29/11/2022
မြန်မာဖောင့်၏ ထူးခြားသည့် စာလုံးတွဲရိုက်အစီအစဉ်အချို့ ...
ပွဲ = ပ + ွ + ဲ
စဉ် = စ + ဉ + ်
ဈေး = ေ + ဈ + း
သင်္ဘော = သ + င + ် + ္ + ေ+ ဘ + ာ
မင်္ဂလာ = မ + င + ် + ္ + ဂ + လ + ာ
ပဋ္ဌာန်း = ပ + ဋ + ္ + ဌ + ာ + န + ် + း
သဏ္ဍာန် = သ + ဏ + ္ + ဍ + ာ + န + ်
စာပြင်လျှင်တွေ့ကြုံရတတ်သည့် ကြည့်ရအဆင်မပြေသော သဝေထိုးပါစာလုံးများဖြည့်ခြင်းနှင့်အလားတူပြဿနာဖြေရှင်းနည်း...
ဥပမာ 'အမေးများ' ဆိုသောစာစုကိုရိုက်သည်တွင်
'အများ' ကိုစာစီပြီးမှ သဝေထိုးနဲ့စသော 'မေး' ကျန်နေသဖြင့် ကြားတွင် ပြန်ဖြည့်လိုက်သည့်အခါ ယခုလို 'အေမးများ' ဖြစ်သွားတတ်တာကြုံဘူးကြပါလိမ့်မည်။
ထိုသို့ သဝေထိုးပါသော 'မေး' ကိုကြားပြန်ဖြည့်လိုလျှင်
ဖြည့်လိုသောနေရာမှာ Enter နှိပ်ပြီး ဖြည့်လိုသော 'မေး' ကိုရိုက်ပါ။ ပြီးလျှင် စာတဆက်ထဲဖြစ်စေရန် Enter ကို ပြန်ဖျက်ပေးလိုက်လျှင် စာအမှန်ကို မြင်ရမည်ဖြစ်သည်။