ZEN Technology Co.,Ltd.

ZEN Technology Co.,Ltd. Best our knowledge and special service for your system ! Development & IT Service

Welcome..... Myanmar integrated psa Co.,Ltd.....Thank you, we are honored to work with you.  We will introduce the best ...
02/05/2023

Welcome.....
Myanmar integrated psa Co.,Ltd.....
Thank you, we are honored to work with you. We will introduce the best technology in the future, so we welcome entrepreneurs who will work with us.

Ko Myat Ko ( ZEN Technology)
09422948442

Happy Chinese new year 🎊🎊🎊2023🎊🎊🎊
22/01/2023

Happy Chinese new year

🎊🎊🎊2023🎊🎊🎊

Web Development  အပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် အသစ်ဖွင့်လိုက်တဲ့ သင်တန်းဖြစ်ပါတယ်။{ Front-End / Back-Eand Web Develo...
22/01/2023

Web Development အပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် အသစ်ဖွင့်လိုက်တဲ့ သင်တန်းဖြစ်ပါတယ်။

{ Front-End / Back-Eand Web Developement
နှင့် သက်ဆိုင်ရာ အရေးပါသည့်
Fundamental Course များ ကိုအဓိကထား သင်ကြားမည့် အတန်း ဖြစ်ပါတယ်။ }

HTML, CSS, Javascript /JQuery/Bootstrap စသည်တို့ ကို အသုံးပြုပြီးProject
သက်ဆိုင်ရာ အပိုင်း တိုင်းတွင် နားလည်သဘောပေါက်စေကာ...သင်တန်းဆင်း ချိန်တွင်လည်း လက်တွေ့ရေးသား ပြီး ကိုယ်ပိုင် Website တစ်ခုကို ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်သည်။

သင်တန်းတိုင်းကိုလူအများကြီးနဲ့မသင်ဘူး။
Section တစ်ခုမှာ (၄)ယောက်ပဲလက်ခံပါမယ်။

Course တွေကိုဖြတ်ညှပ်ကပ်လုပ်ပြီးမသင်ဘူး။
ပြီးပြည့်စုံတဲ့ Course နဲ့ Project ပြီးအောင်သင်မယ်။

Course Outline

Introduction to Web Foundation
Domain/Sub Domain/ Hosting / Name Server
Databases ( MySQL/PHP)
FTP / WebDisk
Web Mail/ Encryption /Span Filter
Web Security
(SSH Access / IP Blocking & Track/SSL/Encryption)

Programming Fundamentals Introduction & Contact

Javascript / PHP / Paython

Web Fundamental Design & Contact

- Bootstra/HTML5 & CSS 3

PHP Introduction & Contents Of Other Scripts
Paython Introduction &
MySQL Introduction & Storing Passwords Security

Client side Script များနဲ့ တင် တန်းလန်းကြီး မထားခဲ့ပါဘူး....Serverside ထိ အပါခေါ် သင်သွားမဲ့အတန်းမို့ လက်မလွတ်သင့်ဘူးနော် ။

Requirements - အခြေ ခံလိုအပ်ချက်များ

ကိုယ်ပိုင် Laptop ယူလာရမည်။ သင်တန်းအချိန်မှန်ရမည်။ Programming Language ကိုစိတ်ဝင်စားတဲ့သူဖြစ်ရမည်။
သင်တန်းကြေး
130000 MMK (တစ်သိန်း သုံးသောင်း)

သင်တန်းစမည့်ရက်

february. 1.2023

သင်တန်းလက်ခံမည့်ရက်

1. to 30 Dec 2023

No.247,8th floor, Junction of Banyardala Rd and Ahyoe Kone St, Tamwe Ts, Yangon,myanmar

www.zentechnogymm.com
[email protected]

For inquiry, please call us now at our
HOTLINE @ :
+95 97 55 933 470 , 097 55 933 104 .09422948442

အမှတ်၂၄၇ ၊ ဗညားဒလလမ်းမကြီးပေါ် အရိုးကုန်း လမ်းဒေါင့်၊တာမွေမြို့နယ်၊ရုန်ကုန်။

OUR SERVICEWe specialize in the development of customized software applications. Specifically, we carry out web applicat...
29/04/2022

OUR SERVICE

We specialize in the development of customized software applications. Specifically, we carry out web application and mobile phone application development, software integration, technical support and maintenance and other programming services.

