25/02/2020
သင်္ကြန်ပြီးတာနဲ့ ဆိုင်ချက်ခြင်း တန်းဖွင်ပြီး ၀င်ငွေ ရှာမလား ???
ဒါမှ မဟုတ် သင်တန်းမှာပဲ ဆက်နေပြီး ရေစို အလုံးတွေနဲ့ ဆက်လက် လေ့လာ သင်ယူနေမလား ???
နေ့စဉ် ၀င်ငွေ ပုံမှန် ရရှိနိုင်ပြီး ပညာ အရည်အချင်း လည်း မလိုတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်
ပညာ အရည် အချင်း အားနည်းတဲ့ သူတွေ
ကိုယ်ပိုင်အလုပ် လုပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်သူတွေ
နေ့စဉ် ၀င်ငွေလည်းပုံမှန် ရှာချင်တဲ့ သူတွေ
အတွက် အထူး သင့်လျော်ပါတယ် ။
ပညာ အရည်အချင်း လုံးဝ မလိုအပ်ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အသက်မွေး ၀မ်းကြောင်းပြုလုပ်လို့ရနိုင်တဲ့ အကောင်းဆုံးပညာရပ်
အရင်းအနှီး အနည်းဆုံး နဲ့ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နိုင်ပြီး နေ့စဉ် ၀င်ငွေရှာဖွေနိုင်မဲ့ ပညာရပ်
ကိုယ့် အိမ်ရှေ့လေး မှာပဲ တစ်ပိုင် တစ်နိုင် စီးပွားရေး လုပ်ကိုင်နိုင်စေမဲ့ အကောင်းဆုံး ပညာရပ်
လက်ရှိ ဈေးကွက် အနေအထား အရ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးနဲ့ အကောင်းဆုံး ပညာရပ် မို့လို့ ..... ကိုယ်ပိုင် စီးပွားရေး မလုပ်နိုင်တဲ့ သူတွေ အတွက်လည်းးး အလုပ်ရတာ မြန်လွန်းလှတဲ့ ပညာရပ်
ပညာရေး ဘက်မှာ မထူးချွန်လို့ ကိုယ်တိုင် စိတ်ညစ် နေရတဲ့ သူတွေ ၊ သားသမီး ရဲ့ ပညာရေး အခြေအနေ ကြောင့် စိတ်ညစ်နေရတဲ့ မိဘ တွေ အတွက် စိတ် အအေးရဆုံး ၊ စိတ် အချရဆုံး ကိုယ်တိုင် ကျွမ်းကျင် တတ်မြောက် သင်ကြား နိုင်တဲ့ ပညာရပ်
အစရှိတဲ့ ပညာရပ်ကိုသာ စနစ်တကျ သင်ယူတတ်မြောက်ထားမယ် ဆိုရင် ...
11.3.2020 တန်းခွဲ အပတ်စဉ် (74) စပါမယ် ... ။
ကျွန်တော်တို့ သင်တန်းရဲ့ သင်ကြားမှု ပုံစံလေးတွေကတော့ ..
- မတတ်မချင်း စိတ်တိုင်း မကျမချင်းသင်ပေးတဲ့ အတတ်သင်တန်းခွဲတွေပါ ။
- တစ်တန်း နဲ့ အားမရသေးရင် နောက်တစ်တန်း ကို ထပ်တက်ပါ ။
- သင်တန်းကြေး (၃) သိန်း ကို ၂ ရစ် ခွဲသွင်းပါ ။
- နေစရာ အဆောင် ကလည်း လုံးဝ အခမဲ့ပါ ။
2019 က စိတ်ပျက် အားလျော့စရာတွေကို … နှစ်သစ် အထိ သယ်မလာပဲ … အမှန်တကယ် ကြိုးစား ၊ လေ့လာ ၊ မှတ်သား ၊ သင်ယူပြီးးး ဒီနည်းပညာရပ်တွေကို တတ်မြောက်ထားမယ်ဆိုရင် ...
