MCF: Myanmar Computer Federation

MCF: Myanmar Computer Federation Myanmar Computer Federation
… leading the digital transformation towards Myanmar 4.0 …

ကျေးဇူးတင်လွှာဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုး တိုးတက်ရေးဦးစီး...
06/08/2026

ကျေးဇူးတင်လွှာ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က အကောင်အထည် ဖော်ကျင်းပသည့် “Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်တွင် ရန်ကုန်မြို့ MICT Park, Conference Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးခဲ့ကြသော ကုမ္ပဏီများနှင့် မီဒီယာများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

“Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်း ကျင်းပရန်ကုန်၊ ဩဂုတ် ၄ဒီဂျစ်တ...
04/08/2026

“Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်း ကျင်းပ
ရန်ကုန်၊ ဩဂုတ် ၄
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က အကောင်အထည်ဖော်ကျင်းပသည့် “Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်တွင် ရန်ကုန်မြို့ MICT Park, Conference Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဉာဏ်ရည်တုနည်းပညာအပေါ် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် “Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ ဆွေးနွေးပွဲစကားဝိုင်းကို ဆက်လက်ကျင်းပရာ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ဘုန်းကျော်က ဦးဆောင်ဆွေးနွေးမေးမြန်းသူအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဂုဏ်ထူးဆောင်ဆွေးနွေးသူများအဖြစ် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပါမောက္ခ ဒေါက်တာနိုင်နိုင်ခင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဒေါက်တာမျိုးမျိုးနိုင်နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကျော်ဖြိုးလင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဉာဏ်ရည်တုနည်းပညာနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အပြန်အလှန်အမြင်များ ဖလှယ်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ AI & NLP Committee ဥက္ကဋ္ဌ ဦးထွန်းခိုင်က ဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ရရှိခဲ့သည့် အမြင်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

30/07/2026

🤖 “Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် Boom Marketing Agency မှ Media Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးထားပါတယ်။ 🙌💙

𝐁𝐫𝐚𝐧𝐝 တစ်ခု ထိရောက်စွာနဲ့ ခရီးတွင်စေနိုင်စေဖို့ မှန်ကန်တဲ့ 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲၊ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 ဖြစ်တဲ့ 𝐈𝐝𝐞𝐚၊ ဆွဲဆောင်မှုရှိတဲ့ 𝐃𝐞𝐬𝐢𝐠𝐧၊ လူစိတ်ဝင်စားစေမယ့် 𝐕𝐢𝐝𝐞𝐨 တွေနဲ့ စနစ်ကျတဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တွေ အားလုံးကို ပေါင်းစည်းဖို့လိုပါတယ် ✅

အဲဒီလို 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐫𝐨𝐜𝐞𝐬𝐬 တစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ဖို့ 𝐁𝐨𝐨𝐦 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 က အောက်ပါဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ပံ့ပိုးပေးနေပါတယ် 👇

◾ 𝐂𝐨𝐧𝐭𝐞𝐧𝐭 & 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲
𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲၊ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠၊ 𝐒𝐜𝐫𝐢𝐩𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠၊ 𝐌𝐢𝐧𝐢 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 𝐈𝐝𝐞𝐚𝐬၊ 𝐒𝐞𝐚𝐬𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐭𝐞𝐧𝐭 နဲ့ 𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫
◾ 𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞
𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐃𝐞𝐬𝐢𝐠𝐧၊ 𝐌𝐨𝐭𝐢𝐨𝐧 𝐆𝐫𝐚𝐩𝐡𝐢𝐜 နဲ့ 𝐏𝐎𝐒𝐌 𝐃𝐞𝐬𝐢𝐠𝐧
◾ 𝐕𝐢𝐝𝐞𝐨 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧
𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥၊ 𝐓𝐢𝐤𝐓𝐨𝐤 𝐕𝐢𝐝𝐞𝐨၊ 𝐑𝐞𝐞𝐥𝐬 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐄𝐝𝐢𝐭𝐢𝐧𝐠
◾ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 & 𝐓𝐢𝐤𝐓𝐨𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐞𝐭𝐮𝐩၊ 𝐏𝐚𝐠𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭၊ 𝐓𝐫𝐞𝐧𝐝 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡၊ 𝐀𝐝𝐬 𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 နဲ့ 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐑𝐞𝐩𝐨𝐫𝐭𝐢𝐧𝐠
◾ 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 & 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧
𝐊𝐎𝐋 / 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 နဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐏𝐡𝐨𝐭𝐨 𝐒𝐡𝐨𝐨𝐭𝐢𝐧𝐠

