BEE-IT-Solution

BEE-IT-Solution IT Solution

30/11/2020
Sharing
30/11/2020

Sharing

Myanmar Region ကို အသုံးပြုထားတဲ့ Apple id များဟာ ယခုချိန်ထိ Google ရဲ့ App တွေကို ပေးမသုံးသေးပါဘူး ဒါကြောင့် လူသုံးများတဲ့...

Sharing
29/11/2020

Sharing

* ကွန်ပြူတာ အသုံးပြုသူတိုင်း သိထားသင့်တဲ့ 32-bit and 64-bit အကြောင်း *
ကွန်ပျူတာမှာ 32-bit Windows OS တင်မလား / 64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။

32bit နဲ့ 64bit Processor........................................
Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။

Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။

32bit register သုံးထားတဲ့ processor ကို 32-bit Processor ဟု ခေါ်ပြီး 64bit register သုံး ထားတဲ့ processor ကို 64-bit Processor ဟု ခေါ်ပါတယ်။
Intel မှ ထုတ်သော 80386 မှစပြီး Pentium 4 processor များထိ 32-bit register များကိုအသုံးပြု ထားပါတယ်။ ဒါကြောင့် 32-bit processor နဲ့ တပ်ဆင်ထားတဲ့ Computer များမှာ 32-bit Windows OS နဲ့ Application များကိုသာ Install လုပ်နိုင်ပါတယ်။ 64-bit Windows OS နဲ့ Application များကို Install လုပ်လို့ မရနိုင်ပါဘူး။

Intel ရဲ့ Pentium Dual Core လောက်ကစပြီး ယနေ့အထိ Processor များတွင်တော့ 32bit နဲ့ 64bit register နှစ်မျိုးလုံး ပါရှိတဲ့အတွက် 32-bit OS ပဲဖြစ်ဖြစ်၊ 64-bit OS ပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။

32-bit Windows နှင့် 64-bit Windows.............................................................
64-bit CPU နဲ့ computer ကို စွမ်းဆောင်ရည် ပိုမို အသုံးချနိုင်ဖို့ 64-bit Windows ကို အသုံးပြုသင့်ပြီး ၎င်း Windows အတွက် 64-bit Driver များ တင်ဖို့ လိုအပ်ပါတယ်။
32-bit Windows ကို သုံးမည်ဆိုပါက CPU တစ်လုံး ကို စွမ်းရည်ပြည့် အသုံးမချသလို ဖြစ်နေပါမယ်။

ယခုနောက်ပိုင်း model မြင့် Laptop တွေအချို့မှာ ဆိုရင် 64-bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32bit အတွက် driver support မလုပ်တော့တာ တွေ့ရပါတယ်။ ၎င်း Laptop များကို 32-bit Windows တင်သုံးလို့ရသော်လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရှိမည် မဟုတ်ပေ။

နောက်ထပ် အရေးကြီးတဲ့အချက်က RAM (memory capacity) နဲ့ ဆက်စပ်မှုပါပဲ။
32-bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင် တဲ့ RAM ပမာဏဟာ 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32-bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြု၍ မရပါ။ (ဥပမာ. 6GB တပ်ထားပါက ပိုတဲ့ 2GB သည် အပို waste ဖြစ်နေပါလိမ့်မည်။)

RAM ကို 4GB ထက်ပိုသုံးထားပါက 64-bit Windows ကိုသာ အသုံးပြုသင့်ပြီး 64-bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။

Computer တစ်လုံးမှာ RAM အများဆုံး တပ်ဆင်နိုင် မှုသည် Motherboard ရဲ့ Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Motherboard chipset ရဲ့ RAM support လုပ်နိုင်မှုသည် 16 GB ဆိုပါက RAM ကို 16GB ထက် ပိုတပ်၍ မရပေ။
Windows 64-bit သုံးမည်ဆိုလျှင် ဆက်စပ် device များအတွက် 64-bit driver များ install လုပ်ရမည် ဖြစ်ပြီး Application များကတော့ 32-bit ရော 64-bit ပါ install လုပ်နိုင်ပါတယ်။ အချို့ Apps များကတော့ 64-bit apps များသာ တင်လို့ ရပါတယ်။
(ဥပမာ. Adobe Premier CS 5 software ဆိုရင် 64-bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။)

64-bit Windows OS အသုံးပြုပါက 3D Game များ၊ 3D Aimation, Graphic app များကို သုံးသည့်အခါ စွမ်းဆောင်ရည် ပိုမိုအသုံးချနိုင်သည့်အတွက် 64-bit Windows OS အသုံးပြုမှုမှာ ပိုမိုတွင်ကျယ်လာပြီ ဖြစ်ပါတယ်။

Credit to original
Myanmar Pyi | for Myanmar people.

Address

Yangon
95

Telephone

+959757834868

Website

Alerts

Be the first to know and let us send you an email when BEE-IT-Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share