- သင်္ကြန်ပြီးတာနဲ့ ဆိုင်တန်း ဖွင့်မလား
- ဆိုင် မဖွင့်နိုင်သေးဘူး … ဖုန်းဆိုင်မှာ အလုပ် ၀င်လုပ်မလားး
- ဆိုင်လည်း မဖွင့်နိုင်သေး ၊ ဖုန်းဆိုင်မှာလည်း အလုပ်မလုပ်ချင်သေးးး ဘူးလား … ရပါတယ် …ကိုယ့် အိမ်မှာ ကိုယ် တစ်ပိုင်တစ်နိုင် Service လေး လုပ်ရင်းးး ၀င်ငွေ ရှာလို့ရမှာ ဖြစ်ပါတယ် … ။
အတန်းပညာ အရည်အချင်း မရှိဘူး ၊ ဆယ်တန်း မအောင်ဘူး ၊ အင်္ဂလိပ်စာ အားနည်းတယ် ၊ ကွန်ပျူတာ အခြေခံ မရှိဘူးးး …
အစရှိတဲ့ …. မိမိရဲ့ အားနည်းချက်တွေကြောင့် .. ဒီ ပညာကို သင်ယူဖို့ ကြောက်ရွံ့နေခဲ့ရင် …
အဲ့ဒီ ကြောက်စိတ်တွေကို 2019 မှာပဲ ထားခဲ့ဖို့ .. ပြောပါရစေ …. ။
ကျွန်တော်တို့ သင်တန်း က .. သင်တန်းသား ကို ဗဟိုပြုပြီးး သင်တန်းသား လိုအပ်ချက်ပေါ် မူတည်ပြီး သင်ကြားပေးတာကြောင့် ..
ပညာအရည်ချင်း အားနည်းတဲ့ သူတွေ ၊ အင်္ဂလိပ်စာ အားနည်းတဲ့ သူတွေ အတွက် … စာတွေ့ကို လျော့ပြီးး လက်တွေ့ တွေ ပဲ ပိုမို သင်ကြားပေးမှာ ဖြစ်ပါတယ် … ။
လက်တွေ့ က ပိုင်နိုင်တယ် ၊ စာတွေ့ ကို ပိုစိတ်ဝင်စားတဲ့ သူတွေ အတွက်လည်းး လိုက်နိုင်ရင် လိုက်နိုင်သလောက် … လမ်းကြောင်းပိုင်း ၊ Diagram အပိုင်းတွေကို အားပါး တရ လေ့လာ သင်ယူနိုင်မှာလည်း ဖြစ်ပါတယ် … ။
ပညာ အရည်အချင်း အားနည်းလို့ စိတ်အားငယ်နေတဲ့ သူတွေက … တစ်ခြား သူတွေ ထက် .. ၂ ဆ ပိုမို ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ .. တကယ်လည်း ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုသာ ယူလာခဲ့ပါ ။
သင်တို့ကို .. သင့်ပတ်ဝန်းကျင် ၊ သင့်မိသားစု ၊ သင့်ဆွေမျိုး အပေါင်းအသင်းတွေ ၊ သင်ချစ်ရတဲ့ သူတွေ ကြားမှာ … 2019 က သင်မဟုတ်ပဲ .. 2020 မှာ … သင်ကိုယ်တိုင်တောင် မသိလိုက်ပဲ …. လူ အသစ် တစ်ယောက် ဖြစ်သွားဖို့ ကျွန်တော်တို့ သင်တန်းက လုပ်ဆောင်ပေးနိုင်ပါတယ် … ။
အထက်ပါ အတိုင်း အားသာချက်တွေ .... အခွင့်အရေးတွေ ... အများကြီးနဲ့ March (11) ရက်မှာ ဖွင့်လှစ်မဲ့ တန်းခွဲ အပတ်စဉ် (74) က သင်တို့ ကို စောင့်ကြိုနေပါတယ် ။
(လူငယ် ၊ လူရွယ် ၊ လူကြီး ၊ ယောင်္ကျား ၊ မိန်းမ .. မရွေး မည်သူမဆို လွတ်လပ်စွာ တက်ရောက် သင်ကြားနိုင်သော ပညာရပ် တစ်ခု ဖြစ်ပါတယ် ။ )
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းများကို Software , Hardware သက်ဆိုင်ရာ အလိုက် ဖြစ်ပေါ်နေသော Error များအတွက် ကျွမ်းကျင်စွာ ပြုပြင်ပေးနိုင်အောင် သင်ကြားပေးမဲ့ သင်တန်း တစ်ခု ဖြစ်ပါတယ် ။
