MPA myanma port authority

MPA myanma port authority Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MPA myanma port authority, Yangon.

02/03/2023

မန်ကျည်းပင်အရိပ်လေးက အေးနေရော ..

01/03/2023
01/03/2023

'ဘယ်​တော့မှ အရှုံးမ​ပေးနဲ့'

အာဂျင်တီးနားနိုင်ငံက အဖြစ်အပျက်​လေး တစ်ခုပါ။ နိုင်ငံအ​နောက်​မြောက်ပိုင်း ​ဆော်လ်တာ(Salta)မြို့မှာ မာရသွန်ပြိုင်ပွဲလုပ်တယ်။ အဲ့ဒီမှာ အသက်(၇၆)နှစ်အရွယ် ယှဉ်ပြိုင်သူတစ်ဦးဟာ ပန်းဝင်တဲ့အထိ ​ပြေးလွှားနိုင်ခဲ့တဲ့အတွက် ပွဲကြည့်ပရိသတ်​တွေရဲ့ ​သောင်း​သောင်းဖျဖျချီးကျူးခြင်းကို ခံလိုက်ရတယ်။

အီနီဒီနာမိုဒက်စ်တာပီးရက်ဇ် (Enedina Modesta Perez)ဆိုတဲ့ အဘွားအိုဟာ (၅)နာရီ​​ကျော်​ပြေးလွှားပြီး​နောက်မှာ ပန်းဝင်သွားခဲ့ပါတယ်။ ပန်းတိုင် (finish line) ကို ပီးရက်ဇ်​ကျော်ဖြတ်သွားတဲ့အခိုက် မြို့​နေလူထုတစ်ရပ်လုံး ဝုန်းခနဲဖြစ်သွားတယ်။

ကျန်းမာသန်စွမ်းတဲ့ လူငယ်တစ်ဦး​တောင် ခက်ခက်ခဲခဲ​ပြေးလွှားရတဲ့ပြိုင်ပွဲကို အမယ်အိုဟာ ​နောက်ဆုံးအမှတ်အသားအထိ​ရောက်​အောင် ဝင်​ရောက်ဆင်နွှဲခဲ့တာပဲမဟုတ်လား။ ပီးရက်ဇ်ရဲ့ အဖြစ်အပျက်ကိုကြည့်လိုက်ရင် တစ်ကမ္ဘာလုံးမှာရှိ​နေတဲ့ လူသား​တွေအတွက် စိတ်ဓါတ်ခွန်အားဖြစ်​ပေါ်​စေပါတယ်။

အိုမင်း​ပေမယ့် စွမ်းတယ်ဆိုတဲ့ အသိတရားတစ်ခု ​ပေါ်​ပေါက်လာခဲ့တယ်။ အသက်အရွယ်အပိုင်းအခြားအရ မီးစာကုန်ဆီခမ်းတဲ့ အချိန်ကာလ​ရောက်​နေ​ပေမယ့် ခိုင်မာတဲ့ရည်မှန်းချက်နဲ့ ထက်သန်တဲ့ဇွဲလုံ့လ ရှိ​နေမယ်ဆိုပါက ဘာမဆိုစွမ်း​ဆောင်နိုင်​သေး​ကြောင်း သက်​သေပြသွားတာပါပဲ။

ကျွန်​တော်တို့နိုင်ငံမှာ​တော့ အမျိုးသမီး​တွေ ခဏ​မေ့လိုက်ဦး။ ​ယောက်ျား​တွေ အသက်(၃၀)​​ကျော်ရင် ဗိုက်ပူလာကြပြီ။ အားကစားနဲ့ ​ဝေးသထက်​ဝေးလာကြပြီ။ ​နေထိုင်စား​သောက်မှုပုံစံ​ အလွယ်လမ်းလိုက်မိတာကလည်း ​စော​စောစီးစီးနေဝင်​စေတဲ့ အဓိကအချက်​တွေပဲ။

ပီးရက်ဇ်တို့အရွယ်မှာ အမျိုးသမီး​တွေဟာ မ​,ဟော်မုန်းချို့တဲ့မှု​ကြောင့် အရိုး​တွေပွကုန်ပြီ။ တစ်ခါ​လောက် ​ချော်လဲရုံနဲ့ အရိုးကျိုးဖို့လမ်းစများတယ်။ ဒါ​ပေမယ့် သူမဟာ အမှုမထားခဲ့ဘူး။ ဖြစ်ချင်စိတ်သာ ပြင်းပြ​​နေတဲ့အခါ လုပ်သမျှ​​အောင်မြင်​​ကြောင်း ယုံကြည်ခဲ့တယ်။

ထိုယုံကြည်ချက်အတိုင်း ​ပေါက်​​မြောက်​အောင် စွမ်း​ဆောင်ပြခဲ့တယ်။ ဒီကမ္ဘာကြီးထဲမှာ ''ငါ​တော့ ဘာမှမလုပ်နိုင်​တော့ဘူး၊ ​မျှော်လင့်ချက်​တွေ လုံးဝမရှိ​တော့ဘူး''ဆိုပြီး ဘဝကိုလက်နက်ချဖို့ ​စိတ်ကူးထားသူများ ပီးရက်ဇ်ကိုကြည့်ပြီး အားသစ်အင်သစ်​တွေ ရရှိကြပါ​စေ။