A Complete Computer System Development
{ Our Solutions To Promote Your Business }

📣 Website Design & Development
📣 Mobile Application Development
📣 Custom Software Development
📣 E-COMMERCE Development
📣 Graphic Design Service
📣 Digital Marketing Service

For inquiry, please call us now at our HOTLINE @ : 09422948442 ,
(24/7 - Service )

www.zentechnologymm.com

[email protected]
[email protected]

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ
21/03/2021

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ

💠Happy New Year 2021💠 ZEN TECHNOLOGY မှ မိတ်ဟောင်းမိတ်သစ်များ အားလုံး 2021နှစ်သစ်မှာ စိတ်၏ကျန်းမာခြင်း..ကိုယ်၏ချမ်းသာခြင...
31/12/2020

💠Happy New Year 2021💠

ZEN TECHNOLOGY မှ မိတ်ဟောင်းမိတ်သစ်များ အားလုံး 2021နှစ်သစ်မှာ
စိတ်၏ကျန်းမာခြင်း..ကိုယ်၏ချမ်းသာခြင်းနဲ့
ပြည့်စုံကြပါ​စေ

အလုပ်အကိုင် အခွင့်လမ်း အသစ် အသစ်တွေ နဲ့
အဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..🙏🏻.
၂၀၂၁ တစ်နှစ်တာလုံးပျော်ရွှင်စရာနေရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေ...🙏🏻

ZEN Technology TrainingClass -13ဥရုဝေလ. ကျောင်းမှာ သင်ကြားပေးရတာ ပျော် တယ် တစ်ဦးပေါ်တစ်ဦး စာနာ နားလည်မူ့ထားကြတယ်အမှတ်ရ...
29/09/2020

ZEN Technology TrainingClass -13

ဥရုဝေလ. ကျောင်းမှာ သင်ကြားပေးရတာ ပျော် တယ်
တစ်ဦးပေါ်တစ်ဦး စာနာ နားလည်မူ့ထားကြတယ်
အမှတ်ရမိနေလို့
ZEN Technology မှ မလာချိန် ဘယ်လိုများတိုင်ပတ်နေမလဲပေါ့....

Sir Myat Ko
Zen Technology
09422948442
zealotmko?. com

ZEN Technology. မှ Customer များ... သင်တန်းသားများ မိတ်ဆွေများခင်ဗျာ Zen Founder ဖြစ်သော ကိုမြတ်ကို တစ်ယောက် အစစအရာရာ သက...
16/09/2020

ZEN Technology. မှ Customer များ...
သင်တန်းသားများ မိတ်ဆွေများခင်ဗျာ
Zen Founder ဖြစ်သော ကိုမြတ်ကို တစ်ယောက် အစစအရာရာ သက်သာပျောက်ကင်းလာပါပြီ။ ထို့ကြောင့် မကြာမှီ လတွေမှာတော့ အရင်လို ပြန်လည်ပါတ်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပေးလိုက်ပါတယ် ။
ကိုမြတ်ကိုတစ်ယောက် ကျန်းမာရေး မကောင်းချိန် လာရောက်မေးမြန်း တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ် ခင်ဗျာ။

ကိုမြတ်ကိုဦး
Zen Technology

Step2 (Two-factor Authentication) ဖုန်းနံပါတ်ဖြင့် သင်၏ဖုန်းအဆက်အသွယ်များကို စုဆောင်းခြင်းအား Facebook မှရပ်ဆိုင်းတော့မည...
18/01/2020