လူသုံးအများဆုံး Mobile Phone များတွင် ပါဝင် လည်ပတ်နေသော OS ( အဓိက အနေဖြင့် Android OS , iOS ) များအကြောင်း Software , Hardware အလိုက် အခြေခံမှ စတင် သင်ကြားပေးပါတယ် ။
Software ပိုင်း Error များအတွက် Firmware တင်ခြင်း ၊ Version မြှင့်ခြင်း ၊ နှိမ့်ခြင်း ၊ imei ရေးခြင်း ၊ MTK ဖုန်းများအတွက် Firmware Backup ယူခြင်း ၊ insecure boot အသုံးနည်းများ ၊ bootloader unlock လုပ်နည်းများ ၊ Root , Jailbreak ပြုလုပ်နည်းများ အစရှိသည့် လက်ရှိ Mobile ဖုန်းများတွင် အဖြစ်များဆုံးသော Error များကို မိမိ ကိုယ်တိုင် လက်တွေ့ ဖြေရှင်းတတ်စေရန် အခြေခံ မှ စတင်ပြီး သင်ကြားပေးပါတယ် ။
( နောက်ဆုံးထွက် လူကြိုက်အများဆုံး ၊ လူသုံး အများဆုံး Mi Device များနဲ့ ပတ်သတ်ပြီး အလုံးစုံ ကျွမ်းကျင်သည် အထိ သင်ကြားပြသပေးပါတယ် ။ ရက်တို သင်တန်းများ ထပ်မံ တက်ရောက်ရန် မလိုလောက်အောင် Advanced ပိုင်းဆိုင်ရာ သင်ခန်းစာများ အထိ ကျွမ်းကျင် တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးပါတယ် ။ )
Hardware ပိုင်းဆိုင်ရာ ပြစ်ချက်များအတွက် 5AMP , 3AMP , 2AMP အစရှိသည့် Power Supply အမျိုးမျိုး အသုံးပြုပြီး ရှော့ ရှာနည်းများ ၊ Meter တိုင်းတာနည်းများ ၊ ခဲဂေါက် ၊ Air Gun အစရှိသည့် Tools အမျိုးမျိုး ကို အခြေခံမှ စပြီး ကျွမ်းကျင်စွာ အသုံးပြုနည်းများ ၊ အဖြစ်များလျက်ရှိသည့် EMMC လဲလှယ်နည်းများ ၊ နောက်ဆုံး Diagram တစ်ခု ကို ကိုယ်တိုင် နားလည်စွာ ရေးဆွဲတတ်စေရန် အခြေခံမှ စတင်ပြီး သင်ကြားမှု တွေ ပေးပါတယ် ။
Software ပိုင်း အတွက် လက်ရှိ ရေပန်းအစားဆုံး Mobile Phone များ ဖြစ်သည့် ( iPhone , Samsung , Sony , Mi , Huawei , Oppo , Vivo , Lenovo , Coolpad , Hisense , SingTech , Gionee ) အစရှိတဲ့ Branded Phone Model များ အပြင် လူသုံးများသော တန်ဖိုးနည်း China Handset များဖြစ်သည့် ( Samsung Clone , Sony Clone , X-Bo , Hello , Leagool , MyPhone , Hiway , iLoveFa , Titan ) အစရှိသည့် Clone ဖုန်းများအထိ ကျွမ်းကျင် ပိုင်နိုင်စွာ ပြုပြင်တတ်စေရန်
သင်ကြားမှု ပေးပါတယ် ။