01/03/2023
01/03/2023

အစဉ်အလာကိုချိုးဖျက်ပြီး အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သူ ဆူဒါမာသီ

'' အင်ဂျင်နီယာကောလိပ် တက်မယ်လို့ ကျွန်မ ပြောလိုက်တော့ အိမ်ထဲကို ဗုံးကျ လာသလို တစ်အိမ်လုံး အလန့်တကြား ဖြစ်ကုန်ကြတယ်''

ဒီစကားကို ပြောခဲ့သူကတော့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးကားကုမ္ပဏီဖြစ်တဲ့ Tata Motors ရဲ့ ပထမဆုံးအမျိုးသမီးအင်ဂျင်နီယာ ဆူဒါမာသီပါပဲ။

အင်ဂျင်နီယာဘာသာရပ်ဟာ ယောကျာ်းလေးတွေနဲ့ပဲဆိုင်တယ်၊ မိန်းကလေးတွေနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ ခေါက်ရိုးကျိုး အယူအဆကို ချိုးဖျက်ခဲ့သူပါ။

ဘီဗွီဘီ အင်ဂျင်နီယာနဲ့ နည်းပညာကောလိပ်မှာ ကျောင်းသွားအပ်တော့ ကျောင်းအုပ်ကြီးက ကျွန်မအဖေကို ဒီလို ပြောတယ်။ '' ဒေါက်တာရှာဟစ်ခင်ဗျာ . . . . ဆရာ့သမီးက အလွန်ထက်မြက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်မှာတော့ စိုးရိမ်မိသား။ ဒီကောလိပ်မှာ မိန်းကလေးဆိုလို့ သူတစ်ယောက်တည်းပဲ ရှိမှာ။ ဒီတော့ သူ့အတွက် ခက်ခဲလိမ့်မယ်။ ကျောင်းဝန်းထဲမှာ အမျိုးသမီးအိမ်သာ မရှိဘူး။ အမျိုးသမီးတွေနေဖို့ အခန်းလည်း မရှိဘူး။ ကျောင်းသားလေးတွေကလည်း သွေးဆူလွယ်တဲ့အရွယ်ဆိုတော့ သူ့ကို နှောင့်ယှက်ကြလိမ့်မယ်''။

ကျောင်းအုပ်ကြီးက အဲဒီလို သတိပေးခဲ့ပေမဲ့ ဆူဒါမာသီကတော့ အင်ဂျင်နီယာဖြစ်ချင်တဲ့ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။ ဆရာ စာသင်နေချိန်မှာ ကျောင်းသားတွေက သူ့ကျောကို စက္ကူလေယာဉ်နဲ့ ပစ်တယ်။ တချို့ကျတော့လည်း စာရွက်အလွတ်ပေါ်မှာ '' မိန်းကလေးတစ်ယောက်ရဲ့ နေရာက မီးဖိုချောင်ပဲ။ ဒါမှမဟုတ် ဆေးပညာသိပ္ပံ သင်ရင် သင်၊ ပါမောက္ခလုပ်ရင် လုပ်။ အင်ဂျင်နီယာကောလိပ်တော့ လာမတက်နဲ့'' ဆိုတဲ့ စာသားမျိုးရေးပြီး လာပေးကြပါတယ်။

နေ့စဉ်နေ့တိုင်း ကြုံရတဲ့ စိန်ခေါ်မှုတွေကို အံ့တုပြီး ဆူဒါမာသီက အင်ဂျင်နီယာဘွဲ့ ယူနိုင်ခဲ့သလို အမျိုးသမီးအင်ဂျင်နီယာ မခန့်တဲ့ Tata Motors ကုမ္ပဏီရဲ့ အစဉ်အလာကိုလည်း ချိုးဖျက်ခဲ့သူပါ။ သူ့ခင်ပွန်းနဲ့အတူ တွဲဖက်ပြီး အနှိမ်ခံလူတန်းစားအကျိုး ရှေးရှုတဲ့ Infosys Foundation ပရဟိတအဖွဲ့ကို ထူထောင်နိုင်ခဲ့သလို အိန္ဒိယအစိုးရက ချီးမြှင့်တဲ့ ပဒုမ္မာသီရိဆု၊ ပဒုမ္မာဘူရှန်ဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Ref: Sudha Murthy
Team (ရိုးရာလေး)

28/02/2023

ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများမှ
ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းအား ဖြေလျှော့ခြင်းနှင့်ပတ်သက်၍ အသိပေးတိုက်တွန်းချက်အား ထုတ်ပြန်ကြေညာခြင်း (၂၃-၂-၂၀၂၃)

12/10/2022

ပြိုင်ဘက်ကို မရှာပါနဲ့။

ပြိုင်ဖက်နိုင်တဲ့လူကို ရှာပါ။





အမြဲတမ်း အဆက်အသွယ်မပြတ်အောင်လို့ Telegram နဲ့ YouTube Channel လင့်လေးတွေပါ။

Telegram👇
https://t.me/pyaykhaing

YouTube👇
https://youtube.com/c/PyayKhaing

ချစ်ခြင်းအားဖြင့်
ပြေခိုင်

12/10/2022

ပရိတ်သတ်တွေအတွက်
သီတင်းကျွတ်ဆုတောင်းတောင်းပေးခဲ့တဲ့
ဝတ်မှုံရွှေရည်🦋✨💗

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MPA myanma port authority posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share