02/10/2026
#ဒီကနေ့ #အောက်တိုဘာ #၂ #ရက်နေ့
Print City ဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်း စတင်လည်ပတ်တဲ့ ၁ဝ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ ဒီ ၁ဝ နှစ်ကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာ တွေးကြည့်ရင် မျက်ကန်းတစ္ဆေမကြောက် လျှောက်လှမ်းခဲ့တာ၊
လုပ်ငန်းတစ်ခုထူထောင်ခဲ့အခါ ပထမနှစ်နှစ်က ရုန်းကန်ရမယ်၊ တတိယနှစ် ဟန်းနီးမွန်းကာလကို ဖြတ်ကျော်နိုင်ရင် လုပ်ငန်းရပ်တည်လို့ရပြီလို့ဆိုတဲ့ အတွေးက ကိုဗစ်ကာလ၊ ပြီးတော့ နိုင်ငံရေးအပြောင်းအလဲ စတာ... စတာတွေနဲ့ ရင်ဆိုင်ရတော့ ...
အောင်မြင်မှုတွေ ရှိသလို၊ ဆုံးရှုံးမှုတွေလဲ တစ်ပုံတစ်ပင်ကြီးပဲ။
အောင်မြင်မှုဆိုတာကို ငွေကြေးအရ တွက်ချက်ပြီးပြောရင်တော့ ဆုံးရှုံးမှုက များပါတယ်။ ဒါပေမဲ့ အဲဒါရဲ့တစ်ဖက်ခြမ်း လုပ်ငန်းရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ဂုဏ်သိက္ခာပိုင်းအရပြောရမယ်ဆိုရင် ကျွန်တော်တို့ရတဲ့ အောင်မြင်မှုက ဘာနဲ့မှ လဲလို့ မရပါဘူး။
ဘယ်လောက်ပဲ ဘယ်လိုပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပါစေ ဆက်လက်ရပ်တည်နေနိုင်ပြီး အနာဂတ်မျှော်မှန်းချက် ရေးရေးလေး ရှိနေတာနဲ့တင်ကို ကျွန်တော်တို့ ကြည်နူးနေရပါတယ်။
သေချာတာကတော့ ဖြတ်သန်းလာတဲ့ကာလတစ်လျှောက် နောက်ပြန်လှည့်ကြည့်ရင် နောင်တရစရာ မရှိဘူးဆိုတာနဲ့တင် လုံလောက်ပြီဖြစ်ပါတယ်။
https://www.facebook.com/PrintCityMyanmar/