲ့ Work Life ကို Acer Aspire Lite AL15-42P-R5Y7 နဲ့ အခုပဲ ပြောင်းလဲလိုက်တော့နော်✨

✨Specification ✨
CPU and Chipset : AMD Ryzen™ 7 7730U processor
Graphic : AMD Radeon™ Graphics
Memory : 16GB DDR4
Storage : 512GB,PCIe NVMe SSD
Display : 15.6" Full HD (1920×1080) IPS ComfyView display
We**am : Video conferencing CameraFHDCameraMISC2MFHDCamera_CTE
Wireless and Networking : Wi-Fi 6 (802.11ax) / Bluetooth 5.1
Battery : USBType-C65WPDPCR50%,TCO9.0ACadapter Battery 58Wh5100mAh11.4V3-cellLi-ionbatterypack Battery life up to8 hours
Colour : Light Silver
Weight : 1.79kg(3.3 lbs.)
Operation System : Windows 11 Home (64-bit)

‼️Laptop ကို Sleep Mode ပဲအမြဲပေးနေရင်  ဒါတွေသိထားရမယ်နော်🚫💁Laptop ကို Sleep Mode ထားခြင်းက အချိန်ကုန်သက်သာစေပြီး အလုပ်က...
24/06/2026

‼️Laptop ကို Sleep Mode ပဲအမြဲပေးနေရင် ဒါတွေသိထားရမယ်နော်🚫

💁Laptop ကို Sleep Mode ထားခြင်းက အချိန်ကုန်သက်သာစေပြီး အလုပ်ကို အမြန်ပြန်စနိုင်ပေမဲ့ အမြဲတမ်းဒီအတိုင်းထားရင် အောက်ပါပြဿနာများ ရှိနိုင်ပါတယ်။

🔥အပူလွန်ကဲခြင်း

•Sleep Mode ထားပြီး Laptop ကို အိတ်ထဲထည့်လိုက်တဲ့အခါ စက်က လုံးဝပိတ်သွားတာမဟုတ်ဘဲ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။ ပန်ကာမလည်ပတ်နိုင်တဲ့ အိတ်ကျဉ်းကျဉ်းထဲမှာ အပူချိန်တက်လာပြီး Laptop ရဲ့ Hardware များကို ထိခိုက်စေနိုင်ပါတယ်။

🪫 Battery အလဟဿကုန်ဆုံးခြင်း

•Sleep Mode မှာလည်း စက်က Power အနည်းငယ် ဆက်သုံးနေပါတယ်။ ဒါကြောင့် တစ်ညလုံး Sleep ထားလိုက်ရင် မနက်ခင်းမှာ Battery အတော်လေး လျော့နည်းနေတာကို တွေ့ရပါလိမ့်မယ်။

🐌စက်နှေးကွေးခြင်း

•Laptop ကို တစ်ပတ်လုံး၊ တစ်လလုံး Shutdown မလုပ်ဘဲ Sleep ပဲ ပေးထားရင် Windows Background မှာ run နေတဲ့ Process တွေ စုပုံလာပြီး စက်ပိုနှေးလာတာ၊ Software Error တွေ တက်တာမျိုး ဖြစ်တတ်ပါတယ်။

📂Data ဆုံးရှုံးနိုင်ခြင်း

•Sleep Mode မှာ အချက်အလက်တွေကို RAM ထဲမှာပဲ သိမ်းထားတာပါ။ Battery လုံးဝကုန်သွားရင် RAM ထဲက Data တွေ အကုန်ပျက်သွားမှာဖြစ်လို့ မသိမ်းရသေးတဲ့ File တွေ ဆုံးရှုံးနိုင်ပါတယ်။

✅အကောင်းဆုံးအနေနဲ့ Laptop ကို အနည်းဆုံး တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ရက်တစ်ကြိမ် 'Restart' ချပေးခြင်းက System cache တွေကို ရှင်းလင်းပေးပြီး Laptop ကို ပေါ့ပါးသွက်လက်စေပါတယ်။

🛫ဒါ့အပြင် ခရီးဝေးသွားရလို့ Laptop ကို ၂ ရက်၊ ၃ ရက်လောက် မသုံးတော့ဘူးဆိုရင် Sleep မပေးပါနဲ့။ 'Shutdown' သာ လုပ်ပေးပါ။ ဒါမှသာ Laptop ရဲ့ သက်တမ်းရှည်ပြီး Performanceကောင်းမှာ ြဖစ်ပါတယ်နော်။