Hardware ပိုင်း အတွက် Customer တစ်ယောက် လာရောက် ပြုပြင်သည့် ဖုန်းများကို ကိုယ်တိုင် လက်တွေ့ ပြုပြင်ရမှာ ဖြစ်ပြီး မိမိ ပြုပြင်သော ဖုန်းအတွက် လိုအပ်သော Spare Parts ပစ္စည်း ( Touch , LCD , Earpiece , Mic , Speaker , Power IC , EMMC ) အစရှိသည် တို့ကို ကိုယ်တိုင် သွားရောက် စမ်းသပ် ၀ယ်ယူရမှာပါ ။
ပစ္စည်းဖိုး လက်ခ တောင်းယူ နည်းက အစ စနစ်တကျ သင်ကြားတတ်မြောက်စေပြီး ၊ ဆိုင်တစ်ဆိုင် ဖွင့်ရန် လိုအပ်တဲ့ ဘောင်ချာ ဖွင့်နည်း ၊ Customer နဲ့ ပြောဆို ဆက်ဆံ နည်း အစရှိတဲ့ နည်းလမ်းကောင်းတွေကိုပါ တစ်ပါတည်း ရရှိစေနိုင်ပါတယ် ။
သင်တန်း သင်ကြားနေသလို မဟုတ်ပဲ Service ဆိုင် တစ်ဆိုင်မှာ လက်တွေ့ ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်နေသလို သင်ကြားမှု တွေ ရရှိနိုင်ပါတယ် ။ အဲ့ဒါကြောင့် သင်တန်းကာလ အချိန်တို အတွင်းမှာပဲ မိမိ ကိုယ်မိမိ ယုံကြည် ပိုင်နိုင်မှု ရှိစေပါတယ် ။ On Job Training အတွက် အချိန် ထပ်မလိုတော့တာကြောင့် မလိုအပ်ပဲ အချိန်ကုန် ဆုံးမှု ကိုလည်း လျော့ချပြီးသား ဖြစ်ပါတယ် ။
Software ပိုင်းအတွက် ကွန်ပျူတာ အခြေခံ မှ အစပြုပြီး ၊ Hardware ပိုင်းအတွက် ကိုလည်း Electronics အခြေခံ မှ စတင်ကာ သင်ကြားမှု တွေ ပေးတာကြောင့် မည်သူမဆို လွတ်လပ်စွာ တက်ရောက် ပညာသင်ကြား နိုင်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ် ။
နေ့စဉ် နဲ့ အမျှ တိုးတက်နေတဲ့ နောက်ဆုံးပေါ် Smart ဖုန်းများ နဲ့ နေ့စဉ် ဖြစ်ပေါ် လျက်ရှိသော Error တွေကြောင့် ဒီ မိုဘိုင်းဖုန်း ပြုပြင်ခြင်း နည်းပညာရပ်ဟာ … သင့်ဘ၀ နောင်ရေးအတွက် လုံးဝ စိတ်အေးရစေမဲ့ တစ်ခု ထဲသော ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ် ။
သင်တန်း စမဲ့ ရက် - 11.3.2020
သင်တန်းကြေး တွေက
Software - ၁ သိန်း ၅ သောင်း
Hardware - ၂ သိန်း
(၂) မျိုးပေါင်း - ၃ သိန်းပါ ။( ငါးသောင်း Discount ပါ ။ )
တက်ရောက်မဲ့ သူများ ကြိုတင် စာရင်း ပေးသွင်းရပါတယ် ။ သင်တန်းကြေး အတွက် စရံ သွင်းငွေ အပါအ၀င် ၃ ရစ် တိတိ ခွဲပေးနိုင်ပါတယ် ။
၂ မျိုးလုံး ပဲ တက်တက် ၊ ၁ မျိုးထဲပဲ တက်တက် .. နယ်သမားတွေ အတွက် နေစရာ အဆောင်အခမဲ့ စီစဉ်ပေးပါတယ် ။ ရေဖိုး မီးဖိုးက အစ တစ်ပြား တစ်ချပ်မှ ပေးစရာ မလိုပါဘူး ။ ( အဆောင်နေ လူဦးရေတော့ ကန့်သတ်ချက် ရှိပါတယ် .. ။ တကယ်လို့ အဆောင်နေ လူဦးရေ ပြည့်သွားရင်တော့ ... အဆောင် စီစဉ်ပေးလို့ ရမှာ မဟုတ်ပါဘူးးး ။ အဲ့ဒါကြောင့် သင်တန်း စောစော အပ်ထားတဲ့ သူတွေ အတွက်ကတော့ အဆောင် စိတ်ချရပါတယ် ။ )