ဒါကြောင့် 𝐈𝐝𝐞𝐚 တစ်ခုကနေ 𝐑𝐞𝐬𝐮𝐥𝐭 တစ်ခုအထိ 𝐁𝐫𝐚𝐧𝐝 တစ်ခု လိုအပ်တဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 အားလုံးကို 𝐁𝐨𝐨𝐦 က တစ်နေရာတည်းမှာ အကောင်းဆုံး ဖန်တီးပေးဖို့ အဆင်သင့်ရှိနေပါတယ် 🤝စိတ်ဝင်စားသူများအနေနဲ့ အခမ်းအနားကို လာရောက်လေ့လာရင်း Boom Marketing Agency ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေနဲ့ ဝန်ဆောင်မှုတွေကိုလည်း တစ်ပါတည်း လာရောက်လေ့လာခံစားနိုင်ဖို့ လာရောက်ပေးကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💙✨
📅 နေ့ရက် — ၃၁-၇-၂၀၂၆ (သောကြာနေ့)
⏰ အချိန် — နံနက် ၉:၃၀ နာရီ
📍 နေရာ — Conference Hall, MICT Park

Registration Link: https://forms.gle/U4ZGgEM9UDPS3WdQ9

29/07/2026

🤖 “Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Digital Creative Platform ဖြစ်တဲ့ Amuze Application မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးထားပါတယ်။ 🙌💙
📚 Education နဲ့ 🎬 Entertainment တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ Edutainment Platform တစ်ခုဖြစ်တဲ့ Amuze App မှာတော့—
📖 Comic
📕 Novel
🎙️ Storytelling
📰 Journals
🖼️ Gallery
🏛️ Museum Arts
🎓 Education
စတဲ့ ကဏ္ဍမျိုးစုံကို တစ်နေရာတည်းမှာ လေ့လာဖတ်ရှုခံစားနိုင်မှာဖြစ်လို့ အသက်အရွယ်မရွေး မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ✨
🤖 “Digital-First, Digital Trust to AI Smart” အမျိုးသားဉာဏ်ရည်တုနည်းပညာ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားမှာ Amuze Application မှလည်း ပြခန်း (Booth) တစ်ခုအနေဖြင့် ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် နည်းပညာနဲ့ AI အကြောင်းအရာတွေကို စိတ်ဝင်စားသူများအနေနဲ့ အခမ်းအနားကို လာရောက်လေ့လာရင်း Amuze App ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေနဲ့ ဝန်ဆောင်မှုတွေကိုလည်း တစ်ပါတည်း လာရောက်လေ့လာခံစားနိုင်ဖို့ လာရောက်ပေးကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💙✨
📅 နေ့ရက် — ၃၁-၇-၂၀၂၆ (သောကြာနေ့)
⏰ အချိန် — နံနက် ၉:၃၀ နာရီ
📍 နေရာ — Conference Hall, MICT Park

Registration Link: https://forms.gle/U4ZGgEM9UDPS3WdQ9

ယနေ့မှာကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း...
29/07/2026

ယနေ့မှာကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြ၍ ရောဂါဘယအသီးသီးမှလည်း ကင်းဝေးနိုင်ကြပါစေကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
19/07/2026

ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

‘’ အာဇာနည်နေ့ ဒိုမမေ့ ’’၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ကျဆုံးခဲ့ကြသော အာဇ...
19/07/2026