RAM 8GB နဲ့ 16GB ကြားက ကွာခြားချက် - သင်တကယ်ရော သိရဲ့လား? 🤔💁‍♂️Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် RAM 8GB နဲ့တင် လောက်မလား? ...
19/06/2026

RAM 8GB နဲ့ 16GB ကြားက ကွာခြားချက် - သင်တကယ်ရော သိရဲ့လား? 🤔

💁‍♂️Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် RAM 8GB နဲ့တင် လောက်မလား?
🤔ပိုက်ဆံနည်းနည်း ပိုပေးပြီး 16GB ယူရမလား? ဆိုပြီး တွေးရခက်နေသူတွေရှိတတ်ကြပါတယ်။

✨အခုနောက်ပိုင်း Software တွေနဲ့ Browser တွေက RAM ပိုစားလာတာမို့ သင့်အတွက် ဘယ်အမျိုးအစားက အကိုက်ညီဆုံးဖြစ်မလဲဆိုတာ ခွဲခြားပြပေးပါမယ်။ 👇

💡 RAM 8GB
♻️အခြေခံ ရုံးလုပ်ငန်းသုံးနဲ့ ကျောင်းသုံးအတွက် "လုံလောက်တဲ့ ပမာဏ" ဖြစ်ပါတယ်။
✅Microsoft Office နဲ့ ၊သာမန်ရုံးသုံး ကျောင်းသုံးနဲ့ ရုပ်ရှင်ကြည့်/သီချင်းနားထောင်တာတွေအတွက် အိုကေပါတယ်။
✅Google Chrome မှာ Tab ပေါင်း ၁၀ ခုဝန်းကျင်အထိ ပေါ့ပေါ့ပါးပါး ဖွင့်သုံးနိုင်ပါတယ်။
✅ကျောင်းသား/သူတွေ၊ ရုံးဝန်ထမ်းတွေနဲ့ Heavy သုံးဖို့မလိုတဲ့ အခြေခံ အသုံးပြုသူတွေအတွက် ကွင်းကိုက်ပါပဲ။

🚀 RAM 16GB
♻️Multi-tasking (အလုပ်တွေ အများကြီး ပြိုင်တူလုပ်တာ) အတွက်အကောင်းဆုံးဖြစ်ပါတယ်။
✅Chrome Tab ပေါင်းများစွာ ဖွင့်ထားရင်း၊ တစ်ဖက်မှာ သီချင်းနားထောင်၊ နောက်ကွယ်မှာ ✅Software တွေအများကြီး ပြိုင်တူ Run ရင်တောင် စက်မလေးသွားပါဘူး။
✅Graphic Design (Photoshop, Illustrator) ဆွဲသူတွေ၊ Video Editing လုပ်သူတွေနဲ့ Coding သမားတွေ ချောချောမွေ့မွေ့ သုံးနိုင်ပါတယ်။
✅ခေတ်ပေါ် High-end ဂိမ်းတွေကို စိတ်ကြိုက် Frame rate နဲ့ ပိတ်ဆို့မှုမရှိ ဆော့ချင်ရင်တော့ 16GB က မရှိမဖြစ်ပါပဲ။

✨အလုပ်က Document ရေးတာ၊ ရုံးထိုင်သုံးတာ၊ လိုင်းသုံးတာ၊ ရုပ်ရှင်ကြည့်တာလောက်ပဲဆိုရင် 8GB က ဘတ်ဂျက်ချွေတာရာ ရောက်ပါတယ်။

‼️ဒါပေမဲ့ Design ဆွဲမယ်၊ ဂိမ်းဆော့မယ်၊ စက်လုံးဝ လေးမသွားဘဲ နောက်ထပ် ၃/၄ နှစ်အထိ ရေရှည် အေးဆေးသုံးချင်တယ်ဆိုရင်တော့ 16GB က အကိုက်ညီဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်မှာပါ။

သင့်အလုပ်နဲ့ ကိုက်ညီတဲ့ Specification ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်နော်!

Address

No(200, 208), Room No(002) 35th Street(Upper Block) Kyauktada Township
Yangon
1181

Alerts

Be the first to know and let us send you an email when SLN Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SLN Myanmar:

Shortcuts

Share