Step2 (Two-factor Authentication)
ဖုန်းနံပါတ်ဖြင့် သင်၏ဖုန်းအဆက်အသွယ်များကို စုဆောင်းခြင်းအား Facebook မှရပ်ဆိုင်းတော့မည်...
Credit

Facebook ကိုဝင်ရောက်ရန် သင့်ဖုန်းကို အသုံးပြုသည့်အခါတွင် ကုမ္ပဏီက သင့်ဖုန်းနံပါတ်ကို မှတ်လိုက်ပြီး ၎င်းဖုန်းနံပါတ်အား ‘Friends Suggestion’ ၌ အသုံးပြုသည်ကို သင်သိပါသလား။ ဤအကြောင်းကို ယခုအပတ်အတွင်း၌ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးက ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားခြင်းမတိုင်ခင်ထိ အခြားသူအများစုက ဤအကြောင်းကို ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။
သုံးစွဲသူများက ၎င်းတို့၏အကောင့်ကို ဒုတိယလမ်းကြောင်းမှ ဝင်ရောက်နိုင်မည့် 2FA စနစ်အား Facebook ကဆောင်ရွက်ထားပါသည်။ Username နှင့် Password ပေါ် လုံးလုံးလျားလျား မှီခိုနေရမည့်အစား သုံးစွဲသူများအနေဖြင့် 3rd Party App တစ်ခုခုမှထုတ်ပေးသည့် Login ကုဒ်ဖြင့်သော်လည်းကောင်း၊ ၎င်းတို့ဖုန်းဆီသို့ SMS မှတဆင့် ရောက်ရှိလာသောကုဒ်ဖြင့်သော်လည်းကောင်း ဝင်ရောက်နိုင်ရန် သတ်မှတ်နိုင်ပါသည်။
ပြဿနာက ဖုန်းနံပါတ်ပိုင်းပင် ဖြစ်ပါသည်။
Facebook သည် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တတ်နိုင်သလောက် များများအသုံးပြုလိုသည်ကား ထင်ရှားပြီး ၎င်းတွင် 2FA နှင့်ချိတ်ထားသော သင်၏ ဖုန်းနံပါတ်လည်း ပါဝင်ပါသည်။ ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သော Princeton နှင့် Northeastern တက္ကသိုလ်များမှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကုမ္ပဏီသည် ဤ 2FA ဖုန်းနံပါတ်များကို ကြော်ငြာကိစ္စများအတွက် အသုံးပြုနေသည်ကို တွေ့ရှိ ခဲ့ရသည်။ ပို၍ဆိုးသည်မှာ ၂၀၁၈ ခုနှစ်၊ မေလတွင် Facebook မှ ၎င်း၏မူဝါဒပြောင်းသွားသည့်တိုင် 2FA ဝန်ဆောင်မှုအတွက် သင်၏တယ်လီဖုန်းနံပါတ်မပါဘဲ မှတ်ပုံတင်၍မရခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် Facebook အား ဒေါ်လာ ၅ ဘီလီယံဒဏ်ရိုက်ခဲ့ပြီး FTC(Federal Trade Commission) က ၎င်းအား ထပ်မံ၍ မပြုလုပ်ရန် ကတိပြုစေခဲ့သည်။ ကော်မရှင်မှ တင်သွင်းသည့် နှစ်(၂၀)ဒဏ်ငွေပေးခြင်းအမိန့်အရ Facebook သည်