‘’ အာဇာနည်နေ့ ဒိုမမေ့ ’’

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အစဉ်အမြဲ အောက်မေ့သတိရလျက် ရိုသေလေးစားစွာဖြင့် ဦးညွတ်ဂါရဝပြုအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

"ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင...
17/07/2026

"ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပါဝင်ဆွေးနွေး"

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းအောင်က "MSME လုပ်ငန်းများနှင့် Digital နည်းပညာ" ခေါင်းစဉ်ဖြင့် Digital နည်းပညာအသုံးချမှုမှတစ်ဆင့် MSME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည့် အချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေးကျင်းပအသေးစား၊ အငယ်စားနှင့် အလ...
11/07/2026

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေးကျင်းပ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ အေဂျင်စီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အေဂျင်စီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ပြင်ပအဖွဲ့အစည်းများမှ အေဂျင်စီအဖွဲ့ဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် အေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး တက်ရောက်လာကြ သူများက လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အဓိကစွမ်းဆောင်ရည်ညွှန်းကိန်း (Key Performance Indicators-KPI) များ သတ်မှတ်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လုပ်ငန်း ဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ချောခင်ခင်က မြန်မာနိုင်ငံကွန်ပျုတာ အသင်းချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာပြပွဲများနှင့် ဒီဂျစ်တယ်နည်းပညာ သင်တန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

07/07/2026

"မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ World MSME Day 2026 အခမ်းအနားတွင် MCF Digital Corner ပြခန်းဖြင့် ပါဝင်ပြသ"

ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day 2026) အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) သည် MCF Digital Corner ပြခန်းဖြင့် ဝင်ရောက်ပါဝင် ပြသခဲ့သည်။

MCF Digital Corner တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ဒစ်ဂျစ်တယ်ကူးပြောင်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် Digital Connectivity၊ Digital Skills၊ Digital Business၊ Digital Payment၊ Digital Fulfillment၊ Digital Government၊ Digital Learning နှင့် Digital Marketing ဆိုင်ရာ နည်းပညာများ၊ ဝန်ဆောင်မှုများနှင့် ဖြေရှင်းချက်များကို စုံလင်စွာ ခင်းကျင်းပြသခဲ့သည်။
ထို့အပြင် MSME လုပ်ငန်းရှင်များအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာများကို ထိရောက်စွာ အသုံးချနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ အခမဲ့ အကြံပြုဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် လုပ်ငန်းရှင်များ၏ ဒစ်ဂျစ်တယ်ကူးပြောင်းရေး (Digital Transformation) ကို အားပေးကူညီပံ့ပိုးကာ နည်းပညာအခြေပြု စီးပွားရေးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ အခမဲ့ အကြံပြုဆွေးနွေးပေးခဲ့သည့် အကြောင်းအရာများမှာ Digital Marketing နှင့် Social Media ကို အကျိုးရှိစွာ အသုံးချနည်း၊ E-Commerce နှင့် Online Sales တိုးချဲ့နည်း၊ Business Management Software များ အသုံးချနည်း၊ Cyber Security နှင့် Data Protection၊ AI နှင့် Emerging Technologies များကို လုပ်ငန်းများတွင် အသုံးချနိုင်မည့် နည်းလမ်းများ အပြင် MSME လုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အထွေထွေ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အကြံပြုဆွေးနွေးမှုများလည်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၏ ယခုပါဝင်ပြသမှုသည် မြန်မာနိုင်ငံရှိ MSME များအတွက် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှုကို မြှင့်တင်ပေးရန်၊ ဒစ်ဂျစ်တယ်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်စေရန်နှင့် နည်းပညာအခြေပြု စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

Address

Building (9), Ground Floor, MICT Park, Universities' Hlaing Campus
Yangon
11052

Alerts

Be the first to know and let us send you an email when MCF: Myanmar Computer Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MCF: Myanmar Computer Federation:

Shortcuts

Share