သင်တန်းလိပ်စာ ကတော့
The Last Mobile Service & Training Centre
အမှတ် (52/B) ၊ ပထမထပ် ၊ စံရိပ်ငြိမ် (၃) လမ်းနဲ့ (၄) လမ်းကြား ၊ အင်းစိန် လမ်းမပေါ် ၊ ကမာရွတ် မြို့နယ် ၊ ရန်ကုန်မြို့ ( SP Bakery & Cafe ဆိုင်ရှေ့တည့်တည့် )
09-3380-5581 , 09-3380-5591
သင်တန်း နဲ့ ပတ်သတ်ပြီး စုံစမ်းကြတဲ့ သူတွေရဲ့ အမေးအများဆုံး မေးခွန်းတွေကိုပါ တစ်ခါတည်း ဖော်ပြပေးလိုက်ရပါတယ် ။ အဲ့ထဲကမှ ထပ်မံ သိချင်သူတွေ အနေနဲ့ Facebook ကနေ တစ်ဆင့် message ပို့ပြီး ဆက်သွယ်နိုင်သလို ၊ ဖုန်း ဆက်ပြီးတော့လည်း စုံစမ်းမေးမြန်းနိုင်ပါတယ် ။
(မေး) သင်တန်း တက်ဖို့ အတွက် အသက်ကန့်သက်ထားပါသလား ။
(ဖြေ) အသက် ကန့်သတ်ချက်ရယ်လို့ တော့ မရှိပါဘူး … ။ ဒါပေမဲ့ အနည်းဆုံး အသက် ၁၆ နှစ်လောက်မှ စပြီး ဒီပညာရပ်ကို သင်ကြားတာ ကောင်းပါတယ် …. ။ အရမ်း အသက်ကြီးတဲ့ သူတွေ အတွက် ကျတော့လည်း သိပ် အဆင်မပြေနိုင်ပါဘူး …. ။
(မေး) အမေးအများဆုံး မေးခွန်း - ပညာ အရည်အချင်း ကန့်သတ်ထားပါသလား ။ ၁၀ တန်းမအောင်ဘူး တက်လို့ ရပါ့မလား ။
(ဖြေ) အသက်မွေး ၀မ်းကြောင်းဆိုင်ရာ ပညာရပ် ဖြစ်လို့ ပညာအရည်အချင်း လုံးဝ ကန့်သတ်ထားခြင်း မရှိပါဘူး ။
(မေး) ကွန်ပျူတာ အခြေခံ မရှိတဲ့ သူတွေ ရော သင်လို့ ရနိုင်ပါသလား ။
(ဖြေ) ကွန်ပျူတာ အခြေခံ ကို အရင်ဆုံး တစ်ပတ် ၊ ဆယ်ရက် တိတိ လေ့ကျင့် သင်ကြားပေးပါတယ် ။ အဲ့ကနေ မှ တစ်ဆင့် ဖုန်း ပိုင်းကို ဆက်သင်တာကြောင့် ကွန်ပျူတာ အခြေခံ မရှိလည်း တက်ရောက် သင်ကြားနိုင်ပါတယ် ။
(မေး) စာတွေ့  လက်တွေ့ ကို ဘယ်လို သင်ကြားပေးပါသလဲ ။
(ဖြေ) အဓိက အလုပ်ပြန်လုပ်မဲ့ သူတွေ ၊ ဆိုင်ပြန်ဖွင့်မဲ့သူတွေ ၊ ဒီပညာရပ်နဲ့ အသက်မွေး ၀မ်းကြောင်း ပြုကြမဲ့ သူတွေ ကို အဓိက ထားပြီး သင်ကြားပေးတာကြောင့် စာတွေ့ပိုင်းထက် လက်တွေ့ ပိုင်းက ပိုများပါလိမ့်မယ် Customer များ လာရောက် ပြုပြင်သော ဖုန်းများ ကို ကိုယ်တိုင် ကိုယ်တွယ်ရင်း သင်တန်း သင်နေရင်း နဲ့ လုပ်ငန်း အတွေ့အကြုံ တစ်ခါတည်း ရရှိနိုင်ပါတယ် ။
(မေး) သင်တန်းက နေ့တိုင်း တက်ရတာလား ။ သင်တန်းကာလ ဘယ်လောက်လဲ ။
(ဖြေ) တစ်ပတ် ကို ခြောက်ရက် (တနင်္လာ ကနေ စနေ) တက်ရပါမယ် ။ သင်တန်း Course တွေပေါ် မူတည်ပြီး သင်တန်း ကာလ သတ်မှတ်ထားတာတော့ ၁ လ ပါ ။
(မေး) အမေးအများဆုံး မေးခွန်း - သင်တန်းပြီးလို့ ကျွမ်းကျင်မှု မရှိသေးရင် ဘယ်လို ဆောင်ရွက်ပေးပါသလဲ ။