“ခွင့်ပြုချက်မရှိဘဲ အကောင့်အားဝင်ရောက်မှုကို ကာကွယ်သည့်အနေဖြင့် အသုံးပြုသော အထူးလုပ်ဆောင်ချက်များ (ဥပမာ - 2FA၊ Password အားပြန်လည်ဆယ်တင်ခြင်းနှင့် အကောင့်ဝင်ရောက်မှုသတိပေးစာပေးပို့ခြင်း)မှ ရရှိထားပြီးဖြစ်သည့် မည်သည့်ဖုန်းနံပါတ်မဆို တိုင်ကြားခံရသူအနေဖြင့် ဤအမိန့်ကြော်ငြာစာ သက်ဝင်သည့်နေ့မှစ၍ ကြော်ငြာကိစ္စရပ်များ ဆောင်ရွက်ရန် အသုံးမပြုရ။ သို့မဟုတ် ထိုကဲ့သို့ရည်ရွယ်ချက်မျိုးအတွက် မည်သည့် 3rd Party နှင့်မျှ ဝေမျှခြင်း မပြုလုပ်ရ။”
ထို့ကြောင့် ဤကိစ္စရပ်တန့်သွားသည်။ ယခုထိတော့ ကောင်းဆဲပင်ဖြစ်သည်။ သို့သော် ရိုက်တာနှင့်အင်တာဗျူးတစ်ခု၌ Facebook ၏ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုပိုင်းဆိုင်ရာ အရာရှိချုပ်ဖြစ်သူ မိုက်ကယ်ပရော့တီကမူ “Facebook သည် သင့်အတွက် မိတ်ဆွေများကို ရှာဖွေပေးနိုင်မည့် ‘People You May Know’ အစီအစဉ်၌ ထိုနံပါတ်များကို သုံးထားကြောင်း” ရှင်းပြခဲ့သည်။
ပရော့တီကမူ “ဒါက ကုမ္ပဏီရဲ့ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုကို တိုးတက်အောင် ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားအားထုတ်မှုဖြစ်ပါတယ်” လို့ ရိုက်တာကို ပြောပါသည်။ “ဒါက သင့်ကို ဘယ်လောက်လုံခြုံမှုပေးသလဲ” “လူတော်တော်များများက လူတွေက 2FA ကို ဒီလိုနည်းနဲ့ သုံးနေကြတာကို သိကြမယ်မထင်ဘူး”
Facebook သည် အီကွေဒေါ၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ လစ်ဗျားနှင့် ကမ္ဘောဒီးယားတို့တွင် လာမည့်သီတင်းပတ်မှစ၍ ဤအချက်အလက်သုံးစွဲမှုကို စတင်ပိတ်သိမ်းမည်ဖြစ်ပြီး လာမည့်နှစ်တွင်မူ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိတ်သိမ်းမည် ဖြစ်ပါသည်။
အကယ်၍ သင့်အနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် 2FA ကိုအသုံးပြုပြီးသားဖြစ်နေခဲ့လျှင် Facebook ၏ပြင်ဆင်မှုအသစ်က အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဘဲ သင်ကိုယ်တိုင် ဖုန်းနံပါတ်အား ဖျက်၍ အသစ်ပြောင်းလဲထည့်သွင်းရန် လိုအပ်ကြောင်း ရိုက်တာက ပြောကြားပါသည်။
Danny Bradbury ၏ "Facebook will stop mining contacts with your 2FA number" ကို ဘာသာပြန်ဆိုပါသည်။

Zen Technology
www.zentechnologymm.com
[email protected]
09255487171

"ဆာ လောင် မွတ် သိပ် ပါ... အ ရူး ထ ပါ..." (Steve Jobs)========================================၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့...
17/01/2020

"ဆာ လောင် မွတ် သိပ် ပါ... အ ရူး ထ ပါ..." (Steve Jobs)
========================================

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော *Stanford *တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် *Apple Computer* နှင့်* Pixar Animation Studio*တို့ကို စတင်တည်ထောင်ခဲ့သူ *Steve Jobs* ပြောကြားခဲ့ သည့် မိန့်ခွန်း

I am honoured(honoured) to be with you today at your commencement from one of the finest universities in the world. I never graduated from college. Truth be told, this is the closest I've ever gotten to a college graduation. Today I want to tell you three stories from my life. That's it. No big deal. Just three stories.

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင်အခမ်းအနားမှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။

The first story is about connecting the dots.

ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

I dropped out of Reed College after the first 6 months, but then stayed around as a drop-in for another 18 months or so before I really quit. So why did I drop out?

ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့်ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။

It started before I was born. My biological mother was a young, u***d college graduate student, and she decided to put me up for adoption. She felt very strongly that I should be adopted by college graduates, so everything was all set for me to be adopted at birth by a lawyer and his wife. Except that when I popped out they decided at the last minute that they really wanted a girl. So my parents, who were on a waiting list, got a call in the middle of the night asking: "We have an unexpected baby boy; do you want him?" They said: "Of course." My biological mother later found out that my mother had never graduated from college and that my father had never graduated from high school. She refused to sign the final adoption papers. She only relented a few months later when my parents promised that I would someday go to college.

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ကို "အူဝဲ" ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘ လောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ "ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တစ်ယောက် ရထားတယ်။ ယူမလား..." တဲ့။ မိဘများကလဲ "သိပ်ယူတာပေါ့..." တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွား တာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုး မပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်..." လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

And 17 years later I did go to college. But I naively chose a college that was almost as expensive as Stanford, and all of my working-class parents' savings were being spent on my college tuition. After six months, I couldn't see the value in it. I had no idea what I wanted to do with my life and no idea how college was going to help me figure it out. And here I was spending all of the money my parents had saved their entire life. So I decided to drop out and trust that it would all work out OK. It was pretty scary at the time, but looking back it was one of the best decisions I ever made. The minute I dropped out I could stop taking the required classes that didn't interest me, and begin dropping in on the ones that looked interesting.

နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျွန်တော်သုံးမိရက်သားဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရ တာနဲ့တန်တယ်လို့ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး ဖြုံးနေတာပါဘဲ။
ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်း ကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။
ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင်ကျောင်းသားလုပ်ခဲ့ပါတယ်။

It wasn't all romantic. I didn't have a dorm room, so I slept on the floor in friends' rooms, I returned coke bottles for the 5¢ deposits to buy food with, and I would walk the 7 miles across town every Sunday night to get one good meal a week at the Hare Krishna temple. I loved it. And much of what I stumbled into by following my curiosity and intuition turned out to be priceless later on. Let me give you one example:

ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာအခန်း မရှိတော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်းမှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန် ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာနောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တစ်ခုပေးပါရစေ။

Reed College at that time offered perhaps the best calligraphy instruction in the country. Throughout the campus every poster, every label on every drawer, was beautifully hand calligraphed. Because I had dropped out and didn't have to take the normal classes, I decided to take a calligraphy class to learn how to do this. I learned about serif and san serif typefaces, about varying the amount of space between different letter combinations, about what makes great typography great. It was beautiful, historical, artistically subtle in a way that science can't capture, and I found it fascinating.

အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ ဘယ်လို အနီးအဝေး ခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။

None of this had even a hope of any practical application in my life. But ten years later, when we were designing the first Macintosh computer, it all came back to me. And we designed it all into the Mac. It was the first computer with beautiful typography. If I had never dropped in on that single course in college, the Mac would have never had multiple typefaces or proportionally spaced fonts. And since Windows just copied the Mac, its likely that no personal computer would have them. If I had never dropped out, I would have never dropped in on this calligraphy class, and personal computers might not have the wonderful typography that they do. Of course it was impossible to connect the dots looking forward when I was in college. But it was very, very clear looking backwards ten years later.

ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ် ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှ တွေသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့*Windowsဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့* PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။ ကျွန်တော်ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်းကို ကျွန်တော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်း တွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင်၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ဒီဆက်စပ်မှုတွေကိုရှင်းရှင်းကြီး တွေ့နေရပါတယ်။

Again, you can't connect the dots looking forward; you can only connect them looking backwards. So you have to trust that the dots will somehow connect in your future. You have to trust in something — your gut, destiny, life, karma, whatever. This approach has never let me down, and it has made all the difference in my life.

ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆိုတာကို ကျွန်တော်တို့မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်းခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာယုံပါ။ တစ်ခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော်ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီယုံကြည်ချက်ကြောင့်ပါဘဲ။

My second story is about love and loss.

ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။

I was lucky — I found what I loved to do early in life. Woz and I started Apple in my parents garage when I was 20. We worked hard, and in 10 years Apple had grown from just the two of us in a garage into a $2 billion company with over 4000 employees. We had just released our finest creation — the Macintosh — a year earlier, and I had just turned 30. And then I got fired. How can you get fired from a company you started? Well, as Apple grew we hired someone who I thought was very talented to run the company with me, and for the first year or so things went well. But then our visions of the future began to diverge and eventually we had a falling out. When we did, our Board of Directors sided with him. So at 30 I was out. And very publicly out. What had been the focus of my entire adult life was gone, and it was devastating.

ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ Apple က ိုWozနဲ့အတူ စတင်တည် ထောင်စဉ်က ကျွန်တော်အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင် ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အကောင်း ဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို စျေးကွက် တင်ပြီး တစ်နှစ် လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။အဲဒီမှာ - ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။အဲ-ဇာတ်လမ်းကတော့ဒီလိုပါ။Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတစ်နှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက်ကဆဖြစ်တဲ့အထိပါဘဲ။ဒီကတောက်ကဆဖြစ်တဲ့အခါမှာဒါရိုက်တာအဖွဲ့က သူ့ဖက်ကရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။

I really didn't know what to do for a few months. I felt that I had let the previous generation of entrepreneurs down - that I had dropped the baton as it was being passed to me. I met with David Packard and Bob Noyce and tried to apologize for screwing up so badly. I was a very public failure, and I even thought about running away from the valley. But something slowly began to dawn on me — I still loved what I did. The turn of events at Apple had not changed that one bit. I had been rejected, but I was still in love. And so I decided to start over.

လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများအပေါ်မှာ ကျွန်တော် တာဝန်မကျေဘူး လို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီးတောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင် ကျွန်တော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေး နဲ့ သတိပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ ကျွန်တော့ ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို ကန်ထုတ်တာခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

I didn't see it then, but it turned out that getting fired from Apple was the best thing that could have ever happened to me. The heaviness of being successful was replaced by the lightness of being a beginner again, less sure about everything. It freed me to enter one of the most creative periods of my life.

Appleကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ဝန်ထုပ်ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ်ဆိုတာနဲ့လဲလိုက်ရတာပါ။အရာရာတိုင်းမှာမသေချာမှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

During the next five years, I started a company named NeXT, another company named Pixar, and fell in love with an amazing woman who would become my wife. Pixar went on to create the worlds first computer animated feature film, Toy Story, and is now the most successful animation studio in the world. In a remarkable turn of events, Apple bought NeXT, I returned to Apple, and the technology we developed at NeXT is at the heart of Apple's current renaissance. And Laurene and I have a wonderful family together.

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

I'm pretty sure none of this would have happened if I hadn't been fired from Apple. It was awful tested (tasting) medicine, but I guess the patient needed it. Sometimes life hits you in the head with a brick. Don't lose faith. I'm convinced that the only thing that kept me going was that I loved what I did. You've got to find what you love. And that is as true for your work as it is for your lovers. Your work is going to fill a large part of your life, and the only way to be truly satisfied is to do what you believe is great work. And the only way to do great work is to love what you do. If you haven't found it yet, keep looking. Don't settle. As with all matters of the heart, you'll know when you find it. And, like any great relationship, it just gets better and better as the years roll on. So keep looking until you find it. Don't settle.

ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ ဘဝတစ်လျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေးနေခဲ့တာဟာ ကျွန်တော့အလုပ် ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲသက်ဆိုင်ပါတယ်။ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲတွေ့တဲ့အထိဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။

My third story is about death.

ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။

When I was 17, I read a quote that went something like: "If you live each day as if it was your last, someday you'll most certainly be right." It made an impression on me, and since then, for the past 33 years, I have looked in the mirror every morning and asked myself: "If today were the last day of my life, would I want to do what I am about to do today?" And whenever the answer has been "No" for too many days in a row, I know I need to change something.

ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။
မှတ်မိသလောက်ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်..." တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက်၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ "ဒီနေ့သာ ငါ့ဘဝရဲ့နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား..." မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက် တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါတယ်။

Remembering that I'll be dead soon is the most important tool I've ever encountered to help me make the big choices in life. Because almost everything — all external expectations, all pride, all fear of embarrassment or failure - these things just fall away in the face of death, leaving only what is truly important. Remembering that you are going to die is the best way I know to avoid the trap of thinking you have something to lose. You are already naked. There is no reason not to follow your heart.

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ကိရိယာအဖြစ် ကျွန်တော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့အတွေးထောင်ချောက်ကိုရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာဘဲလို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်းဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။

About a year ago I was diagnosed with cancer. I had a scan at 7:30 in the morning, and it clearly showed a tumor on my pancreas. I didn't even know what a pancreas was. The doctors told me this was almost certainly a type of cancer that is incurable, and that I should expect to live no longer than three to six months. My doctor advised me to go home and get my affairs in order, which is doctor's code for prepare to die. It means to try to tell your kids everything you thought you'd have the next 10 years to tell them in just a few months. It means to make sure everything is buttoned up so that it will be as easy as possible for your family. It means to say your goodbyes.

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ကလေးတွေကိုနောင်၁၀နှစ်အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ်အတွင်းမှာအကုန်အစင်ပြောဖို့ကြိုးစားပါဆိုတဲ့အဓိပ္ပါယ်ပါဘဲ။ကျန်ရစ်သူမိသားစုဒုက္ခမများရလေအောင်ရှိသမျှကိစ္စတွေအားလုံးကိုလက်စသိမ်းပါဆိုတဲ့

အဓိပ္ပါယ်ပါ။သွားတော့မယ်လို့နှုတ်ဆက်တော့ဆိုတဲ့အဓိပ္ပါယ်ပါ။

I lived with that diagnosis all day. Later that evening I had a biopsy, where they stuck an endoscope down my throat, through my stomach and into my intestines, put a needle into my pancreas and got a few cells from the tumor. I was sedated, but my wife, who was there, told me that when they viewed the cells under a microscope the doctors started crying because it turned out to be a very rare form of pancreatic cancer that is curable with surgery. I had the surgery and I'm fine now.

တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစအနည်းငယ်ကိုထုတ်ယူပါတယ်။အဲဒီအချိန်မှာကျွန်တော်ကမေ့ဆေးနဲ့မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ..." ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။

This was the closest I've been to facing death, and I hope its the closest I get for a few more decades. Having lived through it, I can now say this to you with a bit more certainty than when death was a useful but purely intellectual concept:

ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာကျွန်တော်ပြောနိုင်ပါပြီ။

No one wants to die. Even people who want to go to heaven don't want to die to get there. And yet death is the destination we all share. No one has ever escaped it. And that is as it should be, because Death is very likely the single best invention of Life. It is Life's change agent. It clears out the old to make way for the new. Right now the new is you, but someday not too long from now, you will gradually become the old and be cleared away. Sorry to be so dramatic, but it is quite true.

*ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။* ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်းရှိပါတယ်။မရဏတရားဟာဘဝဖြစ်တည်ခြင်းတရားရဲ့အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို

ZEN TECHNOLOGY
www.zentechnologymm.com

Address

No. 247, 8th Floor, Junction Of Banyardala Rd And Ahyoe Kone St, Tamwe Ts
Yangon
11431

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+95 9422948442

Alerts

Be the first to know and let us send you an email when ZEN Technology Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZEN Technology Co.,Ltd.:

Share