(ဖြေ) အဓိက သင်တန်းသားပေါ် တိုက်ရိုက် မူတည်ပါတယ် ။ မိမိ ဘက်က စိတ်ဝင် တစားနဲ့ လိုက်လုပ်ပါမှ တက်မြောက်မဲ့ ပညာရပ် တစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့ အကြောင်းကြောင်း ကြောင့် ကျွမ်းကျင် တတ်မြောက်မှု မရှိသေးရင် သင်တန်း ပြီးသော်လည်း သင်တန်းမှာပဲ ဆက်လက် နေထိုင်ပြီး ( အဲ့အချိန် အဆောင်မပေးတော့ပါ ) ပညာယူ ၊ လေ့လာ လုပ်ကိုင် ပေးနေလို့ ရပါတယ် ။
(မေး) အမေးအများဆုံး မေးခွန်း - သင်တန်းပြီးသွားရင် အလုပ်ရှာပေးလား ၊ အလုပ်ရမှာလား ။
(ဖြေ) မိမိ ကိုယ်တိုင် စိတ်အားထက်သန်မှု ၊ ကြိုးစား လိုက်နာ သင်ယူမှု ၊ မိမိ ဘ၀ အပေါ် ထားတဲ့ ခံယူချက် အတိုင်း သင်ကြား တတ်မြောက်ပုံခြင်း မတူတာကြောင့် သင်တန်းသားတိုင်း အလုပ်ရမယ် ဆိုပြီး အာမခံချက် မပေးနိုင်ပါဘူး ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် သေချာ စနစ် တကျနဲ့ လိုက်လံ သင်ယူမယ်ဆိုရင်တော့ သင်တန်းပြီးတာနဲ့ ချက်ခြင်း ဘယ်ဖုန်း ဆိုင်မှာ မဆို အလုပ် ပြန်လည် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ် ။ သင်တန်းမှာ လာခေါ်ထားတဲ့ ၀န်ထမ်း လိုအပ်တဲ့ ဆိုင်တွေ ရှိပါတယ် ။ အဆင်ပြေမယ်ဆို
တစ်ခါတည်း အပ်ပေးလိုက်ပါတယ် ။
(မေး) အမေး အများဆုံး မေးခွန်း - သင်တန်းကြေး ဘယ်လောက်လဲ ။ အရစ်ကျ ဘယ်လို သွင်းရမလဲ ။
(ဖြေ) သင်တန်းကြေး အနေနဲ့ Software ၁သိန်း ၅ သောင်း ၊ Hardware ၂ သိန်း ၊ ၂ မျိုးပေါင်း ၃ သိန်း သတ်မှတ်ထားပါတယ် ။ ကြိုတင် စာရင်းပေးအပ်နှံရတာကြောင့် တစ်မျိုးစီအတွက် စရံ ငါးသောင်း ဆီ သွင်းရပါတယ် ။ အဲ့တော့မှ နာမည် စာရင်း အသေ ထည့်ထားလို့ ရမှာပါ ။ ၂ မျိုးပေါင်းအတွက် တစ်သိန်း စရံ သွင်းရပါမယ် ။ ( နယ်က လူတွေ ကတော့ ဘဏ်ကနေ ငွေလွှဲ ပေးရပါမယ် ။ ) ကျန်ငွေ ၂ သိန်း ကို သင်တန်း စတက်တဲ့ ရက်မှာ ပေးချေရမှာ ဖြစ်ပါတယ် ... ။ ( အရမ်း အခက် အခဲ ရှိတဲ့ သူတွေ အတွက် တစ်ပတ် ၊ ဆယ်ရက် ခန့် နောက်ဆုတ်ပေးလို့ရပါတယ် ... ။ )
(မေး) သင်တန်းကြေး ၃ သိန်း အပြင် အဆောင်ခ ထပ်မံ ပေးရမှာလား ။
(ဖြေ) နေစရာ အဆောင်က လုံးဝ အခမဲ့ပါ ။ ရေ ဖိုး ၊ မီးဖိုး က အစ ထပ်မံ ကောက်ခံတာ လုံးဝမရှိပါဘူးး ။ ရေမီး ပြည့်စုံပြီး သင်တန်းသားတွေ သီးသန့် နေထိုင်ဖို့ အတွက် တိုက်ခန်း စီစဉ်ပေးထားတာပါ ။ ၁ မျိုး ထဲ တက်တက် ၊ ၂ မျိုး လုံး တက်တက် အဆောင် အခမဲ့ ပေးပါတယ် ။ ( အဆောင်နေ လူဦးရေတော့ ကန့်သတ်ချက် ရှိပါတယ် .. ။ တကယ်လို့ အဆောင်နေ လူဦးရေ ပြည့်သွားရင်တော့ ... အဆောင် စီစဉ်ပေးလို့ ရမှာ မဟုတ်ပါဘူးးး ။ အဲ့ဒါကြောင့် သင်တန်း စောစော အပ်ထားတဲ့ သူတွေ အတွက်ကတော့ အဆောင် စိတ်ချရပါတယ် ။ )
(မေး) အမေးအများဆုံး မေးခွန်း - လူဦးရေ ကန့်သတ်ထားပါသလား ။
(ဖြေ) ဟုတ်ကဲ့ ။ လူဦးရေ ကန့်သတ်ထားတာကြောင့် ကြိုတင်စာရင်းပေး အပ်နှံရခြင်း ဖြစ်ပါတယ် ။ သတ်မှတ် လူဦးရေ ပြည့်တာနဲ့ ဆက်ပြီး လက်ခံလို့ မရတော့လို့ပါ … ။ အချိန် တစ်ချိန်မှာ Software ပိုင်းအတွက် ၁၀/၁၂ ယောက်နဲ့ Hardware ပိုင်းအတွက် အများဆုံး ၁၂ ယောက်ထိ သာ ကန့်သတ်ထားတာကြောင့်ပါ ။
(မေး) ၂ မျိုးလုံးတက်ရင် Discount ရှိပါသလား ။
(ဖြေ) ၂ မျိုးလုံး တက်တဲ့ သူတွေ အတွက် 50,000 Discount ပေးထားပါတယ် ။ အဲ့ဒါကြောင့် ၂ မျိုး လုံး တက်မယ်ဆို ၃ သိန်း ပဲ ကျသင့်မှာပါ ။
(မေး) သင်တန်းပြီးရင် လိုအပ်တဲ့ ဒေတာတွေ ပေးပါသလား ။
(ဖြေ) လိုအပ်တဲ့ ဒေတာတွေ အစုံ Firmware , Software , Game , Application တွေ အပြင် ဆိုင်တစ်ဆိုင် ဖွင့်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ... MP3 , MP4 သီချင်းတွေ ၊ ခုလက်ရှိ ခေတ်စားနေတဲ့ မြန်မာစာတန်းထိုး ရုပ်ရှင် အစရှိတာတွေ ကိုပါ ထည့်သွင်းပေးပါတယ် ။ အမြဲတမ်း Update ဖြစ်နေဖို့ အတွက် အသစ် ထွက်ဒေတာတွေ ကိုလည်း အမြဲတမ်းလာယူလို့ အောင် စီစဉ်ပေးထားပါတယ် ။
(မေး) အချိန် ၁ လထဲနဲ့ ကျွမ်းကျင် ပါ့မလား ။
(ဖြေ) သင်တန်းသားပေါ် 100% တိုက်ရိုက် မူတည်တဲ့ မေးခွန်းပါ ။ သင်တန်းက မည်သူမဆို အကုန် တစ်ပြေးညီ သင်ကြားပေးတာပါ ။ အဲ့ဒါကြောင့် မိမိ ကိုယ်တိုင် ဒီပညာရပ် အပေါ်မှာ စိတ်ပါဝင်စားမှု ရှိရပါမယ် ။ ဒီ ပညာရပ် နဲ့ အသက်မွေး ၀မ်းကြောင်း ပြုရမယ်ဆိုတဲ့ စိတ်လည်း ရှိရပါမယ် ။ တစ်နေ့ စာ တစ်နေ့ မှန်မှန် လုပ်ပြီး စာမေးတိုင်း အမြဲ ရနေရပါမယ် ။ အဲ့ အချက်တွေ အတိုင်း သင်ယူမယ်ဆိုရင်တော့ အချိန် (၁) လ အတွင်းမှာ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ပါတယ် ။ သင်ကြားမှု အပိုင်းကို ကျွန်တော်တို့ ဘက်က 100% တာဝန်ယူပါတယ် ။ တတ်မြောက်မှု အပိုင်းကို သင်တန်းသား ဘက်က တာဝန်ယူရပါမယ် ။
The Last Mobile Service & Training Centre
အမှတ် (52/B) ၊ ပထမထပ် ၊ စံရိပ်ငြိမ် (၃) လမ်းနဲ့ (၄) လမ်းကြား ၊ အင်းစိန် လမ်းမပေါ် ၊ ကမာရွတ် မြို့နယ် ၊ ရန်ကုန်မြို့ ( SP Bakery & Cafe ဆိုင်ရှေ့တည့်တည့် )
09-3380-5581 , 09-3380-5591